18/03/2026
😱 US မှာ ကိုယ့်ကိုယ်ကို အင်္ဂါဖြတ်ပြီး သေဆုံးသွားတဲ့ ဖြစ်ရပ်ဆန်း
အမေရိကန်နိုင်ငံ၊ Los Angeles မြို့လယ်ခေါင်မှာ ပြီးခဲ့တဲ့ မတ်လ ၇ ရက်နေ့ မနက်ပိုင်းက အမျိုးသားတစ်ယောက်ဟာ လူအများရှေ့မှာတင် ကိုယ့်ကိုယ်ကို အင်္ဂါဖြတ်တောက်ပြီး သေဆုံးသွားတဲ့ ထိတ်လန့်စရာဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။
ရဲတွေရောက်လာတဲ့အချိန်မှာတော့ အဆိုပါအမျိုးသားဟာ ဒဏ်ရာပြင်းထန်နေပြီး အသက်မရှိတော့ပါဘူး။ စုံစမ်းစစ်ဆေးချက်တွေအရ သူဟာ ကိုယ့်အင်္ဂါကို ဖြတ်တောက်ရုံတင်မကဘဲ လည်ပင်းကိုလှီးတာ၊ ကိုယ့်ကိုယ်ကို ဓားနဲ့ထိုးတာအပြင် လက်မောင်းကိုပါ ဖြတ်ဖို့ကြိုးစားခဲ့တယ်လို့ သိရပါတယ်။
ဘာကြောင့် ခုလိုလုပ်ရတယ်ဆိုတဲ့ အကြောင်းရင်း (Motive) ကိုတော့ ရဲတွေက ခုထိအတည်မပြုနိုင်သေးပါဘူး။ ဆေးကြောင်နေတာလား ဒါမှမဟုတ် တခြားစိတ်ပိုင်းဆိုင်ရာ ပြဿနာလားဆိုတာကိုတော့ ဆက်လက်စုံစမ်းနေတုန်းပဲလို့ သိရပါတယ်။
တချို့ကလည်း "ဂမ္ဘီရ" ဆန်ဆန် ဆေးထိုးတာတွေ စမ်းသပ်တာလား၊ ဒါမှမဟုတ် မိန်းမနဲ့ရန်ဖြစ်ပြီး စိတ်နာလို့ "အသုံးမဝင်တော့ဘူး" ဆိုပြီး အပြတ်ဖြတ်လိုက်တာလားတော့ မသိဘူးနော်လို့ ပြောဆိုနေကြပါတယ်
မိတ်ဆွေတို့ရေ... ဘယ်လောက်ပဲ စိတ်ညစ်ညစ်၊ ဘယ်လောက်ပဲ ဆေးတွေတက်တက် ကိုယ့်ပစ္စည်းကိုယ်တော့ မြတ်နိုးကြပါဦးလို့ မှာပါရစေ။
Maung Lwin
18-Mar-2026