Lock Angle

Lock Angle ခံစားမူ့ ရသစုံ

13/12/2024
ဘဝ ဆိုတာ...မဖြစ်နိုင်ခြင်း ဆိုတဲ့ နောက်ကွယ်မှာဖြစ်အောင် လုပ်ချင်တဲ့ တံခါး ပေါက်လေး ရှိတယ်။ဆုံးရှုံးခြင်း ရဲ့ နောက်ကွယ်မှ...
11/11/2024

ဘဝ ဆိုတာ...

မဖြစ်နိုင်ခြင်း ဆိုတဲ့ နောက်ကွယ်မှာ
ဖြစ်အောင် လုပ်ချင်တဲ့
တံခါး ပေါက်လေး ရှိတယ်။

ဆုံးရှုံးခြင်း ရဲ့ နောက်ကွယ်မှာ
တဖန် အောင်မြင် ဖို့အတွက်
မျှော်လင့်ချက်တွေ ရှိတယ်။

နာကျင်ခြင်း ရဲ့ နောက်ကွယ် မှာ
မခံချင် စိတ်တွေ ရှိတယ်။

အနိမ်ခံ ဘဝ ရဲ့ နောက်ကွယ် မှာ
ခံပြင်းစိတ် နဲ့ ကြိုးစားချင်
စိတ်တွေ ရှိတယ်။

စွန့်လွှတ်မှု ရဲ့ နောက်ကွယ် မှာ
တမ်းတ ငိုကြွေး ခြင်းတွေ ရှိတယ်။

အစွန့်လွတ်ခံ ရခြင်းရဲ့ နောက်ကွယ် မှာ
အရာရာကို နားလည် သွားနိုင်တဲ့
ဘဝ သင်ခန်းစာတွေ ရှိတယ်။

ဘဝဆိုတာ
ကိုယ့်ဒူးကိုယ်ချွန် ရမယ်။
ကိုယ့်လမ်း ကိုယ်လျှောက် ရမယ်။
ကိုယ့်သမိုင်း ကိုယ် ရေးရမယ်။

တကယ်တော့ ဘဝဆိုတာ
အားကိုးရှာဖို့ ရောက်လာတာ မှ
မဟုတ်တာပဲ

ကိုယ်ဖောက် ရမဲ့ လမ်း အတွက်
သင်ခန်းစာယူဖို့ ရောက်လာ ကြတာပါ

အဲဒီ တော့
ဘဝမှာ လဲကျသွားရင်
အားတင်းထား၊

ဘာလို့ လဲကျသွားလဲ ...
သင်ခန်းစာယူ၊

ရအောင် ပြန်မတ်တပ် ရပ်
အောင်မြင်ဖို့ အတွက် ဆက်လျှောက်၊
အဲဒါ ဘဝ ပါပဲ သူငယ်ချင်း .....

ဘဝဟာ ရေတစ်ခွက်ဆိုရင်တောင် ကိုယ်ထပ်ဖြည့်ချင်တဲ့အရာက ရောင့်ရဲတတ်တဲ့စိတ် ဖြစ်ပြီးလျှံကျချင်တဲ့ အရာက မေတ္တာတရားပါ ။အဝေးကြီးက...
11/11/2024

ဘဝဟာ ရေတစ်ခွက်ဆိုရင်တောင်
ကိုယ်ထပ်ဖြည့်ချင်တဲ့အရာက ရောင့်ရဲတတ်တဲ့စိတ် ဖြစ်ပြီး
လျှံကျချင်တဲ့ အရာက မေတ္တာတရားပါ ။

အဝေးကြီးက လရောင်မှ လှတာ မဟုတ်ပါဘူး ။
ကိုယ့်ရင်ထဲ 'သာ' တဲ့ကြယ်လေးတွေလည်း
ကျေနပ်ကြည်နူးတတ်တဲ့စိတ်နဲ့ဆို တစ်ကိုယ်စာတော့
လင်းပါတယ် ။

အများကြီးတော့ မျှော်လင့်မထားတာအမှန်ပါ ။
မနက်ဖြန်ဆိုတာက မတည်မြဲတတ်ဘူးလေ ။

ပြောင်းလဲတတ်တဲ့အရာတွေကို အလိုက်သင့် လက်ခံ
ပြိုလဲတတ်တဲ့ သဘောတွေကို အပြုံးမပျက် စောင့်ကြည့်
ငြိတွယ်တတ်တဲ့ နှောင်ကြိုးတွေကိုဖြည်းဖြည်းချင်း ဖြေလျှော့ရင်း

လောကဓံ အရို_က်အခတ်တွေကို
သတိရိုးတံလေးနဲ့ ပြန်ပြန်မတ်နေရတယ် ။

နေဝင်ချိန်မှာ အတ္တကင်းကင်းနဲ့ ကြိုးကြိုးစားစား ပွင့်ဝေခဲ့ဖို့ ၊
နောက်ဆုံးချိန် ရနံ့သင်းသင်းနဲ့ ရိုးရိုးသားသား လွင့်ကြွေခဲ့ဖို့ ။

04/11/2024

အမြဲတမ်း အချိန်​ပေးစရာ မလိုပါဘူး
အားတဲ့အချိန်​လေးမှာ သတိရလို့ဆိုပြီး " Messenger "မှာ
စာ​လေးပို့ထားရင် တကယ်​ပျော်ရပါတယ်

Address

Pasir Ris

Telephone

+6583603422

Website

Alerts

Be the first to know and let us send you an email when Lock Angle posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Establishment

Send a message to Lock Angle:

Share