Let’s Talk About Something Serious

Let’s Talk About Something Serious This page represents our personal perspectives and opinions.

29/03/2024

အခြေအနေ အမျိုးမျိုးကြောင့် နားထားခဲ့တဲ့ ဒီpageလေးကို ပြန်ပြီး အသက်သွင်းပါတော့မယ် ခင်ဗျာ ..မကြာမီ စိတ်ဝင်စားစရာ အကြောင်းအရာတွေ စတင်ပေးပါမယ့် Thanks

14/04/2020

အလုပ်ခွင်ထဲ စိတ်ဖိစီးမှုတွေ များလာတဲ့အခါ နားကြပ်လေးတပ္ြပီး ၆မိနစ်လောက် တရားထိုင်လိုက်ပါ 🙏🙏🙏

ခရီးသွားချစ်သူတွေ လုံး၀အကြိုက်တွေ့စေမယ့် ၂၀၂၀ ပြက္ကဒိန် 📅(ဖုန်းထဲသိမ်းဆည်းနိုင်စေရန်။)__________________________________...
09/11/2019

ခရီးသွားချစ်သူတွေ လုံး၀အကြိုက်တွေ့စေမယ့် ၂၀၂၀ ပြက္ကဒိန် 📅

(ဖုန်းထဲသိမ်းဆည်းနိုင်စေရန်။)
__________________________________________
ယခုလာမယ့် ၂၀၂၀ ခုနှစ်မှာဆိုရင် အစိုးရရုံးပိတ်ရက်ပေါင်း ၃၅ ရက်ရှိပါတယ်။
Weekends ပိတ်ရက်တွေဖြစ်တဲ့ စနေ၊ တနင်္ဂနွေ အပါအ၀င်ဆိုရင် ရက်ပေါင်း ၁၂၈ ရက် ပိတ်ရက်ရှိပါတယ်။

January
_______
ဝမ်းသာစရာကတော့ပထမဦးဆုံးလဖြစ်တဲ့ဇန်နဝါရီလ မှာတင် နိုင်ငံတကာနှစ်သစ်ကူးနေ့အဖြစ် 1 ရက်နေ့(၁.၁.၂၀) ဗုဒ္ဓဟူးနေ့မှာ ၁ ရက်စပိတ်ပါတယ်။🥰
၎င်းအပတ်ထဲမှာပဲလွတ်လပ်ရေးနေ့အဖြစ် (၄.၁.၂၀)ကနေ(၆.၁.၂၀)အထိ ၃ ရက်ထပ်ပိတ်ပါတယ်။ New Yearနှင့်အတူ အပန်းဖြေခရီး ရက်တိုသွားချင်တဲ့သူများအတွက်ကတော့ ၀မ်းသာစရာသတင်းပါပဲ။😇🎉

February
_________
ဖေဖော်ဝါရီလမှာတော့ပြည်ထောင်စုနေ့အဖြစ်ဗုဒ္ဓဟူးနေ့ (၁၂.၂.၂၀) မှာ ၁ ရက်ပိတ်ပါတယ်။🥳

March
_____
မတ်လမှာတော့ (၂.၃.၂၀) တနင်္လာနေ့မှာ တောင်သူလယ်သမားနေ့အဖြစ်ပိတ်ပါတယ်။ ထို့အပြင် ဘာသာရေးပိတ်ရက်များဖြစ်တဲ့ တပေါင်းလပြည့်နေ့ (၈.၃.၂၀) စနေနေ့ ပိတ်ပါတယ်။ (၂၇.၃.၂၀) သောကြာနေ့မှာလည်း တပ်မတော်နေ့အဖြစ်ပိတ်ပါတယ်။ ဆိုတော့ကာ သောကြာ၊ စနေ၊ တနင်္ဂနွေ ၃ရက် အပန်းဖြေခရီးရက်တိုလေးသွားချင်သူများအတွက်အဆင်ပြေသွားတာပေါ့နော်။🤗
ခရီးမသွားဖြစ်တဲ့သူများကလည်းအိမ်မှာအေးဆေးအနားယူရင်း မိမိဆန္ဒရှိရာလုပ်ချင်တာလေးတွေ လုပ်ဖို့အဆင်ပြေနေပြန်ရော။🥰

April
_____
ခရီးရက်တိုသွားရတာနဲ့တင်အားမရတဲ့သူများအတွက်လာပါပြီနော်။😉 ဧပြီလမှာတော့ နှစ်သစ်ကူးရုံးပိတ်ရက်များအဖြစ် (၁၀.၄.၂၀) သောကြာနေ့မှ (၁၇.၄.၂၀) သောကြာနေ့အထိ ၈ ရက်တိုင်တိုင်အားလပ်ရက်ရှိပါတယ်နော်။ ပိုဝမ်းသာစရာကတော့စနေ၊ တနင်္ဂနွေအပါအ၀င် ၁၀ ရက်တိုင်တိုင် ရုံးပိတ်ရက်ရမှာဖြစ်ပြီး ခရီးရက်ရှည်အေးဆေးသွားလို့သူများနဲ့အိမ်မှာ‌အေးဆေးအနားယူလိုသူများအတွက် ဧပြီလက Best Month လို့တောင်ပြောရမှာပေါ့နော်။ 🥰🎉

May
____
မေလမှာတော့ ကမ္ဘာ့အလုပ်သမားနေ့အဖြစ် (၁.၅.၂၀) သောကြာနေ့မှာ ပိတ်ပါတယ်။ စနေ၊ တနင်္ဂနွေအပါအ၀င်ဆို ၃ ရက်ပေါ့နော်။
(၆.၅.၂၀) ဗုဒ္ဓဟူးနေ့မှာတော့ ကဆုန်လပြည့်နေ့အဖြစ်ပိတ်ပါတယ်။ 🤗

July
____
ဇူလိုင်လမှာတော့ (၁၉.၇.၂၀) တနင်္ဂနွေနေ့မှ (၂၀.၇.၂၀) တနင်္လာနေ့အထိ အာဇာနည်နေ့ရုံးပိတ်ရက်အဖြစ် စ‌နေနေ့အပါအ၀င် ၃ ရက်ရပါတယ်။ 🥰

August
______
သြဂုတ်လမှာတော့ ဝါဆိုလပြည့်နေ့ဖြစ်တဲ့ (၃.၈.၂၀) တနင်္လာနေ့မှာရုံးပိတ်ရက်ရပါတယ်။

October
_______
အောက်တိုဘာလမှာတော့ (၂၉.၁၀.၂၀) ကြာသပတေးနေ့ ကနေ (၂.၁၁.၂၀) တနင်္လာ‌နေ့အထိ သီတင်းကျွတ်ရုံးပိတ်ရက်များအဖြစ် ၅ ရက်ပိတ်ပါတယ်။ ဘာသာရေးပွဲတော်များရှိတဲ့အ‌လျောက် ဘုရားဖူးပဲထွက်ကြမလား? အပန်းဖြေခရီးပဲထွက်ကြမလား? 🤗 သေချာတာကတော့လှပတဲ့မီးရောင်စုံတွေကိုတော့‌နေရာတိုင်းလိုလိုမှာ တွေ့မြင်ကြရမှာကတော့မလွဲဧကန်ပဲနော်။ ✨🥰

November
_________
နို၀င်ဘာလမှာတော့ တန်ဆောင်တိုင်ရုံးပိတ်ရက်များအဖြစ် (၂၇.၁၁.၂၀) သောကြာနေ့ မှ (၃၀.၁၁.၂၀) တနင်္လာနေ့အထိ ၄ ရက်ပိတ်ပြန်ပါတယ်။ အေးဆေးအနားယူဖို့အဆင်ပြေနေပြန်ရောပေါ့နော်။🤗

December
_________
ဒီဇင်ဘာလမှာတော့ (၉.၁၂.၂၀) ဗုဒ္ဓဟူးနေ့မှာ အမျိုးသားနေ့ဖြစ်တဲ့အတွက် ၁ ရက်ပိတ်ပါတယ်။
(၂၅.၁၂.၂၀) သောကြာနေ့မှာတော့ အများသိတဲ့အတိုင်း ခရစ္စမတ်နေ့ဖြစ်တာနဲ့အညီ ရုံးပိတ်ရက် ၁ ရက် အပြင် စနေ၊ တနင်္ဂနွေပါထပ်တွဲနေတဲ့အတွက်ကြောင့်ပိတ်ရက် ၃ ရက်အတွင်း အေးဆေးအနားယူလို့ရပါတယ်။

အချုပ်အားဖြင့်ပြန်ပြောရမယ်ဆိုရင်......
🗓️ဇန်နဝါရီလ - သုံးရက် ဆက်တိုက်ပိတ် တစ်ကြိမ်
🗓️မတ်လ - သုံးရက် ဆက်တိုက်ပိတ် သုံးကြိမ်
🗓️ဧပြီလ - သင်္ကြန် ၁၀ ရက်ဆက်တိုက်ပိတ်
🗓️မေလ - သုံးရက် ဆက်တိုက်ပိတ် တစ်ကြိမ်
🗓️ဇူလိုင်လ - သုံးရက် ဆက်တိုက်ပိတ် တစ်ကြိမ်
🗓️ဩဂုတ်လ - သုံးရက် ဆက်တိုက်ပိတ် တစ်ကြိမ်
🗓️အောက်တိုဘာလ - သီတင်းကျွတ် ၅ ရက်ဆက်တိုက်ပိတ်
🗓️နိုဝင်ဘာလ - တန်ဆောင်တိုင် ၄ ရက် ဆက်တိုက်ပိတ်
🗓️ဒီဇင်ဘာလ - သုံးရက် ဆက်တိုက်ပိတ် တစ်ကြိမ်
🗓️နှစ်ကူးပိတ်ရက် ၄ ရက်ဆက်တိုက်ပိတ်တာတွေကြောင့်မို့ ၂၀၂၀ ခုနှစ် ခရီးထွက်လို့အင်မတန်ကောင်းမည့်နှစ်တစ်နှစ်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်။🥰

Crd - TravelWithMe

ဗိုလ်ချုပ်အောင်ဆန်းရဲ့ လက်ရေးမူများထက်မြက်တဲ့သူတွေက လက်ရေးမလှကြဘူး 😁
07/11/2019

ဗိုလ်ချုပ်အောင်ဆန်းရဲ့ လက်ရေးမူများ

ထက်မြက်တဲ့သူတွေက လက်ရေးမလှကြဘူး 😁

ဂျပန်က ကျောင်းတွေမှာ ၄တန်းမရောက်ခင် (၁၀နှစ်မပြည့်မီထိ) စာမေးပွဲဆိုတာ မရှိပါဘူးဘာကြောင့်လဲ  ?ဘာလို့ဆို ပညာရေးရဲ့ ပထမဆုံး ...
03/11/2019

ဂျပန်က ကျောင်းတွေမှာ ၄တန်းမရောက်ခင် (၁၀နှစ်မပြည့်မီထိ) စာမေးပွဲဆိုတာ မရှိပါဘူး

ဘာကြောင့်လဲ ?

ဘာလို့ဆို ပညာရေးရဲ့ ပထမဆုံး ၃ နှစ်ပန်းတိုင်က ဗဟုသုတတွေ၊လေ့လာသင်ကြားမှုတွေအတွက် မဟုတ်ပါဘူး

သူတို့အတွက် ကောင်းမွန်တဲ့ အကျင့်စာရိတ္တတွေ တည်ဆောက်ဖို့အတွက် အကောင်းဆုံးအချိန်ပါ

ဒါကြောင့်မို့ ပညာရှင်တွေ သင်ပြကြတာက

'ပညာဗဟုသုတထက် ကောင်းမွန်တဲ့ အကျင့်စာရိတ္တက ပထမပါ '

စင်ကာပူမှ ရေမြောင်းများ ရေမြောင်းဆိုတာ အမှိုက်ပစ်ဖို့မဟုတ်ပါ။စင်ကာပူကို စီးပွားရေးအရ ချက်ချင်းမမီနိင်ပေမယ့် စိတ်ဓာတ်အရတေ...
30/10/2019

စင်ကာပူမှ ရေမြောင်းများ



ရေမြောင်းဆိုတာ အမှိုက်ပစ်ဖို့မဟုတ်ပါ။စင်ကာပူကို စီးပွားရေးအရ ချက်ချင်းမမီနိင်ပေမယ့် စိတ်ဓာတ်အရတော့ လက်ငင်း မီနိုင်ပါတယ်။

မယုံရင် ဒီနေ့က စပြီး မြောင်းထဲ အမှိုက်မပြစ်တော့ဘူးလို့ အဓိဌာန်ချလိုက် စင်ကာပူနိုင်ငံသားတွေလိုပဲ နိုင်ငံကြီးသားပီသတဲ့ မြန်မာလူမျိူးကြီးတွေ ဖြစ်ကုန်ပြီပေါ့ 😉

မိတ်ဆွေတို့ရော မြောင်းထဲ အမှိုက်မပြစ်ပါဘူးဆိုတဲ့ challenge ကို လက်ခံရဲလားဗျ..

လက်ခံတယ်ဆို comment မှာ ရေးခဲ့ပါဦးဗျာ...👇

အလှူခံမဏ္ဍပ်က ဖွင့်နေတဲ့ အသံတစ်ခုကို စူးစူးဝါးဝါး ကြားလိုက်ရတယ်။သေချာပါပြီ.. ရပ်ကွက်တိုင်း ၊ လမ်းတိုင်း ၊ ကားဂိတ်တိုင်း ...
30/10/2019

အလှူခံမဏ္ဍပ်က ဖွင့်နေတဲ့ အသံတစ်ခုကို စူးစူးဝါးဝါး ကြားလိုက်ရတယ်။
သေချာပါပြီ.. ရပ်ကွက်တိုင်း ၊ လမ်းတိုင်း ၊ ကားဂိတ်တိုင်း ၊ နေရာတိုင်းမှာ ဒီလိုဆူညံသံတွေ ကြားနေရပြီဆိုရင်တော့ မကြာခင်မှာ ကထိန်ပွဲတော်ကြီး ကျရောက်လာတော့မှာပါ..။

မြန်မာနိုင်ငံဟာဆိုရင် နွေ ဆောင်းဘောက်ရာသီ ၊ မိုး လော်စပီကာရာသီ ၊ ဆောင်း အသံချဲ့စက်ရာသီ ဆိုပြီး ဥတုရာသီ ၃ပါးရှိတဲ့ နိုင်ငံတစ်ခုဖြစ်ပါတယ်..။
ဒီလိုဥတုရာသီတွေနဲ့အတူ ယှဉ်တွဲပြီးပါလာတတ်တာက‌တော့ မြန်မာ့ရိုးရာ ပွဲတော်များပဲဖြစ်ပါတယ်..။
မြန်မာလူမျိုးများဟာ အလှူရေစက် လက်နဲ့မကွာလှူဒါန်းကြတဲ့ လူမျိုးများဖြစ်တဲ့အားလျော်စွာ နိုင်ငံရဲ့ နေရာအနှံ့အပြားမှာလည်း အလှူခံမဏ္ဍပ်ကြီးတွေဟာ ဆယ့်နှစ်ရာသီမရွေး စည်ကားသိုက်မြိုက်စွာ ရှိနေပြန်ပါတယ်..။

တချို့မဏ္ဍပ်တွေက မြန်မာသံတေးသီချင်းတွေကျယ်လောင်နေအောင်ဖွင့်ကြပြီး တချို့မဏ္ဍပ်တွေကတော့ ခေတ်ပေါ်နိုင်ငံခြားသီချင်းတွေဖွင့်ပြီး ကခုန်နေတတ်ကြတယ်။ ပွဲတော်ကာလကြာရှည်တာနဲ့အမျှ ဆူညံသံတွေကလည်းကြာရှည်ပြန်တယ်။ မတတ်သာတဲ့ ပတ်ဝန်းကျင်လူထုကတော့ ဒီအချိန်တွေကို သည်းခံစိတ်နဲ့ ဖြတ်သန်းကြရရှာတယ်။
ဒါတွေရဲ့အကျိုးဆက်ကတော့ သက်ကြီးရွယ်အိုတွေ ၊ ကလေးငယ်တွေ နဲ့ မနာမကျန်းဖြစ်နေတဲ့ ပတ်ဝန်းကျင်က လူထုကို ကြီးမားတဲ့ဒုက္ခပေး‌တော့တာပါပဲ။

ဒီလိုကျယ်‌လောင်သံထွက်စေတဲ့ စက်ပစ္စည်းတွေကို ဥပဒေမဲ့အသုံးပြုခြင်းအတွက် အရေးယူဆောင်ရွက်ဖို့ဆိုတာ အစိုးရအနေနဲ့လည်းတာဝန်ရှိသလို ၊ ပြည်သူတစ်ဦးတစ်ယောက်ချင်းစီနဲ့လည်း သက်ဆိုင်နေပါတယ်။
လူနည်းစုကြောင့် လူအများဒုက္ခရောက်နေရတဲ့ ဒီအသံချဲ့စက် ၊ လော်စပီကာ ပြဿနာကို စုပေါင်းအားနဲ့ ဝိုင်းဝန်း ဖျောက်ဖျက်ကြဖို့ အားလုံးမှာ တာဝန်ရှိပါတယ်..။
အများပြည်သူကို ဒုက္ခပေးနေတဲ့ လော်စပီကာသံတွေနဲ့ အလှူခံတွေဟာ မြန်မာ့ယဉ်ကျေးမှုအစစ် အမှန် ဟုတ်ရဲ့လား..?? ခေတ်ပေါ်နိုင်ငံခြားသံစဉ်တွေအသုံးပြုပြီး အလှူခံထွက်နေတာဟာ မြန်မာ့ရိုးရာအစဉ်အလာနဲ့ ကိုက်ညီပါသလား?

ခေတ်မှီဖွံ့ဖြိုးတိုးတက်ဖို့ အရှိန်ယူနေတဲ့ အမိတိုင်းပြည်ကို ရုပ်ဆိုးအကျည်းတန်စေတဲ့ ဒီဆူညံသံတွေ ကို အတူတကွတိုက်ဖျက်ကြရအောင်ပါ။ မြန်မာ့ယဉ်ကျေးမှုနဲ့ကိုက်ညီတဲ့ မြန်မာတို့ရဲ့ ရိုးရာဓလေ့တွေကို ဆက်လက်ထိန်းသိမ်းပြီး တိုးတိတ်စွာအလှူခံခြင်း ယဉ်ကျေးမှုတစ်ရပ်ကို အကောင်အထည်ဖော်ကျင့်သုံးကြပါစို့လား။


ကလေးရဲ့လေပြွန် ထဲမှာမြေပဲစေ့လေးပိတ်နေတာပါ။ သေသွားတဲ့ကလေးရဲ့လေပြွန်ကိုခွဲစိတ်ပြထားတာပါ။ကလေးတွေရဲ့လေပြွန်ကသေးသေးလေးပါ။ လေပ...
29/10/2019

ကလေးရဲ့လေပြွန် ထဲမှာ
မြေပဲစေ့လေးပိတ်နေတာပါ။
သေသွားတဲ့ကလေးရဲ့
လေပြွန်ကိုခွဲစိတ်ပြထားတာပါ။

ကလေးတွေရဲ့လေပြွန်ကသေးသေးလေးပါ။
လေပြွန်နဲ့အစာမြိုပြွန်ကကပ်နေတော့
သေးငယ်တဲ့အရာဝတ္တုလေးတွေ
မတော်တဆဝင်သွားရင် သေတတ်ပါတယ်။

ဥပမာ - သကြားလုံး သြဇာစေ့ အစရှိသဖြင့်။

ဒါကြောင့်ကလေးတွေကို
သကြားလုံးကြွေးတာဖြစ်ဖြစ်
မြေပဲဖြစ်ဖြစ် သေးသေးလေးဖြစ်အောင်
ခွဲခြမ်းပြီး‌ကျွေးပါ။
စပျစ်သီးတွေ ကျွေးမယ်ဆိုလည်း
ဂရုစိုက်ပြီး ကျွေးပါ။

(မိမိရဲ့ ဆရာမတစ်ဦး၏ အတွေ့အကြုံ -

လက်ထောက်ဆရာဝန်ဘဝက
အရှေ့ပိုင်းဆေးရုံမှာ ၂နှစ် အရွယ်ကလေးလေး
မုန့်လုံးရေပေါ် စားရင်းပြေးဆော့တော့
သီးပြီးလေပြွန်တဲ့ရောက် အသက်ရှူကြပ်
ဆေးရုံကို Brought dead နဲ့ရောက်လာပါတယ်

စဖြစ်တော့နားလည်တဲ့သူက
ရှေးဦးသူနာပြုစုနည်းနဲ့
မုန့်လုံးရေပေါ် ထွက်သွားအောင်လုပ်ပေမယ့်
ပျော့ပြီးကပ်နေလို့
မထွက်ဘဲကလေးအသက်ဆုံးရှူံးရတယ်
မိဘများသတိထားကြပါ
အစာစားရင်းပြေးမဆော့ပါစေနဲ့
သေးငယ်တဲ့ကစားစရာတွေ
အစားအသောက်တွေ အားလုံးလေပြွန်ထဲ
မတော်တဆပိတ်တတ်ပါတယ်။)
credit
Dr.Kyaw That Soe

အဆီချချင်သူတိုင်းလုပ်ရမယ့် ယောဂပုံစံ(၉)မျိုးယောဂဆိုတာ စိတ်အေးချမ်းတည်ငြိမ်မှုကို ရရှိအောင် လုပ်ရတဲ့ လေ့ကျင့်ခန်းတွေပါ။ဒါ...
28/10/2019

အဆီချချင်သူတိုင်းလုပ်ရမယ့် ယောဂပုံစံ(၉)မျိုး

ယောဂဆိုတာ စိတ်အေးချမ်းတည်ငြိမ်မှုကို ရရှိအောင် လုပ်ရတဲ့ လေ့ကျင့်ခန်းတွေပါ။ဒါပေမယ့် ဒီလိုလေ့ကျင့်ခန်းတွေမှာ သင့်ရဲ့ကိုယ်အလေးချိန်ကို သိသိသာသာလျှော့ကျပေးနိုင်မယ့် လေ့ကျင့်မှုပုံစံတွေ အများကြီးပါဝင်ပါတယ်။ဒီPost မှာတော့ အကောင်းဆုံး ယောဂလေ့ကျင့်မှုပုံစံ (၉) မျိုးကို ဖော်ပြပေးသွားပါမယ်။ဒီလေ့ကျင့်မှုပုံစံတွေက သင့်ရဲ့စိတ်ဖိစီးမှုနဲ့ ပေါင်ချိန်စက်ပေါ်က နံပါတ်တွေကို လျှော့ချပေးဖို့တာဝန်ယူပါလိမ့်မယ်။သင်သာ တကယ်ကို ကြိုးစားပြီး လိုက်လုပ်မယ်ဆိုရင်ပေါ့………..

လေ့ကျင့်ခန်းတွေလုပ်တဲ့အခါမှာ လေ့ကျင့်ခန်းတစ်ခေါက်စီတိုင်းကို ၁၅-၂၀ စက္ကန့်လောက်ကြာအောင် ဖြေးဖြေးမှန်မှန်လေး ထိန်းပြီးကြိုးစားကြည့်ပါ။လေ့ကျင့်ခန်းတိုင်းကို ကိုယ်လုပ်နိုင်တယ်ထင်တဲ့အချိန်ထက် ၁မိနစ်လောက် ပိုရအောင် လုပ်ပါ။ဘယ်ဘက်တစ်ဖက်ပြီးသွားရင် ညာဘက်ကိုလည်း ပုံစံတူလေ့ကျင့်ခန်းတွေ လုပ်ဖို့မမေ့ပါနဲ့။

စိတ်ဓာတ်ကျတိုင်း ဖတ်ဖို့.....ချာလီချာပလင်ရဲ့ ခွန်အားဖြစ်စေမယ့်စကားများ 💪💪💪
27/10/2019

စိတ်ဓာတ်ကျတိုင်း ဖတ်ဖို့.....

ချာလီချာပလင်ရဲ့ ခွန်အားဖြစ်စေမယ့်စကားများ 💪💪💪

Charlie Chaplin's Quote in Myanmar

ဟာသမင်းသားကြီး ချာလီချာပလင်ရဲ့ ခွန်အားဖြစ်စေမယ့် စကားများစိတ်ဓာတ်ကျတိုင်း ဖတ်ရန် 💪💪ကိုယ့်မိတ်ဆွေတွေအတွက်လည်း Share ပေးလိ...
27/10/2019

ဟာသမင်းသားကြီး ချာလီချာပလင်ရဲ့ ခွန်အားဖြစ်စေမယ့် စကားများ

စိတ်ဓာတ်ကျတိုင်း ဖတ်ရန် 💪💪
ကိုယ့်မိတ်ဆွေတွေအတွက်လည်း Share ပေးလိုက်ပါဦး......

Myanmar Knowledge Pot

Microscope နဲ့ကြည့်ရင် မြင်ရမယ့်ပုံများ...
24/10/2019

Microscope နဲ့ကြည့်ရင် မြင်ရမယ့်ပုံများ...

Address

Bukit Betok Central
Singapore

Website

Alerts

Be the first to know and let us send you an email when Let’s Talk About Something Serious posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Establishment

Send a message to Let’s Talk About Something Serious:

Share