Ba Wa Choo Happy money

🥰🥰🥰🥰🥰 Common

ဘုရားဂုဏ်တော် (၉)ပါး ပွါးများ ကြပါစေ🙏🙏🙏(၁) အရဟံ ကိလေသာအပူ ကင်း၍ ပူဇော်အထူးကိုခံထိုက် သောမြတ်စွာဘုရား🙏🙏🙏 #ကောင်းမှုတစ်ခုန...
06/05/2026

ဘုရားဂုဏ်တော် (၉)ပါး ပွါးများ ကြပါစေ🙏🙏🙏

(၁) အရဟံ ကိလေသာအပူ ကင်း၍ ပူဇော်အထူးကိုခံထိုက် သောမြတ်စွာဘုရား
🙏🙏🙏
#ကောင်းမှုတစ်ခုနေ့စဉ်ပြု
#ကမ္ဘာသူကမ္ဘာသားအားလုံးကိုဂါရဝပြုလိုက်ပါတယ်
🙏🙏🙏


မင်္ဂလသုတ် (ပါဠိ) မြန်မာ + အနက် + အဓိပ္ပာယ် + အသံထွက် + ဖြစ်ပေါ် လာပုံ + သမိုင်းကြောင်း လေ့လာနိုင်ပါသည် ။ 🌸🌻🌸🌻++++++++++...
06/05/2026

မင်္ဂလသုတ် (ပါဠိ) မြန်မာ + အနက် + အဓိပ္ပာယ် + အသံထွက် + ဖြစ်ပေါ် လာပုံ + သမိုင်းကြောင်း လေ့လာနိုင်ပါသည် ။ 🌸🌻🌸🌻
+++++++++++++++++++++++++++

မင်္ဂလသုတ်ကို ရွတ်ဖတ်ပူဇော်ခြင်းကြောင့် ဘေးအန္တရာယ်ကင်းဝေးခြင်း၊ စီးပွားလာဘ်လာဘ ဒီရေအလား တိုးတက်ခြင်းနှင့် ဘဝတိုးတက်အောင်မြင်ခြင်း စသည့် အကျိုးကျေးဇူးများကို ရရှိစေပါသည်။

💡 မင်္ဂလသုတ်တော်၏ အဓိကအကျိုးတရားများ
ဘေးရန်ကင်းခြင်း: မကောင်းသော ဘေးဥပဒ်အန္တရာယ်များနှင့် အကုသိုလ်တရားများ မကပ်ရောက်နိုင်ပါ။

စီးပွားတက်ခြင်း: ရောင်းဝယ်ဖောက်ကားမှုနှင့် စီးပွားရေးလုပ်ငန်းများ အဆင်ပြေတိုးတက်စေပါသည်။

ဉာဏ်ပညာပွင့်လင်းခြင်း: မှန်ကန်သော အတွေးအခေါ်နှင့် ဆုံးဖြတ်ချက်များကို ချမှတ်နိုင်စေပါသည်။
နတ်ချစ်ဂိုဏ်းဝင်ခြင်း: မင်္ဂလသုတ်ကို ရွတ်ဖတ်သူအား နတ်ကောင်းနတ်မြတ်များက ဝိုင်းဝန်းစောင့်ရှောက်ကြပါသည်။

စိတ်ချမ်းသာခြင်း: စိတ်နှလုံးကို အေးချမ်းစေပြီး မိသားစုဆူပူသောင်းကျန်းမှုများမှ ကင်းဝေးစေပါသည်။

📜 လိုက်နာရမည့် ကျင့်ဝတ် (၃၈) ဖြာ
မင်္ဂလသုတ်သည် ရွတ်ဖတ်ရုံသာမက ၎င်းတွင်ပါဝင်သော လူမှုကျင့်ဝတ် (၃၈) ပါး (ဥပမာ- လူမိုက်ကိုမပေါင်းခြင်း၊ ပညာရှိကိုပေါင်းခြင်း၊ မိဘကိုလုပ်ကျွေးခြင်း) ကို ကိုယ်တိုင်လိုက်နာကျင့်ကြံမှသာ အပြည့်အဝ ထိရောက်အောင်မြင်မှာ ဖြစ်ပါသည်။
မင်္ဂလသုတ်တွင်ပါဝင်သော (၃၈) ဖြာမင်္ဂလာ
ကျင့်စဉ်အသေးစိတ်ကို သိရှိလိုပါသလား။
သိရှိလိုပါက ဦးဇင်းရဲ့ Facebook စာမျက်နှာ
အကောင့်မှာ တရားဓမ္မစာပေတွေ နေ့စဉ် တင်ပေးလျက်ပါ။

မင်္ဂလသုတ်ရွတ်ဖတ်ခြင်းအကျိုး
+++++++++++++++++++++++

မင်္ဂလသုတ်ကိုမပြတ်ရွတ်ဖတ်သရဇ္ဈာယ်၍ လိုက်နာကျင့်ကြံလျှင် မည်သည့်နေရာမှာနေသည်ဖြစ်စေ ဘေးအန္တရာယ်ကင်းသည်။ ရန်သူတို့က မိမိအား မအောင်မြင်နိုင်။ မိမိ၏ဘဝအဆင့်အတန်းသည်လည်း တစ်နေ့ထက်တစ်နေ့ တိုးတက် ချမ်းသာလာမည်ဖြစ်ပေသည်။ အချုပ်အားဖြင့်ဆိုရလျှင် ရန်ကင်းသည်၊ သူတစ်ပါးမကောင်းမကြံနိုင်၊ ဘဝအခြေအနေ ကြီးပွားတိုးတက်စေသည်။

မင်္ဂလသုတ်(ပါဠိ)နှင့်(ပါဠိ)မြန်မာအသံထွက်
+++++++++++++++++++++++++++++

၁။ ယံ မင်္ဂလံ ဒွါဒသဟိ၊
စိန္တယိံသု သဒေဝကာ၊
သောတ္ထာနံ နာဓိဂစ္ဆန္တိ၊
အဋ္ဌတ္တိံ သဉ္စ မင်္ဂလံ။

၁။ ယံ မင်ဂလံ ဒွါဒ-သ-ဟိ ၊
စိန်တယိမ် သု-သ -ဒေဝကာ
သွတ်ထာနံ နာဓိ-ဂစ်ဆန်တိ၊
အတ်ထ-တိမ်သင်စ မင်ဂလံ။

၂။ ဒေသိတံ ဒေဝဒေဝေန၊
သဗ္ဗပါပဝိနာသနံ။
သဗ္ဗလောက ဟိတတ္ထာယ၊
မင်္ဂလံ တံ ပဏာမ ဟေ။

၂။ ဒေသိတံ ဒေဝဒေဝေန၊
သတ်ဗ-ပါပ ဝိနာသနံ။
သတ်ဗ-လောက ဟိတတ်ထာယ။
မင်ဂလံ တံ ဘဏာမ ဟေ။

၃။ ဧဝံ မေ သုတံ၊
ဧကံ သမယံ ဘဂဝါ သာဝတ္ထိယံ၊
ဝိဟရတိ ဇေတဝနေ၊
အနာထပိဏ္ဍိကဿ အာရာမေ။
အထခေါ အညတရာ ဒေဝတာ
အဘိက္ကန္တာယ ရတ္တိယာ အဘိက္ကန္တ ဝဏ္ဏာ
ကေဝလကပ္ပံ ဇေတဝနံ ဩဘာသေတွာ
ယေန ဘဂဝါ၊ တေနုပသင်္ကမိ။
ဥပသင်္ကမိတွာ ဘဂဝန္တံ - အဘိဝါဒေတွာ။
ဧကမန္တံ အဋ္ဌာသိ။
ဧကမန္တံ ဌိတာ ခေါ သာ ဒေဝတာ
ဘဂဝန္တံ ဂါထာယ အဇ္ဈဘာသိ။

၃။ အေဝံ မေ သုတံ၊
အေကံ သမယံ ဘဂဝါ သာဝတ်ထိယံ
ဝိဟရတိ ဇေတ-ဝနေ၊
အ-နာထ ပိန်ဒိကတ်သ အာရာမေ။
အထခေါ အင်ညတရာ ဒေဝတာ
အဘိတ်ကန်တာယ ရတ်တိယာ။
အဘိတ်ကန်တဝဏ်ဏာ
ကေဝလ-ကပ်ပံ ဇေတ-ဝနံ အောဘာ သစ်တဝါ
ယေန ဘဂဝါ တေနုပ-သင်ကမိ။
အုပ-သင်ကမိတ် တဝါ ဘဂဝန်တံ အဘိဝါဒစ်တဝါ
အေက မန်တံ အတ်ထာသိ။
အေကမန်တံ ထိတာခေါ သာ ဒေဝတာ၊
ဘဂဝန်တံ ဂါထာယ အစ်ဈဘာသိ။

၄။ ဗဟူ ဒေဝါ မနုဿာ စ၊
မင်္ဂလာနိ အစိန္တ ယုံ။
အာကင်္ခမာနာ သောတ္ထာနံ၊
ဗြူဟိ မင်္ဂလ မုတ္တမံ။

၄။ ဗဟူ ဒေဝါ မနုတ်သာ စ၊
မင်ဂလာနိ အ--စိန်တယုံ။
အာကင်ခ မာနာ သွတ်ထာနံ၊
ဗြူဟိ မင်ဂလ--မုတ်တမံ။

၅။ အသေဝနာ စ ဗာလာနံ၊
ပဏ္ဍိတာနဉ္စ သေဝနာ။
ပူဇာ စ ပူဇနေယျာနံ၊
ဧတံ မင်္ဂလ မုတ္တမံ။

၅။ အ--သေဝနာ စ ဗာလာနံ
ပန်ဒိတာနင် စ သေဝနာ။
ပူဇာစ ပူဇ--နေယာနံ၊
အေတံ မင်ဂလ-- မုတ်တမံ။

၆။ ပတိရူပ ဒေသဝါသော စ၊
ပုဗ္ဗေ စ ကတ ပုညတာ။
အတ္တသမ္မာပဏိဓိ စ၊
ဧတံ မင်္ဂလ မုတ္တမံ။

၆။ ပတိရူပ ဒေသ--ဝါသော စ၊
ပုတ်ဗေစ ကတ ပုန်ညတာ။
အတ်တ--သမ်မာ ပဏိဓိ စ၊
အေတံ မင်ဂလ-- မုတ်တမံ။

၇။ ဗာဟုသစ္စ ဉ္စ သိပ္ပဉ္စ၊
ဝိနယောစ သုသိက္ခိတော။
သုဘာသိတာ စ ယာ ဝါစာ။
ဧတံ မင်္ဂလ မုတ္တမံ။

၇။ ဘာဟုတ်သစ်စင်စ သိပ်ပင်စ၊
ဝိနယော စ သု-သိတ်ခိတော။
သု-ဘာသိတာ စ ယာ ဝါစာ၊
ဧတံ မင်ဂလ-မုတ်တမံ။

၈။ မာတာပိတု ဥပဋ္ဌာနံ၊
ပုတ္တဒါရဿ သင်္ဂဟော။
အနာကုလာ စ ကမ္မန္တာ၊
ဧတံ မင်္ဂလ မုတ္တမံ။

၈။ မာတာ ပိသု ဥပတ်ထာနံ၊
ပုတ်တ-ဒါရတ်သ သင်ဂဟော။
အနာကုလာစ ကမ်မန်တာ၊
အေတံ မင်ဂလ-မုတ်တမံ။

၉။ ဒါနဉ္စ ဓမ္မစရိယာ စ၊
ဉာတကာနဉ္စ သင်္ဂဟော။
အနဝဇ္ဇာနိ ကမ္မာနိ၊
ဧတံ မင်္ဂလ မုတ္တမံ။

၉။ ဒါနင်စ ဓမ်မ-စရိယာ စ၊
ညာတကာနင်စ သင်ဂဟော။
အန-ဝစ်ဇာနိ ကမ်မာနိ၊
ဧတန် မင်ဂလ-မုတ်တမံ။

၁၀။ အာရတီ ဝိရတီ ပါပါ၊
မဇ္ဇပါနာ စ သံယမော။
အပ္ပမာဒေါ စ ဓမ္မေသု၊
ဧတံ မင်္ဂလ မုတ္တမံ။

၁၀။ အာရတီ-ဝိရတီ-ပါပါ၊
မစ်ဇ-ပါနာ စ သံယမော။
အပ်ပမာဒေါ စ ဒမ်မေသု၊
အေတံ မင်ဂလ-မုတ်တမံ။

၁၁။ ဂါရဝေါ စ နိဝါတော စ၊
သန္တုဋ္ဌိ စ ကတညုတာ။
ကာလေန ဓမ္မဿဝနံ၊
ဧတံ မင်္ဂလ မုတ္တမံ။

၁၁။ ဂါရဝေါ စ နိဝါတော စ၊
သန်တုတ်ထိ စ ကတင်ညုတာ။
ကာလေန ဓမ်မတ်သဝနံ၊
ဧတံ မင်ဂလ-မုတ်တမံ။

၁၂။ ခန္တီစ သောဝစဿတာ၊
သမဏာနဉ္စ ဒဿနံ၊
ကာလေန ဓမ္မသာကစ္ဆာ၊
ဧတံ မင်္ဂလ မုတ္တမံ။

၁၂။ ခန်တီ စ သောဝစတ်သတာ၊
သမဏာနင်စ ဒတ်သနံ။
ကာလေန ဓမ်မ-သာကစ်ဆာ၊
အေတံ မင်ဂလ-မုတ်တမံ။

၁၃။ တပေါ စဗြဟ္မစရိယဉ္စ
အရိယာသစ္စာန ဒဿနံ၊
နိဗ္ဗာန သစ္ဆိကိရိယာ စ၊
ဧတံ မင်္ဂလ မုတ္တမံ။

၁၃။ တပေါ စ ဗြန်မ စရိယင်စ၊
အရိယာ သစ်စာန ဒတ်သနံ၊
နိတ်ဘာန သစ်ဆိ ကိရိယာ စ၊
အေတံ မင်ဂလ-မုတ်တမံ။

၁၄။ ဖုဋ္ဌဿ လောကဓမ္မေဟိ၊
စိတ္တံ ယဿ န ကမ္ပတိ၊
အသောကံ ဝိရဇံ ခေမံ၊
ဧတံ မင်္ဂလ မုတ္တမံ။

၁၄။ ဖုတ်ထတ်သ လောက ဓမ်မေဟိ၊
စိတ်တန် ယတ်သ န ကမ်ပတိ။
အသောကံ ဝိရဇံ ခေမံ၊
အေတံ မင်ဂလ-မုတ်တမံ။

၁၅။ ဧတာဒိသာနိ ကတွာန၊
သဗ္ဗတ္ထ မပရာဇိတာ။
သဗ္ဗတ္ထ သောတ္ထိံ ဂစ္ဆန္တိ၊
တံ တေသံ မင်္ဂလ မုတ္တမံ။

၁၅။ အေတာဒိသာနိ ကတ်တဝါန၊
သတ်ဗတ်ထ မ-ပရာဇိတာ။
သတ်ဗတ်ထ သွတ်ထိမ် ဂစ်ဆန်တိ၊
တံ တေသံ မင်ဂလ-မုတ်တမံ။

မင်္ဂလသုတ္တံ နိဋ္ဌိတံ။
မင်ဂလ-သုတ်တံ နိတ်ထိတံ။

မင်္ဂလသုတ်မြန်မာပြန်
++++++++++++++++

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - မင်္ဂလာတရား ၃၈-ပါး
၁။ မည်သည့်တရားသည် မင်္ဂလာတရားနည်း ဟူ၍ လူနှင့်နတ်တို့သည် တစ်ဆယ့်နှစ်နှစ်တိုင်တိုင် တွေးခေါ်ကြသော်လည်း အဖြေမှန် မရခဲ့ကြပေ၊ စီးပွားချမ်းသာခြင်း၏ အကြောင်းမှန်ဖြစ်သော မင်္ဂလာတရားပေါင်း(၃၈)ပါး ရှိလိမ့်မည်ဟူ၍လည်း မည်သူမျှ မသိမမြင်နိုင်ခဲ့ကြပေ။

၂။ လူတစ်ယောက်စီတစ်ယောက်စီထက်လည်းကောင်း၊ သန်းပေါင်းများစွာသော လူသားအားလုံးတို့ထက်လည်းကောင်း၊ နတ်တစ်ပါးစီ တစ်ပါးစီထက်လည်းကောင်း၊ နတ်အားလုံးထက် လည်းကောင်း၊ သာလွန်မြင့်မြတ်တော်မူသော မြတ်စွာဘုရားသည် လောကအကျိုးကို ရှေ့ရူလျက် မင်္ဂလာတရား ၃၈-ပါးကို ထုတ်ဖော် ဟောကြားတော်မူခဲ့၏။ မင်္ဂလာတရားသည် လူမှုဒုစရိုက် တရားကို ပယ်ဖျောက်တတ်၏။ ယခုအခါ သူတော်ကောင်းအပေါင်းတို့နှင့်ကျွန်ုပ်တို့သည် ထိုမင်္ဂလာတရားတော်မြတ်ကို ရွတ်ဖတ်ပူဇော်ကြပါကုန်စို့။

၃။ ပထမသံဂါယနာပွဲတော်ကြီး၏ ဥက္ကဋ္ဌ ဖြစ်တော်မူသော မဟာကဿပအရှင်ဘုရား - ဤမင်္ဂလသုတ်တော်ကို အကျွန်ုပ် အာနန္ဒာသည် နောင်တော်မြတ်စွာဘုရားထံမှ တိုက်ရိုက် ဤသို့ကြားနာ လိုက်ရပါ၏၊ မှတ်သားလိုက်ရပါ၏၊ ဆောင်ထားလိုက်ရပါ၏။ -အခါတပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေပါသည်။ ဇေတဝန်ကျောင်းသည် အနာထပိဏ်သူဋ္ဌေးကြီးဆောက်လုပ် လှူဒါန်းထားသော နှလုံးမွေ့လျော် ပျော်ဖွယ်ရာကောင်းသော ကျောင်းတော်ကြီးဖြစ်သည်။ တညသ၌ ညဉ့်ဦးယံလွန်၍ သန်းခေါင်ယံအရောက်တွင် အမျိုးအမည် မထင်ရှား မသိသာသော နတ်သားတစ်ပါး ရောက်လာသည်။ သူသည် အလွန်နှစ်လိုဖွယ် ရုပ်အဆင်းရှိသည်။ ဇေတဝန်ကျောင်းတိုက် တစ်လုံးကိုလည်း သူ၏ကိုယ်မှ အရောင်အဝါဖြင့် ထွန်းလင်းစေသည်။ -ယင်းသို့ထွန်းလင်းစေပြီးနောက် မြတ်စွာဘုရားသခင်ရှိရာသို့ ချဉ်းကပ်လာသည်။ မြတ်စွာဘုရားကို အလွန်ရိုသေ လေးမြတ်စွာရှိခိုးပါသည်။ ရှိခိုးပြီးနောက် တင့်အပ်လျှောက်ပတ်သောနေရာ၌ မတ်တတ်ရပ်နေပါသည်။ ယင်းသို့နေရာယူပြီးမှ ထိုနတ်သားသည် မြတ်စွာဘုရားကို ဤကဲ့သို့ ဂါထာဖြင့် နားတော်လျှောက်ပါသည်...

၄။ ဘုန်းတော်ကြီးမြတ်လှသောမြတ်စွာဘုရား - နတ်အပေါင်းတို့သည်လည်းကောင်း၊ လူအပေါင်းတို့သည်လည်းကောင်း စင်ကြယ်စွာသော နိဗ္ဗာန်ချမ်းသာကို လိုချင်ကြသည်၊ တောင့်တကြသည်ဖြစ်ပါ၍ မည်သည့်တရားသည် စီးပွားချမ်းသာခြင်း၏ အကြောင်းဖြစ်သော မင်္ဂလာတရားတော်ဖြစ်သလဲဟူ၍ တစ်ဆယ့်နှစ်နှစ်တိုင်တိုင် အချိန်ယူပြီး စဉ်းစားတွေးခေါ် ကြံဆခဲ့ကြသည်ဘုရား။ ယင်းသို့ ကြံစည်တွေးဆကြပါသော်လည်း မင်္ဂလာတရားမှန်ကို မည်သူမျှတွေးကြံ၍ မသိနိုင်ကြပါဘုရား။ သို့အတွက်ကြောင့် မင်္ဂလာတရားဟူသည် မည်သည့်တရားဖြစ်ကြောင်း အရှင်ဘုရားက စတင်ထုတ်ဖော်၍ ဟောကြားတော်မူပါဘုရား။

မြတ်စွာဘုရား၏ဟောကြားချက်
++++++++++++++++++++++++

၅။ အို... နတ်သား ... သူမိုက်ကို မမှီဝဲ မဆည်းကပ်ခြင်း၊ ပညာရှိသူကို မှီဝဲဆည်းကပ်ခြင်း၊ ပူဇော်ထိုက်သူကို ပူဇော်ခြင်း၊ ဤတရား သုံးပါးကို မြတ်သောမင်္ဂလာဟူ၍သင်မှတ်သားလော့။

၆။ အို....နတ်သား တင့်အပ်လျောက်ပတ်သော အရပ်ဒေသ၌နေခြင်း၊ ရှေးဘဝကပြုခဲ့ဖူးသောကောင်းမှုရှိခြင်း၊ မိမိကိုယ်ကိုကောင်းစွာထိန်းသိမ်းဆောက်တည်ခြင်း၊ ဤတရား သုံးပါးကိုလည်း မြတ်သောမင်္ဂလာဟူ၍ သင်မှတ်သားလော့။

၇။ အို....နတ်သား အကြားအမြင် ဗဟုသုတရှိခြင်း၊ စက်မှုလက်မှုစသော သိပ္ပံပညာတတ်မြောက်ခြင်း၊ ကိုယ်နှုတ်နှလုံးယဉ်ကျေးအောင်ဆုံးမတတ်သည့်ဝိနည်းတရားကိုကောင်းစွာသင်ယူခြင်း၊ ကောင်းသောစကားကိုပြောခြင်း၊ ဤတရားလေးပါးကိုလည်း မြတ်သောမင်္ဂလာဟူ၍ သင်မှတ်သားလော့။

၈။ အို....နတ်သား.... အမိအဘကို လုပ်ကျွေးမွေးမြူခြင်း၊ သားမယားကို ထောက်ပံ့ပေးကမ်းချီးမြှောက်ခြင်း၊ မည်သူ့ကိုမျှ မထိခိုက်အောင် အလုပ်မျိုးကိုလုပ်ခြင်း၊ ဤတရားသုံးပါးကိုလည်း မြတ်သောမင်္ဂလာဟူ၍ သင်မှတ်ဦးလော့။

၉။ အို....နတ်သား... အလှူပေးခြင်း၊ မြတ်သောအကျင့်ကို ကျင့်ခြင်း၊ ဆွေမျိုးတို့အားထောက်ပံ့ခြင်း၊ အကုသိုလ်ကင်းသောအလုပ်ကိုလုပ်ခြင်း၊ ဤတရားလေးပါးကိုလည်း မြတ်သောမင်္ဂလာဟူ၍ သင်မှတ်ဦးလော့။

၁၀။ အို....နတ်သား.... မကောင်းမူဟူသမျှ ဝေးဝေးရှောင်နိုင်ခြင်း၊ မကောင်းမှုကို မလုပ်ဖြစ်အောင် မကျူးလွန်ဖြစ်အောင် အထူးရှောင်ကြဉ်နိုင်ခြင်း၊ သေရည်သေရက်၊ မူးယစ်ဆေးဝါးတို့ကို မသောက်မစားဖြစ်အောင် ရှောင်ကြဉ်နိုင်ခြင်း၊ ကုသိုလ်ရမည့်ကောင်းမှုအလုပ်တို့ကို မပြတ်သတိရပြီး မမေ့မလျော့ဆောင်ရွက်ခြင်း၊ ဤတရားလေးပါးကိုလည်း မြတ်သောမင်္ဂလာဟူ၍ သင်မှတ်ဦးလော့။

၁၁။ အို....နတ်သား .... ရိုသေထိုက်သူကို ရိုသေခြင်း၊ မိမိကိုယ်ကို မောက်မာသမှု မပြုဘဲ နှိမ့်ချခြင်း၊ ကိလေသာအာရုံ ကာမဂုဏ်တို့၌ ရောင့်ရဲလွယ်ခြင်း၊ သူတစ်ပါး မိမိအပေါ်ပြုဖူးသောကျေးဇူးကို သိတတ်ခြင်း၊ အခါအခွင့်သင့်တိုင်း တရားနာခြင်း၊ ဤတရားငါးပါးကိုလည်း မြတ်သောမင်္ဂလာဟူ၍ သင်မှတ်ဦးလော့။

၁၂။ အို....နတ်သား..... သည်းခံတတ်ခြင်း၊ သူတော်ကောင်းတို့က ဆုံးမသည့်စကားကို နာယူလွယ်ခြင်း၊ သူတော်ကောင်းရဟန်းပုဏ္ဏားတို့အား ဖူးမြင်ရခြင်း၊ အခါအခွင့်သင့်တိုင်း တရားဆွေးနွေး မေးမြန်းခြင်း၊ ဤတရားလေးပါးကိုလည်း မြတ်သော မင်္ဂလာဟူ၍ သင်မှတ်သားဦးလော့။

၁၃။ အို....နတ်သား.... ခြိုးခြံစွာကျင့်ခြင်း၊ မြတ်သောအကျင့်ကိုကျင့်ခြင်း၊ အရိယာသစ္စာတရားကို သိမြင်ရခြင်း၊ နိဗ္ဗာန်ချမ်းသာကို မျက်မှောက်ပြုနိုင်ခြင်း၊ ဤတရားလေးပါးကိုလည်း မြတ်သောမင်္ဂလာဟူ၍ သင်မှတ်ဦးလော့။

၁၄။ အို....နတ်သား .... လောကဓံတရားရှစ်ပါးတို့နှင့် တွေ့ကြုံရသော ရဟန္တာအရှင်သူမြတ်၏ စိတ်သည် မတုန်မလှုပ်၊ မစိုးမရိမ်၊ ရမ္မက်ကင်း၏၊ ဘေးကင်း၏၊ ဤတရားလေးပါးကိုလည်း မြတ်သောမင်္ဂလာဟူ၍ သင်မှတ်ဦးလော့။

၁၅။ အို....နတ်သား.... ဤကဲသို့သော ၃၈-ပါး မင်္ဂလာတရားကို လက်တွေ့လိုက်နာ ကျင့်ကြံပြုလုပ်ထားသည့်အတွက်ကြောင့် မည်သည့်နေရာ၌ နေနေ မိမိအား ရန်သူတို့က မအောင်နိုင်၊ ကိစ္စခပ်သိမ်း၌ ပြီးငြိမ်းချမ်းသာခြင်းသို့ ရောက်ကုန်၏ ထို ၃၈-ပါးသော တရားသည်သာလျှင် လူတကာ နတ်တကာတို့အတွက် မြတ်သော မင်္ဂလာဖြစ်ကြောင်း သင်မှတ်သားလေလော့။

သည်းခံခြင်း
++++++++++

သည်းခံခြင်း Patience (or) forbearing သည် မင်္ဂလသုတ် တွင် ပါဝင်သည်။ ကမ္ဘာသူ ကမ္ဘာသား သတ္တဝါအားလုံးတို့အား ချမ်းသာကိုပေးတတ်သော မင်္ဂလာတရားဖြစ်သည်။ သည်းခံခြင်း(Khandi) တရားသည် ကမ္ဘာ့ မင်္ဂလာတရား ဖြစ်သည်။

မင်္ဂလသုတ် မြန်မာပြန်တွင် “အို... နတ်သား... သည်းခံတတ်ခြင်း၊ သူတော်ကောင်းတို့က ဆုံးမသည့်စကားကို နာယူလွယ်ခြင်း၊ သူတော်ကောင်းရဟန်းပုဏ္ဏားတို့အား ဖူးမြင်ရခြင်း၊ အခါအခွင့်သင့်တိုင်း တရားဆွေးနွေး မေးမြန်းခြင်း၊ ဤတရားလေးပါးကိုလည်း မြတ်သော မင်္ဂလာ ဟူ၍ သင် မှတ်သားဦးလော့ (ခန္တီစ သောဝစဿတာ၊သမဏာနဉ္စ ဒဿနံ၊ကာလေန ဓမ္မသာကစ္ဆာ၊ဧတံ မင်္ဂလ မုတ္တမံ”ဟူ၍ဗုဒ္ဓမြတ်စွာဘုရားကမိန့်ဆိုခဲ့သည်။

မင်္ဂလသုတ် သည် ဗုဒ္ဓ မြတ်စွာဘုရား ၏ လူမှုကျင့်ဝတ်များဆိုင်ရာ သဘောထားများကို လေ့လာလိုလျှင် ချန်လှပ်ထားခဲ့၍ မဖြစ်နိုင်သော သုတ္တန် လည်းဖြစ်သည်။ မင်္ဂလသုတ်ပါဠိတော်သည် ဘုန်းတော်ကြီးသင် ပညာရေးစနစ်၌ သင်ပုန်းကြီးပြီးလျှင်ပြီးချင်း မဖြစ်မနေသင်ယူရသော သင်ခန်းစာလည်းဖြစ်သည်။ မြန်မာနိုင်ငံ တွင် နွေရာသီကျောင်းပိတ်ရက်များ၌ အခြေခံပညာကျောင်းသားများသည် ဘုန်းကြီးကျောင်းများ၌ ဖြစ်စေ၊ ဗုဒ္ဓကလျာဏယုဝအသင်း အစရှိသော ဘာသာရေးအသင်းများမှ ဦးစီးဖွင့်လှစ်သည့် သင်တန်းများမှာဖြစ်စေ လေ့လာသင်ယူကြသည်။ မင်္ဂလာတရား ၃၈-ပါး တွင် ခန္တီစ မင်္ဂလာ- နေရာတိုင်း၌ သည်းခံရခြင်း သည် မင်္ဂလာတရားဖြစ်ကြောင်း ပါဝင်သည်။ မင်္ဂလာတရား (၃၈) ပါးကို ဗုဒ္ဓမြတ်စွာအား သိကြားမင်းက မထင်မရှား နတ်သားအသွင်ကို ဆောင်ယူလျှက် သဝတ္ထိပြည်၊ ဇေတဝန် ကျောင်းတော်၌ အကာလ ည အခါတွင် တောင်းပန် လျှောက်ထားမှု ကြောင့် လူ၊ နတ်၊ ဗြဟ္မာ Gods တို့၏ အကျိုးငှာ ဟောကြားတော် မူခဲ့ခြင်း ဖြစ်သည်။ လူသားတိုင်း သည်းခံခြင်းတရား ပြည့်စုံနိုင်စေရန် လူသားတိုင်း မေတ္တာ တရားတို့ကို ဖြည့်ဆည်းထားရန် လိုအပ် ပါသည်၊၊ ဗုဒ္ဓ မြတ်စွာဘုရား နှင့် ဗုဒ္ဓဘာသာ ၏ ပါရမီဆယ်ပါး တွင် ခန္တီ ပါရမီ (သည်းခံခွင့်လွှတ်မှုကို ဖြည့်ကျင့်ခြင်း) ပါဝင်သည်၊၊ နာယက ပြုလုပ်သူတို့ လိုက်နာရမည့် နာယကဂုဏ် ၆-ပါး နှင့် မင်းကျင့်တရား (၁၀)ပါး တွင် သည်းခံခြင်း(ခေါ်) ခန္တီတရားများ ထားရှိရခြင်းပါဝင်သည်၊၊

ခွင့်လွှတ်ခြင်း
++++++++++

ခွင့်လွှတ်ခြင်း Forgiveness သည် ကမ္ဘာသူ ကမ္ဘာသား သတ္တဝါအားလုံးတို့အား ချမ်းသာကိုပေးတတ်သောတရားဖြစ်သည်။. ဗုဒ္ဓ မြတ်စွာဘုရား နှင့် ဗုဒ္ဓဘာသာ ၏ မေတ္တာတရား နှင့် ခွင့်လွှတ်ခြင်း လမ်းစဉ်သည် ကမ္ဘာပေါ်တွင်အလွန်ကျော်ကြားလှသည်။

လူသားတိုင်း သည်းခံခြင်း ခွင့်လွှတ်ခြင်းတရား ပြည့်စုံနိုင်စေရန် လူသားတိုင်း မေတ္တာ တရားတို့ကို ဖြည့်ဆည်းထားရန် လိုအပ် ပါသည်၊၊ ဗုဒ္ဓမြတ်စွာဘုရား နှင့် ဗုဒ္ဓဘာသာ ၏ ပါရမီဆယ်ပါး တွင် ခန္တီပါရမီ (သည်းခံခွင့်လွှတ်မှုကို ဖြည့်ကျင့်ခြင်း) ပါဝင်သည်၊၊ နာယက ပြုလုပ်သူတို့ လိုက်နာရမည့် နာယကဂုဏ် ၆-ပါး နှင့် မင်းကျင့်တရား (၁၀)ပါး တွင် ခွင့်လွှတ်ခြင်း သည်းခံခြင်း(ခေါ်) ခန္တီတရားများ ထားရှိရခြင်းပါဝင်သည်၊၊

မင်္ဂလသုတ် ပြီးပါပြီ။

#အားလုံးရွှင်းလန်းချမ်းမြေ့ပါစေ
#မေတ္တာဖြင့်_မျှဝေသည်
#ကောင်းမှုတစ်ခုနေ့စဉ်ပြု
#ကမ္ဘာသူကမ္ဘာသားအားလုံးကိုဂါရဝပြုလိုက်ပါတယ်



🙏မဂ်လာ ညချမ်းလေးပါ🙏မင်္ဂလာရှိသောညချမ်းလေးဖြစ်ကြပါစေကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ ဘေးရန်ကင်းရှင်းကြပါစေ စိတ်သွားတ...
06/05/2026

🙏မဂ်လာ ညချမ်းလေးပါ🙏

မင်္ဂလာရှိသောညချမ်းလေးဖြစ်ကြပါစေ

ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ

ဘေးရန်ကင်းရှင်းကြပါစေ

စိတ်သွားတိုင်းကိုယ်ပါ လိုရာဆန္ဒပြည့်ဝကြပါစေ

သုံးပါး ကပ်ဘေး ကင်းဝေးကြပါစေ သဘာ၀ရန်ဘေး ကင်းဝေးကြပါစေ

🙏🙏🙏



မဟာစည်ဆရာတော်ကြီးနဲ့ ပါချုပ်ဆရာတော်ကြီးရဲ့ သတိပေးချက်၀၂/၀၃/၂၀၂၃ ရက်နေ့ မန္တလေးတိုင်းဒေသကြီး ပြင်ဉီးလွင်မြို့နယ် အောင်ချမ...
02/05/2026

မဟာစည်ဆရာတော်ကြီးနဲ့ ပါချုပ်ဆရာတော်ကြီးရဲ့ သတိပေးချက်

၀၂/၀၃/၂၀၂၃ ရက်နေ့ မန္တလေးတိုင်းဒေသကြီး ပြင်ဉီးလွင်မြို့နယ် အောင်ချမ်းသာရွာရှိ ဓမ္မသဟာယသာသနစင်တာတွင် ရပ်ဝေးရပ်နီး တရားနာပရိတ်သတ်တို့ကို ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး ဟောကြားချီးမြှင့်သည့် ဝိပဿနာတရားအားထုတ်နည်းကို ဖေါ်ပြအပ်ပါသည်။

ဒီကနေ့ ဝိပဿနာတရားနဲ့ပတ်သတ်ပြီးတော့ ဘုန်းဘုန်းဟောပြမယ်နော်။

ဝိပဿနာတရားဆိုတာကိုတော့ သတိတစ်ခုတော့ ထားပေါ့။ များသောအားဖြင့် မဟာစည် ဆရာတော်ကြီးက ငယ်ငယ်တုန်းက ဘုန်းကြီးကို မိန့်သွားတဲ့ စကားလေး မှတ်မိနေတာ တစ်ခုရှိတယ်။ ခုခေတ် ကမ္မဌာန်းတွေ အားထုတ်ကြတယ်တဲ့, များသောအားဖြင့် သမာဓိတော့ ဖြစ်တယ်၊ အသိဉာဏ်မဖြစ်ဘူး၊ အသိဉာဏ်ဖြစ်တာ နည်းတယ် လို့ပြောသွားဖူးတယ်။
ငယ်ငယ်တုန်းကတော့ ဒီလောက်ကြီး နားမလည်ဘူးပေါ့နော်။
ပြီးတော့ ဆရာတော်ကြီးပြောလိုရင်းက ကမ္မဌာန်းထိုင် ကမ္မဌာန်းထိုင်ဆိုပြီး ထိုင်တဲ့ သူတွေဟာ များသောအားဖြင့် သမာဓိပဲထိုင်တာ။
ဘုန်းဘုန်းတို့ငယ်ငယ်က မဟာစည်ရိပ်သာမှာ အသက် ၃၀-ကျော်လောက်တုန်းက သွားတရားထိုင်ဖူးတယ်။
အဲ့တုန်းက ဆရာတော်ကြီးမိန့်တဲ့ ဩဝါဒက ပေါ်ရာပေါ်ရာ ရှုမှတ် လို့ ဆိုတဲ့ ဩဝါဒအတိုင်း စိတ်ထဲ ပေါ်လာတာလေး လိုက်မှတ်တဲ့အခါကျတော့ ကိုယ့်စိတ်ထဲမှာ ဘယ်လိုဖြစ်သတုန်းဆိုတော့ စိတ်ကပြေးသလို အာရုံတွေကလည်း ပေါ်နေတာ၊ ပေါ်တဲ့အာရုံတွေနောက် စိတ်တွေကလည်း လိုက်ပြေးနေတော့ ကိုယ့်စိတ်ထဲမှာ သမာဓိမရဘူး လို့ ခံစားရတယ်။
ကိုယ်ကလည်း ကမ္မဌာန်းအားထုတ်တယ်ဆိုရင် ငယ်ငယ်တုန်းက အလေ့အကျင့်ကတော့ ထွက်လေဝင်လေပေါ်မှာ မှတ်ဖူးတာ၊ ထွက်လေဝင်လေမှတ်ပြီးတော့ ထွက်လေဝင်လေပေါ်မှာပဲ စိတ်ကလေး ငြိမ်သွားတာကိုပဲ သဘောကျတာ။ သဘောကျတော့ မဟာစည်ရောက်တဲ့အခါကျတော့ ပေါ်ရာပေါ်ရာ အာရုံကို မှတ်ရမယ်ဆိုတော့ လိုက်မှတ်နေရတဲ့အခါကျတော့ စိတ်ကပြေးနေသလို အာရုံတွေနောက် စိတ်ကလိုက်နေရတဲ့အခါကျတော့ စိတ်ထဲမှာ သဘောမကျခဲ့ဘူးပေါ့။

နောက်ပိုင်းကျတော့ သဘောပေါက်လာတယ်။ စိတ်ငြိမ်ဖို့ မဟုတ်ဘူး သိဖို့ မှတ်တာ။

"စိတ်ငြိမ်တာက အာရုံတစ်ခုတည်းကို စိတ်ကိုငြိမ်အောင်ထားတာက သမာဓိ၊ ဖြစ်သမျှကိုသိတာ ပညာ"

အဲ့တော့ ငယ်ငယ်က "သမာဓိနဲ့ပညာ" မကွဲတာပေါ့နော်၊ "သမာဓိနဲ့ပညာ" မကွဲတော့ စိတ်ထဲမှာအားမရခဲ့ဘူးပေါ့ ။ ဉာဏ်ဖြစ်တယ်ဆိုတဲ့သဘောတရားကို နားမလည်ခဲ့တာ ပြောရမယ်ဆိုရင် "သမထနဲ့ ဝိပဿနာ"ကို နားမလည်ခဲ့တာ။

ဟုတ်တယ် အာရုံတစ်ခုတည်းပေါ်မှာ စိတ်ကို
ငြိမ်အောင် ထည့်ထားတာက သမထ။
ဧကဂ္ဂတာ ဆိုတာ ဧကဆိုတာက တစ်၊ ဂတာဆိုတာ အာရုံပေါ့။
ဧကဂ္ဂ ဆိုတာ အာရုံတစ်ခုတည်းပေါ်မှာ ရှိနေတဲ့စိတ်ကို ဆိုလိုတယ်။
ထွက်လေဝင်လေဆိုတာ ထွက်လေဝင်လေ အာရုံတစ်ခုပဲ၊ ကျန်တာဘာဖြစ်ဖြစ် မသိဘူး။
ကျန်တဲ့အာရုံတွေကို မစဉ်းစားဘူး။ ထွက်
လေဝင်လေတစ်ခုတည်း မှတ်တယ်၊
အဲတာက ဝိပဿနာ မဟုတ်ဘူး။
အဲဒါက ပညာမဖြစ်ဘူး၊ စိတ်ငြိမ်တာပဲ ရှိတယ်။
စိတ်ငြိမ်တာက rest လုပ်တာပဲ၊ အနားယူတဲ့သဘောတစ်ခုပဲရှိတယ်။ ဈာန် ထိအောင် ခိုင်မြဲတဲ့အရာမဟုတ်ဘူး၊ ထိန်းနေတုန်းလေးပဲ စိတ်က ငြိမ်တာ။

အဲ့တော့ ဝိပဿနာကြတော့ အဲ့လို မဟုတ်ဘူး။ စိတ်ကို ငြိမ်အောင်ထားဖို့ အရေးမကြီးဘူး သူက။ ဖြစ်လာတဲ့အာရုံ ၁၀-ခုရှိရင် ၁၀-ခုလုံးသိနေဖို့ပဲ လိုတာ, အရေးကြီးတာ၊
စိတ်ကို လွှတ်ထားတာလဲ မဟုတ်ဘူး၊ ဒါက အာရုံတစ်ခုတော့ရှိတယ်၊ အဲတော့ ဘုန်းဘုန်းတစ်ခုပြောပြမယ်။

မြတ်စွာဘုရားက ဝိပဿနာရှုဖို့ ဆိုပြီးတော့ အာရုံပေါင်း သုံးဆယ်နဲ့ခြောက်မျိုး ၃၆-မျိုး ဟောထားတယ်။
အဲဒီ ၃၆-မျိုးထဲက ၃၀-ပဲပါတာ။
တစ်ခုကတော့ တဏှာထည့်ထားလို့၊ ဆဆက္ကသုတ်မှာ ဆဆက္ကဆိုတာ ခြောက်ခြောက်လီ ကို ပြောတာ။
တရားရှုမှတ်ရမယ့် ဝိပဿနာတရား ရှုမှတ်ရမယ့် အာရုံပေါင်းကို ဆဆက္ကသုတ်ထဲမှာ သုံးဆယ်နဲ့ခြောက်(၃၆) မျိုး ပြထားတယ်။
အဲဒါ ကိုယ်ရဲ့ဘဝမှာ ဒါတွေက အင်မတန်မှ အရေးကြီးတယ်။

"ဆဆက္ကသုတ်"ထဲမှာ ဟောပြီးတိုင်း ဟောပြီးတိုင်း ရဟန်း ခြောက်ဆယ် ခြောက်ဆယ် ရဟန္တာ ဖြစ်တယ် ။
"ဆဆက္ကသုတ်"ကို နာဖူးလိမ့်မယ် ။
အဲတော့ အဲဒီသုတ္တန်ရဲ့ အနှစ်ချူပ်တွေကို မှတ်ထား ။

ဒွါရ ခြောက်ပါးနော်၊ စာထဲကဟာတွေ မတွေးနဲ့။
ဒွါရခြောက်ပါးဆိုတာ ကိုယ့်မှာရှိတဲ့ဟာပြောတာ မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကာယ၊ မန ၆-ခုရှိတယ်။

မျက်စိမှာ လာပြီးတော့ ပေါ်တာက အဆင်းအာရုံ၊ နားမှာ လာပေါ်တာက အသံ၊ တစ်ခုနဲ့တစ်ခု မတူဘူး။
နှာခေါင်းမှာ ပေါ်တာက အနံ့၊ လျှာမှာသိတာက အရသာ၊ ခန္ဓာကိုယ်နဲ့ထိက အထိအတွေ့၊ စိတ်ထဲမှာ ဖြစ်လာတာက စိတ်ကိုကြံစေတဲ့အာရုံ ဓမ္မလို့ခေါ်တဲ့ အာရုံ။
အမှန်တော့ ဓမ္မလို့ခေါ်လိုက်တာက သဘာဝလို့ပဲ ပြောတာပဲ၊ အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အထိအတွေ့ကလွဲပြီး ကျန်တဲ့ဟာတွေကို ဓမ္မအာရုံလို့ ပြောလိုက်တာ၊ အဲ့တော့ ခုမှတ်ရမှာ ဘာတုန်း "မျက်စိ ၊နား၊ နှာခေါင်း၊ လျှာ၊ ကာယ၊ မန"

အဲ့ဒီ ၆-ခုမှာ လာထင်တဲ့အာရုံက အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အထိအတွေ့၊ ကြံတွေးစရာ။
အဲ့ဒီနောက်မှာ ဘာဖြစ်တုန်းဆိုတော့ စိတ် ၆-မျိုး၊
အဲ့ဒီအာရုံနဲ့ ဒွါရနဲ့ ထိတွေ့တဲ့အခါမှာ စိတ် ၆-ခုပေါ်မယ်။

မျက်စိနဲ့ထိတွေ့တဲ့အခါမှာ မြင်သိစိတ်၊
မျက်စိမှာ မြင်သိစိတ်၊ နားမှာ ကြားသိစိတ်၊နှာခေါင်းမှာ နံသိစိတ်၊ လျှာမှာ အရသာသိစိတ်၊ ကာယမှာ ထိသိစိတ်၊ မနမှာကျတာ့ ကြံသိစိတ် ၆-မျိုး ပေါ်တယ်။

စိတ်ပေါ်လိုက်တာနဲ့တပြိုင်နက် အာရုံနဲ့ဆက်သွယ်မှု ဖဿဆိုတဲ့ စွမ်းအားတစ်ခု ပါလာတယ်။ စိတ်နှင့်အတူ ပါလာတယ်နော် ။ ဖဿ ဆိုတာ သဗ္ဗစိတ္တစေတသိတ် စိတ်အားလုံးမှာရှင်သန်တာ ၊ အဲထိပဲပါတဲ့ ဖဿ။

စိတ်ပေါ်လာတာနဲ့ တစ်ပြိုင်နက် ဖဿ၊
အဲဒီဖဿကို အကြောင်းပြုပြီး ဝေဒနာ ။
စိတ်၊ ဖဿ ဝေဒနာ။
အဲ့တော့ ဖဿကလည်း ခြောက်မျိုးပဲ ။

သူ့ဒွါရနဲ့ သူပဲ ။
ဖဿကလည်း မျက်စိမှာတွေ့တဲ့ ဖဿက တစ်ခု၊
နားနဲ့ ပတ်သတ်တာကလည်း ဖဿတစ်ခု ၊
နှာခေါင်းနဲ့ ပတ်သတ်တာ ဖဿတစ်ခု၊
လျှာနဲ့ပတ်သတ်တာ အဲ့တာလည်း ဖဿတစ်ခု၊
ဖဿ တစ်ခုစီ။

အဲ့ဒီ ဖဿကြောင့် ဖြစ်တဲ့ ဝေဒနာကလည်း သာမန် ဝေဒနာတစ်ခုကို ထပ်ခွဲမယ်ဆိုရင် သုခ ဒုက္ခ နော်၊
အဲ့ဒီမှာ မခွဲဘဲနဲ့ဆိုရင် ဖဿဖြစ်လာရင် စိတ်ခံစားချက်ဝေဒနာ။
အဲ့တော့ ဒွါရတစ်ခုမှာ ၅-ခု ၅- ခုရှိတယ်၊ ဟုတ်လား။

ဒွါရတစ်ခုမှာ ၅-ခု ၅-ခု ရှိတယ်၊
ဒွါရ ၆- ခုဆိုတော့ အားလုံး ၃၀ ဖြစ်သွားတယ်။
အဲ့ဒါကို ရှုမှတ်ဖို့ပဲ။

အဲ့တော့ ရှုမှတ်ဆိုတာ အကုန်လုံးမှတ်ရမှာ မဟုတ်ဘူး။
ဆိုပါစို့၊ မျက်စိက အဆင်းအာရုံတစ်ခုကို မြင်လိုက်တယ်။ မျက်စိနဲ့အဆင်းနဲ့တွေ့ဆုံတယ်နော်၊ ဆုံလိုက်တဲ့အခါမှာ မျက်စိက ကောင်းတယ်၊ ပေါ်လာတဲ့ ရုပ်ကလေးက မျက်စိမှာ လာထင်ဟပ်တယ်။ ထင်ဟပ်လို့မြင်တယ်ဆိုတာ ဖြစ်တယ်၊ အဲ့တော့ မျက်စိကလည်းပဲ ပုံမှန်ဖြစ်တယ်၊ အဆင်းဟာလည်းပဲ လာထင်တယ်၊ အဲ့ဒီနှစ်ခု ထင်လိုက်တဲ့အခါကျ မြင်သည့်စိတ်က ဘွားကနဲ ပေါ်လာတယ်။

နဂိုက ရှိတာမဟုတ်ဘူး။
မျက်စိကတော့ ရှိနေတာ သေချာတယ်။
အဆင်းအာရုံကလည်း ရှိနေတယ်, ရှိနေတယ်လို့ ပြောနိုင်တယ်ပေါ့နော်။
သူလည်း ရှိတယ်ဆိုတဲ့ ဖြစ်စဉ်အနေနဲ့ ရှိနေတယ်၊
အဲ့တော့ စိတ်ဆိုတာတော့ ရှိတာမဟုတ်ဘူး။
စက္ခုဝိဉာဏ်စိတ်က ရှိတာ မဟုတ်ဘူး။

မျက်စိနဲ့အဆင်းအာရုံတိုက်လိုက်တဲ့အခါမှာ မြင်သိစိတ်တွေ ပေါ်လာတယ်။
မြင်သိစိတ်ပေါ်လာတဲ့အခါမှာ ဖဿရယ် စိတ်ခံစားချက် ဝေဒနာတွေေ ပေါ်လာတယ်၊ ဒါဘယ်သူဖြစ်ဖြစ် ဘုရားဖြစ်ဖြစ် ရဟန္တာပဲဖြစ်ဖြစ် ဒီစိတ် ၅-မျိုးပေါ်တယ်။

သဘာဝတရား ၅-မျိုး,,,,
အဲဒီ ၅-မျိုးထဲမှာ မျက်စိ နဲ့ အဆင်းက ရုပ်တရား။မြင်သိစိတ်က နာမ်တရား၊
ဖဿကလည်း နာမ်တရား၊
ဝေဒနာကလည်း နာမ်တရား၊
ရုပ်နဲ့နာမ် ၂-ခုတည်းပဲရှိတယ်။
အဲ့ဒီမှာ ဘုန်းကြီးတို့တတွေက ဘာသွားတွေ့တုန်းဆိုတော့ မြင်တဲ့ရုပ်မှာ သူမြင်တယ်၊ ငါမြင်တယ် ဖြစ်သွားတယ်။

အဲ့တော့ ငါဆိုတာ ဘယ်သူ့ကို ခေါ်တာလဲ?
စက္ခုမျက်စိကို ခေါ်တာလား၊ အဆင်းကိုခေါ်တာလား၊ မြင်သိစိတ်ကို ခေါ်တာလား၊ ဖဿကိုခေါ်တာလား၊ ဝေဒနာကိုခေါ်တာလားဆိုတာ ဘယ်ဟာမှမဟုတ်ဘူး။
အဲဒါ သဘာဝတရားတွေသာဖြစ်တယ်။

ဒီသဘာဝတရား ၅-ခု တည်ဆောက်ထားတာကိုပဲ မြင်တယ်လို့ပြောတာ၊ ငါမြင်တာမဟုတ်ဘူး။
ရုပ်တရားနာမ်တရားတွေရဲ့ အဖြစ်အပျက်သာ ဖြစ်တယ်။

ဒိဌေဒိဌမတ္တံ ဆိုတာ အဲ့ဒါကို ပြောတာ၊
ကိုယ်မြင်တဲ့အချိန်လေးမှာ ဒီထဲမှာသတ္တဝါဆိုတာ မပါဘူး။
ဒီတရား ၅-ခုမှတပါး ဘာမှမရှိဘူး။
မြင်တယ်ဆိုတဲ့အခိုက်လေးမှာ အဲဒီတရား ၅-ခုဖြစ်တာ သိနေအောင်လုပ်ဖို့လိုတယ်၊
သတ္တဝါမဟုတ်ဘူး၊ သတ္တဝါဆိုတာ ဖျောက်ရမယ်။သတ္တဝါမရှိဘူး ဒီထဲမှာ။

အဲ့ထဲမယ် မျက်စိကိုလည်း ငါခေါ်တာမဟုတ်ဘူး။
အဆင်းကိုလည်း ငါခေါ်တာမဟုတ်ဘူး။
မြင်သိစိတ်ကိုလည်း ငါမဟုတ်ဘူး။
လူတွေစွဲတာက မြင်သိစိတ်ကို စွဲပြီးတော့ ငါလို့ ပြောနေတာ။
အဲဒီ မြင်သိစိတ်က ငါမဟုတ်ဘူး၊ စိတ်ပဲလေ။

ဖဿကလည်း ငါမဟုတ်ဘူး၊
ဝေဒနာကလည်း ငါမဟုတ်ဘူး၊
ဘယ်ဟာမှ ငါမဟုတ်ဘူး၊
ရုပ်နဲ့နာမ် သဘာဝတရားသာ ဖြစ်တယ်။

မျက်စိမရှိဘူးဆို မြင်တာ မဖြစ်ဘူးနော်၊
စက္ခုဝိညာဏ်စိတ်ကို မဖြစ်တာ။
အဲ့တော့ ငါ အခုရှိနေတာကို လူတွေက ရှိတယ်ထင်တာ ။
သတ္တဝါတော့ရှိနေတာပဲ၊ ဒါပေမယ့် မျက်စိထဲမှာ မြင်သေးလား?
မမြင်တော့ဘူး။

အဲ့တော့ကို ငါတို့ သတ္တဝါလို့ထင်နေတာဟာ အမှန် မြင်တာမဟုတ်ဘူး၊ အမှားမြင်နေတာလို့ ခေါ်တယ်။
အဲ့တော့ ဘယ်နေရာဖြစ်ဖြစ် ကိုယ်မျက်စိက မြင်နိုင်ရင် ဒီတရား ၅-ခုဖြစ်တယ်လို့မှတ်ထား၊ အဲ့တော့ မထင်ရှား ထင်ရှားအောင်စဉ်းစားပြီးတော့ ရှုမှတ်ပါ၊ အဲ့ဒါ ဝိပဿနာပဲ။

ဟိုး အနိစ္စ ဒုက္ခ အနတ္တတွေ မလုပ်နဲ့ဦး၊
ဒါအရင်လုပ်နော် ဒါ အရင်လုပ်ရမယ်။

ဒါကို သတ္တဝါပျောက်သွားတဲ့ထိအောင် သတ္တသညာ ပျောက်တယ်လို့ ခေါ်တယ်။

"ငါ" ဘယ်သူဆိုတဲ့ မှားနေတဲ့အတွေးတွေပျောက်အောင်လုပ် မြင်တယ်ဆိုတာ ဒီတရား ၅-ခုဖြစ်တာ ဟုတ်လား။

ငါလည်းမဟုတ်ဘူး၊ မြင်တဲ့သူလည်းမရှိဘူး၊
ဒီသဘာဝတရား ၅-ခု၊ ၅-ခုကလည်း ပေါင်းစပ်ထားလို့ဖြစ်တယ်။
တစ်ခုတည်းမြင်တာမဟုတ်ဘူး။

အဲ့တော့ မျက်လုံးကိုလည်း ငါလို့ပြောလို့မရဘူး၊ အဆင်းအာရုံကိုလည်း ငါလို့ပြောလို့မရဘူး၊ မြင်သိစိတ်ကိုလည်း ငါလို့ပြောလို့မရဘူး၊
မှတ်ထားတဲ့အာရုံကိုလည်း ငါလို့ပြောလို့မရဘူး၊ ဝေဒနာကိုလည်း ငါလို့ပြောလို့မရဘူး။
သူတို့ ၅-ခုပေါင်းမှ မြင်တယ်ဆိုတာ ဖြစ်တာ၊ဟုတ်တယ်မလား?
တစ်ခု မရှိရင် မဖြစ်ဘူး၊ အဲ့တော့ ငါဆိုတာသည် မြင်တယ်ဆိုတဲ့ကိစ္စမှာ ဒီသဘာဝတရား -၅ခု ဘယ်သူ့ကို နာမည်တပ်မလဲ?
တပ်လို့မရဘူး ၅-ခုထဲက ၁-ခု မပါရင် မရဘူး။

ဥပမာ ကားပြေးနေတာကို လူတွေက ပြောကြတယ်၊ Driver က ကားမောင်းတာလို့ပြောတယ်၊ သေချာစဉ်းစားကြည့်လိုက်လို့ရှိရင် Driver လုပ်နိုင်တာက စတီယာယင်ကိုင်တာနဲ့ စက်နှိုးတာပဲ ရှိတယ်နော် ဟုတ်လား။
သူက ဓာတ်ဆီမရှိရင် မောင်းလို့ရမလား၊
သူမောင်းလို့မရဘူး ။
ဘက်ထရီအိုးမရှိရင်,,,
ဘီးကျွတ်နေရင်ရော,,
ဝါယာလေးတစ်ချောင်းပြုတ်နေရင်တောင် သူမောင်းလို့မရဘူးလေ။
အဲ့ဒါတွေအားလုံးဟာ တညီတည်းရှိနေမှ ကားကပြေးတာ၊ ဘယ်သူ့ရဲ့အစွမ်းမှ မဟုတ်ဘူး။
အားလုံးရဲ့အစွမ်းလို့ခေါ်တယ် ဟုတ်တယ်မလား။

အခုလည်းပဲ မြင်တယ်ဆိုတာ ဒီ၅-ခုရဲ့ အစွမ်းပဲ။
ဒီထဲမှာ သတ္တဝါဆိုတာ မပါဘူး၊ မျက်စိနှုတ်လိုက်
ရင်လည်း မဖြစ်တော့ဘူးနော်၊ အဆင်းအာရုံကလာမထင်ဘူးဆိုလည်း မဖြစ်ဘူး၊ မြင်သိစိတ် မရှိဘူးဆိုလည်း မဖြစ်ဘူး၊ အဲ့တာတွေက သူ့အကြောင်းနဲ့သူ ဆက်ပြီးတော့ ပေါ်လာတာတွေပဲဖြစ်တယ်။
အဲဒါကို မြင်မှ ဒိဌိဝိသုဒ္ဓိဆိုတာ ဖြစ်တယ်။

ဒိဌိဝိသုဒ္ဓိဆိုတာ "နာမရူပါနံ ယာထာဝဒဿနံ ဒိဌိဝိသုဒ္ဓိနာမ" အဲ့တော့ ဒီရုပ်တွေ နာမ်တွေ သတ္တဝါမပါတော့ဘူး။ နာမ်နဲ့ရုပ်ကိုပဲ သိတာ။

တကယ်ဖြစ်တဲ့ ရုပ်နာမ်ကိုသိတာကို ဒိဌိဝိသုဒ္ဓိလို့ခေါ်တယ်။
အဲ နို့မို့ဆိုရင် ဒီတိုင်း တရားအားထုတ်နေရင် ဒိဌိဝိသုဒ္ဓိတောင် ဖြစ်ဖို့မလွယ်ဘူး။
ငါတရားထိုင်နေတာ, ငါသမာဓိရတယ်, ငါဘယ်နှစ်နာရီထိုင်နိုင်တယ်ဆိုတဲ့ အတ္တ "ငါ"စွဲစွဲနေရင် မရဘူး ဟုတ်တယ်မလား။

"ငါ"လုပ်တယ် "ငါ"ထိုင်တယ် "ငါ"တရားမှတ်နေတယ် ဆိုရင် ဝိပဿနာနဲ့ ဝေးနေပြီ။
အဲ့တော့ သဘာဝတရားတွေဖြစ်နေတယ် ဆိုတာ သိကို သိရမယ်။
အဲ့ဒီမှာ အကြောင်းတရားမှာ ဆက်ပြီးတော့ သိတဲ့အခါ မျက်စိဆိုတာ ကံကြောင့်ဖြစ်တာ၊ ကံပေးလို့ရတာ အဆင်းအာရုံဆိုတာဟာ အကြောင်းလေးပါးကြောင့်ဖြစ်တာ။
မြင်သိစိတ်ဆိုတာ ဒီနှစ်ခု စုံလို့ဖြစ်တာ။

အကြောင်းတရားကြောင့် ဒီနှစ်ခု မဆုံမချင်း မြင်
သိစိတ် ဖြစ်ကို မဖြစ်ဘူး ၊ မျက်စိနဲ့အဆင်း ဆုံလို့ဖြစ်တာ။

အတ္တဆိုတာ မြင်သိစိတ်ဖြစ်လို့ ဖြစ်တာ။
ဝေဒနာဆိုတာ ဘာဖြစ်လို့ ဖြစ်တာလို့ ဒီအချိန်မှာပဲ သိလိုက်ရတာနဲ့ တစ်ပြိုင်နက် ပစ္စယပရိဂ္ဂဟဉာဏ် ကိုရတယ်၊ ဟုတ်တယ်မလား ။
မြင်သိစိတ်သည် သူ့ဟာသူပေါ်လာတာလားဆိုတော့ မဟုတ်ဘူး။
မျက်စိနဲ့ အဆင်း ဆုံလို့ပေါ်တာ။

စည်ကိုလက်နဲ့တီးလိုက်တဲ့အခါမှာ စည်နဲ့ လက်နဲ့ ထိသွားလို့ စည်သံထွက်လာတာ ၊
စည် မျက်နှာပြင်ချည်းပဲထားရင်လည်း အသံမထွက်ဘူး၊ လက်ချည်းပဲထားရင်လည်း အသံမထွက်ဘူး ။
နှစ်ခုပေါင်းလိုတာလိုက်တဲ့ အခိုက်လေးမှာ အသံထွက်တယ်။
အဲ့ဒါလိုပဲ မြင်သိစိတ်တွေက မျက်စိနဲ့ အဆင်းဆုံလိုက်တဲ့အခိုက်တွေမှာ ဖြစ်တယ်။
ပြီးရင် ပျောက်သွားတယ်။

စိတ်ဆိုတာလည်း တစ်ခဏလေးပဲ ဖြစ်တယ်၊
ဖဿလည်း ထို့အတူပဲ၊ ဝေဒနာလည်း ထို့အတူပဲ။
အဲ့တော့ မြင်တဲ့ အခိုက်အတန့်မှာ ဒီ ၅-မျိုးကို သတိထား။
နားက ကြားပြီဆိုလို့ရှိရင်လည်း နားရယ် အသံရယ်၊ ကြားသိစိတ်ရယ်၊ ဖဿရယ် ၊ ဝေဒနာရယ် ဒီ ၅-ခုပဲနော်၊ ဒါက သုတေသုတမတ္တံ။

သို့သော် ဘုန်းကြီးတို့တတွေက ငါကြားလိုက်
တယ်၊ ကြားတဲ့ပေါ်မှာလည်း ငါကြားတယ်။
အသံကျတော့လည်း ဒါခွေးဟောင်သံ, ဒါဘာသံညာသံနဲ့ ပြောကြတယ်၊ ဟုတ်တယ်မလား။
အဲ့တော့ အသံကိုလည်း သူက လိုက်ပြီးတော့ သတ်မှတ်လိုက်တယ်။
အဲ့တော့ အသံကို အသံလို့ပဲ ထားလိုက်လို့ရှိရင် ဘာသံညာသံမခွဲတော့ဘူးနော် ။
အဲ့တော့ ကြားတယ်ဆိုတာ "ငါ"ကြားတာလည်း မဟုတ်ဘူး။ ဒီ ၅-ခု ဖြစ်တာပဲ။

အဲ့တော့ ကော်ဖီသောက်ပြီဆိုလို့ရှိရင် သဘာဝတရား ဘယ်နှစ်ခုဖြစ်လဲ?
ကော်ဖီပဲပြောကြပါစို့။
အစာစားရင်လည်း ဒီအတိုင်းပဲနော်။

သေချာစဉ်းစားကြည့်ရင် ကော်ဖီသောက်တော့မယ်, ကော်ဖီလေးဖျော်နေတုန်း ကော်ဖီသောက်တော့မယ်ဆိုရင် ဘယ်ဟာက အရင်ဖြစ်သလဲ?
အနံ့က အရင်ဖြစ်တယ် ဟုတ်လား။
အဲ့ဒီအနံ့က နှာခေါင်းက တိုက်တဲ့အခါကျတော့ အနံ့သိတဲ့စိတ် ဖြစ်တယ်။
ပြီးတဲ့အခါ ပါးစပ်ထဲထည့်တဲ့ ဝေဒနာဖြစ်တယ်၊
ဒါပါးစပ်ထဲ မရောက်သေးဘူးနော်၊
အနံ့သိပြီးတော့ တရားသဘော ဖြစ်လာတယ်။

နောက်တခါ ကော်ဖီကို ပါးစပ်ထဲ ထည့်ပြီးတော့ တစ်ကျိုက်လောက် သောက်လိုက်တယ်ဆိုရင် ဘာဖြစ်မလဲ?
ပူတာ အေးတာ အထိအတွေ့ကို သိတာဖြစ်တော့ ပူတယ်အေးတယ်လို့သိတာက အဲ့ဒါ ကာယပဿဒနဲ့ ဖောဋ္ဌဗ္ဗရုံနဲ့ ဆုံတာဖြစ်တယ်၊
ပြီးတော့မှသာ.ဒီဖြစ်စဉ်ဖြစ်တာ။

ဟော နံသိစိတ်ဖြစ်တာက ဒီ ၅-ခု၊
ထိသိစိတ်ဖြစ််တာက ၅-ခု။
၁၀-ခုဖြစ်သွားပြီနော်။

သောက်လိုက်ပြီဆိုတော့မှ
ဟာ ကော်ဖီတွေက ခါးလိုက်တာ သို့မဟုတ် ကော်ဖီတွေက စိမ့်တယ်, ကော်ဖီက ချိုတယ်ဆိုတာ လာတယ်၊
အဲဒါကျ ဘာတုန်း?
ဇိဝှာပဿာဒရယ် အရသာရယ် ,,,
အဲတော့ အရသာသိတဲ့စိတ်ရယ် ဖဿရယ် ဝေဒနာရယ်။
အဲဒါ ဝိပဿနာတရားဆိုတာ ရိုးရိုးရှင်းရှင်းလေး၊ ဒါတွေမသိဘဲ လုပ်နေလို့ သိအောင် လုပ်ရမယ်၊
အဲဒီက ၅-ခုဖြစ်တယ်၊ ဖြစ်မသွားဘူးလား?

အဲ့တော့ ၅-ခု ပေါင်းလိုက်တဲ့အခါ ကော်ဖီသောက်တဲ့အခါ သဘာဝတရားက ဘယ်နှစ်ခုဖြစ်သွားလဲ၊ ၁၅-ခုဖြစ်သွားတယ်။
အဲဒါကို "မုတေမုတမတ္တံ"လို့ မြတ်စွာဘုရားဟောတာ "မုတ" လို့ဟောလိုက်တာ တလုံးတည်းနဲ့ ၊
နံသိ အရသာသိ ထိသိ သုံးမျိုး၊
မျက်စိမြင်တာကျတော့ "ဒိဌေဒိဌမတ္တံ"၊
နားက ကြားတာကျတော့ "သုတေသုတမတ္တံ"။

ခုနက အစားစားတာရယ် နောက်ပြီး အဲဒါနဲ့ပတ်သတ်တဲ့အခါကျတော့ "မုတေမုတမတ္တံ" အနံ့ရယ် အရသာရယ် အထိအတွေ့ရယ် အဲဒီ ၃-ခုပေါ့။

အဲ့တော့ စားတိုင်းစားတိုင်းမှာ ဒီတရားတွေ ဖြစ်တယ်လို့ စိတ်ထဲမှာ သေချာ ကွဲကွဲပြားပြားသိအောင်လုပ်ဖို့ လှုံ့ဆော်ထားတယ်။
ဒါတွေဖြစ်တယ်ဆိုတာ ပထမသိထားရမှာ၊ သိထားပြီးတော့ ကိုယ့်ဉာဏ်ထဲမှာ တွေ့အောင်ရှာ ဟုတ်တာမဟုတ်တာကို တွေ့အောင်ရှာနော်။

ခုကိုယ့်ကိုယ်ကို စဉ်းစားကြည့်ရင် ကော်ဖီသောက်ပြီဆိုရင် အနံ့က အရင်သိတယ်ဆိုရင် ဒါသိတာပဲ၊
ပြီးတော့မှ ပူတယ်အေးတယ် သိတယ်၊
အဲဒါတွေက ဇိဝှာ လျှာ နဲ့ မဆိုင်သေးဘူးနော်၊
အနံ့သိတာက ဃာနနဲ့ နှာခေါင်းနဲ့ဆိုင်တယ်။
ပူတယ်အေးတယ်သိတာက ကာယနဲ့ဆိုင်တယ်။
ပြီးတော့မှ ချိုတယ်ခါးတယ်သိတာက ဇိဝှာပဿာဒ နဲ့ဆိုင်တယ်။
အဲ့ဒါကို ဘုရားက "မုတေမုတမတ္တံ"လို့ ခေါ်
လိုက်တာနော်။

ဖြစ်စဉ်နဲ့ ပြောမယ်ဆိုရင် ပထမ၊
ကျန်တဲ့အစာတွေ စားလည်း ဒီတိုင်းပါပဲ၊ဟင်းရည်သောက်တယ်ဆိုရင် ဟင်းရဲ့အနံ့က အရင်သိတာပဲ၊
အနံ့ကအရင်သိတာ ဟုတ်တယ်မလား?
အဲ့တော့ စားတော့မယ်ဆို အနံ့ကအရင်သိတာ ဒူးရင်းသီးတို့ဆို ပိုမဆိုးဘူးလား?
ဒူးရင်းသီးအနံ့က အရင်ရတယ်၊ ပြီးတော့မှ ထိတယ် ပြီးတော့မှ အရသာ။

တရား ၁၅-မျိုး ဖြစ်တယ်။
နောက် စိတ်ထဲဖြစ်တာရော၊
မနဆိုတဲ့ ဘဝင်စိတ်နဲ့ အာဝဇ္ဇန်းရယ် စိတ်ကူးတဲ့အာရုံရယ် ပေါင်းစပ်လိုက်တဲ့အခါမှာ တွေးသိစိတ် ဖြစ်တယ်၊ ဖဿဖြစ်တယ်၊ ဝေဒနာဖြစ်တယ် ဒီ ၅-ခုဖြစ်လာတယ်။
ဒါကတော့ ဒီမျက်စိ၊ နား၊ နှာ၊ လျှာ၊ ကာယ မပါဘဲနဲ့ သက်သက်တွေးနေတာနော်။

"ဆဆက္ကသုတ်"ဆိုတာ ဝိပသနာရှုဖို့ ဟောကြားတဲ့သုတ်။
အဲ့တော့ မျက်စိကမြင်တိုင်း မြင်တိုင်း၊
နားက ကြားတိုင်း ကြားတိုင်း၊
အနံ့ရယ် အရသာရယ် အထိအတွေ့ရယ် ကြုံတိုင်း ကြုံတိုင်း၊
အစာ စားတိုင်း စားတိုင်း ၊
နောက်တခါ စိတ်ကူးတိုင်း စိတ်ကူးတိုင်း အားလုံးပေါင်းလိုက်တဲ့အခါမှာ တရား ၃၀။

အဲ့ဒါကို သိပြီဆိုရင် ဘယ်လိုသိရမတုန်းဆို ဒီတရား ၃၀-ဖြစ်တာပဲ ရှိမယ်။
အဲဒီထဲမယ် ငါသိတာ ငါကြားတာ ငါမြင်တာ ငါအနံ့ရတာ မဟုတ်ဘူး၊ ငါတွေးတာလည်း မဟုတ်ဘူး၊ ဒီသဘာဝတရားတွေ ဖြစ်ခြင်းမျှသာ ဖြစ်တယ်၊ ဒီထဲမှာ ငါဆိုတာ မပါတော့ဘူး ငါဆိုတာ သတ္တဝါကိုပြောတာနော်၊ ငါဆိုတာမပါဘူး။ ပြုလုပ်တာလည်းမရှိဘူး ဒီ ၅-ခုပေါင်းစပ်တာပဲလေ၊
ဘယ်သူလုပ်တာတုန်း?
သူတို့ပဲ၊ အဲ့တော့ ငါလုပ်တာ မရှိဘူးနော်။

ငါလုပ်တာမရှိဘူးဆိုတာ ကြည့်၊
Covid တုန်းက အနံ့ပျောက်နေတဲ့သူက နှာခေါင်းက ရှုလို့ရသေးလား၊ မရတော့ဘူး။
အဲ့တော့ ငါမှမဟုတ်တာ၊ သူ့သဘာဝတရားတွေဖြစ်တာပဲလေ။ သဘာဝတရားသက်သက်ဖြစ်နေတာ။
အဲဒါတွေကို ဆင်ခြင်ပြီးတော့ ဝိပဿနာရှုတယ်ဆိုတာ contemplation ဆိုတာ "သတိရယ် သမ္ပဇဉ်ရယ်" အဲ့နှစ်ခုနဲ့ ကြည့်တာနော်။

"သတိ သမ္ပဇဉ်"က သိအောင်ကြိုးစားတာက သမ္မာဝါယာမ။
ဒီအာရုံနဲ့ စိတ်ကို ဒဲ့ဆုံပေးနေတာက သတိ၊
အမှန် သိတာက ပညာ။

အဲတော့ ကြိုးစားတာက သမ္မာဝါယာမ၊
အာရုံနဲ့ဆိုင်ပြီး စိတ်နဲ့ ဒဲ့ဆုံပေးနေတာ သမ္မာသတိ၊
အမှန်သိတာက သမ္မာဒိဌိ။
ဒီ ၃-ခုက အလုပ်လုပ်နေတာ။

ဒီ ၃-ခုပဲ အလုပ်လုပ်နေတာ, ဒါဖြင့် သမာဓိတို့ စိတ်ကူးနေတာတွေ မပါဘူးလာဆိုတော့ ပါတယ်။ တစ်ခုက ဦးဆောင်နေရင် နောက်ကဟာတွေက ပါလာတယ်။ တကယ်ထင်ရှားတာ ဒီ ၃-ခုလို့ မှတ်ထား၊ အလုပ်လုပ်တာ မဂ္ဂင်ရှစ်ပါးထဲက ဒီ ၃ ခုက အဓိက လုပ်တာ။

မဂ္ဂင်ရှစ်ပါးထဲမှာ ဒီသမ္မာဒိဌိ၊ သမ္မာသင်္က္ကပ၊ သမ္မာဝါယာမ၊ သမ္မာသတိ၊ သမ္မာသမာဓိ ဒီ ၅-ခုပဲ။
အဲ့ဒါကို အလုပ်လုပ်တဲ့ မဂ္ဂင် ၅-ပါးလို့ခေါ်တယ်။

သမ္မာဝါစာ သမ္မာကမ္မန္တ သမ္မာအာဇီဝတို့က သီလပိုင်း၊သူတို့က support လုပ်ပေးတာ၊ အခြေခံလုပ်ပေးတာဖြစ်တယ်၊ ဒီထဲမယ် သူတို့ပါဝင်လုပ်ပေးတာ မရှိဘူး။
လုပ်နေတာ ဒီ ၅-ခုပဲ။
အဲဒီ ၅- ခုက ဝိပသနာရှုနေတယ်လို့ ပြောတာ၊ ဝိပဿနာရှုတယ်ဆိုတာ "ငါ"ရှုတာ မဟုတ်ဘူး၊
ဒီ ၅-ခု ဖြစ်တာ။
အဲဒီ၅-ခုမဖြစ်ဘဲနဲ့ ငါရှုနေတယ်ဆိုရင် ဝိပဿနာ မဟုတ်တော့ဘူး။
"ငါ" တရား အားထုတ်နေတယ်ဆိုရင် ဝိပဿနာ မဟုတ်တော့ဘူး။
သတ္တဝါက အားထုတ်တာ မဟုတ်ဘူး။
ဒီ ၅- ခုက အားထုတ်တာ၊ ဒီတရား ၅-ခု ဖြစ်လာခြင်းသာ ဖြစ်တယ်။
အဲဒီထဲမှာ သတ္တဝါဆိုတာ လုံးဝ မပါဘူး။
သေချာအောင် ကိုယ့်ကိုကိုယ်စစ်ဆေးကြည့်ရှု့နေတာ အဲ့ဒါကို တရားအားထုတ်နေတယ်လို့ခေါ်
တယ်။
မသေချာသေးရင် ထပ်ကြည့်၊ သေချာပြီဆိုအောင်ကြည့်။
ဒီထဲမှာ သတ္တဝါပျောက်သွားပါစေ၊ ဒီ တရား ၅- မျိုးက လွဲပြီး သတ္တဝါဆိုတာ မရှိဘူး။

အဲ့ဒါ မြင်အောင်ကြည့်မှ ဝိပဿနာရဲ့အခြေခံ ဖြစ်မယ်နော်။
ဒါမှ ဝိပဿနာရဲ့ foundation လို့ခေါ်တာ၊
အဲ့တာက "နာမရူပပရိစ္ဆေဒဉာဏ်နဲ့ ပစ္စယပရိဂ္ဂဟဉာဏ်" ဒီဉာဏ်နှစ်ခုပဲရှိမယ်။

နောက်ပြီးတော့မှ တဆင့်တက်တဲ့အခါကျတော့ အဲ့ဒီ မျက်စိ အဆင်း စက္ခုဝိဉာဏ်စိတ်၊
မျက်စိကလည်း မမြဲဘူး၊
အဆင်းကလည်း မမြဲဘူး၊
မမြဲတာ ၂- ခုကြောင့်ပေါက်ဖွားလာတဲ့ မြင်
သိစိတ်တွေကလည်း မမြဲဘူး၊
မမြဲတဲ့ စက္ခုဝိညာဏ်စိတ်ကို အကြောင်းပြုပြီး
ပေါ်လာတဲ့ ဖဿကလည်း မမြဲဘူး။
ဖဿ မမြဲရင် ဖဿကြောင့်ဖြစ်တဲ့ ဝေဒနာကလည်း မမြဲဘူး။

ဥပမာ ဘာနဲ့တူတုန်းဆိုတော့ သေတတ်တဲ့အမေက မွေးတဲ့ဟာ သေမှာပဲ။
ကိုယ့်ရဲ့အမေ အဖေကိုက သေရမှာ မဟုတ်လား?
အဲ့တော့ ကိုယ်က မမြဲတဲ့အရာကြောင့် ဖြစ်လာတဲ့အရာတစ်ခုသည် ဘယ်မှာမြဲမလဲ?
မမြဲတဲ့အကြောင်းတရားကြောင့် ဖြစ်ပေါ်လာတဲ့ အကျိုးတရားဟာ ဘယ်မှာ မြဲပါ့မလဲတဲ့။
ရှင်းရှင်းလေး တွေးခိုင်းထားတာ၊ ဒါ စဉ်းစားကြည့်လိုက် ဒါအသိဉာဏ်ပဲ။

မျက်စိကလည်း မမြဲဘူး၊ အဆင်းကလည်း မမြဲဘူး၊ မမြဲတာတစ်ခုကို အကြောင်းပြုပြီးဖြစ်လာတဲ့ မြင်သိစိတ်ဟာ ဘယ်လိုလုပ် မြဲမှာလဲ?
မြင်သိစိတ်ကြောင့်ဖြစ်လာတဲ့ ဖဿက ဘယ်လိုလုပ်မြဲမှာလဲ?
ဖဿပစ္စယာဝေဒနာ ဖဿကြောင့်ဖြစ်လာတဲ့ ဝေဒနာ ဘယ်လိုလုပ်မြဲမှာလဲ?
မမြဲဘူးလို့ ဆိုတာကို တဆင့်တက်လာတော့မှ အဲ့ဒါ ဝိပဿနာလမ်းကြောင်းပေါ်ရောက်သွားတာ။

အဲ့ဒီတော့ အရေးကြီးဆုံးက ကမ္မဌာန်းထိုင်နေပြီ ဝိပဿနာတရားထိုင်နေပြီဆိုရင် သမာဓိရဖို့ထက် ဒီတရားတွေကို သိဖို့လိုတယ် ။

ဓာတ်ကမ္မဌာန်းအားထုတ်တယ်ဆိုတာမြတ်စွာဘုရားက နွားသတ်သမားနဲ့ ဥပမာပေးထားတယ် ။
နွားဆိုတဲ့ အမှတ်သညာပျောက်အောင် အားထုတ်ရမှာ၊ ဓာတ်ကြီးလေးပါး အပေါ်မှာပဲ စိတ်ရောက်သွားပြီး နွားပျောက်သွားသလို ခန္ဓာက လူ့ရဲ့ ရုပ်ရည် ပုံသဏ္ဍာန်ပျောက်သွားပြီးတော့ ဓာတ်ကြီးလေးပါးပဲ မြင်နေမှာ၊ အဲ့ဒီကျမှ တရားဖြစ်မှာ။

ဓာတုကမ္မဌာန်းမှာ အဲ့လို ဟောထားတာ မြတ်စွာဘုရားက၊ မဟာသတိပဌာနသုတ်မှာလည်း အဲ့အတိုင်းပဲ။

အဲ့ဒါကြောင့်မို့လို ဝိပသနာတရားအားထုတ်ပြီဆိုလို့ရှိရင် မြင်ခိုက် ကမ္မဌာန်းရှု၊ ကြားခိုက် ကမ္မဌာန်းရှု၊ မြင်နေတဲ့အချိန်မှာ မြင်တာနဲ့ရှု၊ ကြားတဲ့ချိန်မှာ ကြားတာနဲ့ရှု၊ အနံ့ရတဲ့အချိန်မှာ အနံ့ရတာနဲ့ရှု၊ အရသာသိရင် အရသာသိတာနဲ့ရှု။
သူ့နေရာလေးနဲ့သူ ရှုမြင်တယ်နေတာကို မရှုဘဲနဲ့ ကြားတာ သွားရှုမနေနဲ့ ။

ဒီက တစ်ခုသိ၊ နောက် တစ်ခုသိ၊ နောက် တစ်ခုသိမယ်။
အခိုက်တန့်လေးတွေ အခိုက်အတန့်လေးတွေ ဖြစ်ဖြစ်သွားတာကို သိအောင် ရှုတာ၊ အဲဒါ ဝိပဿနာပဲနော်။

အဲဒီကျမှ ဝိပဿနာလမ်းကြောင်းပေါ်ကို ရောက်မယ်။
ပထမက သတ္တဝါဆိုတာ ဖျောက်ရမယ်။
သတ္တဝါဆိုတာမရှိဘူး တရားသက်သက်သာ ဖြစ်
တယ်လို့သိရမယ်။

ဝေဒနာနုပဿနာကို ရှုရင်လည်း ဒီတိုင်းပဲ။
အဲဒါကို ထပ်ချဲ့တဲ့အခါမှာ မြင်သိစိတ်ကို ရှုမယ်ဆိုရင် စိတ္တာနုပဿနာဖြစ်တယ်။
ဖဿကို ရှုမယ်ဆိုရင် သို့မဟုတ် စက္ခုနဲ့အဆင်းအာရုံကို ရှုမယ်ဆိုလို့ရှိရင် ဓမ္မာနုပဿနာ ဖြစ်မယ်။
ဝေဒနာကို ရှုရင် ဝေဒနာနုပဿနာဖြစ်မယ်။

ထပ်ခွဲထားတာ ဘုရားက၊ အားလုံးက ဒါပဲ၊ ဒီထဲကပဲ။
သတိပဌာန်တရား ၄- ပါးက ဒီထဲက ကိုယ့်ဘယ်ကို အာရုံစိုက်တာလဲ?
ဝေဒနာကို အာရုံစိုက်ပြီဆိုရင် ဒီ ၅-ခုထဲက ဝေဒနာကို အာရုံစိုက်တာပဲနော်၊ ထပ်ခွဲတာ။

အဲတော့ ဝိပဿနာတရားအားထုတ်ပြီဆိုလို့ရှိရင် အဓိကအချက်ကတော့ သတ္တသညာလို့ခေါ်တဲ့ သတ္တဝါဆိုတဲ့ အထင်ကြီးကို ပျောက်အောင် အရင်ဖျောက်ပါ။
တရားပဲတွေ့အောင် မြင်ကြည့်ပါ။
ကြည့်ပြီးတော့မှ မမြဲတဲ့သဘောကို ဆင်ခြင်သုံးသပ်ပါ။
အဲဒါတွေကို မှတ်ထားရင် ဒါ လမ်းကြောင်းပေါ်ရောက်သွားမှာ။
နောက်ဉာဏ်စဉ် အဆင့်ဆင့် တက်တာက သူ့ဘာသူ တက်သွားမှာ။
အဲဒါကြောင့်မို့ မြတ်စွာဘုရားဟောကြားတဲ့တရားကို မှတ်သားပြီး ကြိုးစားလိုက်နာကြပါစေကုန်သတည်း။

ပါ မောက္ခချုပ်ဆရာတော်ကြီး🙏🙏🙏

ပတ္တိဒါနပြန်လည်မျှဝေပါသည်။
ဤpage.မှ တင်သမျှမည်သူမဆိုကူးယူမျှဝေနိုင်ပါသည်။

#ကောင်းမှုတစ်ခုနေ့စဉ်ပြု
#ကမ္ဘာသူကမ္ဘာသားအားလုံးကိုဂါရဝပြုလိုက်ပါတယ်



ที่อยู่

Amphoe Na Kae

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Ba Wa Chooผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์

ประเภท