Rock Music World

Rock Music World I want to sharing about rock music.

မြန်မာပြည်ရဲ့ ဝါရင့် ရော့ခ်တီးဝိုင်း Iron Cross တို့ရဲ့ ဂီတသက်တမ်း (၃၆) နှစ်ပြည့်ပြီးတဲ့လေ။ IC ကို ဒီလိုနေ့မျိုးမှာ စခဲ့...
27/04/2026

မြန်မာပြည်ရဲ့ ဝါရင့် ရော့ခ်တီးဝိုင်း Iron Cross တို့ရဲ့ ဂီတသက်တမ်း (၃၆) နှစ်ပြည့်ပြီးတဲ့လေ။ IC ကို ဒီလိုနေ့မျိုးမှာ စခဲ့တာပါ။ Iron Cross Band သက်တော်ရာကျော်ရှည်ပါစေ။

Happy 36th Anniversary IC!

ကြောက်မက်ဖွယ် “ခေါင်းလောင်းသံ” နဲ့ စတင်ပြီး ရေလည်မိုက်တဲ့ guitar solo + double kick  ဒရမ်သံတွေက နားထောင်သူတွေကို အိပ်မက်...
24/04/2026

ကြောက်မက်ဖွယ် “ခေါင်းလောင်းသံ” နဲ့ စတင်ပြီး ရေလည်မိုက်တဲ့ guitar solo + double kick ဒရမ်သံတွေက နားထောင်သူတွေကို အိပ်မက်ဆိုးထဲ ဆွဲခေါ်သွားသလို ခံစားရစေတယ်။ ဒါကတော့ ကျွန်တော်တို့ကို အမှောင်ထဲကို ဆွဲခေါ်သွားမယ့် အချက်ပေးသံတစ်ခုပါပဲ။

ဒါဟာ "Nightmare” ဆိုတဲ့ သီချင်း Nightmare အယ်လ်ဘမ်ထဲက Avenged Sevenfold ရဲ့ အဖိုးတန်လက်ရာတစ်ခုပါ။ M. Shadows သူမင်္ဂလာမဆောင်ခင် ဘတ်စကက်ဘောကစားပြီး စက်ဘီးစီးရင်း ပြန်လာတဲ့လမ်းမှာ BlackBerry ဖုန်းနဲ့ အသံသွင်းခဲ့တဲ့ သီချင်းပါ။

အိမ်ရောက်တော့ instrument အားလုံးကို သူကိုယ်တိုင်တီးပြီး demo လုပ်ခဲ့တယ်။ မင်္ဂလာဆောင်တဲ့နေ့မှာ The Rev ကို ပေးနားထောင်ကြည့်လိုက်တော့ The Rev အရမ်းကြိုက်ပြီး "ဒီသီချင်း ပေါက်ကိုပေါက်ရမယ်လို့" သူကိုယ်တိုင် ကြွေးကြော်ခဲ့တာပါ။

အဲ့ဒီအချိန်မှာပဲ M. Shadows ခေါင်းထဲက "It’s your f****** nightmare” ဆိုတဲ့စာသားက ထွက်လာခဲ့ပါတယ်။ ဒီသီချင်းမှာ ကျနော်အကြွေဆုံး စာသားကလည်း ဒီစာသားပဲ။ အထူးသဖြင့် Synyster Gates ရဲ့ ဂစ်တာ solo ကတော့ အခိုက်ဆုံးပေါ့။

Intro ထဲက bell sound က actually professional bell မဟုတ်ဘူး။ M. Shadows အိမ်မှာ keyboard အသံနဲ့တူတဲ့ အသံကိုသုံးထားတာ။ Studio မှာ sound အသစ်ရှာကြပေမယ့် demo version လောက် မကောင်းတာကြောင့် မပြောင်းပဲ ဒီအတိုင်း ထားခဲ့တာပါ။

ဒီသီချင်းဟာ The Rev မသေခင် complete ပြီးသား တစ်ခုတည်းသော သီချင်းတစ်ပုဒ်ဖြစ်ပါတယ်။ အဓိပ္ပါယ်က လောကကြီးရဲ့ မကောင်းမှုတွေ၊ အမှောင်ဘက်တွေကို
ပြောပြဖို့ ရည်ရွယ်ထားတာပါ။ sound style ကလည်း
Ozzy ရဲ့ စတိုင်နဲ့ ဆင်တူနေပြန်ပါတယ်။

Bridge part ကို The Rev က "fight, fight, not to fail…” ဆိုပြီး response vocal ထည့်ပေးခဲ့တာကြောင့် သီချင်းကို ပိုပြီး မိုက်သွားတယ်လို့ ဆိုရမယ်။ Producer က "အော်တာလျော့” လို့ပြောပေမယ့် M. Shadows က မလျော့ဘဲ နောက်ဆုံးတော့ အဲဒီအသံတွေက Legendary ဖြစ်သွားခဲ့တာပါ။

Dream Theater ရဲ့ ဒရမ််မာ Mike Portnoy က The Rev ရဲ့ idol ဖြစ်ပြီး The Rev ကွယ်လွန်သွားတဲ့အချိန်မှာ ဒီအခွေကို သူ့နေရာမှာ ဆက်လက်ဖြည့်စွက်ဖို့ Mike ကို ဖိတ်ခဲ့တာပါ။ ၂၀၀၉ ဒီဇင်ဘာ ၂၈ ရက်မှာ The Rev ကြွေလွင့်ခဲ့ပါတယ်။ သူကွယ်လွန်ချိန်မှာ အသက် ၂၈ ပဲ ရှိပါသေးတယ်။

"Nightmare” အယ်လ်ဘမ်ကို 2010 ခုနှစ် July 27 မှာ ထုတ်ဝေခဲ့ပြီး ပထမအပတ်မှာတင် ကော်ပီပေါင်း ၁ သိန်း ၆ သောင်းရောင်းချခဲ့ရပါတယ်။ Billboard 200 မှာ နံပါတ် ၁ လည်း မှတ်တမ်းတင်ခဲ့တဲ့ အခွေပါ။ The Rev မရှိတော့ပေမယ့်လည်း "Nighmare” အယ်လ်ဘမ်ဟာ မက်တယ်သမိုင်းထဲမှာ အချိန်တိုင်းအတွက် အကောင်းဆုံးသော A7X တို့ရဲ့ Legendary လက်ရာတွေထဲက တစ်ခုပါ။

Avenged Sevenfold (The Rev) Fan တစ်ဦးရဲ့ ၂၀၂၆ တက်တူး.. 💀🖤🦇
22/04/2026

Avenged Sevenfold (The Rev) Fan တစ်ဦးရဲ့

၂၀၂၆ တက်တူး.. 💀🖤🦇

Dream Theater တို့ရဲ့ ဒရမ်မာကြီး Mike Portnoy လည်း (၅၉) နှစ်ပြည့်ပါပြီ။ Dream Theater ကို ၁၉၈၅ မှာ ပူးတွဲတည်ထောင်ခဲ့သူပါ...
21/04/2026

Dream Theater တို့ရဲ့ ဒရမ်မာကြီး Mike Portnoy လည်း (၅၉) နှစ်ပြည့်ပါပြီ။ Dream Theater ကို ၁၉၈၅ မှာ ပူးတွဲတည်ထောင်ခဲ့သူပါ။ ၂၀၁၀ မှာ band ကနေ ထွက်ပြီး project တွေ အတော်များများ လုပ်ခဲ့ပါတယ်။ The Rev ကွယ်လွန်ပြီး The Rev အစား A7X ရဲ့ "Nightmare" အယ်လ်ဘမ်ကိုလည်း ဝင်ကူတီးပေးခဲ့ပါတယ်။

The Winery Dogs နဲ့ Sons of Apollo တို့နဲ့လည်း ပါဝင်တီးခတ်ခဲ့ပါတယ်။ Modern Drummer Magazine ဆုတွေ အများကြီး သိမ်းပိုက်ထားပြီး Progressive Metal Drummer စရင်းမှာလည်း အမြဲထိပ်ဆုံးထဲမှာ ရှိနေသူပါ။

Happy Birthday Mike Portnoy! 🎉

Aerosmith တို့ရဲ့ ဂစ်တာသမား Joe Perry တယောက် အရင်လို ကမ္ဘာလှည့်ပတ်တီးတာတွေ world tour တွေလုပ်ဖို့ဆိုတာ မသေချာတော့ပါဘူး။ ...
16/04/2026

Aerosmith တို့ရဲ့ ဂစ်တာသမား Joe Perry တယောက် အရင်လို ကမ္ဘာလှည့်ပတ်တီးတာတွေ world tour တွေလုပ်ဖို့ဆိုတာ မသေချာတော့ပါဘူး။ ဒါပေမယ့် အခြားရွေးချယ်စရာတွေတော့ ရှိနေသေးတယ်၊ ဒါကြောင့် ကျွန်တော်တို့ အချင်းချင်း ဆက်သွယ်ဖြစ်နေတယ်လို့ ပြောပါတယ်။

ဂန္တဝင်ရော့ခ်ဂီတအဖွဲ့ Aerosmith တို့ဟာ ပရိသတ်တွေ ရှေ့ကို ပြန်လာဖို့ ကြိုးစားနေပုံရပါတယ်။ သူတို့ ၂၀၂၃ မှာ တရားဝင်အနားယူကြောင့် ကြေညာခဲ့တာပါ။ အဲလိုပဲ အရှေ့မှာလည်း အနားယူတော့မှာလို့ ကြေညာခဲ့ဖူးပါတယ်။

ဘယ်လိုဖြစ်မလဲဆိုတာ မသေချာဘူး။ အခုနောက်ဆုံး ၆ လလောက်မှပဲ Steven Tyler က သီချင်းဆိုတာနဲ့ အဆင်ပြေစပြုလာတာပါ။ သူက အသံကို တစ်နှစ်လောက် အနားပေးခဲ့ရပြီးမှ vocal cords ကို ပြန်လည် လေ့ကျင့်နိုင်ခဲ့တာပါ။ ဒဏ်ရာပြန်ရသွားမလားဆိုပြီး အမြဲ စိုးရိမ်နေရတယ်။

ဒါကြောင့် တစ်ရက်ချင်းစီ ဂရုတစိုက် လေ့ကျင့်ဆိုရတယ်။ ဒါက အကောင်းဆုံးဖြစ်မယ်လို့ မျှော်လင့်ရတာပဲ။ ဒီဘိုးတော်တွေ အရင်လို နယ်လှည့်တာတွေ မလုပ်နိုင်တော့ပေမယ့် ၁ လ မှာ ၂ ပွဲ ၃ ပွဲ အဲလိုမျိုး ဆိုသွားဦးမှာပါ။ ၂၀၂၅ မှာတောင် Yungblud နဲ့ EP တစ်ခု ထွက်ထားသေးတာပဲ။

သူတို့တွေ ဂီတကို ဘယ်လောက်ထိ ချစ်လဲဆိုတာ အထင်းသား မြင်နေရတယ်။ ကိုယ့်အရိုး ကိုယ်သယ်နိုင်တဲ့အထိ ဂီတတိုက်ပွဲ ဆင်နွဲချင်နေကြပုံပဲ။ ဘိုးတော်တွေ မသေမချင်း music ကို လုပ်ချင်နေကြတာပါ။ ဒါတော့ တကယ်လေးစားတယ်။ Steven Tyler ကို အပြင်မှာ မသေခင် အရှင်လတ်လတ် မြင်ဖူးချင်သေးတယ်။

The Pretty Reckless ရဲ့ အဆိုတော် Taylor Momsen ဟာ ပင့်ကူ ကိုက်ခံထားရတာကြောင့် ကျန်းမာရေးအခြေအနေ မကောင်းသေးဘူးတဲ့။ AC/DC ...
15/04/2026

The Pretty Reckless ရဲ့ အဆိုတော် Taylor Momsen ဟာ ပင့်ကူ ကိုက်ခံထားရတာကြောင့် ကျန်းမာရေးအခြေအနေ မကောင်းသေးဘူးတဲ့။ AC/DC နဲ့ မက္ကဆီကိုပွဲမှာ ကိုက်ခံထားရတာပါ။ Mexico City မှာ တစ်ညလုံး ဆေးရုံတက်နေခဲ့ရပြီး၊ လက်ရှိအခြေအနေကိုတော့ မသိရသေးပါဘူး။

ဒီအခြေအနေကြောင့် ဒီည ပွဲမှာ မဖျော်ဖြေနိုင်တော့ဘူးလို့ Taylor ပြောလာပါတယ်။ Taylor တယောက် အမြန်ပြန်ကောင်းပြီး ပြန်လည်သက်သာပျောက်ကင်းပါစေ။

Saosin တို့ရဲ့ "Starting Over Again” လို့ခေါ်တဲ့ သီချင်းအသစ်တစ်ပုဒ် ထွက်လာပါတယ်။ ဒီသီချင်းဟာ ပို့စ်ဟက်ကော် ဂီတအဖွဲ့ Saos...
15/04/2026

Saosin တို့ရဲ့ "Starting Over Again” လို့ခေါ်တဲ့ သီချင်းအသစ်တစ်ပုဒ် ထွက်လာပါတယ်။ ဒီသီချင်းဟာ ပို့စ်ဟက်ကော် ဂီတအဖွဲ့ Saosin ရဲ့ ၁၀ နှစ်ကျော်အတွင်း ပထမဆုံး comeback တဲ့ သီချင်းအသစ်တစ်ပုဒ် ဖြစ်ပါတယ်။ ဒီသီချင်းဟာ သူတို့ရဲ့ ၄ ခွေမြောက် အယ်လ်ဘမ် အတွက် ပထမဆုံး single ဖြစ်ပြီး Sumerian Records ကနေ ထုတ်ဝေထားပါတယ်။

ဒီသီချင်းမှာတော့ ထူးထူးဆန်းဆန်း Line-up အပိုင်းမှာ သူတို့ရဲ့ ၂၀၁၆ ကာလက အဆိုတော် Cove Reber ပြန်လည်ပူးပေါင်းလာပြီး guitarist အသစ်အဖြစ် Phil Sgrosso က ဝင်ရောက်လာပါတယ်။ သူတို့ members အပြောင်းအလဲတွေ လုပ်ထားပါတယ်။

Saosin တို့ ပြောတာက "Starting Over Again သီချင်းဟာ ကျွန်တော်တို့ရဲ့ ၁၀ နှစ်ကျော်အတွင်း ပထမဆုံး သီချင်းအသစ်ဖြစ်ပြီး၊ fan တွေရဲ့ တောင်းဆိုမှုကြောင့်လည်း ဖြစ်သလို၊ အခုအချိန်ဟာ အမှန်တကယ် သင့်တော်တဲ့အချိန်လို့ ခံစားရတာကြောင့် ပြန်လာတာလို့ ဆိုပါတယ်။

ကျနော်တစ်ဦးတည်း ခံစားမှုအရ အခု line-up ရဲ့ chemistry ကတော့ ငြင်းစရာမရှိလောက်အောင် အားကောင်းပါတယ်။ တီးတာတွေလည်း အဆင်ပြေပြေနဲ့ အံဝင်ခွင်ကျလွန်းပါတယ်။ ဒီသီချင်း နာမည်အတိုင်းပဲ သူတို့ ပြန်စတင်မှာကို ဆိုလိုတာပါ။ ဘာဖြစ်ဖြစ် မိုက်တယ်။ တီးထားတာတွေ တော်တော်ကျွတ်တာ။ ဒါဟာ Saosin တို့ ပြန်လာပြီဆိုတဲ့ အရိပ်အမြွက်ပါပဲ။

"ငါ ပြောမယ် Joey Jordison က Slipknot မှာ တီးခဲ့ဖူးသမျှ လူတွေထဲမှာ အကောင်းဆုံးပဲ။ ကျွန်တော့်အတွက်လည်း အကောင်းဆုံးပဲ။ လုံး...
15/04/2026

"ငါ ပြောမယ် Joey Jordison က Slipknot မှာ တီးခဲ့ဖူးသမျှ လူတွေထဲမှာ အကောင်းဆုံးပဲ။ ကျွန်တော့်အတွက်လည်း အကောင်းဆုံးပဲ။ လုံးဝ သေချာတယ်။ အကောင်းဆုံး drummer တွေတောင် သူ့ကိုကြည့်ဖို့ ကျွန်တော်တို့ ပွဲတွေကိုလာကြတယ်။ Stewart Copeland လည်း ကျွန်တော်တို့ကို လာကြည့်ပြီး "သူကြိုက်တာ ဒီလူပဲ" လို့ပြောခဲ့တယ်။

တကယ်လည်း သူပဲ။ Joey က ဘယ်သူ့သီချင်းမဆို တစ်ခါနားထောင်လိုက်ရင် တီးနိုင်တဲ့လူမျိုး။ Metallica ရဲ့ ဒရမ်မမာ Lars Ulrich တစ်ခါ Metallica ပွဲကို မလာနိုင်ခဲ့ဘူး။ အဲဒီအချိန်မှာ ကျွန်တော်တို့ Metallica နဲ့အတူ ဖျော်ဖြေနေခဲ့တာ။ Joey က Lars အစား စင်ပေါ်တက်ပြီး set တစ်ခုလုံး တီးပေးခဲ့တယ်။ သူက ဘယ်သူ့သီချင်းမဆို တစ်ခါနားထောင်လိုက်ရုံနဲ့ ဘယ်လိုတီးရမလဲဆိုတာ သူကောင်းကောင်းသိတယ်။

သူက အဲလိုလူမျိုး။ တကယ်ကျွတ်တယ်။ သူက ကိုယ်လုံးသေးသေးလေးပဲ ဆိုပေမယ့် သူ့မှာ power အရမ်းရှိတယ်။ သွက်လက်တယ်။ "သူ့မှာ ကိုယ့်ကိုယ်ကို သက်သေပြချင်တဲ့ စိတ်ရှိတယ်။ ငါလုပ်နိုင်တယ်၊ ငါကိုလျှော့မတွက်နဲ့’ ဆိုတဲ့စိတ်မျိုး။ သူက အဲလိုပဲ။ ဟုတ်တယ်၊ သူက အကောင်းဆုံးပဲ။”

Slipknot တို့ ထွက်ခဲ့သမျှ အယ်လ်ဘမ်တွေထဲမှာ အကြိုက်ဆုံးပဲ။ သူများဆီက နားထောင်လာတာ မိုက်တော့မိုက်တယ်။ Slipknot ဟုတ်ရဲ့လားပ...
14/04/2026

Slipknot တို့ ထွက်ခဲ့သမျှ အယ်လ်ဘမ်တွေထဲမှာ အကြိုက်ဆုံးပဲ။ သူများဆီက နားထောင်လာတာ မိုက်တော့မိုက်တယ်။ Slipknot ဟုတ်ရဲ့လားပေါ့။ ၁၈ ရက်နေ့ လာမည်။

မကြာမှီမျှော် Evanescence 🖤
14/04/2026

မကြာမှီမျှော် Evanescence 🖤

14/04/2026

အခုဖြစ်နေတဲ့ S.I.R ကိစ္စနဲ့ပက်သက်ပြီး WANTED က ကိုဖော်ကာ ကိုအောင်လနဲ့ပြောဖြစ်တဲ့အသံဖိုင်

Avenged Sevenfold တို့ ဩစတြေးလျမှာ ဖျော်ဖြေမယ့် ရှိုးပွဲအသစ်ကို ကြေညာလိုက်ပါပြီ။ ၁၂ နှစ်အကြာမှာ A7X ဟာ ဩစတြေးလျကို ပြန်လ...
14/04/2026

Avenged Sevenfold တို့ ဩစတြေးလျမှာ ဖျော်ဖြေမယ့် ရှိုးပွဲအသစ်ကို ကြေညာလိုက်ပါပြီ။ ၁၂ နှစ်အကြာမှာ A7X ဟာ ဩစတြေးလျကို ပြန်လာတဲ့ပွဲပါ။ A7X နဲ့အတူ အထူးဧည့်သည်အဖြစ် Coheed and Cambria နဲ့ Thornhill တို့လည်း ပါဝင်ဖျော်ဖြေသွားပါမယ်။

ဧပြီ ၁၇ ရက် မနက် ၁၁ နာရီမှာ လက်မှတ်တွေကို စတင်ရောင်းချသွားမှာပါ။ ဩစတြေးလျနိုင်ငံက မြို့ကြီး ၃ မြို့နဲ့ New Zealand နိုင်ငံက မြို့တစ်မြို့မှာ ကျင်းပသွားပါမယ်။ ဒီနှစ်ကတော့ A7X တို့ အာရှအပြင် ကမ္ဘာပတ်မယ့်နှစ်လို့တောင် ပြောလို့ရပါတယ်။

ဖျော်ဖြေပွဲ အချိန်ဇယား

1. အောက်တိုဘာ ၁၆ - Sydney မြို့၊ Qudos Bank Arena
2. အောက်တိုဘာ ၁၈ - Brisbane မြို့၊ Brisbane Entertainment Centre
3. အောက်တိုဘာ ၂၀ - Melbourne မြို့၊ Rod Laver Arena
4. အောက်တိုဘာ ၂၃ - Auckland မြို့၊ Spark Arena

မြို့တစ်မြို့မှာ ၂ရက်ခြား ဖျော်ဖြေသွားပါမယ်။ ဒါ့အပြင် ဘရားဇီ တခွင်လည်း လှည့်ပတ်သွားဦးမှာပါ။ ဩစတြေလျက ဘော်ဒါတွေအတွက် သတင်းကောင်းပါးလိုက်ပါတယ်။

Address

Quezon City

Website

Alerts

Be the first to know and let us send you an email when Rock Music World posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share