Sai&Hnin ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก Sai&Hnin, ครีเอเตอร์วิดีโอการเล่นเกม, 184/32 Maha Set Road Si Phraya, Bang Rak District Bangkok, Bang Rak.

26/07/2026

ဒီလိုအသင်းမျိုးကိုနိုင်ဖို့ဆိုတာ
ဆော့နေတဲ့လက်လေးကလဲသွက်မှ 😂😂😂



ဘဝတွေ သည်းမခံနိုင်တဲ့အဆုံးဖြစ်ကြတာနေမယ်🙂😌😌😌ထိုင်းနိုင်ငံ ပရာချင်ဘူရီတွင် Work Permit နှင့် ဗီဇာစာရွက်စာတမ်း အငြင်းပွားမှ...
26/07/2026

ဘဝတွေ သည်းမခံနိုင်တဲ့အဆုံးဖြစ်ကြတာနေမယ်🙂😌😌😌

ထိုင်းနိုင်ငံ ပရာချင်ဘူရီတွင် Work Permit နှင့် ဗီဇာစာရွက်စာတမ်း အငြင်းပွားမှုမှ မြန်မာနိုင်ငံသားအချင်းချင်း ဓားထိုးမှုဖြစ်၊ ၁ ဦးသေဆုံး

ဇူလိုင် ၂၆

ထိုင်းနိုင်ငံ ပရာချင်ဘူရီခရိုင်၊ စရီမဟာဖို့ဒေသတွင် Work Permit နှင့် ဗီဇာစာရွက်စာတမ်းကိစ္စ အငြင်းပွားရာမှ မြန်မာနိုင်ငံသားအချင်းချင်း ဓားထိုးမှုဖြစ်ပွားခဲ့ပြီး အမျိုးသားတစ်ဦး သေဆုံးကာ နောက်တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့၏ ကနဦးစုံစမ်းစစ်ဆေးချက်များအရ သိရသည်။

ဖြစ်စဉ်မှာ ဇူလိုင် ၂၅ ရက် ညနေ ၆ နာရီခွဲခန့်က စရီမဟာဖို့မြို့နယ်၊ ထာတူးမ်ကျေးရွာရှိ အဆောက်အအုံတစ်ခုရှေ့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ရဲတပ်ဖွဲ့နှင့် ကယ်ဆယ်ရေးအဖွဲ့များက သွားရောက်စစ်ဆေးရာ အသက် ၄၀ အရွယ် မြန်မာနိုင်ငံသား ကိုဇေထူးအောင်မှာ ရင်ဘတ်နှင့် ဝမ်းဗိုက်တို့တွင် ဓားဒဏ်ရာများဖြင့် လဲကျနေသည်ကို တွေ့ရှိခဲ့ရသည်။ ဆေးရုံသို့ အရေးပေါ်ပို့ဆောင်ခဲ့သော်လည်း ဒဏ်ရာပြင်းထန်မှုကြောင့် သေဆုံးခဲ့ကြောင်း သိရသည်။

ထို့အပြင် အသက် ၂၃ နှစ်အရွယ် ကိုစောနေထူးလည်း ကျောဘက်တွင် ဓားထိုးဒဏ်ရာရရှိခဲ့ပြီး ဆေးရုံတွင် ကုသမှုခံယူနေရကာ အသက်အန္တရာယ်မစိုးရိမ်ရကြောင်း သိရသည်။

ရဲတပ်ဖွဲ့၏ စုံစမ်းစစ်ဆေးမှုအရ သေဆုံးသူသည် မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ Work Permit၊ ဗီဇာနှင့် အလုပ်သမားစာရွက်စာတမ်းများကို ဆောင်ရွက်ပေးနေသူဖြစ်ကြောင်း သိရသည်။

မျက်မြင်သက်သေများ၏ ထွက်ဆိုချက်အရ ကျူးလွန်သူများသည် မော်တော်ဆိုင်ကယ် ၂ စီးဖြင့် ရောက်ရှိလာပြီး စာရွက်စာတမ်းများ ပြန်လည်ရယူလိုကြောင်း တောင်းဆိုခဲ့သည်။ သေဆုံးသူဘက်က လုပ်ငန်းစဉ် ဆက်လက်ဆောင်ရွက်နေပြီး နောက်ထပ် ၂ ရက်ခန့် စောင့်ဆိုင်းပေးရန် ရှင်းလင်းခဲ့သော်လည်း အငြင်းပွားမှု ပြင်းထန်လာပြီးနောက် ဓားဖြင့် တိုက်ခိုက်ခဲ့ကြောင်း ရဲတပ်ဖွဲ့ထံ ထွက်ဆိုထားသည်။

ဖြစ်စဉ်အပြီး သံသယရှိသူများ ထွက်ပြေးတိမ်းရှောင်သွားခဲ့ပြီး ရဲတပ်ဖွဲ့က နေအိမ်များကို ဝင်ရောက်ရှာဖွေစစ်ဆေးခဲ့သော်လည်း ဖမ်းဆီးနိုင်ခြင်း မရှိသေးကြောင်း သိရသည်။

ထိုင်းရဲတပ်ဖွဲ့က အဓိကသံသယရှိသူမှာ မြန်မာနိုင်ငံသား ဇော်ဝင်းထွေးဖြစ်ကြောင်း အတည်ပြုထားပြီး CCTV မှတ်တမ်းများနှင့် သက်သေအထောက်အထားများကို စုဆောင်းစစ်ဆေးကာ ထွက်ပြေးနေသည့် သံသယရှိသူ ၅ ဦးကို ဖမ်းဆီးနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။

မှတ်ချက် — အထက်ပါအချက်အလက်များမှာ ထိုင်းရဲတပ်ဖွဲ့၏ ကနဦးစုံစမ်းစစ်ဆေးချက်များနှင့် မျက်မြင်သက်သေများ၏ ထွက်ဆိုချက်များအပေါ် အခြေခံ၍ ရေးသားထားခြင်းဖြစ်ပြီး အမှုနှင့်ပတ်သက်သည့် အသေးစိတ်စစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်သည်။


#ဓားထိုးမူ့

မကွေး-နေပြည်တော်လမ်းပိုင်းရှိ ရွှေပန်းရဲစခန်းနှင့် ပူးတွဲစစ်ဆေးရေးဂိတ် တိုက်ခိုက်သိမ်းပိုက်ခံရ၊ ဗိုလ်မှူးအပါအဝင် ၉ ဦးသေဆ...
25/07/2026

မကွေး-နေပြည်တော်လမ်းပိုင်းရှိ ရွှေပန်းရဲစခန်းနှင့် ပူးတွဲစစ်ဆေးရေးဂိတ် တိုက်ခိုက်သိမ်းပိုက်ခံရ၊ ဗိုလ်မှူးအပါအဝင် ၉ ဦးသေဆုံးဟု တော်လှန်ရေးတပ်ဖွဲ့ ထုတ်ပြန်

ဇူလိုင် ၂၅

မကွေး-ကံပြား-မြို့သစ်-နေပြည်တော် လမ်းပိုင်းပေါ်ရှိ ရွှေပန်းရဲစခန်းနှင့် စစ်တပ်ပူးတွဲစစ်ဆေးရေးဂိတ်ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ ဗိုလ်မှူးအဆင့်အရာရှိအပါအဝင် ၉ ဦး သေဆုံးကာ လက်နက်ခဲယမ်းနှင့် ငွေသားအချို့ကို သိမ်းဆည်းရမိခဲ့ကြောင်း နေပြည်တော်တိုင်းစစ်ဌာနက ထုတ်ပြန်သည်။

ထုတ်ပြန်ချက်အရ ဇူလိုင် ၂၅ ရက် နံနက် ၃ နာရီဝန်းကျင်တွင် ရွှေပန်းရဲစခန်းနှင့် ပူးတွဲစစ်ဆေးရေးဂိတ်ကို ပူးပေါင်းတပ်ဖွဲ့များက စတင်တိုက်ခိုက်ခဲ့ပြီး၊ အဆိုပါစခန်းသည် နေပြည်တော်နှင့် မကွေးတိုင်းနယ်စပ်အနီးတွင် တည်ရှိကာ စစ်သားနှင့် ရဲတပ်ဖွဲ့ဝင် အင်အား ၃၀ ခန့် ပူးတွဲတပ်စွဲထားသည့် စခန်းဖြစ်ကြောင်း သိရသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ဗိုလ်မှူးတစ်ဦးအပါအဝင် တပ်ဖွဲ့ဝင် ၉ ဦး သေဆုံးခဲ့ပြီး ကျန်တပ်ဖွဲ့ဝင်များမှာ ဒဏ်ရာများဖြင့် ဆုတ်ခွာသွားသဖြင့် နံနက် ၃ နာရီ ၄၅ မိနစ်ခန့်တွင် စခန်းကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

တော်လှန်ရေးတပ်ဖွဲ့၏ အဆိုအရ စခန်းသိမ်းပြီးနောက် ရွှေပန်းရဲစခန်းနှင့် စစ်ဆေးရေးဂိတ်ကို မီးရှို့ဖျက်ဆီးခဲ့ပြီး MA-1 သေနတ် ၃ လက်၊ MA-2 စက်ကလေး ၁ လက်၊ G-3 သေနတ် ၁ လက်၊ ၄၀ မမ လောင်ချာ ၁ လက်၊ ကျည်ဘောက်များ၊ မိုင်းများ၊ ၄၀ မမ ဗုံးသီးများ၊ လက်ပစ်ဗုံးများ၊ ကျည်ဆန်များ၊ ဖုန်း ၂ လုံးနှင့် ငွေသားကျပ် ၃၅ သိန်းခန့်ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ထို့ပြင် ဟောင်ဝစ်ဇာအမြောက်တစ်လက်ကိုလည်း သိမ်းဆည်းရမိခဲ့သော်လည်း သယ်ယူရန် အခက်အခဲရှိသဖြင့် ဖျက်ဆီးခဲ့ရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းတိုက်ခိုက်မှုတွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်မှ ထိခိုက်ကျဆုံးမှု မရှိကြောင်း နေပြည်တော်တိုင်းစစ်ဌာနက ပြောဆိုထားသည်။

မှတ်ချက် — အထက်ပါအချက်အလက်များမှာ နေပြည်တော်တိုင်းစစ်ဌာန၏ ထုတ်ပြန်ချက်အပေါ် အခြေခံ၍ ရေးသားထားခြင်းဖြစ်ပြီး စစ်ကောင်စီဘက်မှ သီးခြားအတည်ပြု ထုတ်ပြန်ချက်ကို မတွေ့ရသေးပါ။

#မကွေး

သူများလင်မယားတွေက ကြက်ဥတစ်လုံးနှစ်ခြမ်းခွဲစားပြီးချမ်းသာနေချိန် ကိုယ်တွေနှစ်ယောက်ကတော့ဘာဟင်းပဲချက်ချက် ၁ ကီလိုပဲ 😂😂😂 စား...
25/07/2026

သူများလင်မယားတွေက ကြက်ဥတစ်လုံးနှစ်ခြမ်းခွဲစားပြီးချမ်းသာနေချိန် ကိုယ်တွေနှစ်ယောက်ကတော့ဘာဟင်းပဲချက်ချက် ၁ ကီလိုပဲ 😂😂😂

စားကြပါဦးအမျိုးတို့ရေ😋

STA

25/07/2026

နိုင်ငံသားတိုင်းကို ဟိုးအောက်ခြေထိ ပြည်သူတွေရဲ့စကားသံတွေကို
တလေးတစား နားထောင်ပေးတာနိုင်ငံသူ နိုင်ငံသားတွေကို သားသမီးသဖွယ် ဂရုစိုက်တာ စိတ်လုံခြုံမူ့အ
ပြည့်ရစေတာ လူကိုလူလို နေခဲ့ရဖူးတာ၅နှစ်တာ ဒီအစိုးရလက်ထပ်မှာပဲ
နေခဲ့ဖူးကြပါတယ် ဒါကို မအလများက တစ်ခိုးလို့စွတ်စွဲ ပြီးအမေအိုကြီးကို အကြင်းချ ပြည်သူကို နိပ်စက်နေလေရဲ့



゚viralシ

24/07/2026

အတိတ်ကိုလဲဂုဏ်ပြုသလို
အနာဂါတ်ကိုလဲ ဆတ်လက်တည်ဆောက်ကြရအောင်

#ကိုဂျင်မီ

💫ဇိမ်ခံတဲ့ဘဝဆိုတာ အိပ်ရေးဝဝကနေ စတယ်🌝 ⭐️ဒါ့ကြောင့် အိပ်ယာကောင်းကောင်းလိုအပ်တယ်နော်🌟🌼စျေးကတော့သက်သက်သာသာပါပဲ🌛 တစ်လုံးကို 8...
24/07/2026

💫ဇိမ်ခံတဲ့ဘဝဆိုတာ အိပ်ရေးဝဝကနေ စတယ်🌝

⭐️ဒါ့ကြောင့် အိပ်ယာကောင်းကောင်းလိုအပ်တယ်နော်🌟

🌼စျေးကတော့သက်သက်သာသာပါပဲ🌛

တစ်လုံးကို 80,000฿ ကစပါတယ်🤣

ဆရာကြီးနှစ်ပါးပေါင်း ဗျင်းလို့ကတော့ ခွေးတစ်အုပ် ဝုတ်ဝုတ်တောင်မဟှောင်နိုင် အမြှီးကုတ်ချိန်တောင်မရပဲ  လာမလောက် ပါမလောက် မြ...
23/07/2026

ဆရာကြီးနှစ်ပါးပေါင်း ဗျင်းလို့ကတော့ ခွေးတစ်အုပ် ဝုတ်ဝုတ်တောင်မဟှောင်နိုင် အမြှီးကုတ်ချိန်တောင်မရပဲ လာမလောက်
ပါမလောက် မြေသြဇာတွေတောင်လိုပုံနေမှာမြင်ယောင်မိသေး
ပေါင်းပြီးတီးထုတ်တာမြင်ချင်မိ
🐍🐍🐍🐍

#ဗိုလ်ဒါဘော

သူများနိုင်ငံရောက်နေပေမဲ့ ကိုယ့်နိုင်ငံရဲ့ အစားအသောက်လေးကို စားချင်ကြတာပါပဲ ခွန်ထိုင်းကြီးတို့ရယ် နားလည်ပေးစေချင်ပါတယ်🙂🙂...
23/07/2026

သူများနိုင်ငံရောက်နေပေမဲ့ ကိုယ့်နိုင်ငံရဲ့ အစားအသောက်လေးကို စားချင်ကြတာပါပဲ ခွန်ထိုင်းကြီးတို့ရယ် နားလည်ပေးစေချင်ပါတယ်🙂🙂

ဒီလို စားစရာရောင်းတဲ့ အလုပ်တွေက
ထိုင်းမှာတားမြစ်ထားတဲ့ အလုပ်တွေ
မှန်ပါတယ်
ဒါပေမယ့် နည်းနည်းပြောချင်တယ်
ထိုင်းတွေရဲ့ အလုပ်ကို လု လုပ်နေကြ
တယ်လို့ စွပ်စွဲကြတယ်။
မြင်သလောက်ကတော့ သူတို့ရောင်း
နေကြတာ ထိုင်းလူမျိုးကို ရောင်းနေ
ကြတာမဟုတ်သလို ထိုင်းတွေရောင်း
နေတဲ့နေရာတွေမှာ ထိုင်းလူမျိုးစားသုံး
နေတဲ့ပစ္စည်းတွေကို အတင်းလုရောင်း
နေခြင်း မရှိပါဘူး။
နောက်ပြီး လမ်းဆုံလမ်းခွမှာ စူပါမား
ကတ်ကြီးတွေဖွင့်ပြီး ရောင်းနေကြတာ
လည်း မဟုတ်ပါ
သူတို့နေရာလေးမှာပဲ သူတို့အသိုင်းအဝိုင်း
ကို သူတို့စားတဲ့ အစားအစာလေးတွေပဲ
ရောင်းနေတာလေ။
ကုန်ကုန်ပြောမယ်ဆို
မြန်မာတွေရောင်းနေတာ ထိုင်းလူမျိုးကို
အလကားကျွေးရင်တောင် ထိုင်းလူမျိုး
တွေ မစားတဲ့ မစားတတ်တဲ့ မြန်မာအစား
အစာတွေပါ။
နောက်ပြီးဒီအစားအစာတွေက ထိုင်းလူမျိုး
က ချက်ပြုတ်လုပ်ရောင်းတတ်လို့လား.. ?
လုပ်ရောင်းတတ်ရင်လည်း ရောင်းလေ
မြန်မာတွေ ဝယ်စားကြမှာပေါ့။
အဲ့လိုလည်း မဟုတ်ပြန်ဘူး။
အခုမြန်မာတွေ ရောင်းတာကိုကြည့်
ဘာယူယူတစ်မျိုးမှ ၂၀ ဘတ် ထိုင်းဟင်း
တွေဆို အနည်းဆုံး ၃၅ ဘတ်ကနေ ၅၀
ရတဲ့ ဝင်ငွေနဲ့ စားနိုင်ပါ့မလား။
ဝယ်စားနိုင်တယ်ပဲထား စားလို့မှ အဆင်
မပြေတာ ဘယ်သူကစားချင်မလဲ ။
ထိုင်းအချို့က ပြောတယ် အဲဒါဆိုလဲ
ကိုယ့်အစားအစာ စားချင်ရင် ကိုယ့်နိုင်ငံ
ပြန်စားတဲ့ ဒီမှာလာမရောင်းစားကြနဲ့ တဲ့။
ကိုယ်ချင်းစာစိတ် ထားကြည့်ပါလား
ထိုင်းလူမျိုးတွေလည်း အခြားနိုင်ငံ
တစ်ခုမှာ နှစ်နဲ့ချီ အလုပ်သွားလုပ်ရရင်
ခေါက်နီယို၊ဆွန့်သန်နဲ့ ကွတ်တီယိုလေး
တော့ စားချင်ကြတာပဲ မို့လား။
မေးလည်းကြည့်လိုက်ဦး မြန်မာတွေ
ရောင်းနေတာ ဆိုင်ကယ်နဲ့လာလိုက်
ကားနဲ့လာလိုက် တွေက တစ်လကို ဘယ်လောက်ကောက်ယူနေလဲ လို့
ဆိုတာ သိရဲ့လား။
ထိုင်းနိုင်ငံရဲ့ ဥပဒေကို ထိုင်းလူမျိုး
အချို့ကပဲ ချိုးဖောက်နေကြတာလေ။
နောက်အရေးကြီးတဲ့ အချက်က ခုစွပ်စွဲ
ပြောသလို ဒီလိုစျေးလု ရောင်းနေကြတာ
အခွန်ပေးဆောင်စရာမလိုပဲ ခိုးရောင်းနေ
ကြတာ နိုင်ငံရဲ့အခွန်နစ်နာတယ် တဲ့။

ပြောပါရစေဦး …

မြန်မာတွေရောင်းတဲ့ ထမင်းဟင်းတွေ က
မြန်မာနိုင်ငံက တကူးတကဝယ်ပြီး မှ
ချက်ပြုတ်ရောင်းနေရတာ မို့လို့လား။
ဒီပစ္စည်းတွေမှန်သမျှ ထိုင်းနိုင်ငံထဲက
ပစ္စည်းတွေပဲ မဟုတ်ဘူးလား ထိုင်းစျေး
တွေ ထိုင်းစျေးသည်တွေဆီကပဲ ပြန်ဝယ်
ရောင်းနေကြရတာပဲ မဟုတ်ဘူးလား။
ထိုင်းမှာ ဘာဝယ်ဝယ် အခွန်က တခါတည်း
ပါပြီးသားလေ ရှင်းရှင်းလေးပဲ။
ခုပြောနေသလို တစ်ဦးချင်းဝင်ငွေခွန် ကို
ဆောင်စေချင်တယ် ဆိုရင်လည်း တရားဝင်
စီစစ်လိုက်ပေါ့။
ဒီလိုစားစရာရောင်းတာလေးတွေ ဒီအခွန်
ဆောင်ရဖို့လည်း တနှစ်ကို ဝင်ငွေ အမြတ်ငွေ
သုံးသိန်းအထိရနေကြလို့လား။
ထိုင်းလူမျိုး စျေးသည်လေးတွေတောင်
အခွန်ငွေ စျေးသည်တိုင်း မဆောင်နိုင်ကြ
ဘူးလေ။
ထိုင်းဆိုင်ကြီးတွေသာ ဝင်ငွေခွန်ထိတာလေ။
ဒါတောင် ဆိုင်တိုင်း မထိဘူး သူ့ပိုင်ရာ
ဆိုင်ရာနဲ့ လည်သလို သွားနေကြတာပဲ။
ပြောလိုက်ရင် တနိုင်ငံလုံးက စျေးသည်တွေ
လမ်းဘေးဗျတ်ထိုးစျေးသည်တွေက အစအခွန်ဆောင်နေကြရသလိုလို အချိုးနဲ့။
ပြောလိုက်ရင် မြန်မာတွေက ငမွဲတွေ တဲ့
ထ်ုင်းနိုင်ငံက ကုန်တိုက်တွေ ထိုင်းစျေးကြီး
တွေမှာ ကြိတ်ကြိတ်တိုး စျေးဝယ်နေကြတာ
ထိုင်းအချို့က ငမွဲ လို့ သမုတ်တဲ့ မြန်မာ
လုပ်သားတွေပဲနော် သဘောပေါက်။

မြန်မာတွေဟာ ထိုင်းမှာ ဝယ်လိုအား
အကောင်းဆုံး အကြီးဆုံးအုပ်စုကြီး
ဖြစ်သလို ထိုင်းစီးပွါးရေးတိုးတက်ဖို့
အဓိကလုပ်သားထု မောင်းနှင်အားတွေ
ရဲ့ ဗဟိုချက်မဖြစ်တယ်။

အမှန်တော့ ကျွန်တော်လည်း မြန်မာတွေ
ဒီလို တားမြစ်ထားတဲ့ အလုပ်တွေ လုပ်တာ
စျေးရောင်းနေတာတွေကို အားမပေးပါဘူး။
ဒါပေမယ့် သူတို့ ချက်ပြုတ်ရောင်းနေကြ
လို့သာ စျေးချိုချိုနဲ့ အချင်းချင်း စားချင်တဲ့
ထမင်းဟင်းဝယ်စားခွင့်ရနေကြတာ လို့
မြင်မိတယ် ဒါအရှိအတိုင်း ပြောတာပါ။
အခုပြောသလိုမဟုတ်ဘူး မြို့ထဲမှာ
လမ်းဘေးတွေမှာ တွန်းလှည်းတွေနဲ့
သုံးဘီးဆိုင်ကယ်နဲ့ ဒါမှမဟုတ် အများ
ပိုင်စျေးထဲမှာ ထိုင်းတွေရောင်းတဲ့ ပစ္စည်း
မျိုးတွေကို တုပပြီး ထိုင်းတွေနဲ့ အပြိုင်
ရောင်းနေရင်တော့ ဖမ်းစမ်းပါ။
ထိုင်းလူမျိုး အယောင်ဆောင်ပြီး ရောင်း
နေကြရင်တော့ ထိုင်းတွေတင် မဟုတ်ပါဘူး
ကျွန်တော်လည်း လုံးဝမကြိုက်ပါဘူး
ဖမ်းဆီး အရေးယူပါ အားပေးပါတယ်။

ဒါပေမယ့် ထိုင်းတွေ နေတဲ့နေရာမှာ ရောင်း
နေတာမဟုတ်ဘူး အခုရောင်းနေတာ ထိုင်း
လူမျိုးတွေ ယောင်လို့တောင်ခြေဦးမလှည့်တဲ့
နေရာတွေမှာ ထိုင်းလူမျိုးစားတဲ့ အစားအစာမဟုတ်သလို ထိုင်းလူမျိုးကိုလည်း ရောင်း
ဖို့စိတ်ကူး မရှိတဲ့ အစားအစာတွေကို
စျေးတစ်ဆနီးပါးလောက် သက်သက်သာ
သာ ရောင်းနေတာလောက်တော့ နားလည်
ပေးသင့်တယ်လို့ မြင်မိပါတယ်။

မဟုတ်ရင် စျေးရောင်းထားတာလေး
စုမိမယ် ကြံလိုက် ထိုင်းအာဏာပိုင်တွေက
လာသိမ်းသွားလိုက် “ဆင်မလာမှ ငါ့ယာ”
ဆိုသလို ဒီအစားအစားတွေကို မှီခို စား
သောက်နေရတဲ့ အလုပ်သမားတွေမှာလည်း
ဖြောင့်ဖြောင်းတန်းတန်းမရှိပဲ “ကျီးလန့်
စာစာ စားနေရ” သလို ဘဝမျိုးတွေနဲ့ “ထမင်း
တလုတ် တုတ်တစ်ချက်” အခြေအနေတွေ
ကို ခွန်ထိုင်းတွေ နားလည်ကိုယ်ချင်းစာ
ပေးနိုင်ကြဖို့ မျှော်လင့်ရင်း ကူကယ်ရာမဲ့
မြန်မာတွေ အတွက် ကျွန်တော် ဒီပို့စ်လေး
ကို တင်ပြလိုက်ရခြင်းဖြစ်ပါသည်။

ဆရာခင်မောင်ဖြူ ရေးသားမှုအား
ကျွန်တော့် အနေဖြင့် ဆီလျော်အောင်
ပြန်လည်ဖြည့်စွက်ရေးသားတင်ပြ
ပါသည်။..............
English version:

Selling food like this is indeed one of the occupations that foreign workers are generally not allowed to do under Thai law. I understand that.

However, I would like to share another perspective.

Many people accuse Myanmar workers of taking jobs away from Thai people.

But from what I have seen, most Myanmar food vendors are not selling to Thai customers, nor are they competing directly with Thai restaurants or food stalls.

They simply prepare and sell traditional Myanmar food within their own communities, mainly for fellow Myanmar workers.

To be honest, many of these dishes are foods that most Thai people do not normally eat. Even if they were offered for free, many Thais might not be interested because they are unfamiliar with them.

If Thai people knew how to cook and wanted to sell Myanmar food, they could certainly do so, and Myanmar workers would likely become their customers as well.

Another important point is the price. Many Myanmar meals are sold for around 20 baht, while a typical Thai meal often costs 35–50 baht or more. For low-income migrant workers, affordable food is essential.

Some people say, "If you want Myanmar food, go back to your own country."

But imagine if Thai people had to work abroad for many years. They would probably miss sticky rice, som tam, or noodle soup from home too. Wanting to eat familiar food is simply human nature.

Some also argue that these vendors do not pay taxes and therefore harm Thailand's economy.

But the ingredients they use are purchased in Thailand, from Thai markets and Thai suppliers. They spend money within the Thai economy, and taxes are already included in the prices of many goods they buy.

If the government believes income tax should be collected, it can establish a proper registration and tax system according to the law.

I am not encouraging anyone to violate Thai law.

However, these small food stalls allow Myanmar workers to buy familiar meals at prices they can afford.

If someone is pretending to be Thai, illegally competing with Thai businesses in public markets, or intentionally violating the law, then legal action should absolutely be taken.

But if people are simply cooking traditional Myanmar food in their own communities for fellow Myanmar workers—without competing with Thai businesses or targeting Thai customers—I believe there should be more understanding and compassion.

Myanmar workers are also an important part of Thailand's workforce and economy. They work, earn, spend, and contribute to businesses throughout the country.

I hope everyone can look at this issue with fairness, understanding, and empathy, while still respecting Thailand's laws............
งานขายอาหารลักษณะนี้ เป็นอาชีพที่กฎหมายไทยกำหนดว่าแรงงานต่างชาติไม่สามารถทำได้ ซึ่งผมเข้าใจและยอมรับในกฎหมายข้อนี้

แต่ผมอยากขอพูดในอีกมุมหนึ่ง

มีหลายคนกล่าวหาว่าคนเมียนมาแย่งอาชีพของคนไทย

แต่จากที่ผมเห็น คนเมียนมาที่ขายอาหารส่วนใหญ่ไม่ได้ขายให้คนไทย และไม่ได้ไปตั้งร้านแข่งขันกับร้านอาหารของคนไทยในพื้นที่ที่คนไทยค้าขายกัน

พวกเขาเพียงทำอาหารพื้นเมืองของตนเอง ขายให้กับคนในชุมชนเดียวกัน ซึ่งเป็นแรงงานเมียนมาที่คิดถึงรสชาติอาหารบ้านเกิด

พูดตรง ๆ ก็คือ อาหารที่ขายส่วนใหญ่เป็นอาหารเมียนมา แม้จะให้คนไทยกินฟรี หลายคนก็อาจไม่คุ้นเคยหรือไม่เลือกกินอยู่ดี

หากคนไทยทำอาหารเมียนมาขาย คนเมียนมาก็พร้อมจะอุดหนุนเช่นกัน แต่ในความเป็นจริงก็แทบไม่มีใครทำ

ลองดูราคาก็ได้ อาหารเมียนมาหลายเมนูขายเพียงประมาณ 20 บาท ขณะที่อาหารไทยทั่วไปเริ่มต้นราว 35–50 บาท สำหรับแรงงานที่มีรายได้จำกัด อาหารราคาประหยัดจึงเป็นสิ่งจำเป็น

บางคนพูดว่า “ถ้าอยากกินอาหารเมียนมา ก็กลับไปกินที่ประเทศตัวเอง อย่ามาขายที่นี่”

แต่ลองนึกดูว่า หากคนไทยต้องไปทำงานในต่างประเทศหลายปี ก็คงคิดถึงข้าวเหนียว ส้มตำ หรือก๋วยเตี๋ยวของบ้านตัวเองเหมือนกัน การอยากกินอาหารบ้านเกิดเป็นเรื่องธรรมดาของทุกคน

อีกเรื่องหนึ่ง หลายคนอาจไม่รู้ว่าผู้ขายจำนวนไม่น้อยยังต้องเสียค่าใช้จ่ายหรือค่าต่าง ๆ ที่ถูกเรียกเก็บอยู่เป็นประจำ

บางคนยังกล่าวหาว่า คนเมียนมาขายของโดยไม่เสียภาษี ทำให้ประเทศเสียรายได้

แต่ความจริง วัตถุดิบทั้งหมดก็ซื้อจากตลาดไทย ซื้อจากร้านค้าของคนไทย เงินก็หมุนเวียนอยู่ในระบบเศรษฐกิจไทย และสินค้าส่วนใหญ่ก็มีภาษีรวมอยู่ในราคาแล้ว

หากรัฐต้องการให้มีการเสียภาษีเงินได้อย่างถูกต้อง ก็สามารถกำหนดระบบการขึ้นทะเบียนและตรวจสอบตามกฎหมายได้

ผมไม่ได้สนับสนุนให้ใครทำผิดกฎหมาย

แต่ผมก็เห็นว่า การที่มีคนทำอาหารเมียนมาขายในราคาย่อมเยา ทำให้แรงงานเมียนมาสามารถซื้ออาหารที่คุ้นเคยและเหมาะกับกำลังซื้อของตนเองได้

หากมีใครไปตั้งร้านแข่งกับคนไทยในตลาดสาธารณะ เลียนแบบร้านไทย หรือแอบอ้างเป็นคนไทยเพื่อค้าขาย ผมก็เห็นด้วยกับการบังคับใช้กฎหมายอย่างจริงจัง

แต่กรณีที่พวกเขาเพียงทำอาหารเมียนมาขายให้กับคนเมียนมาในพื้นที่ที่คนไทยแทบไม่ได้ไปซื้อ และไม่ได้มีเจตนาแข่งขันกับร้านของคนไทย ผมคิดว่าควรได้รับความเข้าใจและความเห็นใจมากกว่านี้

หากวันหนึ่งร้านเล็ก ๆ เหล่านี้ถูกยึดหรือถูกสั่งปิด แรงงานเมียนมาจำนวนมากก็จะสูญเสียทั้งรายได้และแหล่งอาหารราคาประหยัด ทำให้การใช้ชีวิตยิ่งลำบากกว่าเดิม

แรงงานเมียนมาไม่เพียงเป็นกำลังสำคัญของภาคแรงงานไทย แต่ยังเป็นผู้บริโภคกลุ่มใหญ่ที่ใช้จ่าย ซื้อสินค้า และมีส่วนช่วยขับเคลื่อนเศรษฐกิจไทยอีกด้วย

สุดท้ายนี้ ผมหวังว่าทุกฝ่ายจะมองประเด็นนี้ด้วยความเข้าใจ ความเมตตา และความเคารพต่อกฎหมายไปพร้อมกัน เพราะการอยู่ร่วมกันอย่างสันติ ย่อมดีกว่าการสร้างความเกลียดชังต่อกัน.


ที่อยู่

184/32 Maha Set Road Si Phraya, Bang Rak District Bangkok
Bang Rak
10500

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Sai&Hninผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์