18/03/2024
ငုဝါပန်း-Golden Shower
ငုဝါပန်းတွေပွင့်လာရင် ဒါက နွေကို ရောက်ပြီလို့ ဆိုလိုတာပဲမလား။နွေအဖွင့် အဝါရောင်ပန်းတွေ အပြိုင်အဆိုင်ပွင့်ကြတာကိုက သိပ်လှတဲ့ မြင်ကွင်းလေ။အဝါရောင်တွေပန်းတွေထဲမှာမှ ငုဝါပန်းတွေရဲ့လှပပုံဟာ တမျိုး။မြေပြင်ဆီ ဦးခိုက်ဆင်းတော့မလို တွဲလွဲကျနေပုံက သူ့အလှကို ပိုဖြည့်နေသလို...
ဒီငုဝါပန်းကလေးတွေကို ဘုရားကျောင်းတွေနဲ့ အိမ်တွေမယ် ချိတ်ဆွဲထားမယ်ဆိုရင် ဒါက ပျော်ရွှင်မှုတွေနဲ့ကံကောင်းခြင်းတွေကို ငုဝါပန်းလေးတွေ သယ်ဆောင်လာပေးလိမ့်မယ်လို့ ဆိုပါတယ်။
နောက်တစ်ခုက ဒီငုဝါပန်းတွေက မြန်မာရဲ့နှစ်သစ်ပန်းတွေဖြစ်သလို ထိုင်းနိုင်ငံရဲ့ National Flower လည်း ဖြစ်ပြီး Thai Royalty ကို ကိုယ်စားပြုပါတယ်တဲ့။