KH PixelRhythm

Directions

KH PixelRhythm A Photographic Hobby

Three beautiful forest birds, each with its own colours and character. Happy to capture these moments in Johor, Malaysia...
08/10/2026

Three beautiful forest birds, each with its own colours and character. Happy to capture these moments in Johor, Malaysia.

- Female Banded Kingfisher
- Rufous-collared Kingfisher
- Black-and-yellow Broadbill









ဒီရက်ပိုင်း အမှိုင်းဆန်တဲ့ dreamy mood ပုံတွေ နည်းနည်းများနေတာနဲ့…ဒီတစ်ခါတော့ အလင်းနူးနူးလေးနဲ့ mood တဖြတ်ပေါ့📸🔆        ...
24/09/2026

ဒီရက်ပိုင်း အမှိုင်းဆန်တဲ့ dreamy mood ပုံတွေ နည်းနည်းများနေတာနဲ့…
ဒီတစ်ခါတော့ အလင်းနူးနူးလေးနဲ့ mood တဖြတ်ပေါ့📸🔆







Dreamy portraits in soft, glowing light. 🔆🌿
22/09/2026

Dreamy portraits in soft, glowing light. 🔆🌿







ကရင်ရိုးရာ လက်ချည်ပွဲပေါ့…မှတ်တမ်း Documentary Photography အမျိူးစားတခုပေါ့လေ…ကိုယ်နားလည်မိသလောက်တော့ ဖြူနီကြိုးလေးတွေက ...
17/09/2026

ကရင်ရိုးရာ လက်ချည်ပွဲပေါ့…မှတ်တမ်း Documentary Photography အမျိူးစားတခုပေါ့လေ…
ကိုယ်နားလည်မိသလောက်တော့ ဖြူနီကြိုးလေးတွေက ဖြူစင်ခြင်း၊ ဘေးကင်းခြင်းနဲ့ ရဲရင့်ခြင်းတို့ကို ကိုယ်စားပြုပြီး…
ထမင်း၊ ကောက်ညှင်းနဲ့ ငှက်ပျောသီးတို့က စည်းလုံးခြင်း၊ မိသားစုနဲ့ မျိုးဆက်တွေရဲ့ ဆက်နွယ်မှုကို ဖော်ပြတာပေါ့…
မေတ္တာ၊ ဆုတောင်းတွေနဲ့ ရိုးရာ ဓလေ့ အမွေအနှစ် တခုပေါ့..
ကိုယ်နားလည်မိသလောက် ရေးထားတာမို့ အမှားပါရင်လည်း ကရင်တိုင်းရင်းသား တွေ တွေလို ဖြည့်စွက်ပေး ပေးလိုရသလို နားလည်ပေးပါ….

#ကရင်ရိုးရာလက်ချည်ပွဲ
#ရိုးရာအမွေအနှစ်




ခပ်လန့်လန့်နဲ့ ရိုက်ခဲ့မိတဲ့ Real-Life Street Photography… သူက ငါးခုတ်… ကိုယ်က နှလုံးခုန်… 🔪😂ဓားက ကိုယ့်ဘက်လှည့်လာရင်တော...
01/09/2026

ခပ်လန့်လန့်နဲ့ ရိုက်ခဲ့မိတဲ့ Real-Life Street Photography…
သူက ငါးခုတ်… ကိုယ်က နှလုံးခုန်… 🔪😂
ဓားက ကိုယ့်ဘက်လှည့်လာရင်တော့…
Focus မဆွဲတော့ဘူး..ကိုယ်ပဲ ဆွဲပြေးရမှာ… 🏃💨😁








Soft light, quiet moments, and a cinematic mood… ✨
29/08/2026

Soft light, quiet moments, and a cinematic mood… ✨







ရိုးရှင်းပေမဲ့…သဘာဝတရားထဲကတာဝန်ယူမှုနဲ့ မေတ္တာတရား… 💛
24/08/2026

ရိုးရှင်းပေမဲ့…
သဘာဝတရားထဲက
တာဝန်ယူမှုနဲ့ မေတ္တာတရား… 💛







“Buff-breasted Babbler”...ကျနော် ရှာဖတ်မိသလောက်ပေါ့…အရောင်အသွေး တောက်တောက်ပပ မရှိပေမယ့် သူတို့က တောရဲ့အောက်ခြေ ချုံနွယ်တ...
12/08/2026

“Buff-breasted Babbler”...

ကျနော် ရှာဖတ်မိသလောက်ပေါ့…
အရောင်အသွေး တောက်တောက်ပပ မရှိပေမယ့် သူတို့က တောရဲ့အောက်ခြေ ချုံနွယ်တွေကြားမှာ တိတ်တိတ်လေး ကျက်စားနေတတ်တဲ့ Buff-breasted Babbler လို့ခေါ်တဲ့ ငှက်လေးပေါ့…
Buff-breasted ဆိုတဲ့ နာမည်ကတော့ သူ့ရင်ဘတ်နဲ့ ဝမ်းဗိုက်ပိုင်းမှာ တွေ့ရတဲ့ နွေးနွေးအဝါညိုရောင် buff colour ကြောင့် ဒီလိုနာမည်ရလာတယ်လို့ သိရတယ်…

သူတို့ရဲ့ အလေ့အထကတော့…
သစ်ပင်ထိပ်ဖျားတွေမှာ ပျံဝဲကျက်စားတာထက် တောအောက်ခြေ
ချုံနွယ်ထူထပ်တဲ့နေရာတွေနဲ့ မြေပြင်နားနီးနီးမှာ နေထိုင်ကျက်စားတာကို ပိုနှစ်သက်ကြပါတယ်…
အစာရှာတဲ့အခါမှာလည်း တောအောက်ခြေ ချုံနွယ်တွေနဲ့ သစ်ရွက်ခြောက်တွေကြားမှာ လှုပ်ရှားရင်း အင်းဆက်ပိုးမွှား၊ ပိုးလောင်းနဲ့ သေးငယ်တဲ့ ကျောရိုးမဲ့သတ္တဝါလေးတွေကို ရှာဖွေစားသောက်တတ်ကြတယ်…

ဒီကောင်လေးကိုတော့ တောအောက်ခြေမှာ လှုပ်ရှားနေတာကို စောင့်ကြည့်ရင်း မှတ်တမ်းတင်မိခဲ့တယ်… 📸








HDB အောက်က ရိုးရိုးနေရာတစ်ခုကလည်း…အမြင်ပေါ်မူတည်ပြီး ရုပ်ရှင်ဆန်နေတတ်ပါတယ်….Cinematic Mood 📸
04/08/2026

HDB အောက်က ရိုးရိုးနေရာတစ်ခုကလည်း…
အမြင်ပေါ်မူတည်ပြီး ရုပ်ရှင်ဆန်နေတတ်ပါတယ်….
Cinematic Mood 📸










03/08/2026

ဒီ Page လေးကတော့ ကျွန်တော့်ရဲ့ ဝါသနာဖြစ်တဲ့ ပန်းချီ နဲ့ ဓာတ်ပုံ လေးတွေကို တစ်နေရာတည်းမှာ စုစည်းပြီး မျှဝေချင်လို့ ဖွင့်ထားတာပါ…

ရိုးရိုးလေးပါပဲ… 😊

အခုတော့ ပန်းချီနဲ့ပတ်သက်ပြီး ကိုယ်လေ့လာဖူးသလောက် နည်းနည်းလေး မျှဝေသဘောပါပဲ…

ပန်းချီမှာ Medium အမျိုးမျိုးရှိတဲ့အထဲက Watercolor နဲ့ Acrylic ကို အများဆုံးကြားဖူးကြမှာပါ…
ကိုယ်တိုင်ကတော့ Watercolor ဝါသနာရှင်အဆင့်ပေါ့… 😄
Acrylic ကတော့ ဟိုးအရင်က နည်းနည်းလောက် စမ်းရေးဖူးတယ်…
ကိုယ့် အတွက် Watercolor က ပြင်ဆင်ရတာ ပေါ့ပါးတယ်…ရေးနေရင်း လွတ်လပ်သလိုလည်း ခံစားရလို စွဲ၂ မြဲရေးနေမိတယ်ပေါ့….

ကိုယ်လေ့လာဖူးသလောက်တော့…
ပထမဆုံး သိထားသင့်တာက…
Watercolor က Transparent Medium ဖြစ်ပြီး…
Acrylic ကတော့ Opaque Medium ဖြစ်တယ်…

Watercolor
Watercolor မှာလည်း ဆေးအထူရေးနည်းအပါအဝင် ရေးနည်းစတိုင် အမျိုးမျိုးရှိပါတယ်…

ဒါပေမယ့် Watercolor ရဲ့ အဓိကဂုဏ်သတ္တိကတော့ ကြည်ကြည်၊ ပါးပါး Transparency ပေါ့…

Watercolor က Acrylic လောက် အမှားမခံပါဘူး…
မှားသွားရင် ပြန်ဖုံးပြန်ပြင်ရတာ Acrylic ထက် ပိုခက်ပါတယ်…
အထူးသဖြင့် Highlight (အလင်းရောင်) တွေကို
ရချင်ရင် Paper ရဲ့ အဖြူသားကို ချန်ရေးရတာ များပါတယ်..
ဆေးအဖြူ မသုံးတာတော့ မဟုတ်ပါဘူး…
သုံးကြပါတယ်…
ဒါပေမယ့် Paper အဖြူသားကပေးတဲ့ ကြည်လင်တဲ့ Highlight ကိုတော့ မရနိုင်ပါဘူး…

ဒါကြောင့် Watercolor ဟာ မရေးခင်ကတည်းက Highlight နေရာတွေကို Plan ချထားရတဲ့ Medium လို့ ပြောလို့ရပါတယ်…
တစ်နည်းအားဖြင့်…
Watercolor ဆိုတာ မရေးခင် ပိုစဉ်းစားရပြီး…
ရေးနေချိန်မှာလည်း ဆုံးဖြတ်ချက်ကို မြန်မြန်နဲ့ မှန်
မှန်တခါတည်း ဆုံးဖြတ်ရေးရတဲ့ Medium ဖြစ်ပါတယ်….
ဘာလို့လဲဆိုတော့ မှားသွားရင် Acrylic လို အပေါ်ကနေ လွယ်လွယ်ကူကူ ဖုံးပြီး ပြန်ရေးလို့ မရလို့ပါ…

Acrylic
Acrylic ကတော့ Opaque Medium ဖြစ်တဲ့အတွက် Watercolor နဲ့ ဆန့်ကျင်ဖက်လိုပြောလိုရတယ်ပေါ့…
အဖြူရောင်လိုချင်ရင် White Paint နဲ့ အပေါ်ကနေ ထပ်ရေးလို့ရတာမျိူး…
အမှားလုပ်မိရင်လည်း ဆေးခြောက်သွားတာနဲ့ အပေါ်ကနေ ပြန်ဖုံးပြီး ပြန်ရေးနိုင်ပါတယ်…
Layer တွေကို အလွယ်တကူ ထပ်တင်နိုင်သလို ပြင်ဆင်ရတာလည်း ပိုလွယ်ပါတယ်..

ဒါကြောင့် Beginner တွေအတွက်တော့ Acrylic က ပို Friendly ဖြစ်တတ်ပါတယ်….

ပန်းချီဆရာတော်တော်များများကတော့ Watercolor ဟာ Acrylic ထက် ပိုခက်တဲ့ Medium လို့ သတ်မှတ်ကြပါတယ်…
အမှားပြင်ဖို့ နည်းနည်းပိုခက်ခက်တာ ရေထိန်းရတာတွေကြောင့်ပေါ့…

ဒါပေမယ့်…

“ပိုခက်တယ်” ဆိုတာ “ပိုကောင်းတယ်” လို့ မဆိုလိုပါဘူး…အမှတ်မမှားစေချင်တာပါ”…

Watercolor မှာ Watercolor ရဲ့ အလှတရားရှိသလို…
Acrylic မှာလည်း Acrylic ရဲ့ အားသာချက်နဲ့ အလှတရား ရှိပါတယ်….

အရေးကြီးဆုံးကတော့…
ကိုယ်နှစ်သက်တဲ့ Medium ကို နားလည်နေပြီးပျော်ပျော်ရွှင်ရွှင် ဆက်ရေးနေဖို့ပါပဲ….
ကိုယ်လည်း အခုထိ လေ့လာနေဆဲပါ…
အမှားပါရင်လဲ ဆွေးနွေးလိုရပါတယ်….

Address

Singapore

Website

Alerts

Be the first to know and let us send you an email when KH PixelRhythm posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category