สายอุโมงค์

สายอุโมงค์ ပုံပြင်

တစ်နေ့မှာ ယုန်လေးတစ်ကောင်က ကုန်စုံဆိုင်တစ်ဆိုင်ထဲကို တပ်ခနဲ ခုန်ဝင်လာတယ်။ ဆိုင်ရှင်က အံ့သြသွားပြီး "ဟေ့... မင်းလေး၊ ဘာလိ...
09/10/2025

တစ်နေ့မှာ ယုန်လေးတစ်ကောင်က ကုန်စုံဆိုင်တစ်ဆိုင်ထဲကို တပ်ခနဲ ခုန်ဝင်လာတယ်။

ဆိုင်ရှင်က အံ့သြသွားပြီး "ဟေ့... မင်းလေး၊ ဘာလိုချင်လို့လဲ" လို့ မေးလိုက်တယ်။

ယုန်လေးက နှာခေါင်းလေးလှုပ်ပြီး "ဦးလေးတို့ဆီမှာ မုန်လာဥ ရှိလားဗျ" လို့ ပြောတယ်။

ဆိုင်ရှင်က ရယ်လိုက်ပြီး "မရှိဘူးကွဲ့၊ ငါ့ဆိုင်မှာ မုန်လာဥ မရောင်းဘူး" လို့ ပြောလိုက်တယ်။

နောက်နေ့မှာ ယုန်လေးက ပြန်လာပြန်တယ်။
"ဦးလေးတို့ဆီမှာ မုန်လာဥ ရှိလားဗျ"

ဆိုင်ရှင်က ခေါင်းယမ်းပြီး "မင်းကို မနေ့က ပြောပြီးပြီလေကွာ၊ မုန်လာဥ မရှိဘူး" လို့ ပြန်ပြောတယ်။

တတိယမြောက်နေ့မှာ ယုန်လေးက ထပ်ပြီး ခုန်ဝင်လာပြန်တယ်။
"ဦးလေးတို့ဆီမှာ မုန်လာဥ ရှိလားဗျ"

ဒီတစ်ခါတော့ ဆိုင်ရှင်က မျက်မှောင်ကုပ်ပြီး "ဟေ့ကောင် နားထောင်နော်! မင်းသာ မုန်လာဥအကြောင်း တစ်ခွန်းထပ်မေးရင် မင်းကို တုတ်နဲ့ရိုက်ပစ်မယ်" လို့ ဒေါသသံနဲ့ ပြောလိုက်တယ်။

အဲ့ဒီအခါ ယုန်လေးက ခဏလောက် စဉ်းစားလိုက်ပြီးမှ "ဦးလေးတို့ဆီမှာ တုတ် ရှိလားဟင်" လို့ ပြန်မေးလိုက်တယ်။

ဆိုင်ရှင်လည်း ကြောင်သွားပြီး "အင်း... တုတ် တော့ မရှိဘူးကွ" လို့ ပြန်ဖြေလိုက်တယ်။

အဲဒီတော့ ယုန်လေးက ပြုံးစိစိနဲ့ "ဟဲဟဲ... ကောင်းပြီ။ ဒါဆို မုန်လာဥ ရှိလားဗျ" လို့ မေးလိုက်ပါသတဲ့။ 🥕😂

08/05/2025

ที่อยู่

Bangkok
10100

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ สายอุโมงค์ผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์