08/05/2026
("သန်းကြွယ်သူဌေးနဲ့ ပေါင်မုန့်သူခိုးမလေး")
Zလမ်းအကျဉ်း
သန်းကြွယ်သူဌေးကြီးတစ်ယောက်ဟာ မိန်းကလေးတစ်ယောက်ကို အဝတ်အစားဝယ်ပေးဖို့ ခေါ်လာခဲ့ပါတယ်။
ဆိုင်ဝန်ထမ်းတွေကတော့ အံ့သြနေကြတာပေါ့။
ဘာလို့လဲဆိုတော့ ဒီဌေးကြီးဟာ အရင်က ဘယ်မိန်းကလေးကိုမှ
အတူခေါ်လာလေ့မရှိလို့ သူမကို ဇနီးသည်လို့တောင်
မှားပြီး ထင်နေကြတာပါ။
ဆိုင်ထဲမှာ ထိုင်နေရင်း
သူက သူမကို အဝတ်အစားတချို့ ရွေးခိုင်းပါတယ်။
ဒါပေမဲ့ သူမ ရွေးပေးသမျှ တစ်ထည်မှ မဝယ်ဘဲ
ငြင်းပယ်နေခဲ့ပါတယ်။
အဲဒီတော့မှ မိန်းကလေးက သဘောပေါက်သွားတာက
ဒီလူဟာ သူမကို သက်သက်မဲ့ အနိုင်ကျင့်ပြီး
နှိပ်စက်ချင်နေတာပဲ ဆိုတာပါပဲ။
တကယ်တော့ သူမဟာ ဒီသူဌေးကြီးရဲ့ အိမ်မှာ အသစ်ခန့်လိုက်တဲ့ ကိုယ်ပိုင်အထိန်းတော် လေးပါ။ အလုပ်ဝင်တဲ့ ပထမဆုံးနေ့မှာတင် သူမကို မြင်မြင်ချင်း သူက မှတ်မိသွားပါတယ်။ သူတို့ငယ်ငယ်တုန်းက သူ့ဆီက ပေါင်မုန့်တစ်လုံး ခိုးစားခဲ့တဲ့ ကောင်မလေး ဖြစ်နေလို့ပါပဲ။ အဲဒီအတွက် ကပ်စေးနည်းပြီး အငြိုးကြီးတဲ့ သူဌေးကြီးဟာ သူမကို လက်စားချေဖို့အတွက် သူ့ရဲ့ ကိုယ်ပိုင်အထိန်းတော်အဖြစ် ခန့်ထားပြီး နည်းမျိုးစုံနဲ့ စမ်းသပ်နှိပ်စက်ပါတော့တယ်။
ဒါပေမဲ့ ဒီမိန်းကလေးကလည်း ခေသူမဟုတ်ပါဘူး။ သူပေးသမျှ အခက်အခဲတွေကို အေးအေးဆေးဆေးပဲ ကျော်ဖြတ်နိုင်ခဲ့ပါတယ်။ သူမ ရောက်လာပြီးတဲ့နောက်မှာတော့ ဒီသူဌေးကြီးရဲ့ ဘဝဟာ သိသိသာသာကြီး ပြောင်းလဲသွားခဲ့ပါတယ်။ ဇိမ်ခံစားသောက်ဆိုင်ကြီးတွေအပြင် "ညစျေး" ဆိုတာ ရှိမှန်း သူမကြောင့် သူ ပထမဆုံးအကြိမ် သိခဲ့ရပါတယ်။
လမ်းဘေးစာတွေကိုလည်း ပထမဆုံးအကြိမ် မြည်းစမ်းကြည့်ရင်း အရသာရှိလှချင်လားဆိုပြီး သဘောကျသွားသလို၊ ကြက်ကျော်ကိုလည်း အရသာတွေ့ပြီး စွဲလန်းသွားခဲ့ပါတယ်။ ဒါတွေဟာ သူ့ဘဝမှာ တစ်ခါမှ မကြုံဖူးသေးတဲ့ အတွေ့အကြုံသစ်တွေပေါ့။
ဒီနေ့မှာတော့ သူက သူမကို ပွဲတက်ညစာစားပွဲတစ်ခုကို အတူခေါ်လာခဲ့ပါတယ်။ သူ့ရဲ့ လက်ထောက်ကတောင် သူဌေးကြီး ပထမဆုံးအကြိမ် အမျိုးသမီးအဖော်နဲ့ ပွဲတက်လာတာကို မြင်ပြီး အံ့သြနေရပါတယ်။ သူ့ရဲ့ မိခင်ဖြစ်သူဆိုရင်လည်း မျက်စိမှားတယ်တောင် ထင်မိတဲ့အထိပါပဲ။ အဲဒါနဲ့ သူဌေးကြီးဆီ ချက်ချင်းဖုန်းဆက်ပြီး အကြောင်းစုံ မေးပါတော့တယ်။
အဲဒီအချိန်မှာ မိန်းကလေးက သူဌေးကြီးရဲ့ လက်ကို တွဲထားရာကနေ ချက်ချင်းပဲ ခါချလိုက်ပါတယ်။ အဲဒီလို အငြင်းခံလိုက်ရတဲ့အတွက် သူဌေးကြီးဟာ စိတ်ထဲမှာ တစ်မျိုးကြီး ဖြစ်သွားပြီး စိတ်ပျက်သွားသလို ခံစားလိုက်ရပါတယ်။ သူဌေးကြီးရဲ့ မိခင်ကတော့ မိန်းကလေးကို မြင်မြင်ချင်း သဘောကျပြီး မရပ်မနား ချီးမွမ်းနေပါတော့တယ်။ သားဖြစ်သူမှာ ရည်းစားရနေမှန်း မသိခဲ့ဘူးလို့လည်း ပြောပါသေးတယ်။ မိန်းကလေးကတော့ "မဟုတ်ပါဘူး... ကျွန်မတို့က ငယ်သူငယ်ချင်းတွေပါ" လို့ အတင်းရှင်းပြတာပေါ့။ အဲဒီတော့မှ အမေဖြစ်သူက သေချာကြည့်ပြီး သူမကို မှတ်မိသွားကာ စကားပြောဖို့ ဘေးကို ခေါ်သွားပါတော့တယ်။
ခဏနေလို့ သူဌေးကြီးက မိန်းကလေးကို ပြန်ရှာတဲ့အခါမှာတော့ သူမဟာ ဝိုင်တွေကို အချိုရည်အမှတ်နဲ့ တော်တော်များများ သောက်မိသွားတာကို တွေ့လိုက်ရပါတယ်။ မကြာခင်မှာပဲ သူမဟာ မူးသွားပါတော့တယ်။ အမျိုးသားဟာ သူမကို ပွေ့ချီပြီး ကားဆီကို ပြန်ခေါ်လာခဲ့ပါတယ်။ သူတို့နှစ်ယောက်ကြားမှာ ဘယ်လိုအချစ်ဇာတ်လမ်းလေးတွေ ဆက်ဖြစ်လာဦးမှာလဲ...။