မယ်ညို

မယ်ညို ကိုယ်ဟာသီဖို့ခက်တဲ့ကဗျာတစ်ပုဒ် 🤎

18/05/2026

ငါ့ ပုခုံးပေါ်မေးတင်ပြီး
တစ်ခြားတစ်ယောက် နဲ့ ချည်နှောင်နေတဲ့
စိတ်အခွံတွေ ။

ငါ့ကို မက်မက်မောမော နမ်းရှိုက်ပြီး
တစ်ခြားတစ်ယောက်ကို အာရုံပြုနေတဲ့
အရှက်တရားကင်းမဲ့ ပုံတွေ ။

ငါ မေ့မပစ်ရင်
ငါ ခွင့်မလွှတ်ရင်
ငါနဲ့ပဲ ပိုဝေးသွားမဲ့ ဖြစ်ရပ်တွေ ။

နေ့တွေဟာ အဲ့ဒီလို ထိတ်လန့်စရာတွေ ကြီးပါပဲ …

#မယ်ညို

17/05/2026

တစ်ချို့သော ဆက်ဆံရေးတွေကို ကိုယ်ခွါလိုက်ရတဲ့အကြောင်းအရင်းက အရှုပ်တော်ပုံတွေကို ခံနိုင်ရည်မရှိလို့ပါပဲ ။

သံသယတွေ ၊ စိတ်ကင်ဆာတွေ ၊
စွပ်စွဲမှုတွေ ၊ အတင်းအဖျင်းတွေ ၊ တွေ့ချိုတွေ ၊ ဖားချိုတွေ ၊ နောက်ကျောက ဓားရာတွေ ။

ကိုယ်ဟာ အစစ်အမှန်ပဲ ပေးတဲ့သူ
တစ်ယောက်မို့ အစစ်အမှန်တွေကိုပဲ မက်မက်မောမောရှိပါတယ် ။

တိတ်ဆိတ်ချင်တယ် ၊ အေးချမ်းချင်တယ် ၊ ငြိမ်သက် နွေးထွေးမှု နဲ့ မေတ္တာတရားကိုပဲ လိုချင်တယ် ။

ကိုယ့်နားဘေးမှာ ဘယ်သူမှ မရှိနေစေဦးတော့ ၊ ကိုယ့်ပတ်ဝန်းကျင်လေး သေးငယ်သွားစေဦးတော့ ကိုယ့်စိတ်လေးကြည်သာနေပြီး ဒဏ်ရာကင်းနေရင်
ကိုယ့်ဘဝ ကိုယ်နေပျော်ပါတယ် ။

#မယ်ညို

16/05/2026

ကိုယ်ပေးတဲ့ နာကျင်မူတွေကို ပြုံးပြုံးလေး ခံယူပြီး
ထွက်သွားတဲ့သူက ဘယ်တော့မှ ပြန်မလာတတ်ဘူး တဲ့ ။

#မယ်ညို

14/05/2026

တစ်နေ့နေ့တော့လဲ
ရှင်ကျွန်မကို တမ်းတမ်းတတ ရှိလာမှာပါ ။
ရှင့်ဒဏ်ရာတွေကို
ထွေးပွေ့မဲ့သူ မရှိတဲ့အခါ
ရှင့်ပြသနာတွေကို
ကူညီဖြေရှင်းပေးမဲ့သူ မရှိတဲ့အခါ
ရှင့်စကားတွေကို
နားထောင်ပေးမဲ့သူ မရှိတဲ့အခါ
ရှင့်ရဲ့အရာရာကို
လက်ခံပေးမဲ့သူ မရှိတော့တဲ့အခါ
ရှင့်ကိုနောက်ဆုံးအချိန်ထိ ကာကွယ်ပေးခဲ့ ၊
ချစ်ပေးခဲ့တဲ့ ဟောဒီမိန်းမကို
ရှင် တစ်နေ့နေ့တော့လဲ သတိရလာမှာပါ ….

#မယ်ညို

13/05/2026

ငါမမှားပဲ
ငါမှားခဲ့သလို
စိတ်ကို အကျဉ်းချခဲ့တဲ့ သူတွေ ။

ပွေ့ဖက်ထားတော့မလို နဲ့
ချောက်ကမ်းပါးစွန်းတိုင်း မှာ
ငါ့ကို တွန်းချခဲ့တာတွေ ။

ကာကွယ်တော့မလို နဲ့
တွန်းပို့ခဲ့တဲ့ ငရဲတွေ ။

မမေ့သေးပေမဲ့
ရတယ် ၊ ရပါတယ်

#မယ်ညို

10/05/2026

စာတွေ မပို့ပဲ
ဖုန်းတွေ မခေါ်ပဲ
မင်း သတင်းတွေ မစုံစမ်းပဲ နေနိုင်ခဲ့ပေမဲ့
စက္ကန့်မလပ် သတိရနေတဲ့ စိတ်ကိုတော့
ကိုယ် မတားမြစ်နိုင်ခဲ့ဘူး ။
ဘယ်သူနဲ့ရှိနေမလဲ
ဘာတွေလုပ်နေမလဲ
ဒီနေ့ဘာစားဖြစ်လဲ
ဘယ်အချိန်အိပ်လဲ ဆိုတာကအစ
မေးခွင့်မရှိတော့ပေမဲ့ စိတ်ကူး နဲ့ ပဲ ပုံဖော်နေမိတာ
မျိုး ။ ကိုယ့်အတွက်မဟုတ်တော့ဘူး ၊
ကိုယ့်အပိုင်မဟုတ်တော့ဘူး ဆိုတာက
နည်းနည်းနာကျင်ရပေမဲ့ မင်းအဆင်ပြေနေတယ် ဆိုတော့လဲ ကိုယ်က ရပါတယ် ။

#မယ်ညို
#သူ

ပြန်ဖတ်ပြီး တော်တော်လေး သဘောကျနေတဲ့ စာအုပ်လေးတစ်အုပ်ပါ ။ “ မင်းတို့မိန်းမတွေ ငွေမက်လိုက်တာ “ ဆိုတဲ့ စကားလုံးကို ဘာတစ်ခုမ...
09/05/2026

ပြန်ဖတ်ပြီး တော်တော်လေး သဘောကျနေတဲ့ စာအုပ်လေးတစ်အုပ်ပါ ။
“ မင်းတို့မိန်းမတွေ ငွေမက်လိုက်တာ “ ဆိုတဲ့ စကားလုံးကို ဘာတစ်ခုမှ မစွမ်းဆောင်နိုင်တဲ့ ယောကျာ်းတွေကသာ ပြောဆိုတတ်ပြီး
မိန်းမတစ်ယောက်ဟာ သူ့မှာ အရာအားလုံးပြည့်စုံနေရင်တောင် ချစ်တဲ့စိတ်နဲ့ ဆင်းရဲတွင်းထဲ ခုန်ဆင်းတတ်တယ် ဆိုတဲ့ အကြောင်း …..

ဘယ်လောက်ပဲ ချစ်ချစ် ယောကျာ်းတစ်ယောက်က
သူချစ်တဲ့ မိန်းမတစ်ယောက်အပေါ်မှာ “ ချစ်တယ် “ ဆိုတဲ့စကားကလွဲလို့ ဘာမှ မဖော်ပြတတ်ဘူး ဆိုရင် ဝေးကြရမှာပဲ ဆိုတာနဲ့ ဆက်ဆံရေးတစ်ခုမှာ မိန်းမတစ်ယောက်ဘက်ကသာ အစစအရာရာအလေးသာနေပြီဆိုရင် ထပ်ပြီး ဝေးကြရမယ် ဆိုတာ ကို သဘာဝကျကျ ခံစားရမဲ့ စာအုပ်လေးပါပဲ …

အဆုံးမှာ “ ငယ် “ ဆွဲမထားခဲ့တဲ့ မိန်းမတစ်ယောက်ရဲ့ အဲ့ဒီ “ မာန “ ဟာ “ မမှားဘူး “ လို့
ကိုယ် ထင်မိတယ် …

#မယ်ညို
#နှလုံးသားကိုချည်တဲ့ကြိုး

08/05/2026

ညှို့မှိုင်းနေတဲ့ တိမ်ဆိုင်တွေကိုမြင်တိုင်း
သတိရမိပါတယ် ။
ဘယ်တော့မှ
လက်လှမ်းမမှီခဲ့တဲ့ အဖြစ်တွေကို …

#မယ်ညို

06/05/2026

တကယ်များဝေးသွားခဲ့ရင် ….
အကြောတင်းပါတယ်ဆိုတဲ့ ဟောဒီ မိန်းမကလဲ
အသံတိတ် ငိုမိဦးမယ်ထင်ပါတယ် ။
နေရာတကာ သူ့အပြုံးတွေပဲမြင်ယောင်မိနေမှာ ။
သူ့ခေါ်သံတွေပဲ နားထဲ ပဲ့တင်ထပ်နေမှာ ။

တကယ်များဝေးသွားခဲ့ရင် …
မျက်ဝန်းညိုတွေကိုမေ့ဖျောက်ဖို့ ဆေးလိပ်တွေတစ်နေ့ ဘယ်နှစ်လိပ်လောက်တောင် ကိုယ် သောက်ဖြစ်နေမလဲ ။

နေသားတကျပြန်ဖြစ်ဖို့ အချိန်တွေ ဘယ်လောက်တောင်ယူရဦးမလဲ ။

ထိတွေ့ထားချင်စိတ်တွေ…အသံလေးကြားချင်စိတ်တွေ …ပြေးတွေ့ချင်တဲ့စိတ်တွေကို ကိုယ်ဘယ်လို လွန်ဆန်ရပါ့မလဲ ။
တကယ်များဝေးသွားခဲ့ရင်ပေါ့လေ …

#မယ်ညို
#ဆက်သွယ်မှုဧရိယာပြင်ပ

ဝမ်းသာစရာကြီးနော် 🤎
06/05/2026

ဝမ်းသာစရာကြီးနော် 🤎

ဒုတိယ အကြိမ် အုပ်ရေ ( ၃၀၀၀ )

ပြန်လည်ထွက်ရှိလာဦးမဲ့ မယ်ညိုရဲ့

" နှလုံးသားကို ချည်တဲ့ကြိုး "

#မယ်ညို
#နှလုံးသားကိုချည်တဲ့ကြိုး

05/05/2026

ဒီဘက်မယ် မတင်တာကြာလို့ …. 🤎

ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ မယ်ညိုผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์

ประเภท