Thailand Infos by Willybob

Thailand Infos by Willybob ထိုင်းနိုင်ငံနဲ့ပတ်သက်လို့ အကူအညီလိုအပ်ရင် ဆက်သွယ်နိုင်ပါတယ်ဗျ🙏🏻

📍 Hydrangea Cafe Khao Kho, PhetchabunKhao Khoမြို့ထဲမှာ ဖွင့်လှစ်ထားတဲ့ ကော်ဖီဆိုင်ပန်းခင်းကြီးပါ 🌸အရမ်းကျယ်ပြီး ပုံရိုက...
22/11/2022

📍 Hydrangea Cafe Khao Kho, Phetchabun

Khao Khoမြို့ထဲမှာ ဖွင့်လှစ်ထားတဲ့ ကော်ဖီဆိုင်ပန်းခင်းကြီးပါ 🌸
အရမ်းကျယ်ပြီး ပုံရိုက်ဖို့နေရာလှလှလေးတွေ အများကြီးရှိပါတယ် ကော်ဖီဆိုင်လည်းရှိလို့ ပုံလှလှလေးသွားရိုက်ရင်း ကော်ဖီသောက်ပြီး Chillလို့ရပါတယ်

ဝင်ကြေးကတော့ တစ်ယောက်ကို 60ဘတ်ပေးရတဲ့အထဲက 20ဘတ်ကို အအေးနဲ့ပြန်လဲလို့ရပါတယ်

နေ့ခင်းပိုင်းဆို အရမ်းပူတာမလို့ မနက်ပိုင်းသွားဖို့ အကြံပေးပါတယ်နော်

📍Address
ไฮเดรนเยีย คาเฟ่ เขาค้อ
082 395 5502
https://maps.app.goo.gl/ULD2exD46LZJru548?g_st=ic

10/11/2022

FYI

📍Mon Bridge, Kanchanaburiမြန်မာပြည်နယ်စပ်နားမှာ တည်ရှိတဲ့ မွန်တံတားလေးပါအနီးနားတစ်ဝိုက်မှာ မွန်လူမျိုးအများစုနေထိုင်ကြပါ...
10/11/2022

📍Mon Bridge, Kanchanaburi

မြန်မာပြည်နယ်စပ်နားမှာ တည်ရှိတဲ့ မွန်တံတားလေးပါ
အနီးနားတစ်ဝိုက်မှာ မွန်လူမျိုးအများစုနေထိုင်ကြပါတယ်
ဘန်ကောက်ကနေ ကား၆နာရီလောက်သာ ကားမောင်းရပါတယ်
မနက်ပိုင်းဆို မြူအုံ့ပြီး အရမ်းအေးတာမလို့ အနွေးထည်ယူသွားဖို့ မမေ့ပါနဲ့နော်

📍Address
Mon Bridge
https://maps.app.goo.gl/jEo1gHTVhdf3YoFy8?g_st=ic

BLACKPINK WORLD TOUR [BORN PINK] BANGKOKကျင်းပမယ့်ကွင်းကတော့ Suphachalasai National Stadiumကွင်းမှာပါSuphachalasai Natio...
28/10/2022

BLACKPINK WORLD TOUR [BORN PINK] BANGKOK

ကျင်းပမယ့်ကွင်းကတော့ Suphachalasai National Stadiumကွင်းမှာပါ

Suphachalasai National Stadium
02 214 0120
https://maps.app.goo.gl/prJV8BT3W4yNRp586?g_st=ic

Weverse Presale for BLINK MEMBERSHIP EARLY BIRD on Nov 16 (10AM – 10PM)
Live Nation Tero Presale on Nov 17 (10AM – 10PM)
ရောင်းချပေးမှာပါ
Public on saleကတော့ Nov 18 (10AM onwards)စပြီး ရောင်းချပေးမှာပါ

Seating Plan, Ticket details နဲ့ VIP Package ကတော့ မကြေညာထားသေးပါဘူး
Ticket details ထပ်သိရရင် စရံပေးထားတဲ့သူများအားလုံးကို ဆက်သွယ်ပေးပါမယ်နော်💖

https://m.facebook.com/story.php?story_fbid=1173937153503750&id=263740304523444

Edit - လက်မှတ်အတွက် စရံထပ်လက်မခံတော့သလို
လက်မှတ်ထပ်ရဖို့လည်း မရှိတော့ပါဘူး

BLACKPINK BANGKOK CONCERT 🎫 ကျင်းပမယ့်နေရာကတော့ Willyကြားသိခဲ့ရတဲ့အတိုင်းပဲSuphachalasai National Stadiumမှာ ကျင်းပမယ်လိ...
28/10/2022

BLACKPINK BANGKOK CONCERT 🎫

ကျင်းပမယ့်နေရာကတော့ Willyကြားသိခဲ့ရတဲ့အတိုင်းပဲ
Suphachalasai National Stadiumမှာ ကျင်းပမယ်လို့
YGဘက်က Confirmသွားပါပြီ

📍Suan Sai Yok Resort, Kanchanaburi
25/10/2022

📍Suan Sai Yok Resort, Kanchanaburi

📍 Wat Luang Khun Win(วัดหลวงขุนวิน), Chiang Maiချင်းမိုင်ရောက်ရင် အရမ်းလည်းတိတ်ဆိတ်၊လူလည်းမရှုတ်တဲ့အပြင် တောတောင်တွေနဲ့ပ...
24/10/2022

📍 Wat Luang Khun Win(วัดหลวงขุนวิน), Chiang Mai

ချင်းမိုင်ရောက်ရင် အရမ်းလည်းတိတ်ဆိတ်၊လူလည်းမရှုတ်တဲ့အပြင် တောတောင်တွေနဲ့ပါ ဝန်းရံထားတဲ့ ဒီဘုရားကို သွားဖူးခဲ့ကြပါဦးနော်🙏🏻🙏🏻🙏🏻

📍Address
วัดหลวงขุนวิน
https://maps.app.goo.gl/GbDT8LGRAXGhFggi9?g_st=ic

Baan E-Tong, Kanchanaburiနတ်အိမ်တောင်၊ ကန်ချနားဘူရီအခုလိုဆောင်းအဝင်လေးမှာ ဘန်ကောက်အနီးနားသွားလည်လို့ကောင်းတဲ့ နတ်အိမ်တော...
20/10/2022

Baan E-Tong, Kanchanaburi
နတ်အိမ်တောင်၊ ကန်ချနားဘူရီ

အခုလိုဆောင်းအဝင်လေးမှာ ဘန်ကောက်အနီးနားသွားလည်လို့ကောင်းတဲ့ နတ်အိမ်တောင်ကို Willyတို့ အလည်သွားခဲ့ကြပါတယ် နတ်အိမ်တောင်ဟာ ထိုင်း-မြန်မာနယ်စပ်နားမှာ ရှိတဲ့အပြင် တောင်ပေါ်ဒေသမလို့အခုလိုဆောင်းအဝင်မှာ အရမ်းကိုအေးဆိမ့်နေတာပါပဲ

🚌 ဘယ်လိုသွားမလဲ
ဘန်ကောက်ကနေ ကန်ချနားဘူရီကို ရထားနဲ့သွားလို့လည်းရသလို ဘတ်ကားနဲ့လည်းသွားလို့ရပါတယ် နတ်အိမ်တောင်ကိုဆက်သွားမယ့်သူတွေကတော့ ဘတ်ကားနဲ့သွားတာပိုအဆင်ပြေပါတယ် Willyတို့က Mo Chit Bus Terminal ကနေ မနက်6နာရီကားနဲ့ စီးသွားတာ 8:30လောက် ကန်ချနားဘူရီရောက်ပါတယ် ကန်ချနားဘူရီကားကွင်းကနေ Thong Pha Phumကို ဆက်သွားဖို့အတွက် 9နာရီထွက်မယ့်ကား လက်မှတ်ဖြတ်ပါတယ် ခနနားပြီး 9နာရီထိုးတော့ ကန်ချနားဘူရီကနေ Thong Pha Phum ကို ခရီးဆက်ကြပါတယ် 2နာရီလောက် ကားထပ်စီးရပါတယ်
Thong Pha Phumရောက်တော့ Baan E-Tong(နတ်အိမ်တောင်)ကိုခရီးဆက်ပါတယ်

♦️ဒီမှာသိထားရမှာတစ်ခုက Thong Pha Phumကနေ Baan E-Tongကို ထွက်တဲ့ဘတ်ကားက နေ့လည်12နာရီထိပဲ ရှိတာမလို့ 12မတိုင်ခင် အရောက်သွားမှ အဆင်ပြေပါမယ်♦️

တစ်နာရီလောက်ဘတ်ကားစီးပြီးတော့ နတ်အိမ်တောင်ကိုရောက်ပါပြီ

🌳 ဘယ်ကိုသွားလည်ကြမလဲ
Willyတို့ နတ်အိမ်တောင်ကိုရောက်တော့ နေ့လည်၁နာရီခွဲနေပြီမလို့ Mining Bridge (สะพานเหมืองแร่)ကိုပဲသွားကြပါတယ် အဲ့ကနေမှ ရွာထဲမှာပတ်သွား ပတ်စားကြပါတယ် ညနေပိုင်းလောက်မှာ Wat Mueang Rae Pilokဘုရားသွားဖူးကြပါတယ် ဘုရားဖူးပြီးအပြန် ရွာလည်အင်းနားက ကော်ဖီဆိုင်ထိုင် Chillကြပြီး ည၈ခွဲလောက်မှ ဟိုတယ်ပြန်ပြီး အနားယူကြပါတယ်
နောက်တစ်နေ့မနက်ရောက်တော့ Noen Sao Thong Viewpoint မှာ နေထွက်ချိန်ကြည့်ချင်လို့ မနက်၅နာရီကတည်းကထကြပြီး လမ်းလျှောက်သွားကြပါတယ် အရမ်းမဝေးတာမလို့ လမ်းလျှောက်သွားဖို့ အကြံပေးပါတယ်နော် မြူတွေကအရမ်းဆိုင်းပြီး အရမ်းအေးတာမလို့ အနွေးထည်ယူသွားဖို့မမေ့ကြပါနဲ့နော် Viewpoint မှာ နေထွက်ချိန်ကြည့်ပြီး ရွာကိုပြန်သွားကြပါတယ် မနက်စာစားပြီး Pilok Mineကို ဆက်သွားကြပါတယ် Pilok Mineကအပြန် မြန်မာအစားသောက်တွေဝယ်ပြိီး ဟိုတယ်မှာ Check-outလုပ်ကြပါတယ် ကားလက်မှတ်ဖြတ်ပြီး မီနီဘတ်နဲ့ Thong Pha Phumကို ပြန်သွားကြပါတယ် အချိန်မရတဲ့သူများကတော့ ကန်ချနားဘူရီကိုသွားတဲ့ကားလက်မှတ်ဖြတ်ပြီး အလာအတိုင်းပဲ ပြန်လို့ရပါတယ်
Willyတို့ကတော့ Thong Pha Phum National Parkကို ဆက်သွားပြီး အဲ့မှာပဲ Campingသွားလုပ်ကြပါတယ် Thong Pha Phum National Parkအကြောင်း နောက်လာမယ့် Postမှာတင်ပေးပါမယ်

🏨 ဘယ်မှာတည်းကြမလဲ
တည်းစရာနေရာတွေက အများကြီးရှိတာမလို့ Willyတို့လည်း နတ်အိမ်တောင်ရောက်မှ အခန်းလိုက်ရှာကြရင်း Pilok Hill Houseမှာတည်းဖြစ်ခဲ့ပါတယ်
အခန်းစျေးကတော့ တစ်ညကို နှစ်ယောက်အိပ်ခန်း 800ဘတ်ပေးရပါတယ် Homestayတွေမှာမတည်းချင်တဲ့သူတွေလည်း Camping spotတွေလည်းရှိတာမလို့ Tentငှါးပြီး Camping လုပ်လို့ရပါတယ်
Willyတို့တည်းခဲ့တဲ့ Pilok Hill Houseကို Booking.comမှာ ဘိုကင်တင်လို့ရပါတယ်

🍲 ဘယ်မှာစားမလဲ
Willyတို့ရောက်ရောက်ချင်း Willyတို့တည်းတဲ့Homestayနားက မြန်မာဆိုင်မှာ မြန်မာထမင်းဟင်းတွေ စားကြပါတယ် အရသာကတော့ မြန်မာပြည်ပြန်ရောက်သွားသလို မြန်မာအရသာစစ်စစ် အရမ်းလည်းစားကောင်းပါတယ် ညစာကိုလည်း အဲ့ဆိုင်မှာပဲ ထပ်စားကြပါတယ် နောက်တစ်နေ့မနက်စာကိုတော့ အခြားမြန်မာဆိုင်က တိုဖူးနွေးမှာစားကြပါတယ် မြန်မာလက်ဖက်သုပ်၊ တိုဖူးခြောက်၊လက်ဖက်၊ဆီတိုဖူး စသဖြင့် မြန်မာကုန်ခြောက်ပစ္စည်းတွေလည်း ရွာထဲမှာရောင်းချတာမလို့ အလည်သွားရင်း ဝယ်ယူအားပေးခဲ့ကြပါဦးနော်

အဆင်ပြေကြပါစေ

Phuketမြို့ရဲ့ လက်ရှိအခြေအနေ🌧️🌧️
16/10/2022

Phuketမြို့ရဲ့ လက်ရှိအခြေအနေ🌧️🌧️

Edit - စရံထပ်လက်မခံတော့ပါဘူးဗျ ယုံယုံကြည်ကြည်နဲ့စရံပေးထားကြလို့ ကျေးဇူးတင်ပါတယ် လက်မှတ်ကတော့ မရရအောင် ကြိုးစားပေးပါမယ်ဗျ...
16/10/2022

Edit - စရံထပ်လက်မခံတော့ပါဘူးဗျ ယုံယုံကြည်ကြည်နဲ့စရံပေးထားကြလို့ ကျေးဇူးတင်ပါတယ် လက်မှတ်ကတော့ မရရအောင် ကြိုးစားပေးပါမယ်ဗျ BLACKPINK Official Pageကနေ Bangkok Concert အတွက် စျေးအတိအကျကြေညာတဲ့ရက်မှာ အားလုံးကို ပြန်ဆက်သွယ်ပေးပါမယ်နော် 🖤💖

Blackpink Bangkok Concert အတွက် လက်မှတ်ရောင်းချမယ့်ရက်က နီးလာပြီမလို့ လက်မှတ်ဝယ်ယူပေးမယ့်အသိကလည်း ဒီနေ့နောက်ဆုံးစာရင်းအပ်ခိုင်းပြီမလို့
ကျန်နေသေးတဲ့ လက်မှတ်အစောင်ရေ အနည်းငယ်ကို ဒီနေ့နောက်ဆုံးထားပြီး စရံလက်ခံပေးပါမယ်
(မနက်ဖြန်စရံလက်မခံတော့ပါဘူးနော်)

💥စာရင်းပေးထားလိုသူများအနေဖြင့်
တစ်စောင် - 2000ဘတ် ဖြင့် စာရင်းပေးထားလို့ရပါတယ် KBANK ဖြင့်ငွေပေးချေလို့ရသလို KBZ,Kpay (လက်ရှိပေါက်ဈေးနဲ့တွက်ပြီး)နဲ့လည်း ငွေပေးချေလို့ရပါတယ်

💥စာရင်းပေးပြီး Cancelလုပ်လို့မရလို့ သေချာမှပဲ
စာရင်းလာပေးကြပါနော်

💥လက်မှတ်ဈေးနှုန်းအတိကျသိရတဲ့အချိန်ကျရင်
မူရင်းဈေးနှုန်း + လက်မှတ်တစ်စောင် 500B (Fees) ဖြင့် ကျန်ငွေကို ထပ်လွှဲပေးရုံပါပဲဗျ

💥လက်မှတ်အရောင်းဖွင့်တာနဲ့ Willyတို့ တန်းပြီးသွားဝယ်ပေးမှာပါ

💥လက်မှတ်အရောင်းကောင်တာက မိတ်ဆွေတစ်ယောက်နဲ့ ချိတ်ထားပြီးသားမလို့ သူတို့ဘက်က ပေးနိုင်တဲ့ လက်မှတ်အရေအတွက်ကတော့ ရဖို့အာမခံပါတယ်နော်

💥အကယ်လို့ အကြောင်းအမျိုးမျိုးကြောင့် မရခဲ့ရင်
Willyလက်ခံထားတဲ့ငွေအတိုင်း ပြန်လွှဲပေးမှာပါ

📱ဆက်သွယ်ရန် 📱
ဖုန်း - +66886366616 (ထိုင်းဖုန်း)
Viber - +66886366616
Whatsapp - +66886366616
Page Messenger သို့လည်း ဆက်သွယ်စာရင်းပေးသွင်းနိုင်ပါတယ်

ที่อยู่

Bangkok/Nonthaburi
Bangkok

เวลาทำการ

จันทร์ 07:00 - 23:00
อังคาร 07:00 - 23:00
พุธ 07:00 - 23:00
พฤหัสบดี 07:00 - 23:00
ศุกร์ 07:00 - 23:00
เสาร์ 07:00 - 23:00
อาทิตย์ 07:00 - 23:00

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Thailand Infos by Willybobผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง Thailand Infos by Willybob:

แชร์