Nature Lovers

Nature Lovers Welcome to the new chapter of this page 🌿
I’ll be sharing original nature photos, landscapes, beaches, and hidden locations. We Brings Trends everyday.

Est., 2013

Follow us On TikTok
07/05/2026

Follow us On TikTok

.official 0 Followers, 0 Following, 2 Likes - Watch awesome short videos created by Nature Lovers

 #ကားဆရာများ(25-5-2020)ယနေ့ ညနေ(4:30)အချိန်ခန့်က ပြည်ထောင်စုလမ်းမကြီးပေါ်မူဆယ်-ကွတ်ခိုင်ကြား၊ ဟန်ကိုင်ရွာနှင့်ခိုမုန်းရွ...
25/05/2020

#ကားဆရာများ
(25-5-2020)

ယနေ့ ညနေ(4:30)အချိန်ခန့်က
ပြည်ထောင်စုလမ်းမကြီးပေါ်
မူဆယ်-ကွတ်ခိုင်ကြား၊
ဟန်ကိုင်ရွာနှင့်ခိုမုန်းရွာကြား၊
အဆင်း(၁၂)ဘီးယာဉ်(၅)စီးမှ ယာဉ်မောင်း+ယာဉ်နောက်လိုက်တို့အား တောတွင်းလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့မှဖမ်းဆီးခေါ်ဆောင်သွားကြောင်း ကနဦးသတင်းရရှိပါတယ်။

လမ်းကြောအခြေအနေ စုံစမ်းပြီးမှသွားကြပါ။

သွင်းကုန် တားမြစ်ခြင်း
25/05/2020

သွင်းကုန် တားမြစ်ခြင်း

ကျနော်တို့ လူ့ဘောင်အဖွဲ့အစည်းမှာ လူသားဆန်သူတွေ ရှိ‌ေနပါ‌ေသးတယ်ကျေးဇူးတင်ပါတယ်အသိအမှတ် ပြုရင်း မျှဝေသွားကြပါဦး။
22/05/2020

ကျနော်တို့ လူ့ဘောင်အဖွဲ့အစည်းမှာ
လူသားဆန်သူတွေ ရှိ‌ေနပါ‌ေသးတယ်

ကျေးဇူးတင်ပါတယ်

အသိအမှတ် ပြုရင်း မျှဝေသွားကြပါဦး။

22/05/2020
 #လက်ထဲရှိတဲ့ငွေကိုတန်ဘိုးထားပါမြန်မာနိုင်ငံရဲ့ စီးပွားရေးထိခိုက်မှုပမာဏက ၂၀၂၀ခုနှစ် ၆ လပိုင်းကနေစပြီး ၁၂ လပိုင်းအတွင်းမ...
22/05/2020

#လက်ထဲရှိတဲ့ငွေကိုတန်ဘိုးထားပါ

မြန်မာနိုင်ငံရဲ့ စီးပွားရေးထိခိုက်မှုပမာဏက ၂၀၂၀ခုနှစ် ၆ လပိုင်းကနေစပြီး ၁၂ လပိုင်းအတွင်းမှာ တဖြေးဖြေးနဲ့ အလွန်သိသာလာပါလိမ့်မယ် ခင်ဗျာ။
လုပ်ငန်းလည်ပတ်ဖို့ ငွေကို အသဲအသန်လိုလာကြပါလိမ့်မယ်။ ဘဏ်ချေးငွေ မလွယ်ကူတဲ့ ဒီနိုင်ငံအတွက်တော့ ဒီပြသနာကို ‌‌ဖြေရှင်းဖို့ လုပ်ရမယ့်နည်းလမ်း ၂ ခုပဲရှိပါတယ်။ လုပ်ငန်းတွေကို ပိတ်သိမ်းမလား၊ ရှိတဲ့ ပစ္စည်းတွေ ထုခွဲရောင်းချပြီး လုပ်ငန်းကို ဆက်လက် လည်ပတ်မလား
လုပ်ငန်းတွေ လည်ပတ်ဖို့ကြိုးစားမယ်ဆိုရင်တော့ ရှိထားတဲ့ ရွှေ၊ ကား၊ အိမ် စတဲ့ ၃ မျိုးကို ထုခွဲရောင်းချရပါမယ်။

ရွှေ
အလွယ်ကူဆုံးနဲ့အမြန်ဆုံး နာရီပိုင်းအတွင်း ငွေဖြစ်တဲ့ ပိုင်ဆိုင်မှုပါ။ သို့သော် သာမာန်လုပ်ငန်းရှင်အများစုမှာ လက်ဝတ်ရတနာကလွဲပြီး ရွှေပမာဏ အများကြီး မရှိကြပါဘူး။

ကား
လုပ်ငန်းရှင်တိုင်းမှာ ရှိပါတယ်။ ဒုတိယအမြန်ဆုံး ငွေဖော်လို့ရတဲ့ ပိုင်ဆိုင်မှုပါ။ လုပ်ငန်းရပ်တန့်သွားတဲ့ သူတွေရဲ့ ၈၀% ခန့်သူတို့ကားတွေ ပြန်ရောင်းကြပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ အရင်တုန်းက ကျွန်တော်ပြောခဲ့ဖူးသလိုပါပဲ။ မြန်မာပြည်ကလူတွေဟာ ‌ငွေသားပိုင်ဆိုင်မှု ပမာဏရဲ့ ၅၀% ကျော်ကို ကားဝယ်ဖို့ လွဲမှားစွာ အသုံးပြုထားကြတဲ့အတွက်ပါ။ ဥပမာ ငွေသား သိန်း ၅၀၀ ချမ်းသာသူက သိန်း ၃၀၀ တန်ကားလောက် ဝယ်စီးထားကြပါတယ်။
နောက်တစ်ချက်နှစ်ရှည် အရစ်ကျစနစ်နဲ့ဝယ်ထားတဲ့ကားတွေ လစဉ်ပုံမှန်ငွေဆက်သွင်းဖို့ ခက်လာကြပါလိမ့်မယ်။ တချို့ သိန်းထောင်ဂဏန်းကားတွေဆို ၅ နှစ်အရစ်ကျဝယ်ရင် တစ်လကို ၁၈ သိန်းနဲ့ သိန်း ၂၀ ခန့်ဘဏ်ကို လစဉ်သွင်းကြရပါတယ်။ ဒီကားတွေ ငွေဆက်မသွင်းနိုင်တော့ရင် ရောင်းချပြီး ငွေဖော်ကြပါလိမ့်မယ်။

အိမ်
လက်ရှိအချိန်မှာ ငွေဖော်ရအခက်ဆုံး ပိုင်ဆိုင်မှုပါ။
နေရာကောင်းလေးတွေသာ ဗိုက်နာဈေးနဲ့ ငွေဖော်လို့ရမှာ ဖြစ်ပြီး ကျန်တဲ့နေရာတွေကတော့ ရောင်းမစွံနိုင်ပါဘူး။
ဒီအချိန် ဝယ်မည့်အစား ငှားနေတာ ပိုကိုက်ပါတယ်။
အဲ့ဒီတော့ အိမ်ခြံမြေဈေးကျနိုင်ပါတယ်။ ဘဏ်ရာဖြတ်တွေရဲ့ ကာလပေါက်ဈေးထက် တန်ဘိုးပိုဖြတ်ကာ ဘဏ်မှာပေါင်ထားကြတဲ့ အိမ်ခြံမြေတွေ ဘယ်လိုဆက်လုပ်ကြမလဲဆိုတာလဲ စဉ်းစားစရာပါ

ငွေသားကိုင်ထားတဲ့သူကတော့ အကောင်းဆုံးပါ။ မိမိကြိုက်ရာနေရာမှာ ချက်ခြင်း ရင်းနှီးမြုပ်နှံလို့ရပါတယ်။ liquitidy ဖြစ်တယ်လို့ခေါ်ပါတယ်။ ရေဟာ လေးဒေါင့်ခွက်ထဲထည့်ရင် လေးဒေါင့်ဖြစ်ပြီး အဝိုင်းခွက်ထဲထည့်ရင် အဝိုင်းဖြစ်တဲ့သဘောကို ဥပမာပြတာပါ။

ဒီအချိန်အထူးသတိထားသင့်တာက
မကျွမ်းကျင်တဲ့လှိုင်းကို စီးဖို့ မကြိုးစားပါနဲ့။
‌မည်သူ့ကိုမှ ငွေမချေးပါနဲ့။ ချေးမိရင် သေချာပေါက် ဆုံးမယ့် ကာလပါ။
အစားအစာမှလွဲပြီး ကျန်တဲ့ ပစ္စည်းတွေ ဝယ်မယ်ဆို လိုအပ်လားဆိုတာ ၃ ခါလောက် ပြန်စဉ်းစားပါ။

လုပ်ငန်းတွေအသက်ဆက်ဖို့
မလိုအပ်ပဲခန့်ထားတဲ့ ဝန်ထမ်းတွေကို လျှော့ချရပါမယ်။
မလိုအပ်ပဲငှားထားတဲ့ နေရာငှားခတွေကို လျှော့ချရပါမယ်။
အောင်မြင်မှုရာခိုင်နှုန်းအနဲဆုံးဖြစ်နေတဲ့ ထုတ်ကုန်ကို ‌ရပ်ဆိုင်းရပါမယ်။
ဝန်ထမ်းရော အလုပ်ရှင်ပါ ပိတ်ရက်မရှိ အတူတကွ ရုန်းကန်ကြရပါမယ်။။

စိတ်ကိုပျော်အောင်ကြိုးစားပြီးနေပါ။
ကျွန်တော်ဆို ဝင်ငွေရှိတာမရှိတာထက် အလုပ်မလုပ်ပဲနေရရင် လုံးဝ စိတ်မပျော်ပါဘူး။ တော်တော် အားတင်းပြီးနေရပါတယ်။

မိတ်ဆွေများ ကျန်းမာချမ်းသာကြပါစေ

Credit PyiSoeOo
#ပြန်လည်မျှဝေပါသည်

ဒီနေ့အတွက် သိကောင်းစရာ (၁)(၂၀၂၀) ပြည့်နှစ်၊ မေလ (၂၂) ရက်• ကိုရိုနာဗိုင်းရပ်စ်ပိုးကပ်တင်နေတဲ့ အရာဝတ္ထုတွေကို ကိုင်တွယ်ထား...
22/05/2020

ဒီနေ့အတွက် သိကောင်းစရာ (၁)
(၂၀၂၀) ပြည့်နှစ်၊ မေလ (၂၂) ရက်

• ကိုရိုနာဗိုင်းရပ်စ်ပိုးကပ်တင်နေတဲ့ အရာဝတ္ထုတွေကို ကိုင်တွယ်ထားမိတဲ့လက်နဲ့ မျက်စိ၊ နှာခေါင်း၊ ပါးစပ်တို့ကို ကိုင်တွယ်မိရင် ရောဂါကူးစက်ခံရနိုင်ပါတယ်။

• ကိုရိုနာဗိုင်းရပ်စ်အား အပေါ်ယံအဆီမျက်နှာပြင်အလွှာနဲ့ ဖုံးအုပ်ထားပါတယ်။

• ဆပ်ပြာမော်လီကျူးဟာ အဲ့ဒီအဆီမျက်နှာပြင်ကို ပျက်စီးစေပြီး စက္ကန့် (၂၀) ခန့်အကြာမှာ ကိုရိုနာဗိုင်းရပ်စ်ကို အပိုင်းပိုင်းဖြစ်သွားစေပါတယ်။

• ပျက်စီးသွားတဲ့ ကိုရိုနာဗိုင်းရပ်စ်ဟာ လူ့ခန္ဓာကိုယ် ကလာပ်စည်းထဲသို့ ဝင်ရောက်ပြီး ပြန့်ပွားခြင်း မပြုလုပ်နိုင်တော့ပါ။

• ဒါကြောင့် ဆပ်ပြာနဲ့ ရေကိုအသုံးပြုပြီး အနည်းဆုံးစက္ကန့် (၂၀) ကြာအောင် စနစ်တကျ မကြာခဏ လက်ဆေးခြင်းဖြင့် မိမိကိုယ်တိုင်ကိုရော၊ မိမိပတ်ဝန်းကျင်ကိုပါ ကိုရိုနာ ဗိုင်းရပ်စ်ရောဂါ (COVID-19) အန္တရာယ်မှ ကာကွယ်ပါ။

COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း(၂၀-၅-၂၀၂၀)  ရက်နေ့၊  ည (၈:၀၀)နာရီ▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄...
20/05/2020

COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း
(၂၀-၅-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီ
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

၁။ (၂၀-၅-၂၀၂၀) ရက်နေ့၊ ညနေပိုင်းတွင် ဆေးသုတေသနဦးစီးဌာန (DMR) မှ ဓာတ်ခွဲနမူနာ (၁၅၉) ခုနှင့် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ ပထမအသုတ်အဖြစ်ဓာတ်ခွဲနမူနာ (၉၄) ခု၊ စုစုပေါင်း (၂၅၃) ခုကို စစ်ဆေး ပြီးစီးခဲ့ရာ -

• COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၆) ဦးတွေ့ရှိရပါသည်။

၂။ (၂၀-၅-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ (၁၉၉) ဦးရှိပြီဖြစ်ပါသည်။

၃။ ဓာတ်ခွဲအတည်ပြု လူနာဟောင်း (old confirmed case) များ၏ ဓာတ်ခွဲနမူနာများစစ်ဆေးမှုတွင် (၂) ကြိမ် ဆက်တိုက် ပိုးမတွေ့ရှိသူ (၄) ဦး (Case- 28, 43, 87 နှင့် 125) ရှိခဲ့သဖြင့် (၂၀-၅-၂၀၂၀) ရက်နေ့အထိ ရောဂါပိုးကင်းစင်လာသူ စုစုပေါင်း (၁၀၈) ဦးရှိပါသည်။ ၎င်းတို့အနက် (၉၈) ဦးအား ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီးဖြစ်ကာ သတ်မှတ်နေရာများတွင် အသွားအလာဆက်လက်ကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိပါသည်။

၄။ ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူ (၆) ဦး ရှိပါသည်။

၅။ (၁၉-၅-၂၀၂၀) ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီမှ (၂၀-၅-၂၀၂၀)ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီအတွင်း တွေ့ရှိရသော စောင့်ကြည့်လူနာအသစ် (၆၆) ဦး ရှိပါသည်။

အများပြည်သူသိရှိရန် အသိပေးကြေညာချက်= = = = = = = = = = = = = = = =အများပြည်သူသိရှိရန်  အသိပေးကြေညာချက်တစ်ရပ်အား အစားအသော...
16/05/2020

အများပြည်သူသိရှိရန် အသိပေးကြေညာချက်

= = = = = = = = = = = = = = = =

အများပြည်သူသိရှိရန် အသိပေးကြေညာချက်တစ်ရပ်အား အစားအသောက်နှင့်ဆေးဝါးကွပ်ကဲမှု ဦးစီးဌာန၊ ကျန်းမာရေး နှင့် အားကစား ၀န်ကြီးဌာနက ထုတ်ပြန်ကြေညာထားပါသည်။

နိုင်ငံတကာPayment gatewayတွေအတွက်လိုအပ်တဲ့နည်းပညာကို မထောက်ပံ့ပေးနိုင်တဲ့ဗဟိုဘဏ်ပေါ်လစီကြောင့်ပြည်သူတွေဘယ်နေရာတွေမှာနစ်န...
16/05/2020

နိုင်ငံတကာPayment gatewayတွေအတွက်
လိုအပ်တဲ့နည်းပညာကို မထောက်ပံ့ပေးနိုင်တဲ့
ဗဟိုဘဏ်ပေါ်လစီကြောင့်
ပြည်သူတွေဘယ်နေရာတွေမှာနစ်နာနိုင်မလည်းဆိုရင်
1-Google play store ပေါ်တင်ပြီးApplication ရောင်းလို့မရတော့ဘူး
2-Google Admob ကနေရမယ့် Ads pay per impression feesတွေမရတော့ဘူး
3-Google AdSense ကရမယ့် Ads impression feesတွေမရတော့ဘူး
4-Youtube monetisation Ads feesတွေမရတော့ဘူး
5-Facebook Ads break feesတွေမရတော့ဘူး
6-Stock and Forex tradingတွေကနေရမယ့်ဝင်ငွေအကန့်သတ်ဖြစ်သွားမယ်
7-Cryptocurrency ICOတွေကရမယ့် အခွင့်အရေးတွေမရတော့ဘူး

ထိုဝင်ငွေလမ်းကြောင်းတွေနဲ့အဓိက ချိတ်ဆတ်ထားတဲ့
Payment gatewayတွေဟာ PayPal/Master/Visa/Perfect money/Skrill/Bitcoin စတာတွေဖြစ်တယ်

မြန်မာဘဏ်တွေရဲ့Master / Visa ဟာ ငွေအထွက်ပဲရပြီး
ပြည်ပကနေ အဝင်ကို ဗဟိုဘဏ်ကတမင်ပိတ်ထားပါတယ်
ဘာကြောင့်ပိတ်လည်းဆိုတာလည်းသိတယ်

ဒီလိုတွေ ပိတ်ပင်ထားတဲ့အတွက်ဘာတွေနစ်နာလည်းဆိုရင်

1-အခြေခံဥပဒေပါ အခန်း8 နိုင်ငံသားအခွင့်အ‌‌ရးထဲက
အစိုးရကပေးရမယ့် လိုအပ်သောနည်းပညာ ကို ထောက်ပံ့ကူညီမှုကို ပြည်သူမရဘူး

2-အခြေခံဥပဒေပါ အခန်း8 နိုင်ငံသားအခွင့်အရေးထဲက
လူတိုင်း ကိုယ်တက်ကျွမ်းတဲ့အသက်မွေးပညာနဲ့ အသက်မွေးခွင့်ပြည်သူမရဘူး
(Application developerလိုလူငယ်ကွန်ပျူတာပညာရှင်တွေကို
မျက်စိပိတ်နားပိတ်‌စေတယ်)

3-အခြေခံဥပဒေပါ အခန်း8 နိုင်ငံသားအခွင့်အရေးထဲကလူတိုင်းနည်းပညာကိုဖွံ့ဖြိုးအောင်လုပ်ဆောင်ခွင့်မရဘူး

4-အခြေခံဥပဒေပါ အခန်း8 နိုင်ငံသားအခွင့်အရေးအရ နိုင်ငံတော်အမျိုးသားအကျိုးစီးပွားတိုးတက်ဖို့ ဥပဒေနဲ့အညီလုပ်ဆောင်ခွင့်မရဘူး

ထပ်ဆွဲထုတ်ရင်ရှိသေးတယ်အများကြီး
အဓိကပြောချင်တာက နိုင်ငံတော်ဟာ ပြည်သူတွေရရှိစေမယ့် နိုင်ငံသားအခွင့်အရေးကို
ပြောင်ပြောင်တင်းတင်းချိုးဖောက်ထားတယ်
ပိတ်ပင်ထားတယ်

ဒါကြောင့် အထက်ဖော်ပြပါ နည်းပညာသုံးငွေရှာဖို့စိတ်ကူးရှိထားပြီးpayment ကြောင့်
အကောင်အထည်ဖော်ခွင့်မရကြသူများ
လုပ်ဆောင်နေကြသော်လည်းpayment အခက်အခဲ‌တွေကြောင့်လက်ထဲငွေသားရဖို့ခက်ခဲသူများအနေနဲ့
မိမိတို့ရရှိရမယ့် နိုင်ငံသားအခွင့်အရေးတွေဆုံးရှုံးနေတာကို
ဥပဒေအတိုင်းသိနားလည်ဖို့လိုပါတယ်

ဒါဆိုဘာလုပ်လို့ရမလည်းမေးရင်
အဖြေကရှိပါတယ်
ဒီလိုပျက်ကွက်မှုတွေကို လုပ်ဆောင်ပေးရန်တာဝန်ရှိတဲ့ဝန်ကြီးဌာနကို
နိုင်ငံတော်အမြင့်ဆုံးဥပဒေခုံရုံး ဆီ စာချွန်တော်ပို့ တိုင်ကြားလို့ရပါတယ်

ခုံရုံးက ဒီအခက်အခဲတွေသူ့ဆီတိုင်စာရောက်တာနဲ့
ဆိုင်ရာဝန်ကြီးဌာနကိုဆင့်ခေါ်ပြီးဘာကြောင့်ဒါတွေကူညီဖို့ပျက်ကွက်ရတာလည်း
စစ်ပါလိမ့်မယ်

ပြောချင်တဲ့အဓိကအချက်က ပြည်သူတွေ
ထပ်ပြောမယ်ပြည်သူတွေ မအ ဖို့ပါ
အခြေခံဥပဒေကို ထိထိရောက်ရောက်နားလည်အသုံးချကြဖို့ပါ

နိုင်ငံသားတွေဥပဒေနားမလည်ရင် မရိုးဖြောင့်တဲ့တာဝန်ရိသူအရည်အသွေးမရှိတဲ့တာဝန်ရှိသူတွေကြောင့်
ကျုပ်တို့တွေရဲ့ အတွေးအခေါ်တွေ လုပ်ဆောင်နိုင်စွမ်းတွေ ချိုးနှိမ်ခံနေရတာမျိုး
ဆက်အဖြစ်မခံကြစေချင်ပါဘူး

အားလုံး မိမိအခွင့်အရေးကို နားလည်နေဖို့လိုပါတယ်

ဗဟိုဘဏ်ကဘယ်အချိန်ထိ ငွေကြေးခဝါချမှုကြောင့်ဆိုပြီး
ခေါင်းစဉ်တပ်နေမှာလဲ။
သူများနိုင်ငံတွေဘယ်လိုကိုင်တွယ်နေသလဲမလေ့လာကြဘူးလား။

ခေါ်ထားသည့် နိုင်ငံခြားသား အကြံပေးအဖွဲ့ က
ဘာတွေ အကြံ ပေးနေသလည်း

Credit to original uploader

Address

52 CHOA CHU KANG NORTH 7, #10-24 REGENT Grove
Singapore
689528

Alerts

Be the first to know and let us send you an email when Nature Lovers posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Establishment

Send a message to Nature Lovers:

Share