25/06/2026
သိုးလည်းကျောင်းဖူးတယ်
စောင်းတီးဖူးတယ်
ခြေင်္သေ့ နဲ့ ယှဥ်ပီးသတ်ဖူးတယ်
အထူးတလည် ဘုရားအခွင့်နဲ့ ပရောဖက်ရှမွေလ ဘိသိက်ပေးရတဲ့သူ
ချီးမွမ်းရင်နတ်ဆိုးတောင်ထွက်ပြေးတယ်
အထောင်ထောင်ခေတ်မှာ အသောင်းသောင်းချီးမွမ်းခံရတဲ့သူ
အားနေရင် လောက်လွှဲပစ်တတ်တဲ့ သူက
မာန်တက်နေတဲ့ လူထွားကြီး စစ်သူရဲ ဂေါ်လျက်ကို ခေါင်းဖြတ်ဖူးတယ်
အမှားတွေလည်းလုပ်ဖူးတယ် ဒါပေမယ့်ဘုရားထံပြန်လာတဲ့သူ
စစ်မြေပြင်မှာလဲ အလူးအလည်းတိုက်သလို
ဘုရားရဲ့မျက်မှာလည်း အရူးအမူးချီးမွမ်းသူ အဲ့ဒါ ဒါဝိတ်
#ဘုရားနဲ့ဝေးလို့မဖြစ်တဲ့သူ