KCM'sdiary

KCM'sdiary 🛑This is KCM'sdiary that you can heal, take refreshments here and You can send direct message to book an individual session at the weekend.
☎️ 09_766695903💌

31/05/2026

ချစ်ဖို့ကောင်းတဲ့ မေလကို
ဘုရားကောင်းချီးများနှင့် အဆုံးသတ်လိုက်ပါပြီ။

အရာအားလုံးကို ဆုံးရှုံးပြီးမှ
ဒါမှမဟုတ် လွှတ်ချလိုက်မှ
လူတစ်ယောက်အတွက်
ဒုတိယအကြိမ် ရှင်သန်ခြင်းတွေဆိုတာ
ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။

ကိုယ့်လက်ကလေးကို
ဆွဲထားပေးခဲ့တဲ့ အားလုံးကို
ကျေးဇူးတင်မိ ပါတယ်။ 💌🤍



အချစ်ရေနေ့ရက်တွေဟာ ဒီလိုရှိခဲ့ပါတယ်။ဒီနေ့လည်း ဒီလိုဒီတစ်ပတ်မှာလည်း ဒီလို။        #2026
30/05/2026

အချစ်ရေ
နေ့ရက်တွေဟာ ဒီလိုရှိခဲ့ပါတယ်။
ဒီနေ့လည်း ဒီလို
ဒီတစ်ပတ်မှာလည်း ဒီလို။





#2026

25/05/2026

အကြိုက်ဆုံး သီချင်းလေး ရှိတယ်၊
Next to you တဲ့။
အရင်ကတော့ ကိုယ်ဟာ Raymond ရဲ့
"ဝမ်းနည်းတတ်တဲ့ချစ်သူ"ပေါ့။
သူလည်း မရှိတော့
ထပ်ပြီး ဝမ်းနည်းတတ်လို့ မဖြစ်တော့တာမို့
ကိုယ့်ကို ပြုံးစေတဲ့အရာတွေမှာပဲ
အချိန်ပေးဖြစ်တော့တယ်။

ကိုယ် ရရှိခဲ့တဲ့ ပျော်ရွှင်ခြင်းတိုင်းကိုလည်း
မျှဝေပေးချင်စိတ်ကြောင့်
အခြားသူတွေကို ထပ်တူပျော်စေချင်ခဲ့တယ်။
ကိုယ့်ဘက်ကသာ စစ်မှန်ခဲ့ရင်
အရာရာဟာ တန်ပြန်ရရှိတတ်တာမို့
ပျော်ရွှင်မှုဟာ အမြဲ နှစ်ဆ ဖြစ်ခဲ့ရတယ်။

Next to you သီချင်းလေးက
ကိုယ့်အတွက်
အချစ်သီချင်းထက် ပိုတဲ့၊
ကိုယ့်ကို ချစ်ခင်သူတွေက
အမြဲ ပြုံးပျော်စေဖို့
ဆုတောင်းပေးနေတဲ့ သီချင်းလေးလိုပါပဲ။

ဘုရားပေးတဲ့ ကိုယ့်ရဲ့ဖြစ်တည်ခြင်းကို
ယနေ့အထိ အတူရှိနေပေးကြတဲ့အတွက်
အားလုံးကို
ကျေးဇူးတင်ပါတယ်။






#2026

ငါ ချစ်ရင်....အနာဂတ် အကြောင်း စာစီဖွဲ့ကြတဲ့အခါဘာသာစကား(သဒ္ဒါ) ဖွဲ့စည်းပုံအရလက်တွေ့ မပါစိတ်ကူးယဉ် ၊မသေချာ  တဲ့။ဟင့်အင်း မ...
24/05/2026

ငါ ချစ်ရင်....

အနာဂတ် အကြောင်း စာစီဖွဲ့ကြတဲ့အခါ
ဘာသာစကား(သဒ္ဒါ) ဖွဲ့စည်းပုံအရ
လက်တွေ့ မပါ
စိတ်ကူးယဉ် ၊
မသေချာ တဲ့။

ဟင့်အင်း မဟုတ်ဘူးလေ
အနာဂတ်ဆိုတာ
တကယ် ရည်ရွယ်ထားတဲ့အရာ
ငါက ချစ်တာတွေ အပြည့်ထည့်ထားတဲ့ အရာ။

ငါ့အသက် ဆယ်ကျော်စမှာ
" The Note book "ကို ကြည့်ခဲ့ရဖူးတယ်
နွေရာသီ ပိတ်ရက်ကို
ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းရင်း အချစ်ကို တွေ့ရှိခဲ့ပုံ၊
စာစောင်တွေ ရေးရင်း အချစ်ကို လွမ်းဆွတ်ရပုံ၊
အဆုံးသတ်မှာ
တကယ့်အချစ်ဆိုတာကို သိမြင်ခဲ့ရပုံ။

ငါ့ဘဝမှာ
စိတ်ကူးယဉ် ဆန်လိုက်ပုံက

တိမ်တွေ အုပ်မိုးထားတဲ့
အဖြူရောင် အိမ်ကလေးရယ်
အပြာရောင် ခန်းစည်းစရယ်
ရေပြင်ရယ်
ပန်းတွေရယ်
ပန်းချီဆွဲလို့ရတဲ့ ဝရံတာရယ်
ပြီးတော့ မင်းရယ်
ပြီးတော့ မကြောက်မရွံ့
ချစ်စရာကောင်းတဲ့
ကလေး လေးတွေကိုလည်း
ဘဝကြီးထဲ ခေါ်ထားချင်သေးတယ်တဲ့။





#2026

ကမ္ဘာမြေဟာ ဘာမှမသေချာ လို့ ပြောကြတိုင်း ငါတော့ ငို ချင်တာပဲကွယ်။အသေအချာမင်းနဲ့ ဆုံခဲ့ရခြင်းမင်းနဲ့ ဝေးကွာရခြင်းမင်းနဲ့ ။...
18/05/2026

ကမ္ဘာမြေဟာ ဘာမှမသေချာ လို့
ပြောကြတိုင်း ငါတော့ ငို ချင်တာပဲကွယ်။

အသေအချာ
မင်းနဲ့ ဆုံခဲ့ရခြင်း
မင်းနဲ့ ဝေးကွာရခြင်း
မင်းနဲ့ ။

ခံစားချက်ကလေးများ အလုံးစုံ
မင်းတစ်ယောက်တည်းနဲ့ အလုံးစုံ
ငါ့ရဲ့ ပျော်ရွှင်ခြင်း
ငါ့ရဲ့ဝမ်းနည်းခြင်း
ငါ့ရဲ့ဒုက္ခအိုးလေးက မင်း ဖြစ်ပြီး
ငါ့ရဲ့မပြည့်စုံခြင်းကလည်း မင်း

မင်းကို ဖယ်ပြီး
ငါ့ပျော်ရွှင်ခြင်းဆီ သွားတော့မလို့
မင်းကို နှုတ်ဆက်ချင်တယ်
ငါ့ကို လက်လွတ်လိုက်ပါတော့
ဘာမှ မသေချာရင်
ဘာလို့များ ငါတို့ တွေ့ကြအုံးမလဲ
ငါ့ကို လက်လွတ်လိုက်ပါတော့။




#2026

ထူးအယ်လင်းရဲ့ "ကိုယ် ပေးတိုင်း ပြန်မရတာ အချစ်လို့ ခေါ်သလား" သီချင်းစာသားလေး ကို ကြားဖူးကြမယ် ဟုတ်🤔။တကယ်တော့ ချစ်ခြင်းတရာ...
17/05/2026

ထူးအယ်လင်းရဲ့ "ကိုယ် ပေးတိုင်း ပြန်မရတာ အချစ်လို့ ခေါ်သလား" သီချင်းစာသားလေး ကို ကြားဖူးကြမယ် ဟုတ်🤔။

တကယ်တော့ ချစ်ခြင်းတရားတွေမှာလည်း တစ်ယောက်နဲ့တစ်ယောက်ရဲ့ ငယ်ဘဝ၊ လက်ခံရရှိမှုအပေါ် မူတည်ပြီး ကွဲပြားကြပါတယ်။💯💯

သူ လိုအပ်တဲ့၊ လိုချင်တဲ့ အချစ်က
သူ့ရဲ့ inner child မှာ ရရှိဖူးတဲ့အချစ် ဖြစ်နိူင်သလို
သူ မရရှိခဲ့ဖူးတဲ့ အချစ်ပုံစံလည်း ဖြစ်နိူင်ပါတယ်။

ဒါကြောင့်
ကိုယ် ချစ်ရသူနဲ့ ခိုင်မာတဲ့ ဆက်ဆံရေးတစ်ခု တည်ဆောက်တဲ့နေရာမှာ

ကိုယ့်ရဲ့ လူက ဘယ်လို ချစ်ခြင်းပုံစံကို လိုအပ်နေတာလဲဆိုတာ သိနေဖို့ လိုအပ်ပါတယ်။🥰🥰

ချစ်တယ် ဆိုတာဟာ တစ်ဦးရဲ့လိုအင်ကို တစ်ဦးက ဖြည့်စွက်၊ဖြည့်ဆည်းပေးချင်တဲ့ စိတ်တစ်ခုသာ ဖြစ်တာမို့ 🫶🫶

ကိုယ် ပေးလိုက်တဲ့ ချစ်ခြင်းပုံစံဟာ
သူ လိုအပ်နေတဲ့ချစ်ခင်မှုပုံစံ ဖြစ်မှသာ
ကိုယ် ပေးတိုင်း ပြန်ရနိူင်ပါလိမ့်မယ်။

Robert Sternberg ရဲ့ Triangular Theory of Love အရ Relationship တစ်ခုမှာ 🔺
🔺Intimacy (Feelings of closeness, trust, emotional connection)

🔺Passion ( Physical attraction, romance, sexual desire)

🔺Commitment ( The decision to stay together, maintenance of the relationship)

ဒီ (၃)ခုဟာ အပြန်အလှန် ချိတ်ဆက်နေတဲ့ အခြေခံအကြောင်းအရာ ဖြစ်ပါတယ်။

ဆိုတော့
ဒီမေလလေးဟာ ၁၉၄၉ ခုနစ်၊ အမေရိကန်ပြည်ထောင်စုရဲ့ မှတ်တမ်းတင်မှုအရ
Mental Health Awareness Month လို့လည်း ရည်ညွှန်းလို့ ရသလို
May 11-17 ကို National Prevention Week လို့လည်း သတ်မှတ်ကြပါတယ်။

ဒါကြောင့်
ကိုယ် ချစ်ရတဲ့သူကို
ဒါမှမဟုတ် ကိုယ် ချစ်ပေးချင်တဲ့သူ ကို
ကိုယ် ပေးတိုင်း ပြန်ရတဲ့ အချစ်နဲ့
သာယာအဆင်ပြေတဲ့ ဆက်ဆံရေးတစ်ခု တည်ဆောက်ချင်တယ်ဆိုရင်တော့
ကိုယ့်ရဲ့ ငယ်စဉ်ဘဝရဲ့ ချစ်ခြင်းတရားပုံစံကို
အရင် အဖြေရှာကြည့်လိုက်ရအောင်။

ကိုယ့်ပုံစံကို အရင် အဖြေရှာနိူင်ဖို့
ကျွန်မက မိတ်ဆွေနဲ့အတူ
မိတ်ဆွေရဲ့ အတိတ်၊အနာဂတ်တွေအကြောင်း လုံခြုံစိတ်ချစွာနဲ့ နားထောင်ပေးပြီး
မိတ်ဆွေရဲ့ အချစ်ခရီးကို ပါဝင်အားဖြည့်ပေးဖို့
ဒီတစ်လလုံး အသင့်ရှိနေပါမယ် လို့ သတင်းကောင်း ပါးလိုက်ပါရစေ။

🤍🫶🤍







ကိုယ့်စိတ်ဆန္ဒတွေဟာ အရေးကြီးတယ်၊ကိုယ် ဘာကို ချစ်တာလဲကိုယ် ဘာကို တန်ဖိုးထားတာလဲကိုယ် ဘာကို ရချင်တာလဲကိုယ် ဘာကို စွန့်လွှတ...
16/05/2026

ကိုယ့်စိတ်ဆန္ဒတွေဟာ အရေးကြီးတယ်၊

ကိုယ် ဘာကို ချစ်တာလဲ
ကိုယ် ဘာကို တန်ဖိုးထားတာလဲ
ကိုယ် ဘာကို ရချင်တာလဲ
ကိုယ် ဘာကို စွန့်လွှတ်နိူင်သလဲ
ကိုယ် ဘာကို စောင့်စားနေသလဲ

ဘုရားမှာ ပလန်တွေ ရှိတတ်တယ်။
ဘုရားမှာ သင့်စိတ်ဆန္ဒတွေ အသင့် ရှိပြီး ဖြစ်တယ်။

ဘုရားက ပေးတဲ့အရာတွေကို
ပင်ပန်းရတတ်တဲ့အချိန်တွေကြား
မမေ့မလျော့ မြင်အောင်ကြည့်
ရအောင် ယူ။

ကိုယ် ချစ်တာကို မမေ့နဲ့
ကိုယ် ရချင်တာကို မမေ့နဲ့။

Achievement 1 is already in my hand.
Achievement 2 is coming soon....





#2026

အချစ်ရေးနဲ့ ပတ်သတ်ရင် ဆယ်ကျော်သက်ဘဝကတည်းက ကံကောင်းတယ်လို့ ကိုယ့်ကိုယ်ကို ယူဆချင်တယ်။အနေအထိုင်၊ အပြောအဆို မှန်ကန်တယ်ဖော်ရ...
14/05/2026

အချစ်ရေးနဲ့ ပတ်သတ်ရင် ဆယ်ကျော်သက်ဘဝကတည်းက ကံကောင်းတယ်လို့ ကိုယ့်ကိုယ်ကို ယူဆချင်တယ်။

အနေအထိုင်၊ အပြောအဆို မှန်ကန်တယ်
ဖော်ရွေတယ်၊ ကြင်နာတတ်ပြီး ကူညီတတ်မှုကြောင့်

ငါ့တူလေးကို၊ ငါ့မောင်လေးကို ၊ ငါ့သားလေးကို
ခေါ်လိုက်ပါအုံးအေ ဆိုတဲ့ ဖိတ်ခေါ်မှုတွေ၊
ညည်းသာ လက်ခံပေးရင် ဆိုတဲ့ ကမ်းလှမ်းမှုမျိုးနဲ့ပဲ ကြုံခဲ့ရတာမို့ ချေတယ် ဆိုရမယ်။

တနည်းအားဖြင့်
ကိုယ်နဲ့ သိကျွမ်းပြီးရင်လည်း
ကိုယ့်ကိုယ်ကို တန်ဖိုးထားတတ်လာသလို
ကိုယ် ချစ်တာတွေအပေါ်လည်း တန်ဖိုးထားတတ်စေလာတာပါပဲ။
ဒါဟာ ကိုယ်တိုင် အကာအကွယ်ယူထားတဲ့ စည်းလိုင်းလေးမို့ ဘယ်သူကမှလည်း ကိုယ့်ကို မလေးမစား မဆက်ဆံကြပါဘူး။

လူတိုင်းက ကိုယ့်ကို သဘောကျနိူင်ပေမယ့်
ကိုယ် ရွေးချယ်ချင်တာက တစ်ယောက်တည်းပဲ ဖြစ်ချင်တယ်။

ရုပ်ချောတာလည်း တွေ့ဖူးသလို
အသိုင်းအဝိုင်းကောင်းတာလည်း တွေ့ခဲ့ရဖူးပါတယ်။ ဒါတွေက အဓိကမှ မဟုတ်၊ ကိုယ် ချစ်ပေးချင်မှုက အဓိကလေ။ ကောင်းအတူ၊ ဆိုးအတူ ကိုယ်က လက်တွဲထားချင်မှုက အဓိကလေ။

ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတာက ဘယ်သူနဲ့မဆို ပြေလည်အောင် ပေါင်းသင်းတတ်တာပဲ။ (ဗေဒင်တွေကတော့ တစ်ဖက်မိသားစုရဲ့ အချစ်ခံ ဖြစ်ရအုံးမယ်တဲ့🤫) ။

လတ်တလော မနှစ်က အခြေအနေဆို
လူမျိုးခြား ဒေသတစ်ခုမှာ
လူမျိုး(၅)စုလောက်ရဲ့ ပြောဆိုခွင့် ရှိသူတွေရဲ့ နေရာပေးခြင်း၊ တရေးတယူ စကားဧည့်ခံပေးခြင်းကို လက်ခံရရှိနိူင်တဲ့အထိ ကိုယ့်ကိုယ်ကို ဂုဏ်ယူစရာဖြစ်ခဲ့ပါတယ်။

ရန်ကုန် ပြန်မလာချင်သေးလို့ အိမ်ငှား ရှာတာကို
ဒီမှာ အခြေချဖို့ စိတ်ကူးရှိတာမျိုးဆို
ကျွန်တော်တို့ ညီလေးကို လက်ခံပေးချင်လား ၊
အိမ်နဲ့ ယခုလက်ရှိ စီးပွားရေးဟာ သူ့အပိုင်တွေပါ ဆိုတာမျိုး ပြောတော့ ပြုံးပြုံးကလေး ပြန်ပြောခဲ့ရသေးတယ်။
"လူတစ်ယောက်ကို ပိုက်ဆံကြောင့်(background ကြောင့်) မချစ်ပေး၊ လက်ထပ်မှာ မဟုတ်ပါဘူး " ဆိုပြီးပေါ့။

လွန်ခဲ့သော 2018 လောက်ကတည်းက
"မခင်နှင်းကြည်သာ လက်ထပ်သွားတဲ့အခါမှ (အချစ်ရေး)စကားပြောကြတာပေါ့လို့ " ငြင်းခဲ့တဲ့ မိတ်ဆွေ တစ်ယောက်တောင် တကယ် စစ်မှန်တဲ့လက်တွဲဖော် ရရှိသွားပါပြီ။ 😁😛
ကိုယ်လည်းပဲ တောင်ပေါ်ဒေသက ကလေးတွေဆီ ရောက်ခဲ့ရပြီးပါပြီ 🤍🌸

အဲ့ဒီလို ကိုယ် ငြင်းခဲ့ပြီးနောက် သူတို့ရဲ့အစစ်အမှန် တွေ့သွားစေခြင်းအတွက်လည်း ဝမ်းသာရပါတယ်။
ကိုယ်က သူတို့အတွက် အစစ်အမှန် မဖြစ်ပေးနိူင်ဘူးဆိုတာ ကောင်းကောင်း သိနေလို့ပါပဲ။

ဒါကြောင့် ကိုယ့်ဆီ ရောက်လာပြီး တလေးတစားအချစ်ခံရခြင်းတွေအတွက်လည်း ကျေးဇူးတင်နေဆဲပါပဲ။ကိုယ်ကတော့ ကိုယ့်စိတ်ထဲ ၊ ကိုယ် ဖြည့်စွက်ပေးချင်သူတစ်ယောက်တည်းကိုပဲ ချစ်ခင်ချင်တာမို့ သူတို့လည်း ကိုယ်က စကားကို တိတိကျကျပြတ်ပြတ်သားသား ပြောပြထားပြီးသားမို့ ကိုယ့်ကို နားလည်ပေးကြမယ်လို့ မျှော်လင့်ပါတယ်။

အဲ့ဒီထဲကမှ "နင်က စာအုပ်တွေ ဖတ်ပြီး ဘယ်သူ့မှ မြင်မှာ မဟုတ်တော့ဘူး" ၊ "ဆရာမက ဆရာမပါပဲ"၊ "ကျွန်တော့်ကိုတော့ တနင်္ဂနွေသား ကိုကြီးကြောင့်လို့ ငြင်းပြီး အခုထိ မတွေ့သေးဘူးလား" "အပျိုကြီးပဲ လုပ်ပါ"တို့ စ သဖြင့် လည်း ပြန်လည် တုံ့ပြန်တာမျိုး ကြုံဖူးရပါတယ် 🫡 ( ကိုယ် ဖန်တီးချင်တဲ့ family life ရှိပါတယ်နော်😅 သိဖို့)။

ဆယ်ကျော်သက်အရွယ်တုန်းက အချစ်နဲ့လက်ထပ်ခြင်း အကြောင်း စာအုပ်တစ်စွန်းတစတွေ ဖတ်ရင်း "ငါရော တစ်နေ့ အချစ်နဲ့လက်ထပ်ခြင်း ထပ်တူမကျရင် ဘယ်လိုလုပ်မလဲ" တွေးရင်း အဖြေဟာ
တစ်ယောက်တည်းပဲ ဖြစ်ချင်တယ်။
တစ်ယောက်တည်းမှ မဖြစ်ရရင်
ကိုယ် ရွေးချယ်၊လက်ထပ်ဖြစ်လိုက်တဲ့သူကိုပဲ
ကိုယ့်ရဲ့သစ္စာတရားကို အသက်သေသည်ထိ ပေးဆပ်မှာမို့။ ဒါကြောင့် တစ်ယောက် ပြောသလို
ပတ္တမြားဒေဝီ စောမဲကျီ အကြောင်း သိရတော့ အရင်ဘဝက ကိုယ် ဖြစ်နိူင်တယ် လို့တော့ သံသယဖြစ်မိတယ်။🫪

ဒါတွေကြောင့်
လူတစ်ယောက်ကို အလွယ်တကူ စိတ်ထဲ မထည့်ပေးထားတတ်ခဲ့ဘူး။

အဆုံးသတ်ကို ပြောရရင်တော့ ရုပ်လှ၊ အရမ်းတော်၊ ကျိကျိတတ် ချမ်းသာနေလို့ မဟုတ်ဘဲ
(အဘွားရဲ့ ဆုတောင်းစကားအတိုင်း
မျက်နှာမြင် ချစ်ခင်၊ အသံကြား သနား၊ သူယုတ်မာနဲ့လွဲ၍ သူတော်ကောင်းနဲ့ တွေ့ပါစေ)
ဘုရားက ပေးတဲ့အတိုင်း
အမြဲ စဉ်းစားရွေးချယ်စရာချည်းပဲမို့
စန်းပွင့်တဲ့ လူထဲ ကိုယ် ပါတယ်။
အချစ်‌ရေးလို့ ခေါင်းစဉ်တပ်လိုက်ရင်
၃ ပွင့်ဆိုင်တွေ ပေါ့။
တတိယ လူတွေ ပါလာတတ်တယ်။

ဒုတိယ ပေါ်လာတဲ့ ယောက်ျားလေးရဲ့ ကိုယ် မချစ်ပေးလည်း ရတယ်၊ သူ့ အချစ်ကိုပဲ အသိအမှတ်ပြုရင် ရပါပြီ ဆိုတဲ့ ကျေးဇူးတင်စရာ လူတွေနဲ့ မနာလိုမှု၊စပ်စုမှု များတတ်တဲ့ မိန်းကလေးအချို့တွေပါ ပါလာတတ်တာမျိုး။

ဒါမျိုးကလည်း တစ်ကြိမ်မကမို့
စိတ်အေးအေးလေးပဲ စိတ်ချလက်ချ ချစ်ချင်တာမို့
ဖြစ်နိူင်မယ်ဆို
ကိုယ့်အတွက် သီးသန့်ဖြစ်တည်မှု၊
ကိုယ်က လွဲရင် ဇယားကင်းတဲ့ ကောင်လေးမျိုးနဲ့ပဲ တွေ့ခွင့်ပေးဖို့ ဘုရားကို ပြောပြရအုံးမယ်😌။
(ကျန်တာကတော့ ကိုယ့်ရဲ့ Self-Love, Kindness & Royalty ဖြစ်မှုကြောင့် ချစ်တဲ့သူတွေက သူ့အလိုလိုရှိနေတတ်တာမို့ ဆက်ပြီး secret ပါပဲ 🫶🤫🫣)

အခုကတော့
တစ်ယောက်ဆို တစ်ယောက်
ယောက်ျားလေးတစ်ဦးအဖြစ်
ပထမဆုံး သဘောကျရတဲ့ အချစ်ဟာ အကိုပါပဲ။





#2026

ဘဝရဲ့ အခိုက်အတန့်တိုင်းမှာပန်းတွေနဲ့ တိမ်တွေဟာကိုယ့်ကို နောက်တစ်ကြိမ် ပြန်လှည့်လာဖို့ဖိတ်ခေါ်နေသလိုမျိုးကိုယ့်အသက်ကို ဆွ...
12/05/2026

ဘဝရဲ့ အခိုက်အတန့်တိုင်းမှာ
ပန်းတွေနဲ့ တိမ်တွေဟာ
ကိုယ့်ကို နောက်တစ်ကြိမ် ပြန်လှည့်လာဖို့
ဖိတ်ခေါ်နေသလိုမျိုး
ကိုယ့်အသက်ကို ဆွဲဆန့်နေရတဲ့
အကြောင်းအရင်းတွေပါပဲ။

ဖြစ်နိူင်မယ်ဆို
ပန်းတွေ ပွင့်စေချင်
ဖြစ်နိူင်မယ်ဆို
တိမ်တွေကို ထိတွေ့ချင်။



အီးယောင် ဆိုတဲ့ အမည်လေးကို မြင်တိုင်း သတိရမိသလိုအနူး ဆိုတဲ့ ဘာသာစကားနဲ့လည်း ချစ်စရာလေး ဖြစ်ပါတယ်။တစ်ခါတလေ အမိုးလို့ ခေါ်...
10/05/2026

အီးယောင် ဆိုတဲ့ အမည်လေးကို မြင်တိုင်း သတိရမိသလို
အနူး ဆိုတဲ့ ဘာသာစကားနဲ့လည်း ချစ်စရာလေး ဖြစ်ပါတယ်။
တစ်ခါတလေ အမိုးလို့ ခေါ်ချင်သလို ဖြစ်ပေမယ့်
တစ်ခါတလေ တော့လည်း
ဒီအတိုင်း အမေ့၊ အမေ ပါပဲ။

အမေကတော့
ငါ့ကလေး အရွယ်ရောက်ပြီလို့ တွေးနေမှာ မဟုတ်ဘဲ အမြဲ စိတ်ပူနေတတ်တာက သူ့သဘာဝလိုပါပဲ။

ကျုပ်ကလည်း
လူတွေနဲ့ လူတွေကြောင့် ရတဲ့
စိတ်အနာအကျင်တွေကြား ပြေးထွက်ပြီး
အမေ့အိမ်က မိုးကျဆို စိမ်းစိုနေတတ်တဲ့
မြက်ခင်းပြင်ဆီ အခါခါ လှဲချပစ်ချင်နေသူပါပဲ။
အမေကတော့
ညည်း အဆင်ပြေရင် ပြီးတာပဲ ဆိုပေမယ့်
အဆင်မပြေတဲ့အကြောင်းတွေ အမေ့ဆီလည်း မသယ်ချင်ပါဘူး။
အမေ့ကို စိတ်သက်သာရာ ရစေချင်ရုံပဲဆိုပေမယ့်
ကိုယ့်ပါကိုယ် ပြေလည်အောင်ကြိုးစားရင်း
အမေ ပြန်ဖြစ်ဖို့လည်း
ကြောက်နေမိတုန်းပါပဲ။

အမေ့နေ့ရက်တွေ အားလုံး
အမေ စိတ်ပူသောက ကင်းဝေးစေချင်ပါတယ်။
အမေ စိတ်ကျန်းမာ၊ ကိုယ်ကျန်းမာ သက်သာပေါ့ပါးစေချင်ပါတယ်။
တကယ်ပါပဲ
ကျုပ်ကတော့
အခုထက် ပိုပြီးလည်း အရွယ်မရောက်ချင်တော့သလို အမေသာ မကယ်ရင်
အခုထိ ကောင်းကောင်း မရပ်တည်နိူင်သေးပါဘူး ထင်ပါတယ်။





May 10, 2026

Address

17 Taeparak Road, Tambon Chang Phueak, Mueang Chiang Mai District
Singapore
50300

Opening Hours

Monday 18:00 - 21:00
Tuesday 18:00 - 21:00
Wednesday 18:00 - 21:00
Thursday 18:00 - 21:00
Friday 18:00 - 21:00
Saturday 18:00 - 21:00
Sunday 18:00 - 21:00

Telephone

+959959485343

Alerts

Be the first to know and let us send you an email when KCM'sdiary posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Establishment

Send a message to KCM'sdiary:

Share