Playmaker Journal

Playmaker Journal Daily Latest Sport News

ဗလက္ကာယမှုဖြင့် အမှုရင်ဆိုင်ရတော့မဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် မော်ရိုကိုအသင်းခေါင်းဆောင်ဟာကီမီ=====================မော်ရို...
19/06/2026

ဗလက္ကာယမှုဖြင့် အမှုရင်ဆိုင်ရတော့မဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် မော်ရိုကိုအသင်းခေါင်းဆောင်ဟာကီမီ
=====================
မော်ရိုကိုအသင်းခေါင်းဆောင်အာခရစ်ဖ်ဟာကီမီမှာ ဗလက္ကာယမှုဖြင့် အမှုရင်ဆိုင်ရမည်ဖြစ်ကြောင်း ပြင်သစ်အစိုးရရှေ့နေများက အတည်ပြုလာပါတယ်။

အမျိုးသမီးတစ်ဦးက သူမ အသက် ၂၄ နှစ်အရွယ် ၂၀၂၃ ခုနှစ်တုန်းက ပဲရစ်ရှိ ဟာကီမီရဲ့ နေအိမ်တွင် ပီအက်စ်ဂျီနောက်ခံလူရဲ့ မုဒိန်းကျင့်ခြင်းခံခဲ့ရကြောင်း စွပ်စွဲထားပါတယ်။

Nanterre မှ အရပ်ဘက်အစိုးရရှေ့နေရုံးက ၂၀၂၃ ခုနှစ် မတ်လမှ စတင်ကာ အထက်ပါ အမှုအား စတင်စစ်ဆေးမှု ပြုလုပ်ခဲ့ပါတယ်။

ယင်းနောက် စုံစမ်းစစ်ဆေးရေးတရားသူကြီးက ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလမှာတော့ အမှုကို ရုံးတင်စစ်ဆေးမှု ပြုလုပ်ရန် ဆုံးဖြတ်ခဲ့ပါတယ်။

အသက် ၂၇ နှစ်ရှိ မော်ရိုကိုနှင့် ပီအက်စ်ဂျီနောက်ခံလူဟောင်းဟာ ရုံးတင်စစ်ဆေးမဲ့ အခြေအနေအား အယူခံဝင်ခဲ့ရာ ပယ်ချခြင်းခံခဲ့ရပါတယ်။

ဟာကီမီဟာ ယနေ့ သောကြာနေ့တွင် ကမ္ဘာ့ဖလားအုပ်စုဒုတိယပွဲစဉ်အဖြစ် စကော့တလန်နှင့်ပွဲမှာ ပါဝင်ကစားလာမှာ ဖြစ်ပြီး သူ့အပေါ် စွပ်စွဲမှုများအပေါ် ငြင်းဆိုထားပါတယ်။

ဟာကီမီက "တရားစီရင်ရေးစနစ်က ကျွန်တော့်မျက်လုံးကို ကြည့်ပြီး 'မင်းသာ နာမည်ကြီး မဟုတ်ရင် ဘာပြဿနာမှ ရှိလာမှာ မဟုတ်ဘူး'လို့ ပြောနေပါတယ်။ ကျွန်တော် နှစ်ပေါင်းများစွာ နှုတ်ဆိတ်ပြီး နေလာခဲ့တယ်။ ကျွန်တော့်ရဲ့ ဂုဏ်သိက္ခာကို ထိန်းသိမ်းခြင်း၊ စိတ်ရှည်ခြင်းနဲ့ တရားစီရင်ရေးအပေါ် ယုံကြည်မှုက မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ဖြစ်လာမယ်လို့ ယုံကြည်ခဲ့တယ်။ ဒီကနေ့ ကျွန်တော့်ဇာတ်လမ်းမဟုတ်တဲ့ ဇာတ်လမ်းတစ်ပုဒ်က ကျုပ်မိသားစု၊ ကျုပ်အသက်နဲ့ အထူးသဖြင့် ကျွန်တော်က အလွယ်တကူ ပစ်မှတ်ထားခံရနိုင်တယ်ဆိုတာ ပြသနေပါတယ်။ စတင်ကတည်းက တရားရုံးတင်စစ်မဲ့နေ့ကို စောင့်ဆိုင်းနေခဲ့တာပါ။ ပြီးတော့ အခုလည်း စောင့်နေတုန်းပဲ။ နောက်ဆုံးမှာတော့ အမှန်တရားကို ပြောပြနိုင်တော့မယ်"လို့ ဆိုရှယ်မီဒီယာတွင် ရေးသားသွားပါတယ်။

ဟာကီမီကို ဘယ်နေ့မှာ ရုံးတင် စစ်ဆေးမှု ပြုလုပ်လာမလဲဆိုတာကိုတော့ မသတ်မှတ်ရသေးပါဘူး။

မော်ရိုကိုဟာ ကမ္ဘာ့ဖလားအုပ်စုပွဲအားလုံးကို ၎င်းတို့အခြေစိုက်ရာ အမေရိကန်မှာပဲ ကစားရပါမယ်။

ဒါပေမဲ့ မော်ရိုကိုအနေဖြင့် ရှုံးထွက်အဆင့်သို့ တက်ရောက်ကာ ကနေဒါတွင် ကစားရလာရမည်ဆိုပါက ဟာကီမီမှာ အမှုရင်ဆိုင်နေရမှုနှင့်အတူ ကနေဒါပြည်ဝင်ခွင့် ငြင်းပယ်ခံလာရနိုင်ပါတယ်။

ကနေဒါဟာ ဗလက္ကာယမှုများဖြင့် ရင်ဆိုင်နေရတဲ့ ဂါနာကွင်းလယ်ကစားသမားသောမတ်စ်ပါတေးနှင့် လုပ်ပွဲသံသယမှုဖြင့် အဖမ်းခံခဲ့ရဖူးတဲ့ အိုင်ဗရီကို့စ်အလယ်တန်းကစားသမားအယ်လီဝါဟီတို့မှာ ကနေဒါပြည်ဝင်ခွင့် ပိတ်ပင်ခံခဲ့ရပြီး ဖြစ်ပါတယ်။

ဟာကီမီဟာ မော်ရိုကိုအသင်းအတွက် ၉၇ ပွဲကစားထားသူ ဖြစ်ပြီး ၂၀၁၆ ခုနှစ်တုန်းက အသက် ၁၇ နှစ်အရွယ်တွင် ပထမဆုံးပွဲကစားခွင့်ရပြီးကတည်းက အရေးပါတဲ့ ကစားသမားအဖြစ် ကစားလာသူ ဖြစ်ပါတယ်။

ခရီးသွားလာခွင့် ကန့်သတ်ခံရမှုအပေါ် ဖီဖာထံ စောဒကတက်လာမဲ့ အီရန်===================အီရန်ဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်းတွ...
19/06/2026

ခရီးသွားလာခွင့် ကန့်သတ်ခံရမှုအပေါ် ဖီဖာထံ စောဒကတက်လာမဲ့ အီရန်
===================
အီရန်ဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်းတွင် ခရီးသွားလာခွင့် ကန့်သတ်ခြင်းခံရမှုအပေါ် ဖီဖာထံ စောဒကတက်မှု ပြုလုပ်လာပါမယ်။

အီရန်ဟာ စစ်ဖြစ်နေတဲ့ အမေရိကန်သို့ ပွဲမတိုင်မီ တစ်ရက်အလိုတွင် ပြည်ဝင်ခွင့် ရရှိထားပေမဲ့လည်း ပွဲပြီးတဲ့ နေ့တွင်ပင် ဗီဇာအနေအထားအရ ထွက်ခွာရပါတယ်။

ယင်းကဲ့သို့ အခြေအနေကြောင့် အီရန်အသင်းနည်းပြအေမာဂါလီနိုအီးက ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ၎င်းတို့အသင်းမှာ အဖိနှိပ်ခံရဆုံးအသင်းဖြစ်ကြောင်း နယူးဇီလန်နှင့် ၂ ဂိုးစီသရေကျတဲ့ပွဲအပြီးတွင် လူသိရှင်ကြား ပြောကြားသွားခဲ့ပါတယ်။

ယခုအခါ အီရန်ဘောလုံးအဖွဲ့ချုပ်က ယခုကဲ့သို့ ခရီးသွားလာမှု ကန့်သတ်ခံရမှုက ပြိုင်ပွဲဝင်အသင်းအားလုံး တန်းတူအခွင့်အရေးရရှိမယ်ဆိုတဲ့ အချက်နှင့် မကိုက်ညီစေဘဲ အသင်းရဲ့ ပြင်ဆင်မှုအပေါ် များစွာ ဆိုးကျိုးသက်ရောက်နေကြောင်း ကြေညာသွားပါတယ်။

အီရန်ဟာ အရှေ့အလယ်ပိုင်းတွင် အမေရိကန်နှင့် စစ်ဖြစ်နေမှုနှင့်အတူ အမေရိကန်၊ ကနေဒါ၊ မက္ကဆီကိုတို့က ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပနေတဲ့ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် မရေမရာ အခြေအနေနှင့် ကြုံခဲ့ရတဲ့အသင်းပါ။

ဖီဖာဥက္ကဌဂျီယန်နီအင်ဖန်တီနိုဟာ နယူးဇီလန်နှင့်ပွဲအပြီးတွင် အီရန်အသင်း အဝတ်အစားလဲခန်းသို့ ဝင်ရောက်ကာ စကားပြောမှုများရှိခဲ့ပေမဲ့လည်း ပြဿနာများက ဆက်လက် ရှိနေဆဲ ဖြစ်ပါတယ်။

အီရန်အသင်းအား နောက်ကွယ်မှ ပံ့ပိုးရတဲ့ဝန်ထမ်းအချို့တို့မှာ အမေရိကန်ပြည်ဝင်ခွင့် ဗီဇာမရရှိတဲ့ ပြဿနာကြုံခဲ့ရပါတယ်။

အီရန်ဟာ အစောပိုင်းတုန်းက အမေရိကန်တွင် အခြေစိုက်ရန် စီစဉ်ထားခဲ့ပေမဲ့ နောက်ပိုင်းတွင် မက္ကဆီကိုသို့ ပြောင်းရွှေ့ အခြေစိုက်မှု ပြုလု်ပခဲ့ပါတယ်။

၎င်းတို့ဟာ လာမဲ့ ဇွန်လ ၂၁ ရက်နေ့တွင် အယ်လ်အေတွင် ဘယ်လ်ဂျီယံနှင့်လည်းကောင်း၊ ဇွန်လ ၂၇ ရက်နေ့တွင် ဆက်တယ်တွင် အိဂျစ်နှင့်လည်းကောင်း ကမ္ဘာ့ဖလားအုပ်စုပွဲများ ကစားရပါဦးမယ်။

ပရီးမီးယားလိဂ်အဖွင့်ပွဲအဖြစ် ချန်ပီယံ အာဆင်နယ်နှင့် ရင်ဆိုင်ရမဲ့ ချန်ပီယံရှစ်ချန်ပီယံကိုဗင်ထရီ====================၂၀၂၆-၂...
19/06/2026

ပရီးမီးယားလိဂ်အဖွင့်ပွဲအဖြစ် ချန်ပီယံ အာဆင်နယ်နှင့် ရင်ဆိုင်ရမဲ့ ချန်ပီယံရှစ်ချန်ပီယံကိုဗင်ထရီ
====================
၂၀၂၆-၂၇ ပရီးမီးယားလိဂ်ရာသီသစ်အတွက် ပွဲပြက္ခဒိန်ရေးဆွဲမှု ပြုလုပ်ခဲ့ရာ တန်းတက် ကိုဗင်ထရီဟာ အဖွင့်ပွဲအဖြစ် ချန်ပီယံ အာဆင်နယ်နှင့် ရင်ဆိုင်ကစားရပါမယ်။

ဖရန့်လမ်းပတ်ဦးဆောင်တဲ့ ကိုဗင်ထရီဟာ ချန်ပီယံရှစ်ချန်ပီယံအဖြစ် ပရီးမီးယားလိဂ်သို့ တန်းတက်လာခဲ့တာဖြစ်ပြီး ၂၅ နှစ်အတွင်း ပထမဆုံးပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဩဂုတ်လ ၂၁ ရက်နေ့ သောကြာနေ့တွင် ၂၀၀၄ ခုနှစ်နောက်ပိုင်း ပထမဆုံးပရီးမီးယားလိဂ်ဖလား ဆွတ်ခူးထားတဲ့ အာတီတာရဲ့ အာဆင်နယ်နှင့် ရင်ဆိုင်ရမှာလည်း ဖြစ်ပါတယ်။

ပလေးအော့ဖ်မှ တဆင့် ပရီးမီးယားလိဂ်သို့ တန်းတက်လာတဲ့ ဟားလ်စီးတီးမှာလည်း ဩဂုတ်လ ၂၂ ရက်နေ့ စနေနေ့တွင် ယူနိုက်တက်ကို ဧည့်ခံကစားကစားရမှာ ဖြစ်ပြီး တန်းတက်အစ္စဝှစ်ချ်မှာလည်း ယင်းနေ့တွင်ပင် ဆန်းဒါးလန်းနှင့် ရင်ဆိုင်ကစားရပါမယ်။

ဂွါဒီယိုလာခေတ်အလွန် မန်စီးတီးဟာ ဩဂုတ်လ ၂၃ ရက်နေ့ တနင်္ဂနွေနေ့တွင် နည်းပြသစ်မာကိုရို့စ်ဦးဆောင်လာမဲ့ ဘုန်းမောက်အား ဧည့်ခံကစားရပါမယ်။

အထုတ်ခံရတဲ့ အန်းဆလော့နေရာတွင် အစားထိုးခန့်အပ်ခြင်းခံခဲ့ရတဲ့ အန်ဒိုနီအိုင်ရာအိုလာဦးဆောင်လာမဲ့ လီဗာပူးမှာလည်း ယင်းနေ့တွင်ပင် နယူးကာဆယ်အား အဝေးကွင်းမှာ ရင်ဆိုင်ကစားရပါမယ်။

ဇာဗီးအလွန်ဆို ဦးဆောင်လာမဲ့ ချဲလ်ဆီးက ဩဂုတ်လ ၂၄ ရက်နေ့ တနင်္လာနေ့တွင် နည်းပြသစ်ဖြင့် ဦးဆောင်လာမဲ့ ဖူလ်ဟမ်ကို အဝေးကွင်းမှာ ရင်ဆိုင်ကစားရပါမယ်။

ပရီးမီးယားလိဂ်ရာသီသစ်ကို ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီး ၃၄ ရက်အကြာ ဩဂုတ်လ ၂၁ ရက်နေ့ သောကြာနေ့မှာ စတင်လာမှာလည်း ဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ရာသီသစ်ကို ချန်ပီယံလိဂ်ဗိုလ်လုပွဲမတိုင်မီ ၆ ရက်အလို ၂၀၂၇ ခုနှစ်၊ မေလ ၃၀ ရက်နေ့တွင် အဆုံးသတ်လာပါမယ်။

၂၀၂၆-၂၇ ရာသီသစ်စတင်မှုမှာ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ရိုက်ခတ်မှုကြောင့် ပုံမှန်ထက် နောက်ကျလာသလို ပုံမှန်ထက် ရာသီသိမ်းနောက်ကျလာတာပါ။

ပွဲစဉ် ၃၃ ပွဲကို ပုံမှန်အတိုင်း ရက်သတ္တပတ်အကုန်တွင် ကစားလာမှာ ဖြစ်ပြီး ပွဲစဉ် ၅ ခုကိုမူ ကြားရက်တွင် ကစားလာပါမယ်။

ပရီးမီးယားလိဂ်က ဥရောပပွဲစဉ်များနှင့် မညှိစွန်းစေရန်အတွက် ရာသီသစ်ပြက္ခဒိန်အား အတတ်နိုင်ဆုံး ရေးဆွဲထားကြောင်း ဆိုထားပါတယ်။

လာမဲ့ရာသီတွင် ပရီးမီးယားလိဂ်ကလပ်မှ ၉ သင်းအထိ စံချိန်တင် ဥရောပဝင်ခွင့် ရရှိထားပါတယ်။

အာဆင်နယ၊ မန်စီးတီး၊ ယူနိုက်တက်၊ ဗီလာ၊ လီဗာပူးတို့က ချန်ပီယံလိဂ်ဝင်ခွင့် ရထားပြီး ဘုန်းမောက်၊ ဆန်းဒါးလန်း၊ ခရစ္စတယ်ပဲလေ့စ်တို့က ယူရိုပါလိဂ်ဝင်ခွင့်ရရှိထားကာ ဘရိုက်တန်က ကွန်ဖရင့်လိဂ်ဝင်ခွင့် ရထားပါတယ်။

ခရစ္စမတ်နှင့် ဘောက်ဆင်ဒေးကာလအတွင်းတွင် ကလပ်များဟာ နာရီ ၆၀ အတွင်း နှစ်ပွဲကစားလာရမှာ မဟုတ်ပါဘူး။

ပြီးခဲ့တဲ့ရာသီတုန်းက ယူနိုက်တက်က နယူးကာဆယ်ကို ၁-၀ ဖြင့် အနိုင်ရတဲ့ ပွဲတစ်ပွဲတည်းသာ ဘောက်ဆင်ဒေးတွင် ပွဲကစားခဲ့ပေမဲ့ ယခုရာသီမှာတော့ ပွဲအားလုံးကို ဒီဇင်ဘာလ ၂၆ ရက်နေ့ စနေနေ့တွင် ကစားလာပါမယ်။

ဘာစီလိုနာတွင် ကစားခဲ့ဖူးပေမဲ့ မော်ရင်ဟိုက ဖုန်းဆက်လာချိန်တွင် ရီးရဲလ်မက်ဒရစ်ကို မငြင်းပယ်နိုင်ခဲ့တဲ့ အကြောင်းရင်းကို ကူက...
19/06/2026

ဘာစီလိုနာတွင် ကစားခဲ့ဖူးပေမဲ့ မော်ရင်ဟိုက ဖုန်းဆက်လာချိန်တွင် ရီးရဲလ်မက်ဒရစ်ကို မငြင်းပယ်နိုင်ခဲ့တဲ့ အကြောင်းရင်းကို ကူကူရယ်လာဖွင့်ဟလာ
=====================
မာ့ခ်ကူကူရယ်လာဟာ ရီးရဲလ်မက်ဒရစ်သို့ ပြောင်းရွှေ့ရာတွင် နည်းပြသစ်ဂျိုဆေးမော်ရင်ဟိုရဲ့ တိုက်ရိုက်ဖုန်းခေါ်ဆိုမှုက ဘယ်လို အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်ခဲ့တယ်ဆိုတာ ဖွင့်ဟ ပြောကြားလာပါတယ်။

အသက် ၂၇ နှစ်ရှိ စပိန်လက်ရွေးစင်ဘယ်နောက်ခံလူဟာ ဘာစီလိုနာအကယ်ဒမီထွက်တစ်ဦး ဖြစ်ပေမဲ့လည်း ဥရောပရဲ့ အအောင်မြင်ဆုံးကလပ်ရဲ့ ကမ်းလှမ်းမှု ရရှိလာချိန်တွင် မငြင်းပယ်နိုင်ဘဲ လက်ခံလာခဲ့ရတာလည်း ဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ ယခုအပတ်အစောပိုင်းတုန်းက ကူကူရယ်လာကို ချဲလ်ဆီးထံမှ ပြောင်းရွှေ့ကြေး ပေါင် ၅၂ သန်းဖြင့် ခေါ်ယူကြောင်း ကြေညာခဲ့ပါတယ်။

El Mundo နှင့် အင်တာဗျူးတွင် စပိန်နှင့်အတူ ကမ္ဘာ့ဖလားပြိုင်ပွဲ ပါဝင်ကစားနေတဲ့ ကူကူရယ်လာက "ဟုတ်ပါတယ်(မော်ရင်ဟိုဖုန်းဆက်တယ်)။ ကျွန်တော်တို့ စကားပြောကြတယ်။ သူက ကျွန်တော်နဲ့ ဘယ်လောက် အလုပ်လုပ်တွဲချင်လဲ ပြောပြတယ်။ ကျွန်တော့် အလွယ်တကူပဲ အံဝင်မယ်လို့ ပြောပါတယ်။ ပြီးတော့ ရီးရဲလ်မက်ဒရစ်ကလည်း ကြီးကျယ်တဲ့ ကလပ်တစ်ခုလေ။ ဒီတော့ ဘာမှ ပြောစရာမရှိတော့ဘူး။ ကမ္ဘာ့ဖလားမှာ အကောင်းဆုံးလုပ်ပြရုံပဲ။ ပြီးရင်တော့ မက်ဒရစ်မှာ ကျွန်တော်တို့ တွေ့ကြမယ်"လို့ ပြောကြားသွားပါတယ်။

ဂျိုဆေးမော်ရင်ဟိုက သူ့ကို မခေါ်ယူနိုင်လျှင် အခြားဘယ်သူ့ကို ခေါ်ယူမယ်လို့ ပြောဆိုတာမျိုး ရှိလားလို့ မေးမြန်းလာချိန်တွင် ကူကူရယ်လာက "မရှိပါဘူး။ သူ ဒါမျိုး ပြောဖူးသလားဆိုတာ ကျွန်တော် မသိပါဘူး။ သူက ကျွန်တော့်ကို အလိုရှိကြောင်း ပြောပြတယ်။ ဒါပါပဲ။ ဒီယုံကြည်မှုအတွက် အရမ်းပျော်တယ်။ သူနဲ့ တွဲလုပ်ဖို့လည်း စိတ်လှုပ်ရှားနေပါတယ်"လို့ ပြောကြားသွားပါတယ်။

ဘာစီလိုနာအကယ်ဒမီထွက်တစ်ဦးဖြစ်ပေမဲ့ ခါးသီးတဲ့ ပြိုင်ဘက် ရီးရဲလ်မက်ဒရစ်အား ရွေးချယ်ခဲ့မှုအပေါ် ၎င်းက "ဘဝမှာ ကွဲပြားတဲ့ အဆင့်တွေ ရှိတယ်။ အခု ကိစ္စမှာဆို အရေးကြီးတဲ့ ဆုံးဖြတ်ချက် ချခဲ့ရတယ်။ ကျွန်တော့်အတွက် ကြီးမားတဲ့ ခြေလှမ်းတစ်ခုဆိုတာ သံသယမဝင်ပါဘူး။ ငယ်စဉ်တုန်းက လူတိုင်း ကြီးကျယ်တဲ့ ကလပ်တွေမှာ ကစားခွင့်ရဖို့ အိပ်မက်မက်ကြတယ်။ ရီးရဲလ်မက်ဒရစ်က အဲဒီအသင်းတွေထဲက တစ်သင်းပါ။ သူတို့က ကမ္ဘာ့မှာ ချန်ပီယံလိဂ်အအောင်မြင်ဆုံးအသင်း ဖြစ်တယ်။ သူတို့နဲ့အတူ ဒီဖလား ရယူနိုင်ဖို့ မျှော်လင့်တယ်။ အံ့ဩစရာအချိန်တွေ ပိုင်ဆိုင်ဖို့ မျှော်လင့်တယ်"လို့ ပြောကြားသွားပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ ယခုနွေရာသီတွင် ဂျိုဆေးမော်ရင်ဟိုကို နည်းပြသစ်အဖြစ် ခန့်အပ်ပြီးနောက် လီဗာပူးနောက်ခံလူအီဘရာဟမ်ကိုနာတေးကိုလည်း ခေါ်ယူထားသလို ချဲလ်ဆီးကွင်းလယ်ကစားသမားအန်ဇိုဖာနန်ဒက်ဇ်ကိုလည်း ခေါ်ယူရေး ဆက်လက် ကြိုးပမ်းနေပါတယ်။

ဟယ်ရီကိန်းကို အင်္ဂလန်သမိုင်းတွင် အကြီးကျယ်ဆုံးတိုက်စစ်မှူးလို့ ဂယ်ရီလိုင်နီကာ ချီးကျူး ပြောကြားလာ===================အင်...
19/06/2026

ဟယ်ရီကိန်းကို အင်္ဂလန်သမိုင်းတွင် အကြီးကျယ်ဆုံးတိုက်စစ်မှူးလို့ ဂယ်ရီလိုင်နီကာ ချီးကျူး ပြောကြားလာ
===================
အင်္ဂလန်ဂန္ထဝင်တိုက်စစ်မှူးဟယ်ရီလိုင်နီကာက သူ့ရဲ့ ကမ္ဘာ့ဖလား ၁၀ ဂိုးစံချိန်အား လိုက်မီလာခဲ့တဲ့ အင်္ဂလန်အသင်းခေါင်းဆောင်ဟယ်ရီကိန်းမှာ အင်္ဂလန်သမိုင်းတွင် အကြီးကျယ်ဆုံးတိုက်စစ်မှူးလို့ ချီးကျူး ပြောကြားလာပါတယ်။

အသက် ၃၂ နှစ်ရှိ အင်္ဂလန်အသင်းခေါင်းဆောင်ဟာ ခရိုအေးရှားကို ၄-၂ ဖြင့် အနိုင်ရတဲ့ ကမ္ဘာ့ဖလားအုပ်စုအဖွ့င်ပွဲတွင် ၂ ဂိုးသွင်းယူပြီးနောက် ဂယ်ရီလိုင်နီကာရဲ့ အင်္ဂလန်အတွက် ကမ္ဘာ့ဖလားဂိုးအများဆုံးသွင်းထားတဲ့ ၁၀ ဂိုးစံချိန်ကို လိုက်မီလာခဲ့ပါတယ်။

အသက် ၆၅ နစ်ရှိ အင်္ဂလန်တိုက်စစ်မှူးဟောင်းဂယ်ရီလိုင်နီကာဟာ ၁၉၈၆ နှင့် ၁၉၉၀ ကမ္ဘာ့ဖလားပြိုင်ပွဲတို့တွင် ၁၀ ဂိုးသွင်းခဲ့တာ ဖြစ်ပြီး ဟယ်ရီကိန်းက ကမ္ဘာ့ဖလား ၃ ကြိမ်တွင် ၁၀ ဂိုးသွင်းလာတာပါ။

ဂယ်ရီလိုင်နီကာက "တကယ့်ကို အလေးနက် ပြောချင်တယ်။ ဟယ်ရီကိန်းက။ ကျွန်တော်တို့ ပိုင်ဆိုင်ခဲ့ဖူးသမျှ အင်္ဂလန်တိုက်စစ်မှူးတွေထဲမှာ အကြီးကျယ်ဆုံးပါ။ အခု ကျွန်တော် ဒီလိုပဲ တွေးမိနေတယ်"လို့ ပြောကြားသွားပါတယ်။

ဟယ်ရီကိန်းဟာ အင်္ဂလန်အသင်းအတွက် ၁၁၅ ပွဲကစားထားရာမှာ ၈၁ ဂိုးသွင်းထားကာ အင်္ဂလန်သမိုင်းတွင် ဂိုးအများဆုံးသွင်းယူထားသူအဖြစ် ရပ်တည်နေသူလည်း ဖြစ်ပါတယ်။

အင်္ဂလန်ဟာ လာမဲ့ ဇွန်လ ၂၃ ရက်နေ့တွင် အုပ်စုဒုတိယပွဲစဉ်အဖြစ် ဂါနာနှင့် ရင်ဆိုင်ကစားရပါမယ်။

ပြီးခဲ့တဲ့ရာသီတုန်းက ဘိုင်ယန်မြူးနစ်အတွက် ၆၁ ဂိုးသွင်းခဲ့တဲ့ ဟယ်ရီကိန်းဟာ ခရိုအေးရှားနှင့်ပွဲတွင် ပင်နယ်တီမှ တဆင့် ပထမဂိုးသွင်းခဲ့ပြီး ဒုတိယဂိုးကို ထောင့်ကန်ဘောမှ ခေါင်းတိုက်သွင်းယူခဲ့တာလည်း ဖြစ်ပါတယ်။

ဆက်လက်ပြီး ဂယ်ရီလိုင်နီကာက "ကျွန်တော့်စံချိန်ကို ကိန်း လိုက်မီသွားလို့ အရမ်းဝမ်းသာတယ်။ သူက ပွဲမှာ စွယ်စုံကစားနိုင်တယ်။ ဒါကပဲ သူ့ကို အခြားသူတွေထက် သာသွားစေတာပါ"လို့ ပြောကြားသွားပါတယ်။

လိုက်ဇစ်တောင်ပံကစားသမားယန်ဒေယိုမန်ဒီအား ယူရိုသန်း ၁၀၀ ဖြင့် လီဗာပူး ကမ်းလှမ်းလာ====================လီဗာပူးဟာ ရက်ဘူးလ်လို...
19/06/2026

လိုက်ဇစ်တောင်ပံကစားသမားယန်ဒေယိုမန်ဒီအား ယူရိုသန်း ၁၀၀ ဖြင့် လီဗာပူး ကမ်းလှမ်းလာ
====================
လီဗာပူးဟာ ရက်ဘူးလ်လိုက်ဇစ်တောင်ပံကစားသမားယန်ဒေယိုမန်ဒီအား ခေါ်ယူရေး ယူရိုသန်း ၁၀၀ ဖြင့် ကမ်းလှမ်းမှု ပြုလုပ်လာပါတယ်။

လီဗာပူးဟာ ပီအက်စ်ဂျီထက် လက်ဦးမှု ရယူနိုင်ရန်အတွက် ယခုကဲ့သို့ ယူရိုသန်း ၁၀၀ ဖြင့် ကမ်းလှမ်းလာခဲ့တာ ဖြစ်ပြီး လိုက်ဇစ်ဘက်ကတော့ ကစားသမားကို ဆက်ထိန်းထားနိုင်ရေး ကြိုးပမ်းနေဆဲ ဖြစ်ပါတယ်။

Sky Sports ရဲ့ဖော်ပြလာမှုအရ အန်ဒိုနီအိုင်ရာအိုလာကိုင်တွယ်နေတဲ့ လီဗာပူးဟာ ဒေယိုမန်ဒီအတွက် ပြောင်းရွှေ့ကြေး ယူရိုသန်း ၉၀ အပြင် ကျန် ယူရို ၁၀ သန်းအား အောင်မြင်မှုအပေါ် မူတည်ပြီး ထပ်မံပေးမဲ့အချက်ဖြင့် ကမ်းလှမ်းလာခဲ့တာပါ။

တဖက်တွင် လိုက်ဇ်ဟာ လီဗာပူးဘက်က ယူရိုသန်း ၁၀၀ ဖြင့် ကမ်းလှမ်းမှုအား ပယ်ချလာပြီး ပြောင်းရွှေ့ကြေး ယူရိုသန်း ၁၂၀ အထိ ရရှိလိုနေကြောင်းလည်း သတင်းထွက်နေပါတယ်။

ဒါ့အပြင် လိုက်ဇစ်ဟာ ဒေယိုမန်ဒီကို လုပ်ခတိုးမြှင့်ပြီး စာချုပ်သစ်ချုပ်ဆိုရေး ကြိုးပမ်းနေပါတယ်။

ပီအက်စ်ဂျီနှင့် အခြားဥရောပကလပ်များဟာလည်း ယခုကဲ့သို့ လီဗာပူးဘက်က ယူရိုသန်း ၁၀၀ ဖြင့် အဖွင့်ကမ်းလှမ်းမှု ပြုလုပ်လာမှုနှင့်အတူ လာမဲ့ရက်များအတွင်းတွင် အပြိုင်ကမ်းလှမ်းမှုများ ပြုလုပ်လာမယ်လို့ ယုံကြည်ရပါတယ်။ ဒါကြောင့်လည်း ဥရောပထိပ်သီးကလပ်များအကြား အပြိုင်ကမ်းလှမ်းမှုနှင့်အတူ ဒေယိုမန်ဒီရဲ့ ပြောင်းရွှေ့ကြေးက တဖြည်းဖြည်းမြင့်မားလာဖို့ ရှိနေပါတယ်။

အသက် ၁၉ နှစ်ရှိ အိုင်ဗရီကို့စ်လက်ရွေးစင်ကစားသမားဟာ ပြီးခဲ့တဲ့ရာသီတုန်းက လိုက်ဇစ်ရဲ့ ဘွန်ဒက်စ်လီဂါပွဲ ၁ ပွဲတည်းသာ လွဲချော်ခဲ့သူ ဖြစ်ပြီး လိဂ်ပွဲ ၃၃ ပွဲတွင် ၁၂ ဂိုးသွင်းကာ ၉ ကြိမ်အထိ ဖန်တီးမှု ပြုလုပ်နိုင်ခဲ့ကာ ချန်ပီယံလိဂ်ဝင်ခွင့်ရအောင် ကူညီပေးခဲ့သူ ဖြစ်ပါတယ်။

၂၀၂၆ ကမ္ဘာ့ဖလားအပြီးတွင် ဂျာမနီအသင်းမှ ထပ်မံ အနားယူမယ်လို့ နူအာ အတည်ပြုလာ=====================မန်နူရယ်နူအာက ၂၀၂၆ ကမ္ဘာ့ဖ...
19/06/2026

၂၀၂၆ ကမ္ဘာ့ဖလားအပြီးတွင် ဂျာမနီအသင်းမှ ထပ်မံ အနားယူမယ်လို့ နူအာ အတည်ပြုလာ
=====================
မန်နူရယ်နူအာက ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးတွင် ဂျာမနီလက်ရွေးစင်ကစားသမားဘဝမှ ဒုတိယအကြိမ်မြောက် အနားယူမယ်လို့ အတည်ပြုလာပါတယ်။

ဘိုင်ယန်မြူးနစ်ဂန္ထဝင်ဂိုးသမားဟာ ယူရို ၂၀၂၄ ပြိုင်ပွဲအပြီးတွင် ဂျာမနီလက်ရွေးစင်ကစားသမားဘဝမှ အနားယူခဲ့ပေမဲ့လည်း ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ဂျာမနီအသင်း ဂိုးသမားပြဿနာကြုံလာရချိန်တွင် လက်ရွေးစင်ကစားသမားဘဝမှ အနားယူထားရာကနေ ပြန်လည် ကစားပေးလာခဲ့တာလည်း ဖြစ်ပါတယ်။

ဂျာမနီနှင့်အတူ ၂၀၁၄ ကမ္ဘာ့ဖလားဆွတ်ခူးခဲ့တဲ့ နူအာက "ကောင်းမွန်တဲ့ ယူရိုအိမ်ရှင်ကြုံပြီးတဲ့နောက် ကောင်းမွန်တဲ့ အကြောင်းပြချက်တဲ့ ၂၀၂၄ မှာ အနားယူခဲ့တယ်။ ကျွန်တော့်အတွက် ဒါက မှန်ကန်တဲ့ ဆုံးဖြတ်ချက်ပါ။ မှန်တယ်လို့လည်း ထင်တယ်။ နောက်ဆုံး နှစ်နှစ်မှာ လက်ရွေးစင်အတွက် ကစားရတာ အရမ်း ဝန်ထုပ်ဝန်ပိုးဖြစ်ခဲ့တယ်လို့ ခံစားခဲ့ရတယ်"လို့ ပြောကြားသွားပါတယ်။

နူအာဟာ ပြီးခဲ့တဲ့ ရာသီနှောင်းပိုင်းမှာ ဂျာမနီနည်းပြဂျူလီယန်နာဂျယ်မန်းရဲ့ ဖျောင်းဖျပြောဆိုမှုကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပြန်လည်ကစားရန် ဆုံးဖြတ်ခဲ့တာလည်း ဖြစ်ပါတယ်။

ဆက်လက်ပြီး နူအာက "ကျွန်တော့်အတွက် ဒါက နောက်ဆုံးနိုင်ငံတကာပြိုင်ပွဲဆိုတာ ရှင်းရှင်းလေးပါ။ နောက်နှစ်နှစ်မှာ ကစားမဲ့ ယူရိုမှာ ကစားဖို့ အစီအစဉ် မရှိပါဘူး။ ဂျာမနီအတွက် ကျွန်တော် ကစားတဲ့ နောက်ဆုံးနေ့ရက်တွေ ဖြစ်ပါတယ်။ ပွဲတိုင်းအတွက် စိတ်လှုပ်ရှားနေတယ်။ နှုတ်ဆက်အင်္ကျီဖြစ်မလာဖို့ ကြိုးစားသွားမယ်"လို့ ပြောကြားသွားပါတယ်။

နအာပြန်ကစားလာမှုနှင့်အတူ ဟော်ဖန်ဟိမ်းဂိုးသမားအိုလီဗာဘူးမန်းမှာ အရန်ခုံတွင် ပြန်လည်ထိုင်လာရပါတယ်။

နူအာဟာ ၂ နှစ်အတွင်း ဂျာမနီအတွက် ပထမဆုံးကစားတဲ့ ကူရာအာအိုအား ၇-၁ ဖြင့် အနိုင်ရတဲ့ ကမ္ယာဖ့လားပွဲတွင်လည်း ဆက်လက် လက်စွမ်းပြကစားနိုင်ခဲ့ပါတယ်။

ဂျာမနီဟာ စနေနေ့မှာ ကမ္ဘာ့ဖလားအုပ်စုဒုတိယပွဲစဉ်အဖြစ် အိုင်ဗရီကို့စ်နှင့် ရင်ဆိုင်ကစားရမှာ ဖြစ်ပြီး ယင်းပွဲတွင် အနိုင်ရတဲ့အသင်းက ရှုံးထွက်အဆင့်သို့ တက်ရောက်နိုင်ပါမယ်။

တဖက်တွင် နူအာဟာ ဂျာမနီနှင့်အတူ ကမ္ဘာ့ဖလား ၂ ကြိမ် ဆွတ်ခူးနိုင်တဲ့ ပထမဆုံးကစားသမားအဖြစ် သမိုင်းမှတ်တိုင်စိုက်ထူရန်လည်း စိတ်အားထက်သန်နေပါတယ်။

နူအာက "ဒါက ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ပါ။ ကိုယ့်လက်ထဲမှာ အခွင့်အရေး အားလုံး ရှိနေတယ်။ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားတွေကို ပြန်အမှတ်မရချင်ဘူး။ အခု လာမဲ့ အိုင်ဗရီကို့စ်အတွက်ပဲ စဉ်းစားနေတယ်။ ဒုတိဘပွဲအပြီးမှာ ရှုံးထွက်အဆင့်သို့ တက်နိုင်ရင်တော့ စပါယ်ရှယ်ပေါ့။ ဒါဆိုရင် ကျွန်တော်တို့ အနာဂတ်ကို အနည်းငယ်မျှော်ကြည့်လို့ရပြီ။ နောက်ထပ်တစ်ကြိမ် လုပ်နိုင်မဲ့ အခွင့်အ‌ရေး ရလာမယ်။ ဒုတိယတစ်ကြိမ် ထပ်ရနိုင်မယ်ဆိုရင်တော့ တကယ့်ကို စပယ်ရှယ်ပေါ့။ ဒီလို ဖြစ်နိုင်မဲ့ အခွင့်အရေး မရှိဘူးဆိုရင်လည်း ဒီနေရာမှာ ကျွန်တော် ထိုင်နေမှာ မဟုတ်ပါဘူး"လို့ ပြောကြားသွားပါတယ်။

ပြည်တွင်းဖလား ၂ လုံးလုံး ရယူပေးခဲ့တဲ့ နည်းပြချီဗူးကို စာချုပ်သက်တမ်းတိုးချုပ်ဆိုလာတဲ့ အင်တာမီလန်==================အင်တာမ...
19/06/2026

ပြည်တွင်းဖလား ၂ လုံးလုံး ရယူပေးခဲ့တဲ့ နည်းပြချီဗူးကို စာချုပ်သက်တမ်းတိုးချုပ်ဆိုလာတဲ့ အင်တာမီလန်
==================
အင်တာမီလန်က နည်းပြချုပ်ခရစ္စတီယန်ချီဗူးကို အသင်းတွင် ၂၀၂၈ ခုနှစ် အထိ ထိန်းထားနိုင်မဲ့ စာချုပ်အား သက်တမ်းတိုးချုပ်ဆိုလိုက်ပြီ ဖြစ်ကြောင်း ကြေညာလာပါတယ်။

အင်တာမီလန်နည်းပြဟောင်းဟာ အင်တာမီလန်ကို ကိုင်တွယ်တဲ့ ပထမဆုံးရာသီတွင်ပင် စီးရီးအေဖလားနှင့် ကိုပါအီတာလီယာဖလားတို့ကို ရယူကာ ကြီးကျယ်တဲ့ ရာသီတစ်ခု ပိုင်အောင် ဦးဆောင်ပေးနိုင်ခဲ့သူ ဖြစ်ပါတယ်။

အင်တာမီလန်ဟာ ကြီးကျယ်တဲ့ ရာသီတစ်ခု ပိုင်ဆိုင်ပြီးချိန်မှာတော့ ချီဗူးရဲ့ အနာဂတ်နှင့်ပတ်သက်ပြီး စိုးရိမ်စရာမရှိရအောင် စာချုပ်သက်တမ်းတိုးမှု ချက်ချင်း ပြုလုပ်လာတာလည်း ဖြစ်ပါတယ်။

ရိုးမေးနီးယားနည်းပြဟာ ၂၀၁၉ ခုနှစ်တွင် ယူအီးအက်ဖ်အေပရိုလိုင်စင် ရရှိပြီးနောက် ၂၀၂၁ ခုနှစ်တွင် အင်တာမီလန်လူငယ်အသင်းအား စတင်ကိုင်တွယ်ခဲ့ပါတယ်။

ယင်းနောက် သူဟာ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ပါးမားနည်းပြသစ်အဖြစ် ခန့်အပ်ခြင်းခံခဲ့ရပြီး စီးရီးအေတွင် ဆက်လက် ရပ်တည်နိုင်အောင် ဦးဆောင်ပေးနိုင်ခဲ့ပါတယ်။

ယင်းနောက် နွေရာသီတွင် သူဟာ အင်တာမီလန်နည်းပြသစ်အဖြစ် ခန့်အပ်ခြင်းခံခဲ့ရပါတော့တယ်။ သူဟာ အင်တာမီလန်ကို ချန်ပီယံလိဂ်တွင် ရှုံးထွက်အဆင့်သို့သာ ပို့ဆောင်ပေးနိုင်ခဲ့ပေမဲ့ ပြည်တွင်းဖလား ၂ လုံးလုံး ရရှိအောင် ဦးဆောင်ပေးနိုင်ခဲ့ပါတယ်။

အင်တာမီလန်ဟာ ၂၀၀၉-၁၀ ရာသီနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ပြည်တွင်းဖလား ၂ လုံးလုံးအား ရယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ဘရိုက်တန်မှ ဒတ်ချ်နောက်ခံလူဗန်ဟက်ကီအား ပေါင် ၅၂ သန်းဖြင့် ခေါ်ယူရေးအား စပါးစ်အပြီးသတ် လုပ်ဆောင်လာ======================စ...
19/06/2026

ဘရိုက်တန်မှ ဒတ်ချ်နောက်ခံလူဗန်ဟက်ကီအား ပေါင် ၅၂ သန်းဖြင့် ခေါ်ယူရေးအား စပါးစ်အပြီးသတ် လုပ်ဆောင်လာ
======================
စပါးစ်ဟာ ဘရိုက်တန်မှ နယ်သာလန်လက်ရွေးစင်နောက်ခံလူဂျန်ပေါလ်ဗန်ဟက်ကီအား ပေါင် ၅၂ သန်းဖြင့် ခေါ်ယူရေးအား အပြီးသတ် လုပ်ဆောင်လာပြီ ဖြစ်ပါတယ်။

အသက် ၂၆ နှစ်ရှိ ဗန်ဟက်ကီဟာ ဘရိုက်တန်နှင့် တစ်နှစ်စာချုပ်သက်တမ်းသာ ကျန်တော့သူ ဖြစ်ပြီး စာချုပ်သက်တမ်းတိုးရန် အစီအစဉ်မရှိမှုနှင့်အတူ ကလပ်ဘက်က ထုတ်ရောင်းလာရတာလည်း ဖြစ်ပါတယ်။

ဘရိုက်တန်ဟာ ဗန်ဟက်ကီရဲ့ အရောင်းစာချုပ်အတွင်းတွင် စပါးစ်ဘက်က ထပ်ဆင့် ရောင်းချပါက အကျိုးအမြတ်အား ရာခိုင်နှုန်းအချို့ ခံစားခွင့် ရရှိလာဦးမယ့် အချက်ကိုလည်း ထည့်သွင်းချုပ်ဆိုနိုင်ခဲ့ပါတယ်။

ဗန်ဟက်ကီက "စပါးစ်ကစားသမားတစ်ဦး ဖြစ်လာခွင့်ရလို့ အရမ်းဂုဏ်ယူတယ်။ ကလပ်ကြီးတစ်ခုသို့ ပြောင်းခွင့်ရတာ အိပ်မက်တစ်ခု အမှန်တကယ်ဖြစ်လာတာပါပဲ"လို့ ပြောကြားသွားပါတယ်။

ဗန်ဟက်ကီဟာ ဘရိုက်တန်တွင် လက်တွဲခဲ့ဖူးတဲ့ ရောဘတ်တိုဒီဇာဘီနှင့် စပါးစ်တွင် ပြန်လည် လက်တွဲအလုပ်လုပ်ရပါမယ်။

ကမ္ဘာ့ဖလားပြိုင်ပွဲဝင် နယ်သာလန်အသင်းတွင် ပါဝင်ကစားနေတဲ့ ဗန်ဟက်ကီဟာ စပါးစ်အသင်းတွင် နယ်သာလန်ကစားဖော်များဖြစ်ကြတဲ့ မစ်ကီဗန်ဒီဗန်၊ ဇာဗီးဆိုင်မွန်တို့နှင့် တွဲကစားရပါမယ်။

ဗန်ဟက်ကီဟာ ဘရိုက်တန်အတွက် ၁၃၁ ပွဲကစားပေးခဲ့သူ ဖြစ်ပြီး ပြီးခဲ့တဲ့ရာသီတုန်းက ဥရောပဝင်ခွင့် ရရှိခဲ့တဲ့ ကလပ်အတွက် ပရီးမီးယားလိဂ်ပွဲ ၃၆ ပွဲ ပွဲထွက်ကစားပေးခဲ့သူလည်း ဖြစ်ပါတယ်။

ဘရူနိုဖာနန်ဒက်စ်အား ဝေဖန်တိုက်ခိုက်မှုအပေါ် ခရစ္စတီယာနိုရော်နယ်ဒိုရဲ့အစ်မက ထောက်ခံလာမှုနှင့်အတူ ပေါ်တူဂီအသင်းအတွင်း အက်က...
19/06/2026

ဘရူနိုဖာနန်ဒက်စ်အား ဝေဖန်တိုက်ခိုက်မှုအပေါ် ခရစ္စတီယာနိုရော်နယ်ဒိုရဲ့အစ်မက ထောက်ခံလာမှုနှင့်အတူ ပေါ်တူဂီအသင်းအတွင်း အက်ကွဲကြောင်းဖြစ်ပေါ်လာ
====================
ခရစ္စတီယာနိုရော်နယ်ဒိုရဲ့အစ်မဟာ ဘရူနိုဖာနန်ဒက်စ်အား ဝေဖန်တိုက်ခိုက်ထားတဲ့ အင်စတာဂရမ်ပို့စ်အား Like ပေးလာမှုနှင့်အတူ ပေါ်တူဂီအသင်းအတွင်း အက်ကွဲကြောင်း ဖြစ်ပေါ်လာပါတယ်။

ပေါ်တူဂီစတားနှစ်ဦးတို့ဟာ ဒီမိုကရက်တစ်ကွန်ဂိုနှင့် တစ်ဂိုးစီသရေကျတဲ့ ကမ္ဘာ့ဖလားအုပ်စုအဖွင့်ပွဲတွင်‌ ပေါ်တူဂီအတွက် ပွဲထွက်ကစားခဲ့ကြပါတယ်။

ရောဘတ်တိုမာတီနက်ဇ်ရဲ့ ပေါ်တူဂီဟာ ပွဲအစ ၆ မိနစ်မှာပင် ဂျာအိုနီဗက်စ်ရဲ့ ခေါင်းတိုက်ဂိုးဖြင့် ပွဲကို စောစောစီးစီး ဦးဆောင်နိုင်ခဲ့ပေမဲ့ ယိုအာနီဝစ်ဆာရဲ့ ခေါင်းတိုက်ချေပဂိုးကြောင့် တစ်ဂိုးတည်းဖြင့် ကျေနပ်ခဲ့ရပါတယ်။

ယူနိုက်တက်အသင်းခေါင်းဆောင်ဘရူနိုဖာနန်ဒက်စ်ဟာ ယင်းပွဲ ဒုတိယပိုင်းတွင် ခရစ္ဏတီယာနိုရော်နယ်ဒို အပိုင်အခွင့်အရေး ဖြုန်းတီးပစ်ချိန်တွင် အကြီးအကျယ်စိတ်ပျက်နေခဲ့တာလည်း တွေ့ရပါတယ်။

ပေါ်တူဂီဟာ စိတ်ပျက်ဖွယ်ရာ ရလဒ်ကြောင့် ပရိသတ်များရဲ့ ဝေဖန်ခြင်းခံနေရပါတယ်။

အင်စတာဂရမ်ပို့စ်တစ်ခုတွင် "ဘရူနိုဖာနန်ဒက်စ်က နိုင်ငံအသင်းအင်္ကျီဝတ်ဆင်လိုက်တဲ့အချိန်မှာ ကွဲပြားတဲ့ ကစားသမားတစ်ဦး ဖြစ်သွားတယ်။ ပေါ်တူဂီအသင်း ခေါင်းဆောင်အလိုအပ်ဆုံးအချိန်မှာ သူ ပျောက်ကွယ်သွားတယ်။ အခြားသူတွေကို ပုခုံးလွဲပေးလိုက်တယ်။ ပါရမီအများကြီးရှိပြီး မီဒီယာအာရုံစိုက်မှုလည်း ခံရတယ်။ ဒါပေမဲ့ ကြီးမားတဲ့ အခိုက်အတန့်တွေမှာ အဆုံးအဖြတ်ဖြစ်အောင်လုပ်တာ ဘယ်မှာလဲ။ ဖိအားတွေ အများကြီး ရှိနေချိန်မှာ စတားတစ်ဦး ရှေ့ထွက်လာတာ ပရိသတ်တွေ မျှော်လင့်ကြတယ်။ အခက်အခဲတွေ ကြုံနေရတဲ့အချိန်မှာ ပျောက်ကွယ်သွားတာမျိုး လိုချင်ကြတာ မဟုတ်ဘူး"လို့ ရေးသားထားပါတယ်။

ယင်းပို့စ်ကို ဖော်လိုဝါ ၁.၆ သန်းပိုင်ဆိုင်ထားတဲ့ ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ အစ်မ ကေတီယာအဗီရိုက Like ပေးထားခဲ့တာပါ။

ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ အခြားအစ်မတစ်ဦးဖြစ်တဲ့ အယ်မာအဗီရိုကလည်း ပေါ်တူဂီအသင်းမှာ နိုင်ပွဲ အခိုးခံခဲ့ရတယ်လို့ ရယ်စရာကောင်းတဲ့ ပို့စ် ရေးသားခဲ့ပါသေးတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာ ကွန်ဂိုနှင့်ပွဲတွင် အသက် ၄၁ နှစ်၊ ၁၃၂ ရက်ဖြင့် ပွဲထွက်ကစားကာ ကမ္ဘာ့ဖလားပွဲထွက်ကစားခွင့်ရ အသက်အကြီးဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

ကမ္ယာ့ဖလား ၆ ကြိမ်မြောက်ကစားခွင့်ရသူအဖြစ် အထူးအမှတ်တံဆိပ်ပါ အင်္ကျီကို ဝတ်ဆင်ကစားခွင့်ရခဲ့တဲ့ ခရစ္စတီယာနိုရော်နယ်ဒိုဟာ ကွန်ဂိုနှင့်ပွဲတွင် ဂိုးပေါက်တည့်ကန်ချက် ပြုလုပ်နိုင်ခဲ့ခြင်း မရှိဘဲ နိုင်ငံတကာပြိုင်ပွဲကြီး ၁၀ ပွဲဆက် ဂိုးပေါက်ပျောက်ထားပါတယ်။

ที่อยู่

Bangkok
10250

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Playmaker Journalผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์