03/05/2026
“𝗪𝗵𝗲𝗻 𝗕𝗿𝘂𝗻𝗼 𝗽𝗹𝗮𝘆𝘀, 𝗺𝗮𝗴𝗶𝗰 𝗵𝗮𝗽𝗽𝗲𝗻𝘀 ✨”
𝗕𝗿𝘂𝗻𝗼 𝗙𝗲𝗿𝗻𝗮𝗻𝗱𝗲𝘀 - 𝗕𝗶𝗴 𝗧𝗶𝗺𝗲 𝗥𝗲𝘃𝗶𝗲𝘄
🗣️-Bruno Fernandes ကို 1994 စက်တင်ဘာ (8) မှာ Maia (ပေါ်တူဂီ) မှာ မွေးဖွားခဲ့ပါတယ်။
သူဟာ midfield playmaker တစ်ယောက်အနေနဲ့ talent ကြီးပြီး vision, passing, leadership တွေကြောင့် အသက်ငယ်ငယ်ကတည်းက ထင်ရှားလာသူပါ။
ကစားသမားဘဝစတင်ရာမှာ
* Novara
* Udinese
* Sampdoria
တို့မှာ ကစားပြီး experience ရယူခဲ့ပါတယ်။အဲ့ဒီနောက်မှာ
တော့ သူ့ဘဝကို တဆစ်ချိုးပြောင်းလဲသွားမဲ့ စပို့တင်းလစ်ဘွန်းကိုပြောင်းရွှေ့ခဲ့ကာ ကမ္ဘာ့ဘောလုံးဇာတ်ခုံပေါ်ကို ရောက်ရှိလာခဲ့ပြီး (၃)ရာသီအတွင်းပြိုင်ပွဲစုံပွဲပေါင်း(၁၃၅)ပွဲကစားပေးခဲ့ပြီး ဂိုးဖန်တီးမှု(၄၃)ကြိမ်နဲ့သွင်းဂိုး(၆၂)ဂိုးသွင်းယူခဲ့ကာ ကွင်းလယ်လူတစ်ယောက်အတွက်တော့ အရမ်းများလွန်းတဲ့ပမာဏဖြစ်ပေမဲ့ တိုက်စစ်အားသန်၊ သွင်းဂိုးတွေကိုအမဲလိုက်တဲ့နေရာမှာ ကျွမ်းကျင်တဲ့Brunoအတွက်တော့ ထမင်းစားရေသောက်ဖြစ်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ ဥရောပစင်မြင့်ထက်ကို အိပ်မက်ကဇာတ်ရုံရဲ့တော်ကောက်မှုနဲ့အတူရောက်ရှိလာခဲ့ပြီး သွင်းဂိုးတွေကိုဆာလောင်သူ၊ငယ်ရွယ်မှုနဲ့အတူ သူလုပ်နိုင်တယ်ဆိုတာကို ကမ္ဘာကြီးကိုပြချင်ခဲ့တဲ့သူ၊သူ့အတွက် ၊အသင်းတွက်ဆို ဘယ်သူ့ကိုမဆိုcomplainတတ်ဖို့ ဝန်မလေးတာတွေကြောင့် တစ်ဖက်အသင်းပရိတ်သတ်တွေအပြင် ယူနိုက်တက်စ်ဖန်တွေ၊ဂန္တဝင်တွေကပါ မကြိုက်ကြတော့တဲ့အထိပါပဲ။ ဒီလိုနဲ့ပဲအသင်းရဲ့အနိမ့်အမြင့်အတက်အကျတွေမှာ တစ်ခါတစ်ရံပြဿနာတွေအတွက် နာမည်တပ်ခြင်းခံရသူ၊ တခါတလေမှာ အသင်းရဲ့သူရဲကောင်းဆိုတဲ့ဂုဏ်ပုဒ်တွေနဲ့အတူ အသင်းအတွက်ကပ္ပတိန်တာဝန်ကိုပါထမ်းဆောင်ရင်း သရဲနီတွေကို အသုံးတော်ခံတာ(၇)နှစ်တောင်ရှိလာခဲ့ပြီး အသင်းရဲ့ဂန္တဝင်လည်းဖြစ်လာခဲ့ပါပြီ။
နောက်ပိုင်းနှစ်တွေမှာတော့ တည်ငြိမ်ရင့်ကျက်မှုတွေနဲ့အတူ အသင်းရဲ့မရှိမဖြစ်ကစားသမားဖြစ်လာခဲ့ပြီး ဒီရာသီမိုက်ကယ်ကာရစ်ရဲ့လက်ထဲမှာတော့ သွင်းဂိုးတွေထက် ပိုလှပတဲ့ဂိုးဖန်တီးရှင် Game Changer တစ်ယောက်ဖြစ်လာခဲ့ပြီဖြစ်ပြီး အခုအသစ်ထွက်လာတဲ့ကဒ်ဟာလည်း Bruno ရဲ့ပြင်ပပုံစံနဲ့အလိုက်ဖက်ဆုံးကဒ်ဖြစ်ပြီး အကောင်းဆုံးကဒ်ဖြစ်လာမယ်ဆိုတာ ပြောစရာတောင်မလိုပါဘူး။ ကဲစာတွေများသွားပြီဆိုတော့ ဂိမ်းအကြောင်းစလိုက်စို့-
🎮 📊 Full Review
⭐ Overall Rating – 106 AMF
👉 Endgame card level တစ်ခုပါ။
👉 Top tier AMF list ထဲ ဝင်နိုင်ပါတယ်။
⸻
🔥 Key Stats Analysis
🧠 Passing & Creativity (BEST PART)
* Low Pass – 90
* Lofted Pass – 92
* Tight Possession – 94
⚽ Shooting Ability
* Finishing – 90
* Kicking Power – 94
* Curl – 89
👉 Shooting Skills အကုန်ပါတဲ့အပြင် Finishing 90မို့ Box အပြင်ကနေ goal သွင်းနိုင်တဲ့ AMF🔥
ဒါ့အပြင် Build Up+ Through Passing တွေသုံးပြီး Assist တွေဖန်တီးမယ်ဆိုလည်း Perfect 🔥🚀
🕹️ Dribbling
* Ball Control – 92
* Dribbling – 91 ဖြစ်တာမို့
👉 Smooth control ရှိတယ်
⚡ Speed & Movement
* Speed – 90
* Acceleration – 92
👉 Bruno ရဲ့ဒီကဒ်မှာ အထူးခြားဆုံးကတော့ Speed&Accelerationမြင့်နေတာမို့ ဒီကဒ်က→ meta ဖြစ်လာနိုင်ပါတယ်🔥
💪 Physical
* Physical Contact – 74
* Balance – 90
👉 Strong defender တွေနဲ့တော့ ဘောလုံးယှဉ်လုလို့မရပါဘူး ဒါပေမဲ့
👉 balance 90မို့ ball hold တာတွေမှာ သေချာပေါက် အဆင်ပြေမှာပါ။
👉 Statsတွေက AMF တစ်ယောက်အတွက် အရာရာပြည့်စုံနေသလို BigTimeဖြစ်တာမို့ Condition ကအမြဲ(B)ဖြစ်နေတာအပြင် ဒီစကေး၂ခု (Phenomenal Pass + Magnetic) လည်းပါတာမို့နဲ့ ဒီ card ကသေချာပေါက်
“Complete AMF + Meta Playmaker” ဖြစ်လာမှာအသေအချာပါ။
ဒါကြောင့်မို့ Bruno fan မဟုတ်လည်းသေချာပေါက် Spin လုပ်သင့်တဲ့ Endgame card ဖြစ်ပါကြောင်း 🔴🔥