Let's Learn & Share English

Let's Learn & Share English Let's Learn and Grow
I am just an english learner

Hello Good morning Kha🙋‍♀️    " Home vs House "Home👉 The place where you live or the location that you feel you belong. ...
12/02/2024

Hello Good morning Kha🙋‍♀️

" Home vs House "

Home👉 The place where you live or the location that you feel you belong.
➡️Homeဆိုကိုယ်နေထိုင်နေတဲ့နေရာ(အထူးသဖြင့်မိသားစုနဲ့နေတဲ့နေရာ) or ကိုယ်လက်ရှိနေနေတဲ့ apartment က်ိုပြောချင်ရင်လည်းညွန်းလ်ို့ရတယ်။ကိုယ့်မွေးရပ်မြေဒေသကိုလည်းရည်ညွန်းပြောဆ်ိုလို့ရတယ်။

Eg. 1. We all know that education starts at home.
➡️ ပညာရေးကအိမ်မှာစတင်တယ်ဆိုတာကျွန်ုပ်တို့အားလုံးသိကြတယ်လေ။
ခုပြောလိုက်တဲ့ home ကလူတွေအဲမှာပဲနေထိုင်ပြီးကြီးပြင်းလာတဲ့နေရာကိုပြောချင်တာ။

House👉 A building in which someone lives , is still a house even if there is no one living inside the building.
➡️House က လူတွေနေထိုင်လို့ရတဲ့အဆောက်အအုံကိုပြောချင်တာ , ဥပမာအဲဒီအ‌‌ေဆာက်အအုံထဲမှာဘယ်သူမှမရှိရင်တောင်house လို့ပြောလို့ရတယ်။

Eg. 2. I will earn a lot of money and buy a large house for my parent.
➡️ငါပိုက်ဆံအများကြီးရှာပြီးမိဘတွေအတွက်အိမ်အကြီးကြီးတစ်လုံးဝယ်ပေးမယ်။

အောက်ကပုံနဲ့တွဲကြည့်ရင်ရှင်းရှင်းလင်းလင်းသိသွားလိမ့်မယ်ရှင့်

Hello 🙋‍♀️ Good evening Kha 🤗let's learn the difference between "Past Participle - ed" and Present Participle - ing" as ...
11/02/2024

Hello 🙋‍♀️ Good evening Kha 🤗

let's learn the difference between "Past Participle - ed" and Present Participle - ing" as adjectives

ဒီနေ့မှာတော့ " ed " နဲ့ဆုံးတဲ့Adjectivesနဲ့ " ing " နဲ့ဆုံးတဲ့Adjectivesများကွဲပြားပုံကိုအရိုးရှင်းဆုံးနည်းနဲ့တူတူလေ့လာကြရအောင်ရှင်💁‍♀

* ed — use to describe how people feel *
➡️ "ed " ကိုကျတော့လူတွေကိုယ်တိုင်တစ်ခုခုကိုခံစားနေရတဲ့အခါမှာသုံးတယ်။ဥပမာ ကိုယ်ရင်ခုန်တာ / ပျင်းတာ/ အံ့သြတာ စသဖြင့်ကိုယ်ခံစားနေ ရတဲ့အရာတွေမှာ ed သုံးတယ်။

* ing — use to describe something that causes an emotion
➡️ "ing" ကိုကျတော့စိတ်ခံစားမှုကိုဖြစ်စေတဲ့အခါမှာသုံးတယ်။ ဥပမာ က်ိုယ့်ကိုအာရုံနှောက်စေတဲ့အရာ/ ပျင်းစေတဲ့အရာ/ စိတ်တိုစေတဲ့အရာ စသဖြင့်ကိုယ့်က်ိုခံစားစေတဲ့အရာမှာ ing ကိုသုံးတယ်။

1. Confused ရှုပ်ထွေးသော
This lesson is difficult. I am confused.
➡️ဒီသင်ခန်းစာကခက်တော့ငါရှုပ်ထွေးနေရော။

2. interested စိတ်ဝင်စားသော
I am interested in studying science.
ငါသိပ္ပံဘာသာရပ်လေ့လာရတာစိတ်ဝင်စားတယ်။

3.bored ပျင်းသော
I have nothing to do.I am bored.
➡️ငါဘာမှလုပ်စရာမရှိဘူး ,ငါပျင်းနေတယ်။

( 1,2,3 က ed အသုံးပြုပုံကိုအလွယ်ဆုံးဝါကျတ်ိုလေးနဲ့ရေးပြထားပါတယ်ရှင်

ပြီးတော့edကကိုယ်ခံစားနေရတာကိုပြောချင်တဲ့အခါမှာသုံးပါတယ် )

4. Confusing ရှုပ်ထွေးသော
The lecture is very confusing . I don't get it.
➡️ဒီသင်ခန်းစာကအရမ်းရှုပ်ထွေးတယ်၊ငါနားကိုမလည်ဘူး။

5.interesting စိတ်ဝင်စားသော
The movie was interesting. I want to watch it again.
➡️ဇာတ်ကားကအရမ်းစိတ်ဝင်စားဖို့ကောင်းတယ်၊ငါနောက်တဖန်ပြန်ကြည့်ချင်သေးတယ်။

6.boring ပျင်းစရာကောင်းသော
Listening to the news is really boring for me.
သတင်းနားထောင်ခြင်းကငါ့အတွက်တကယ်ပျင်းစရာကောင်းတယ်။

(4,5,6 က ing အသုံးလေးတွေကိုအရိုးရှင်းဆုံး simple sentences တွေနဲ့သုံးပြထားပါတယ် ပြီးတော့ ing ကက်ိုယ့်ကိုခံစားစေတဲ့အရာတွေကိုပြောချင်တဲ့အခါမှားပါတယ်)

အောက်ကပုံလေးကိုကြည့်ရင်ရှင်းရှင်းလင်းလင်းနားလည်သွားပါလိမ့်မည်။

Hello 🤗 Good evening kha🙋‍♀️ဒီနေ့မှာတော့ "used to" အသုံးပြုလေးတွေလေ့လာကြရအောင်ရှင့်💁‍♀️တစ်ချ်ို့က "used to" က်ို "usuall...
05/02/2024

Hello 🤗 Good evening kha🙋‍♀️

ဒီနေ့မှာတော့ "used to" အသုံးပြုလေးတွေလေ့လာကြရအောင်ရှင့်💁‍♀️

တစ်ချ်ို့က "used to" က်ို "usually" ပုံစံနဲ့မှားသုံးကြတာရှိတယ်။

တကယ်တော့ used to ကကိုယ်အတိတ်မှာခဏခဏလုပ်ဖြစ်တဲ့အကျင့်ကိုပြောချင်တာပါ ✅ယခုလက်ရှိနဲ့မဆိုင်ပါဘူး❌

Ex..1. I used to watch korean movies until midnight. 🥱

👉ငါအရင်တုန်းကကိုးရီးကားများကိုသန်းခေါင်ယံထိကြည့်လေ့ရှိတယ်။ အခုလက်ရှိမကြည့်ဖြစ်တော့ဘူးဆိုတာကိုပြောချင်တာ။

2. I used to talk to him all night on the phone.🤭🙈

👉ငါအရင်တုန်းကသူနဲ့ညလုံးပေါက်ဖုန်းပြောလေ့ရှိတယ်။အခုတော့ပြောစရာလူမရှိတော့ဘူးပေါ့🥴

Used to နဲ့ Usually ကွဲပြားပုံကိုအောက်ကပုံက်ိုကြည့်ရင်ရှင်းရှင်းလင်းလင်းသိသွားပါလိမ့်မယ်ရှင်💁‍♀️🥰

04/02/2024

Hello Good evening kha💁
" ကြွားဝါ " တာကိုပြောလို့ရမယ့် Vocabulary (3) လေးကိုတစ်ခါတည်းမှတ်မိသွားအောင် ကိုယ့် eg.sentence နဲ့လိုက်ပြောကြည့်ကြနော်

1. Brag
Eg.Don't brag!
➡မကြွားပါနဲ့😎

2.Boast
Eg. I don't wanna boast , but actually he care me all the time.

➡ငါမကြွားချင်လို့ 😇, တကယ်တော့သူငါ့ကိုတစ်ချိန်လုံးဂရုစိုက်နေတာ🙈

3. Show off ထုတ်ပြတာ/ဝတ်ပြတာ/ထုတ်ကြွားတာ
Eg.I am going to wear sexy dress in party night because I wanna show of my body outline.

➡ပါတီညမှာငါsexy dress ဝတ်သွားမယ်ဘာလို့လဲဆိုတော့ငါ့ရဲ့body ကောက်ကြောင်းလေးငါထုတ်ပြချင်လို့💃

4. Talk big လဲလေကြီးမိုးကြီးနဲ့ကြွားတာတစ်မျိုးပဲ
Eg.She talks big,but actually can do nothing properly.

➡သူမကလေကြီးပဲ တကယ့်တကယ်သူဘာမှမယ်မယ်ရရလုပ်မတတ်ဘူး။
4.2.2024

04/02/2024

Hello🤗Good evening kha😊

ဒီနေ့မှာတော့ Will နဲ့ going to ဘယ်လိုကွာခြားလဲ / ဘယ်လိုအချိန်မှာအသုံးပြုလဲဆိုတာ example sentences တွေနဲ့လေ့လာကြရအောင်💁
Will နဲ့ going to နောက်မှာအမြဲ base form verbပဲလိုက်ပါတယ်နော်။

" Will " -Future plan, we make a decision when we talk at the moment .

➡will ကိုအနာဂါတ်မှာကိုယ်လုပ်မယ့်အရာ,butကိုယ်စကားပြောနေတဲ့အချိန်မှာပဲဆုံးဖြတ်ချက်ချလိုက်တဲ့အခါမှာwillကို သုံးတယ်။

Eg.I will explain you how to solve this problem.

➡ ဒီပြသနာဘယ်လိုဖြေရှင်းရမလဲဆိုတာကိုငါမင်းကိုရှင်းပြမယ်။

"going to " - future plan, we have already decided to do when we talk.

➡going to လည်းအနာဂါတ်မှာကိုလုပ်မယ့်အရာကိုပြောတာပဲ ဒါပေမယ့်သူကကြတော့ကိုယ်မပြောလိုက်ခင်မှာလုပ်မယ်(or)မလုပ်ဘူး လို့ဆုံးထားပြီးတဲ့အချိန်မှာ going to ကိုသုံးတယ်။

*before going to you must put verb to be*
Eg. I am going to move to Thailand.

➡ငါထိုင်းသို့ရွေ့ပြောင်းတော့မယ်။going toကိုသုံးလိုက်တဲ့အတွက်တော့သူသွားမယ်လို့ဆုံးဖြတ်ထားပြီးသား။

*ကိုယ်ကတစ်ခုခုကိုသေသေချာချာလုပ်မယ်လို့ဆုံးဖြတ်ထားပြီးရင် going to ကိုသုံရမှာဖြစ်ပါတယ်။
4.2.2024

29/01/2024

Hello🤗
မအိပ်သေးခင် အတုအယောင်တွေနဲ့ပတ်သက်တဲ့English Vocabulary လေးတွေလေ့လာသွားအုံးနော်.
ဉပမာစာကြောင်းတွေကိုကြည့်ပြီးတစ်ခါတည်းမှတ်မိသွားအောင်ကိုယ့်own sentenceနဲ့တည်ဆောက်ကြည့်​နော်😊So let's start💁👇

1. Forge (v) ➡ အတုလုပ်သည်
Forgery (n) ➡ အတု
Eg. The manager forged his boss's signature.
မန်နေဂျာတစ်ယောက်သည်သူ့အလုပ်ရှင်ရဲ့လက်မှတ်ကိုအတုထိုးသည်။
Eg. This perfume is not really by original.It is forgery.
ဒီရေမွေးကမူးရင်းကနေလာတာမဟုတ်ဘူး။အဲတာအတုပဲ။

2. Fraud (n) ➡ အတု/အလိမ်အညာ
Eg. She says she is a psychologist but I think she's fraud.
သူမဟာစိတ်ပညာရှင်တစ်ယောက်ပါတဲ့ဒါပေမယ့်ငါတော့စိတ်ပညာရှင်အတုပဲလို့ထင်တယ်။

3. False. (adj) ➡ အတုဖြစ်သော
Eg. DVB don't release false information.
DVBကသတင်းအမှားတွေမထုတ်ပြန်ဘူး။

4. bogus (adj) ➡ အတုဖြစ်သော
Eg. The information on these research papers are false because they are bogus researcher.
➡ ဒီသုတေသနစာတမ်းရဲ့အချက်အလက်တွေကမမှန်ကန်ဘူးဘာကြောင့်လဲဆိုတော့သူတို့ကသုတေသနပြုလုပ်သူအတုတွေဖြစ်ပါတယ်။

5. Counterfeit. (adj) ➡ အတုဖြစ်သော
Eg. Are you aware these notes are Counterfeit.
ဒီငွေစက်ကူတွေကအတုတွေဆိုတာသင်သိရဲ့လား။
29.1.2024

27/01/2024

Hello 🤗
Be နဲ့စတဲ့အလွယ်ဆုံးနှစ်လုံးတွဲစကားလုံး(10)ကိုတစ်ခါတည်းမှတ်မိသွားအောင်လိုက်ပြောကြည့်နော်💁👇

1. Be happy! ➡ ပျော်ပျော်နေပါ။

2. Be good! ➡ လိမ်လိမ်မာမာနေ။

3. Be polite! ➡ ယဉ်ကျေးပါ။

4. Be on time! ➡ အချိန်မှန်ပါစေ။

5. Be brave! ➡ သတ်တိရှိစမ်းပါ။

6. Be careful! ➡ သတိထား။

7. Be patient! ➡ စိတ်ရှည်ရှည်ထားပါ။

8. Be educated! ➡ ပညါတတ်ပါ။

9. Be punctual! ➡ အချိန်မှန်ပါစေ။

10. Be successful!➡ အောင်မြင်နေပါ။
27.1.2024

27/01/2024

Hello🤗Good evening Kha💁
ဒီနေ့မှာတော့ ""တမင်သက်သက်လုပ်တာ/ရည်ရွယ်ချက်ချက်ရှိရှိစော်ကားတာ""တွေနဲ့ပတ်သက်ပြီး ပြောလို့ရမယ့်စကားလုံး(3)လုံးလေးကိုမျှဝေပေးချင်ပါတယ်ရှင့် So Let's start💁👇

1. On purpose တမင် (or) ရည်ရွယ်ချက်ရှိရှိ
Eg. It was an accident , I did not do it on purpose.
မတော်တဆ ဖြစ်တာပါ။ငါတမင်လုပ်ခဲ့တာမဟုတ်ဘူး။

2. Intentional ရည်ရွယ်ချက်ရှိရှိလုပ်သော
Eg. I would never intentionally hurt your feeling.
မင်းစိတ်ထိခိုက်သွားအောင်တမင်သက်သက်ငါဘယ်တော့မှလုပ်မှာမဟုတ်ဘူး။

3. Deliberate တမင်သက်သက်လုပ်သော
Eg. That was deliberate insult.
အဲဒါတမင်သက်သက်စော်ကားတာ။
27.1.2024

26/01/2024

Hello 🤗 Good evening Kha💁
ဒီနေ့မှာတော့ How နဲ့စတဲ့နှစ်လုံးတွဲစကားလုံးအတိုလေးတွေအတူတူလေ့လာကြစို့💪👇
တစ်ခါတည်းမှတ်မိသွားအောင်ကိုယ့်မျက်နာreactionနဲ့ပါtryကြည့်ကြနော်💁

1. How boring! ➡ပျင်းဖို့ကောင်းလိုက်တာ။😣

2. How disappointing! ➡စိတ်ပျက်ဖို့ကောင်းလိုက်တာ။😏
3. How annoying! ➡ စိတ်တိုဖို့ကောင်းလိုက်တာ။😠

4. How amazing! ➡ အံ့အားသင့်ဖို့ကောင်းလိုက်တာ။😱

5. How exciting! ➡ စိတ်လှုပ်ရှားဖို့ကောင်းလိုက်တာ။😉

6. How interesting! ➡ စိတ်ဝင်စားဖို့ကောင်းလိုက်တာ။🤡

7. How embarrassing!➡ မျက်နာပူဖို့ကောင်းလိုက်တာ။🙈

8. How strange!➡ ထူးဆန်းလိုက်တာ

9.How odd! ➡ ထူးဆန်းလိုက်တာ။
26.1.2024

23/01/2024

Hello🤗
ဒီနေ့မှာတော့ mit နဲ့ဆုံးတဲ့verb(5)လုံးလေးကိုဥပမာစာကြောင်းတွေနဲ့အတူတူလေ့လာကြရအောင်ရှင့်🙆💪👇

🔼admit permit omit submit commit

➡1. Admit ဝန်ခံသည်
Eg. I was wrong. I admit it.
ငါမှားခဲ့ပါတယ်။ ငါဝန်ခံတယ်။

➡2. Submit တင်သွင်းသည်/တင်ပြသည်
Eg. You must submit your application before 31 March.
မတ်ချ်၃၁ရက်မတိုင်ခင်မင်းရဲ့လျှောက်လွှာကိုတင်သွင်းရမည်။

➡3. Permit ခွင့်ပြုသည်
Eg. This visa permit you to stay for 2 weeks.
ဒီဗီဇာကမင်းကို၂ပတ်နေခွင့်ပြုတယ်။

➡4. Commit ကျူးလွန်သည်
Eg. If you commit the murder, you must go to the jail.
မင်းလူသတ်မှုကျူးလွန်ရင်တော့မင်းထောင်ထဲထဲသွားရမယ်။

➡5. omit ချန်လှပ်သည်
Eg.If you are a teacher, you can omit the last question.
မင်ကကျောင်းဆရာတစ်ယောက်ဆိုရင်နောက်ဆုံးမေးခွန်းကိုချန်ထားနိုင်ပါတယ်။
23.1.2024

22/01/2024

Hello🤗
ဒီနေ့မှာတော့နေ့စဉ်ဘဝမှာမသုံးမဖြစ်တဲ့ Adjective လေးတွေကိုဥပမာစာကြောင်းနဲ့တူတူလိုက်မှတ်/ကြရအောင်💪👇

1. Serious အရေးကြီးသော/လေးနက်သော/မျက်နာတည်သော
Eg.Don't laugh; It's a serious matter.
မရယ်နဲ့၊ဒါကအရေးကြီးတဲ့ကိစ္စ။

2. Curious သိလိုစိတ်ရှိသော/ထူးဆန်းသော/စပ်စုသော
Eg.The curious child asked a lot of questions.
သိလိုစိတ်များတဲ့ကလေးကမေးခွန်းများစွာမေးတယ်

3. Hilarious အလွန်ရီရသော
Eg. I thought my jokes were hilarious but no one laughed.
ငါ့ဟာသတွေအလွန်ရီရတယ်လို့ထင်ခဲ့ပေမယ့်ဘယ်သူမှမရီကြဘူး။

4.Various. အမျိုးမျိုးသော
Eg.The bags are available in various colors.
လွယ်အိတ်လေးတွေအရောင်အမျိုးမျိုးနဲ့ရနိုင်ပါတယ်။

5.Furious အလွန်စိတ်ဆိုးသော
Eg. Even though he apologized, I am still furious.
သူတောင်းပန်နေခဲ့သော်လည်း ငါအရမ်းစိတ်ဆိုးနေတုန်းပဲ။
22.1.2024

ที่อยู่

Amphoe Mae Sariang

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Let's Learn & Share Englishผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์

ประเภท