SEedu Academy

SEedu Academy Here we go!

Congratulations on being accepted to Vistula University which is one of the best private universities in Poland🇵🇱 ! 🎉 Yo...
18/07/2023

Congratulations on being accepted to Vistula University which is one of the best private universities in Poland🇵🇱 ! 🎉 Your academic journey begins now. Embrace the opportunities and thrive!

It was a pleasure assisting you throughout the application process.

24/11/2022

MOFA မှာ တံဆိပ်တုံးထုတာနဲ့
ပတ်သတ်ပြီး ပြောပြပေးမှာဖြစ်ပါတယ်။

တချို့ နိုင်ငံတွေမှာတော့ MOFA မလိုပေမဲ့
Korea, Singapore နဲ့ European Countries တွေမှာတော့ လိုပါတယ်။ (မသေချာ)

အထူးသဖြင့် Poland မှာတော့ မဖြစ်မနေလိုပါတယ်။

MOFA တုံးနဲ့ Legalization လုပ်ထားမှာသာ
ထိုင်းမှာ သံရုံးမဝင်ခင် Super Legalization Process ကို လုပ်နိုင်မှာဖြစ်ပါတယ်။

အရင်ဆုံး Notary ပြန်ရမှာ ဖြစ်ပါတယ်။
MOFA က Notary ပြန်ထားတဲ့ ရှေ့နေကို
ထောက်ခံပေးတဲ့ သဘောပါပဲ။

ပြီးရင် ဘဏ် ၅ မှာ ငွေသွင်းရပါတယ်။
ကိုယ်တုံးထုမဲ့ စာရွက်အလိုက် ဖောင်ဝယ်ရပါမယ်။
၁ ဖောင်မှာ ၃ စောင်တွဲပါပါတယ်။
ဥပမာ ကိုယ်က ၃ ရွက်ပဲ ထုမယ်ဆို ၁ ဖောင်ဝယ်ရင်ရပါပြီ။
၁ ဖောင်ကို ၁၀၀ ပါ။ (ဝင်ဝင်ချင်း အပေါက်မှာပါ)
ပြီးရင် ဘယ်ဘက်ထောင့်က ကောင်တာမှာ
ငွေသွင်းရပါတယ်။ ၁ ဖောင်ကို ၈၀၀ ပါ။

MOFA ရုံးက ၁၀ နာရီကနေ ၁၂ နာရီ အထိ
ဖွင့်တာဆိုပေမဲ့ ဘယ်လိုမှ မမှီနိုင်ပါဘူး။

အချိန် ၂ ရက်ယူရပါတယ်။
တစ်ရက်က ဘဏ် ၅ သွားရတာဖြစ်ပြီး
နောက်တစ်ရက်ကတော့ MOFA တန်းစီဖို့ပါ။

MOFA တန်းစီရင် မနက် ၄ နာရီ ရုံးရှေ့အရောက်
သွားနိုင်ရင် အကောင်းဆုံးပါပဲ။
၁၀ နာရီမှ ဖွင့်မဲ့ ရုံးကို ၄ နာရီထဲက တန်းစီရတာ
အဓိပ္ပာယ်မရှိပေမဲ့ အဲ့အချိန်သွားတာတောင်
ကိုယ့်ရှေ့မှာ လူတွေရှိနေတုန်းပါပဲ။
ကိုယ်က စောစောရောက်နေရင်
မြန်မြန်ပြီးမှာ ဖြစ်ပါတယ်။
တစ်ရက်ထဲနဲ့ ပြီးနိုင်ပါတယ်။
ကိုယ်တုံးထုမဲ့ အစောင်ရေ နည်းရင်
ညနေပြန်ချိန်ပြီး များရင်တော့
နောက်နေ့ညနေ ပြန်ချိန်းပါတယ်။

ပွဲစားတွေ နေရာရောင်းတာတွေ အစုံရှိပါတယ် 😂
တန်းစီရင် နေရာကျော်ချင်တဲ့သူတွေလည်းရှိပါတယ်။ ဒါပေမဲ့ Marker pen နဲ့ နံပါတ် တိုကင်ပေးတာ ရှိပါတယ်။
အဲ့တော့ နေရာအကျော်မခံရတော့ပဲ နည်းနည်းအဆင်ပြေသွားပါတယ်။
ကိုယ်ရောက်ရောက်ချင်း တိုကင်မှတ်ပေးတဲ့သူကို
ရှာပြီး တိုကင်ကို ရအောင်ယူထားပါ။

လိုအပ်တာတွေကတော့
-ငွေသွင်းထားတဲ့ ချလန်စာရွက်တွေ
-Notary မပြန်ထားတဲ့ စာရွက် Original/Copy
-ကိုယ်တုံးထုမဲ့ Notary ပြန်ထားတဲ့ Original/Copy
-မှတ်ပုံတင် Original/Copy
-အိမ်ထောင်စု ဇယား Original/Copy
(မှတ်ပုံတင်တွေ အိမ်ထောင်စုဇယားတွေပါ
အကုန်တုံးထုမယ်ဆိုရင်တော့ အကုန် Notary ပြန်ထားရမှာပါ)
ကိုယ့်သွားမဲ့ နိုင်ငံအပေါ်မူတည်ပါတယ်။
ဒါပေမဲ့ စျေးလည်း သိပ်မကြီးတာမို့
တစ်ခါထဲသာ Notary ပြန်ထားသမျှ
အကုန် MOFA တုံးထုလိုက်ပါ :3
Covid စာရွက်တွေပါ။
(ခုတော့ လိုသေးလားမသိပါ)

စာရွက် ၅ ရွက်အောက်ဆို ညနေ ၃ နာရီဆို ပြန်ရပါပြီ။
များရင်တော့ နောက်နေ့ညနေ ၃ နာရီပါ။

တခြားလိုအပ်တာတွေကတော့-
ထီး ရယ် ကိုယ်ခင်းထိုင်ဖို့ တစ်ခုခုယူသွားပါ။
စားစရာယူသွားပါ။
ကျနော်တို့ တုန်းကတော့ delivery နဲ့
မှာစားလိုက်ပါတယ်။
နေပူတာ မိုးရွာတာ ဗိုက်ဆာတာတွေ
သူတို့မသိပါဘူး။

copy ကူးဖို့တွေ မေ့မလာပါနဲ့။
(ကျနော်တို့တုန်းက မေ့လာလို့ပါ) 😂
မေ့လာခဲ့ရင် ကိုယ့်ရှေ့ကတန်းဆီနေတဲ့သူကို
တစ်ချက်ပြောပြီး ဟိုဘက်လမ်း
(ထိုင်းသံရုံးလမ်း)မှာ
Copy ပြေးကူးလို့ရပါတယ်။
၈ နာရီဆို ဖွင့်ပါတယ်။

ပွဲစားနဲ့ လုပ်လို့ရပါတယ်။
တော်တော်ကုန်ပါတယ် တစ်ရွက်ကို။
အချိန်ပေးပြီး ကိုယ့်ဘာသာလုပ်ရင်
ပင်ပန်းပေမဲ့ သက်သာပါတယ်။

ဘဏ် ၅ Location - Q5F2+224, Corner of Strand Road &, Latha St, Yangon, Myanmar (Burma)

MOFA location - Ministry of Foreign Affairs, Pyay Rd, Yangon, Myanmar (Burma)

I hope this will help you..

Adres

Aleja Niepodległości 147
Warsaw
02-555

Strona Internetowa

Ostrzeżenia

Bądź na bieżąco i daj nam wysłać e-mail, gdy SEedu Academy umieści wiadomości i promocje. Twój adres e-mail nie zostanie wykorzystany do żadnego innego celu i możesz zrezygnować z subskrypcji w dowolnym momencie.

Udostępnij