People Talk

People Talk We love travelling & produce it.

01/06/2021

အစားကောင်းအသောက်ကောင်းကြိုက်တတ်တဲ့၊ အစားတစ်လိုင်းသမားများအတွက်
😄😄😄Food Network
Page လေးကို like&share လေးလုပ်ပေးပါဦး 🙏🙏🙏

19/12/2020

ကျေးလက်တောတောင်သဘာဝကို ချစ်ခင်မြတ်နိုးကြတဲ့သူတွေအတွက်...
ကျောက်ဆည်မြို့နယ်က ထန်းဇင်တောရွာလေးကို ခေါ်သွားချင်ပါတယ်...
ရွာလေးမှာလေ့လာလည်ပတ်ပြီး ရိုးရှင်းတဲ့ရွာဓလေ့နေ့လယ်စာကို ရိုးသားဖော်ရွေပျူငှာတဲ့ ဒေသခံအစ်မနဲ့အတူ ချက်ပြုတ်ပြင်ဆင်မယ်...
လက်ရေတပြင်တည်း ပျော်ပျော်ပါးပါးစားကြမယ်...
ပြီးရင်တော့ ထန်းဇင်တော်ရွာက ဧည့်ခံဖျော်ဖြေတဲ့ ဆင်အကကိုရင်သပ်ရှုမောဖွယ်ကြည့်ကြမယ်...
ကဲ...ပရိတ်သတ်ကြီးလည်း ဒီအစီအစဉ်ကိုလိုက်ပါစီးမျော ကြည့်ရှုခံစားကြပါအုန်း...

17/12/2020

ငယ်ငယ်တုန်းကစားဖူးတဲ့မုန့်တွေထဲမှာ
မုန့်ကြွပ်လည်း တစ်ခုအပါအဝင်ပဲမဟုတ်လား...?
ဘာလို့လည်းဆိုတော့ မြန်မာရိုးရာမုန့်တွေထဲမှာ သူကလည်းတစ်ခုအပါအဝင်ပဲလေ...
ကြွပ်ကြွပ်ရွရွလေးနဲ့စားလို့ကောင်း...
မုန့်ကြွပ်ဖုတ်တဲ့နေရာမှာ အဆင့်(၂)ဆင့်ရှိတယ်နော်...
အရင်ဆုံး မုန့်နှစ်ကို အချပ်လိုက်ဖြစ်သွားအောင်ပေါင်းတယ်...အဲ့ဒါကို တစ်ရက်နေပူလှမ်းပြီးတော့ ရလာတဲ့အချပ်တွေကိုမှ မီးသွေးနဲ့ပြန်ဖုတ်ကြတာပါ...
မုန့်ကြွပ်ဖုတ်တဲ့ပညာရပ်က ကြည့်ရင်တော့လွယ်တယ်ထင်ရပေမဲ့ တကယ်တမ်းလုပ်ကြည့်ရင်မလွယ်ဘူးနော်...
ညောင်ရွှေမြို့နယ် မြေနီကုန်းက​ျေးရွာမှာလုပ်တဲ့ မုန့်ကြွပ်လုပ်ငန်းက သူတို့ရဲ့အဓိကအသက်မွေးဝမ်းကြောင်း လုပ်ငန်းတစ်ခုပါ...
မြန်မာ့ရိုးရာ မုန့်ကြွပ်အကြောင်းလေး လေ့လာကြည့်ရအောင်ပါ...

15/12/2020

ခွက်ပြင်မုန့်....တဲ့
စားဖူးကြလား.....?
ခေါပုတ်တို့ခေါပြင်တို့မဟုတ်ဘူးနော်...ဒေသအခေါ်ကခွက်ပြင်တဲ့...
ဒေသတစ်ခုကိုရောက်တိုင်းရောက်တိုင်း အဲဒီ့နေရာဒေသရဲ့ ရိုးရာအစားအစာတွေကို မြည်းစမ်းခွင့်ရတာကလည်း ကံကောင်းခြင်းတစ်ခုပဲ မဟုတ်ပါလား...?
ခွက်ပြင်မုန့်ပြုလုပ်တဲ့အခါ ပါဝင်တဲ့ပစ္စည်းတွေက
-ကောက်ညှင်း
-နှမ်း
-အုန်းသီး
-ထန်းလျက် တို့ပါဝင်တယ်...အဲဒီ့တော့ အရသာက ချိုချိုဆိမ့်ဆိမ့်လေးနဲ့ အရမ်းစားလို့ကောင်းပြီပေါ့...ခွက်ပြင်မုန့်ပြုလုပ်တာကို လေ့လာကြည့်မယ်လေ...

11/12/2020

ပြည်မြို့ကိုရောက်ပြီဆိုရင် သွားသင့်တဲ့နေရာတွေထဲကတစ်ခုက Emperor Nine Restaurant ....
သူကမင်းကြီးတောင်ပေါ်မှာရှိတာဆိုတော့ အရသာရှိတဲ့အစားအစာတွေကို လေလေးတဖြူးဖ​ြူးနဲ့ ရှုခင်းတွေကြည့်ရင်း ဇိမ်ကျကျလေးသုံးဆောင်ရမှာ...
-ကြက်ကိုတစ်ကောင်လုံး အကောင်လိုက်ပေါင်းပြီးချက်ထားတဲ့ ကြက်ရွှေရောင်...
-အာလူးကိုအဓိကပြင်ဆင်ထားတဲ့ အာလူးငှက်သိုက်...
-ပုဇွန်နဲ့အသီးအရွက်တွေကို မရိုးနစ်ဆမ်းထားတဲ့ ပုဇွန်ပင်ပျိုသီးနှံ...
-ပူပူစပ်စပ်အရသာ မာလာရှမ်းကော
-ချို ချဉ် ငံ စပ် ငါးခူမျှစ်ချဉ်ဟင်းရည်
အရမ်းစားလို့ကောင်းတဲ့ ဟင်းလျာတွေချည်းပဲ...
ပြည်ရောက်ရင် Emperor Nine Restaurant ကိုရောက်အောင်သွားပြီး အရသာရှိတဲ့အစားအစာတွေကို မြည်းစမ်းကြည့်ခဲ့အုန်းနော်...

09/12/2020

Cafe Night မှာ Dinner စားမယ်...
ဘာတွေစားမလဲ ?
ကောင်မလေးသုပ်
ပုဇွန်ဆီပြန်
ဆိတ်ပေါင်းအစပ်
ကြက်ပေါင်းပုဇွန်ခြောက်ကညွတ်
ကြက်ပေါင်းကြွပ်ကြော်
ဆိတ်သားပီဇာ
ပင်လယ်စာတုံယမ်းဟင်းချို
Cherry kiss အအေး
ရေခဲမုန့်ကိတ်
အစားအစာတွေကတော့မျိုးစုံနေတာပဲ နောက်ထပ်လည်းကြိုက်တာထပ်မှာစားလို့ရသေးတယ်နော်...
အရသာရှိတဲ့ အစားအစာတွေနဲ့အတူ မိသားစုတွေ၊ သူငယ်ချင်းတွေ ပျော်ပျော်ပါးပါးနဲ့ Dinner လုပ်ချင်တယ်ဆိုရင်တော့ Cafe Night ကိုသာသွား...အဲဒီ့မှာအစုံရတယ်...
သူကကျောက်ဆည်မြို့၊ အောက်ချိုင်းရပ်ကွက် စာတိုက်အနီးမှာရှိတာပါ...

05/12/2020

ချို အီ ဆိမ့် အရသာဆိုရင်
ဘာတွေကို ပြေးမြင်မိလဲ...?
နို့ထွက်ပစ္စည်းတွေကို ပုံစံမျိုးစုံနဲ့စားကြည့်ချင်သလား?
ကျောက်ဆည်ရောက်ပြီဆိုရင် ဒီနေလင်းဆိုင်ကိုသာသွားပါ...
နေ့လယ်၊ နေ့ခင်း အချိန်တွေမှာ အရမ်းလူစည်ကားပြီး နွားနို့နဲ့ပတ်သက်တာမှန်သမျှ အတော်များများရတယ်...
ဒိန်ချဉ်သီးစုံ
နွားနို့ယို
ဒိန်ခဲကြော်
ကြက်ဥပူတင်း
ဒိန်ချဉ်
အရသာတွေကတော့ လုံး၀ရှယ်ပဲ...ကဲ တစ်ခုချင်းစီ မြည်းစမ်းကြည့်ရအောင်ပါ...

03/12/2020

ဘီးလင်းမြို့ကနှင်းပုလဲထမင်းပေါင်း😋😋😋
ရန်ကုန်နဲ့မော်လမြိုင်ကို ခရီးသွားကြတဲ့လူ‌တွေ
အတော်များများ နှင်းပုလဲထမင်းပေါင်းကို မစားတဲ့သူဆိုတာ ခပ်ရှားရှားပဲ ❤️

😊စားဆို...အရသာကိုလည်း မေးကြည့်လိုက်အုန်းလေ...ဆွေမျိုးပါမေ့သွားမယ်🤔🤔

💙ထမင်းပေါင်းကို ဆိတ်သားနဲ့စားမလား၊ ကြက်သားနဲ့စားမလား၊ အမဲသားနဲ့စားမလား ကြိုက်တာရွေးလို့ရတယ်...

🆒ဒီအစီအစဉ်မှာတော့ နှင်းပုလဲဘူတာက ဒေါ်ဖြူထမင်းပေါင်းကို ဗမာကြက်သားနဲ့စားတာလေ။
ထမင်းပေါင်းထဲမှာ ထည့်တဲ့ဟင်းအနှစ်ကိုက မဆလာနံ့မွှေးမွှေးလေးနဲ့ အရမ်းအရသာရှိတယ်🆙
# # # ဘီးလင်းရောက်ရင် စားဖြစ်အောင်စားခဲ့နော်...

01/12/2020

မော်ကျွန်းဌေးဌေးမုန့်ဟင်းခါးတဲ့❤️
မော်ကျွန်းဌေးဌေးဆိုတော့ မော်ကျွန်းမြို့မှာရှိတာလို့ မထင်လိုက်နဲ့နော်😊😊😊
မြန်မာနိုင်ငံရဲ့ အထက်ပိုင်းဒေသလို့ပြောလို့ရတဲ့ မုံရွာမှာရှိတဲ့မုန့်ဟင်းခါးဆိုင်လေးပါ။မုံရွာမြို့မှာမုန့်ဟင်းခါးကို အောက်ပြည်အောက်ရွာရဲ့အရသာအတိုင်း စားကြရမှာပါ😋😋😋

ပြီးတော့နောက်ထပ်တစ်ဆိုင်ကလည်း သဟာရအသုပ်ဆိုင်တဲ့...
🧡 လက်ဖက်သုပ်
🖤 မြင်းခွာရွက်သုပ်
💙 ဒညင်းသီးသုပ်
💛ထမင်းသုပ်
💜ခရမ်းချဉ်သီးသုပ်...အသုပ်မျိုးစုံပါပဲ
အဲဒီ့မှာထူးခြားတာက ဘာအသုပ်ပဲဖြစ်ဖြစ် အသုပ်တိုင်းမှာအုန်းကြော်လေးတွေပါတာပဲ💯💯💯

Address

Singapore
259569

Website

Alerts

Be the first to know and let us send you an email when People Talk posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share