01/07/2026
#ရှက်တတ်ဖို့ဆိုတာ ဉာဏ်ရည်မှီဖို့လိုမယ်...
လောက်ကမှာ ရှက်တတ်ဖို့၊ လူကျင့်ဝတ် သိတတ်
ဖို့ ဆိုတာတွေက အသိအဉာဏ်ရှိဖို့ လိုသေးတယ်။
ဉာဏ်ရည်မြင့်မှသာ ဘယ်အရာက ရှက်စရာ၊ ဘယ်
အရာက ရှက်စရာမဟုတ်ဘူးဆိုတာကို သိနိုင်တာ။
လူတစ်ယောက်ဖြစ်နေရင် ဘယ်အရာကို
ထိန်းသိမ်းရမလဲ၊ ဘယ်အရာက မလုပ်သင့်ဘူး
လဲ၊ ဘယ်လိုအပြုအမူက သိက္ခာရှိတာလဲ၊ ဘယ်လို
အပြုအမူတွေက သိက္ခာမရှိတာလဲ ဆိုတာကို
ခွဲခြားပြီးသိမှ၊ ဆင်ခြင်တတ်မှာ။
ဉာဏ်ရည်နိမ့်တဲ့ လူတွေက မရှက်တတ်ဘူး။
အရှက်တရားဆိုတာ ဘာမှန်မသိကြဘူး။ လူမူ
ပတ်ဝန်းကျင်ဆိုတာ နားမလည်ကြဘူး။ သူတို့
တစ်ယောက်တည်း အဆင်ပြေဖို့နဲ့ စိတ်ချမ်းသာဖို့ပဲ
သိကြတယ်။
ဒါကို "မရှက်တတ်ဘူးလား ၊ မရှက်ဘူးလား၊
သိက္ခာမရှိတဲ့လူ" လို့ သွားမေးနေလို့၊ သွားပြောနေ
လို့ အလကားပဲ။ "အဲဒါ ရှက်စရာမို့လိုလား၊ ဘာ
ကြောင့်ရှက်ရမှာလဲ" လို့ပဲ သူတို့က ပြန်ပြောကြ
မှာ။
ဉာဏ်ရည်နိမ့်လို့ မရှက်တတ်တဲ့အပြင် သူတို့လုပ်တာ မှန်ပြီး ပြောတဲ့လူက အပြစ်ကြီးအောင်ပါ
လုပ်ကြ၊ ပြောကြအုံးမှာ။ အဲလို brain level နိမ့်တဲ့
သူတွေအတွက် update လုပ်မယ် application ကို
ဘယ်သူမှ မတီထွင်နိုင်ဘူး။
❣
🤍