Ńâw Ĝ Mó

Ńâw Ĝ Mó 🌻💝I can't do anything without God💝🌻

🍒Nawglads Htoo Naw Ĝ Mŏ
27/04/2026

🍒
Nawglads Htoo
Naw Ĝ Mŏ

အိမ်ထောင်ရေးဆိုတာ သင့်ရဲ့ ရင့်ကျက်မှုအတိုင်းအတာကို အမြန်ဆုံး ဖော်ပြပေးတဲ့ ပြဒါးတိုင်တစ်ခုပါပဲ။

▪️▪️▪️▪️▪️▪️

ကျွန်တော်တို့တွေဟာ တခြားသူတွေနဲ့ဆိုရင် ဘယ်လောက်တောင် စည်းကမ်းရှိပြီး ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်ကြသလဲဆိုတာ ပြန်တွေးကြည့်ရင် တကယ်ကို အံ့ဩဖို့ကောင်းပါတယ်။

👉 အထက်လူကြီးနဲ့ဆိုရင်လည်း အလိုက်အထိုက် နေတတ်ကြတယ်၊

👉 သူငယ်ချင်းတွေနဲ့ဆိုရင်လည်း ပြောဆိုတာကို နူးညံ့အောင် ထားတတ်ကြတယ်၊

👉 ပြင်ပလောကမှာ စိတ်ပျက်စရာတွေ ကြုံရရင်တောင် ပြုံးပြုံးလေး တောင့်ခံနိုင်ကြတယ်။

👉 ဒါပေမဲ့ အိမ်ပြန်ရောက်တဲ့အခါမှာတော့... အရာအားလုံးကို အချစ်ဆုံးသူအပေါ်ကိုပဲ အကုန်ပုံချပစ်မိတတ်ကြပါတယ်။

❌ တကယ်တော့ သင့်ရဲ့ အိမ်ထောင်ဖက်ဆိုတာ စိတ်ဖိစီးမှုတွေကို ဖြေဖျောက်ဖို့ အသုံးချရမယ့် အရာတစ်ခု မဟုတ်ပါဘူး။

❌ တစ်နေ့လုံး ကိုယ်တိုင်မဖြေရှင်းနိုင်ခဲ့တဲ့ စိတ်ညစ်ညူးမှုတွေကို ပုံအောပစ်ရမယ့် အမှိုက်ပုံးလည်း မဟုတ်သလို သင့်ရဲ့ မထိန်းချုပ်နိုင်တဲ့ စိတ်ဆိုးဒေါသတွေကို ခံယူပေးရမယ့် တာဝန်ရှိသူလည်း မဟုတ်ပါဘူး။

အိမ်ထောင်ရေးဆိုတာ သင့်ရဲ့ ရင့်ကျက်မှုအတိုင်းအတာကို အမြန်ဆုံး ဖော်ပြပေးတဲ့ ပြဒါးတိုင်တစ်ခုပါပဲ။

တခြားနေရာတွေမှာ သင့်ရဲ့လေသံကို ထိန်းချုပ်နိုင်တယ်ဆိုရင် အိမ်မှာလည်း ထိန်းချုပ်နိုင်ရပါမယ်။

ပြင်ပမှာ တစ်ခုခုကို မတုံ့ပြန်ခင် ခဏတာသည်းခံစောင့်ဆိုင်းနိုင်တယ်ဆိုရင် သင့်ရဲ့အိမ်ထဲမှာလည်း အဲဒီလိုမျိုး စိတ်ရှည်နိုင်ရပါမယ်။

အိမ်ထောင်ရေးမှာ ရင်းနှီးကျွမ်းဝင်မှုဆိုတာ လုံခြုံမှုကို ပေးရမှာဖြစ်ပြီးတော့ ပေါ့တီးပေါ့ပျက် ဖြစ်စေတာမျိုး မဖြစ်သင့်ပါဘူး။

သင့်ရဲ့ အိမ်ထောင်ဖက်ဟာ ကိုယ့်အိမ်ကိုယ့်ယာမှာ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုကို ခံစားပိုင်ခွင့်အပြည့်ရှိပါတယ်။

အခိုင်မာဆုံးသော အိမ်ထောင်ရေးတွေဆိုတာ မိမိကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်းအပေါ်မှာပါ တည်ဆောက်ထားတာပါ။

✅ ဒီစာသားလေးကို ဖတ်ရင်း ကိုယ့်ကိုယ်ကိုယ် ပြောင်းလဲဖို့လိုအပ်တယ်လို့ ခံစားရတယ်ဆိုရင် ဒါဟာ ကောင်းတဲ့လက္ခဏာပါပဲ။

▪️▪️▪️▪️▪️▪️

အိမ်ထောင်ရေးထဲမှာ မိမိရဲ့ စိတ်ခံစားချက်တွေကို ကောင်းကောင်းမွန်မွန် ထိန်းကျောင်းနိုင်တဲ့ အကျင့်ကောင်းလေးတွေကို လေ့ကျင့်ယူကြဖို့ ဇနီးမောင်နှံများကို မေတ္တာဖြင့် နိုးဆော်လိုပါတယ်။

မေတ္တာဖြင့်

✍️ Peter & Yamin
(ကျန်းမာသောအိမ်ထောင်ရေးစကားဝိုင်း)

22/04/2026

သီချင်းမဆိုရတာတောင်ကြာပြီပဲ...🎧🎤🎹
Fav song မို့....ဒါလေးပဲ ခဏခဏ ပြန်နားထောင်ဖြစ်....🎶💝💐
"လူသားအတွက်လူသား"


စိတ်ခံစားချက်တွေကို ထိန်းချုပ်ပါ...😍အာရုံစိုက်ခံရဖို့ ချစ်ခံရဖို့ ဂရုစိုက်ခံရဖို့အတွက် ဘယ်သောအခါမှ ခယပြီး မတောင်းဆိုပါနဲ...
14/04/2026

စိတ်ခံစားချက်တွေကို ထိန်းချုပ်ပါ...😍
အာရုံစိုက်ခံရဖို့ ချစ်ခံရဖို့ ဂရုစိုက်ခံရဖို့အတွက် ဘယ်သောအခါမှ ခယပြီး မတောင်းဆိုပါနဲ့....
တစ်ယောက်ယောက်က ခင်ဗျားနဲ့စကားမပြောချင်ဘူးဆိုရင်....အတင်းသွားမရောပါနဲ့...
ဘာကြောင့်လဲဆိုတော့ အတင်းလုပ်ယူထားရတဲ့ ဆက်ဆံရေးတွေဟာ ကြာကြာမခံတတ်လို့ပါ...
ဒါကြောင့်ယာယီအဆင်ပြေဖို့အတွက်နဲ့ ဘာကြောင့်ကိုယ့်စိတ်ဝိညဥ်ကိုပျက်စီးခံမှာလဲ....
အသိစိတ်လေးကပ်ပြီးတော့ ကိုယ့်ကျန်းမာရေးအတွက် ကိုယ်ပေါင်းစိတ်ခွာ နေကြည့်ပါ...
ခင်ဗျားက လူကောင်းတစ်ယောက်ပါ..
ကိုယ့်အတွက်လူမှန်မဟုတ်တဲ့လူတစ်ယောက်ကို ကိုယ်ဘယ်လိုလူလဲဆိုတာ သက်သေပြနေမိလို့ပဲ ဖြစ်ပါတယ်...
ကိုယ့်အတွက်စစ်မှန်တဲ့လူဖြစ်ခဲ့ရင်တော့ ဘယ်အရာကိုမှ တောင်းခံစရာလိုနေမှာ မဟုတ်ပါဘူး...
လူတွေဟာ ကိုယ်ချစ်ခင်ရတဲ့သူတွေကိုလျစ်လျူမရှူးကြပါဘူး...
ကိုယ်ကလျစ်လျုရှူးခံလိုက်ရပြီဆိုရင် သူတို့အတွက် ကိုယ်ဟာ အသုံးမဝင်တော့တာ ဒါမှမဟုတ် သူတို့ဘဝထဲမှာ သင့်ကိုမရှိစေချင်တော့လို့ပဲ ဖြစ်ပါတယ်..
ဒါကိုတော့ မမေ့လိုက်ပါနဲ့...
ဒါကြောင့် စိတ်ဓာတ်သန်မာအောင် သင်ယူပြီးတော့ ကိုယ့်အသိစိတ်ကိုတန်ဖိုးထားပါ...
ကိုယ်မကြိုက်တဲ့အပြုအမူတွေနဲ့ ဆက်ဆံခံရပြီးချိန်မှာ သူတို့အတွက် ဖြည့်တွေးပေးဖို့ မကြိုးစားပါနဲ့....
#12.4.26 Dayoff


စိတ်ဓာတ်တွေကျနေလား...👎   ပင်ပန်းနေလားးး....😌ကိုယ့်ကို အားမရဘူးဖြစ်နေလားးး...😵  ရပါတယ်...💪💪ဒီတစ်နေ့တော့ ပြီးသွားပြီ...😻😻👏...
26/03/2026

စိတ်ဓာတ်တွေကျနေလား...👎
ပင်ပန်းနေလားးး....😌
ကိုယ့်ကို အားမရဘူးဖြစ်နေလားးး...😵
ရပါတယ်...💪💪
ဒီတစ်နေ့တော့ ပြီးသွားပြီ...😻😻👏
နောက်နေ့မနက်ကစပြီး✌
မင်းစိတ်ဓာတ်တွေ ပြန်မြှင့်တက်လာအောင် စာတွေဖတ်လိုက်ပါ....📕🎀
ပင်ပန်းတာတွေလျော့သွားအောင်...ဝါသာနာပါတာလေးတွေ လုပ်ကြည့်ပါ....🎧🎤
ကိုယ့်ကိုယ်လည်းပိုပြီးအရင်ကထက်ပိုဂရုစိုက်ပါ........🥰🥰
မင်းကလွှဲရင် မင်းနားမှာဘယ်သူမှအကြာကြီးရှိမနေပါဘူးးး ငါ့အတွက်ငါရှိတယ် ဆိုပြီးအားတင်းမယ်ဆိုရင် ဘေးမှာဘယ်သူမှမရှိလည်း ကိုယ့်ကိုယ် အားတင်းနိုင်ပါလိမ့်မယ်...👑🍂🌻
#26.3.26🥰





😁😁         သူဌေးတို့မရှိတုန်းလစ်...😁Chinese Garden ရဲ့ night veiw ကိုကြိုက်လို့ အဲ့ကိုပဲ အ​မြဲသွားဖြစ်ပါတယ်...💫🌠🏙🌌🌉Naw Ĝ...
22/03/2026

😁😁
သူဌေးတို့မရှိတုန်းလစ်...😁
Chinese Garden ရဲ့ night veiw ကိုကြိုက်လို့ အဲ့ကိုပဲ အ​မြဲသွားဖြစ်ပါတယ်...💫🌠🏙🌌🌉
Naw Ĝ Mŏ

#22.3.26🌻🍀💐💐


21/03/2026

🌄🌄
Naw Ĝ Mŏ
ဒေါ်ဒေါ့်တူလေး စိတ်ကောက်တာတဲ့ ချစ်စရာလေးတော့်🥰🥰💝💝💝
🍀
😌

Address

Singapore

Website

Alerts

Be the first to know and let us send you an email when Ńâw Ĝ Mó posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category