MAM NEWWW

MAM NEWWW Save Myanmar

ကုလသမဂ္ဂတွင် NUG ကို အစိုးရအဖြစ် တရားဝင် အသိအမှတ်ပြုရေး ဖောင်းကားကျေးရွာ သပိတ်စစ်ကြောင်း ချီတက် ဆန္ဒပြ ရန်ကုန်၊ စက်တင်ဘာ...
11/09/2021

ကုလသမဂ္ဂတွင် NUG ကို အစိုးရအဖြစ် တရားဝင် အသိအမှတ်ပြုရေး ဖောင်းကားကျေးရွာ သပိတ်စစ်ကြောင်း ချီတက် ဆန္ဒပြ
ရန်ကုန်၊ စက်တင်ဘာ ၁၁
ဆားလင်းကြီးမြို့နယ်တွင် ယနေ့ စက်တင်ဘာလ ၁၁ ရက်နေ့က ကုလသမဂ္ဂတွင် NUG ကို အစိုးရအဖြစ် တရားဝင် အသိအမှတ်ပြုရေး ဖောင်းကားကျေးရွာ သပိတ်စစ်ကြောင်း ဦးဆောင်ကာ ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
Photo Crd - မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီ

11/09/2021

ကုလသမဂ္ဂတွင် NUGကို အစိုးရအဖြစ် တရားဝင် အသိအမှတ်ပြုရေး မုံရွာ-အမြင့်လမ်း သပိတ်စစ်ကြောင်း အင်းအားပြည့် ချီတက် ဆန္ဒပြ (ရုပ်/သံ)
ရန်ကုန်၊ စက်တင်ဘာ ၁၁
မုံရွာ-အမြင့်လမ်းတွင် ယနေ့ စက်တင်ဘာလ ၁၁ရက်နေ့က ကုလသမဂ္ဂတွင် NUGကို အစိုးရအဖြစ် တရားဝင် အသိအမှတ်ပြုရေး အင်အားပြည့် ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
Video crd ; Kaung Hsu Thar

လူမှုကွန်ရက်တွင် ပြန့်နှံ့နေသော ဖမ်းဆီးနှိပ်စက်ခံရစဉ် လက်သုံးချောင်းထောထားသူ ၂ ဦးမှာ  ကရင်နီလူငယ် ပါစကွားလယ်နှင့်ဖီဒေးလယ...
11/09/2021

လူမှုကွန်ရက်တွင် ပြန့်နှံ့နေသော ဖမ်းဆီးနှိပ်စက်ခံရစဉ် လက်သုံးချောင်းထောထားသူ ၂ ဦးမှာ ကရင်နီလူငယ် ပါစကွားလယ်နှင့်ဖီဒေးလယ် တို့ဖြစ်နေ
ရန်ကုန်၊ စက်တင်ဘာ ၁၁
ဖမ်းဆီး နှိပ်စက်ခံထားရသည့် ဒဏ်ရာများဖြင့် ဒူးထောက်လျက်အနေအထားဖြင့် ကြိုးတုပ်ဖမ်းဆီးခံရထားသူ လူငယ်နှစ်ဦးမှာ ကရင်နီပြည်နယ် စံပြ ၆မိုင်ဘက်မှ လူငယ်များဖြစ်ကြောင်း ၎င်းတို့ကို သိရှိသူ ကရင်နီဒေသခံတစ်ဦးက အတည်ပြုသည်။
လူငယ် နှစ်ဦး အသက်မှာ ၁၇၊ ၁၈နှစ်အရွယ် ဖီဒေးလယ်နှင့် ပါစကွားလယ်တို့ဖြစ်ပြီး နေရပ်မှာ ၆မိုင်အုပ်စု ကယောပိုင်းမှဖြစ်ကြောင်း ၎င်းတို့နှင့်အတူ အလုပ် လုပ်ကိုင်သူ အဆိုပါဒေသခံက ပြောသည်။
"ရွာအပြင်ဘက်မှာ စစ်ဘေးရှောင်နေတာပါ။ မနက်ကျတော့ ရွာအခြေအနေသိချင်လို့ ရွာထဲ ပြန်လာကြည့်တာပါ။ သူတို့ နှစ်ယောက် စစ်ကြောင်းနဲ့တိုးသွားပြီး အဖမ်းခံရတာပါ" ဟု ၎င်းက ပြောသည်။
"ပြီးခဲ့တဲ့ ၂ရက် (စက်တင်ဘာ ၉ရက်)က အဖမ်းခံရတာပါ။ ဖမ်းသွားတာတော့ ၁၀၂တပ်ကဗျ။ ဒီဓာတ်ပုံ ဘယ်လိုထွက်လာသလဲ ကျွန်တော်လည်း အဲဒါစဉ်းစားနေတာ" ဟု ၎င်းက ထပ်မံပြောကြားသည်။
"(ဓာတ်ပုံထဲက လူငယ်နှစ်ဦး)သူတို့က ကရင်နီပြည်က စံပြ ၆မိုင်က လူငယ်တွေပါ။ အတည်ပြုနိုင်ပါတယ်" ဟု ကရင်နီတပ်မတော်မှ သတင်းရင်းမြစ်တစ်ဦးကလည်း ပြောဆိုသည်။
၎င်းတို့သည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များမဟုတ်ဘဲ သာမန်အရပ်သားလူငယ်များသာဖြစ်ပြီး အကြမ်းဖက်စစ်တပ်က သတ်ဖြတ်လိုက်ပြီဖြစ်ကြောင်း လူငယ်တစ်ဦး၏ ဆွေးမျိုးတစ်ဦးက ၎င်း၏ လူမှုကွန်ရက်တွင် ဖော်ပြထားသော်လည်း ယင်းဖော်ပြမှုကို အတည်ပြုနိုင်ခြင်းမရှိသေးပါ။
စစ်တပ်ထောက်ခံသူအသိုင်းအ၀ိုင်းဘက်က ယင်းဓာတ်ပုံကို စတင်ဖြန့်ချိခဲ့ပြီး နောက်ဆုံး ထွက်သက်မတိုင်မီ လုပ်ချင်ရာ လုပ်ခွင့်ပြုခဲ့ကြောင်း၊ ယင်းနောက် ဦးခေါင်းအတွင်းသို့ ကျည်ဆန်ပစ်သွင်းခဲ့ကြောင်း လူမှုကွန်ရက်များတွင် ရေးသားဖော်ပြထားသည်။
ဓာတ်ပုံတွင် အင်္ကျီအနီရောင်ဝတ်ဆင်ထားသူ- ပါစကွားလယ်
ဓာတ်ပုံတွင် အင်္ကျီအပြာရောင် လက်တိုဝတ်ထားသူ - ဖီဒေးလယ်
( Rise News သတင်းဌာန၏ မူရင်းသတင်းဖြစ်ပါသည်။ ရန်ကုန်ခေတ်သစ်သည် Rise News နှင့် မဟာမိတ်သတင်းဌာနဖြစ်သည်)

10/09/2021

စားပွဲဝိုင်း ရွေးမလား ....ဗုံးရွေးမလား ဆိုပဲ....
အစအဆုံးသေချာနားထောင်ကြည့်
နောက်ဆုံးရသတင်းများ တင် ဆက် မှု
နေ့စဉ်သတင်းသစ်များကြည့်ရှုနိုင်ရန်
Page ကို Follow လုပ်ထားနိုင်ပါတယ်.

မန္တလေး သံဃသမဂ္ဂ ဆရာတော်များ ဦးဆောင်ကာ ယနေ့ စက်တင်ဘာလ ၈ ရက်နေ့က ပရိတ်ရွတ်မေတ္တာပို့ပြီး အကြမ်းဖက် လူသတ် ဖက်ဆစ် စစ်ကောင်စ...
08/09/2021

မန္တလေး သံဃသမဂ္ဂ ဆရာတော်များ ဦးဆောင်ကာ ယနေ့ စက်တင်ဘာလ ၈ ရက်နေ့က ပရိတ်ရွတ်မေတ္တာပို့ပြီး အကြမ်းဖက် လူသတ် ဖက်ဆစ် စစ်ကောင်စီ ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်

05/09/2021

စက်တင်ဘာ (၁၄) ရက်ပွဲကြီးပွဲကောင်း ရှိတယ် ၊ ယနေ့ည မြန်မာပြည်ထိပ်တန်း သတင်းများ Speak Out
(၄.၉.၂၀၂၁)
#နေ့သစ်မြန်မာ #ပြည်သူ့ဘက်တော်သားတော်လှန်ရေးသမားများ

နတ်မောက်မြို့တွင် အကြမ်းဖက် လူသတ် ဖက်ဆစ် စစ်ကောင်စီ အလိုမရှိကြောင်း ပြည်သူများ ဆန္ဒပြ ရန်ကုန်၊ စက်တင်ဘာ ၅  မကွေးတိုင်း န...
05/09/2021

နတ်မောက်မြို့တွင် အကြမ်းဖက် လူသတ် ဖက်ဆစ် စစ်ကောင်စီ အလိုမရှိကြောင်း ပြည်သူများ ဆန္ဒပြ
ရန်ကုန်၊ စက်တင်ဘာ ၅
မကွေးတိုင်း နတ်မောက်မြို့တွင် ယနေ့ စက်တင်ဘာလ ၅ ရက်နေ့က အကြမ်းဖက် လူသတ် ဖက်ဆစ် စစ်ကောင်စီ တော်လှန်ရေးနှင့် မကွေးတိုင်း PDFများ အသင့်ပြင်ထားရန် ပြည်သူများ ဦးဆောင်ကာ ဆန္ဒပြခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ - ဇော်မင်းထိုက်(ကျေးလက်မြေ)

05/09/2021

မန္တလေး အမရပူရ၊ တောင်သမန်အင်း ကန်ပတ်လမ်းတွင် စစ်ကောင်စီ ယာဉ်တစ်စီး မိုင်းခွဲခံရ၊ စစ်ကောင်စီတပ်သားတချို့ သေဆုံးမှုရှိနိုင် (ရုပ်/သံ)
ရန်ကုန်၊ စက်တင်ဘာ ၅
မန္တလေး၊ အမရပူရမြို့ တောင်သမန်အင်း၀ ကန်ပတ်လမ်းတွင် ယနေ့ စက်တင် ဘာလ ၅ ရက် နံနက် ၁၁ နာရီခန့်တွင် အကြမ်းဖက်စစ်ကောင်စီယာဉ် ၁ စီး မိုင်းခွဲတိုက်ခိုက်ခံရပြီး သေဆုံးမှုရှိနိုင်ကြောင်း သတင်းရရှိသည်။
"မိုင်းခွဲတာ အသံအကျယ်ကြီးပဲ၊ အနားက လူတွေ အကုန် လန့်ကုန်တာ၊ သေလား မသေလားတော့ မသိဘူး၊ စစ်သား ၂ ယောက်ကိုတော့ လူနာ တင်ကားနဲ့ခေါ်သွားပြီ၊ အဲဒီနားတဝိုက်တော့ အခု စစ်ဆေးရေး အရမ်းကြပ်နေပြီ" ဟု မျက်မြင်ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။
ဗုံးပေါက်ကွဲပြီးနောက် ယနေ့ နေ့လယ်ပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်များက ကန်ပတ်လမ်းကို ပိတ်ဆို့ပြီး စစ်ဆေးမှုများ ဆောင်ရွက်ခြင်း၊ ရပ်ကွက်များနှင့်လမ်းများကို ပိတ်ဆို့ စစ်ဆေးမှုများ ဆောင်ရွက်နေကြောင်း ဒေသခံများထံမှ သိရှိရသည်။

အင်တာနက်လိုင်း၊ ဖုန်းလိုင်းများ ဖြတ်တောက်ခံထားရသော်လည်း အကြမ်းဖက် လူသတ် ဖက်ဆစ် စစ်ခွေးများ တော်လှန်ရေး ထားဝယ်ခရိုင် သပိတ...
05/09/2021

အင်တာနက်လိုင်း၊ ဖုန်းလိုင်းများ ဖြတ်တောက်ခံထားရသော်လည်း အကြမ်းဖက် လူသတ် ဖက်ဆစ် စစ်ခွေးများ တော်လှန်ရေး ထားဝယ်ခရိုင် သပိတ်ကော်မတီ အင်အားပြည့် ချီတက် ဆန္ဒပြ
ရန်ကုန်၊ စက်တင်ဘာ ၅
ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်အတွင်း ယနေ့ စက်တင်ဘာလ ၅ရက်နေ့က အကြမ်းဖက် လူသတ် ဖက်ဆစ် စစ်ခွေးများ တော်လှန်ရေး ဒီမိုကရေစီအရေး လှုပ်ရှားမှု သပိတ်ကော်မတီ (ထားဝယ်ခရိုင်) ဦးဆောင်ကာ အင်အားပြည့်ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
ထားဝယ်ခရိုင်အတွင်း လက်ရှိချိန်တွင် Ooredoo ၊ Telenor ဖုန်းလိုင်းများနှင့် အင်တာနက်လိုင်းများ ဖြတ်တောက်ခံထားရကြောင်း ဒေသခံပြည်သူများ ပြောဆိုချက်အရသိရသည်။

ရဲ ၂ ဦး ပစ်သတ်ခံရပြီးနောက် တန့်ဆည်မြို့ပေါ်တွင် အကြမ်းဖက်စစ်တပ်က သေနတ်များ၊ ဗုံးများ ပစ်ဖောက်၍ အော်ဟစ်ဆဲဆို ရမ်းကားနေ၊ ပ...
05/09/2021

ရဲ ၂ ဦး ပစ်သတ်ခံရပြီးနောက် တန့်ဆည်မြို့ပေါ်တွင် အကြမ်းဖက်စစ်တပ်က သေနတ်များ၊ ဗုံးများ ပစ်ဖောက်၍ အော်ဟစ်ဆဲဆို ရမ်းကားနေ၊ ပြည်သူတချို့ အဖမ်းခံရ
ရန်ကုန်၊ စက်တင်ဘာ ၅
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့ပေါ်တွင် ယမန်နေ့ ညနေပိုင်း ရဲ ၂ ဦး ပစ်သတ်ခံရပြီးနောက် အကြမ်းဖက်စစ်တပ်က မြို့ပေါ်တွင် သေနတ်များ၊ ဗုံးများ ပစ်ဖောက်၍ ရမ်းကားနေသည့်အပြင် ပြည်သူတချို့ကို ဖမ်းဆီးနေကြောင်း ဒေသခံများထံမှ သိရှိရသည်။
စက်တင်ဘာလ ၄ ရက်နေ့ ညနေ ၅ နာရီကျော်တွင် တန့်ဆည်မြို့ပေါ် လမ်းဆုံ ဈေးသစ်အနောက်ဘက်တွင် တန့်ဆည်မြို့မှ နယ်ထိန်း ရဲတပ်ကြပ် မျိုးထက်ဦး နှင့် ရဲတပ်သား အောင်သူဝင်း ပစ်သတ်ခံရကြောင်း၊ တန့်ဆည်ပြည်သူ့ရဲဘော်တပ်ဖွဲ့ Taze People Comrades- TPC က ၎င်းတို့၏ လက်ချက်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။
စက်တင်ဘာလ ၄ ရက်နေ့ ညပိုင်းနှင့် စက်တင်ဘာလ ၅ ရက်နေ့ ညပိုင်းတွင် စစ်တပ်က မြို့ပေါ်တွင် ရမ်းကားပစ်ခတ်ပြီး အော်ဟစ်ဆဲဆိုခြင်း၊ နေအိမ်များကို ဝင်ရောက်စစ်ဆေးပြီး ဖမ်းဆီးရိုက်နှက်ခြင်းများ လုပ်ဆောင်နေသည်ဟု သိရှိရသည်။
"တစ်ညလုံး လမ်းဆုံဘက်မှာ သေနတ်နဲ့ အချက်ပေါင်း ၅၀ ကျော်ပစ်တယ်။ ဗုံးတွေဖောက်တယ်။ နောက်ပြီး ဆဲဆိုတယ်။ ရဲ ၂ ဦး ပစ်သတ်ခံရတာ အတော်ကို မကျေမနပ် ဖြစ်နေတဲ့ပုံပဲ။ လမ်းဆုံနဲ့ စျေးဘက်က အိမ်တွေ ဝင်စီးတယ်။ စစ်တယ်။ ဖုန်းတွေကို ပေါက်ခွဲသွားတယ်" ဟု တန့်ဆည်မြို့ပေါ် ဒေသခံတစ်ဦးက ဆိုသည်။
ရန်ကုန်ခေတ်သစ်၏ မေးမြန်းချက်အရ ရဲ ၂ ဦး ပစ်သတ်ခံရမှုနှင့်ပတ်သက်ပြီး အကြမ်းဖက်စစ်တပ်က ပြည်သူ အနည်းဆုံး ၃ ဦးခန့်ကို ရိုက်နှက်ဖမ်းဆီးသွားသည်ဟု သိရှိရသည်။
"ဒီနေ့ မနက်အစောပိုင်းကလည်း မြို့ထဲမှာ လှည့်ပြီး ပစ်နေတယ်။ မြို့ပေါ်မှာလည်း လူတွေ မထွက်ရဲကြဘူး။ စျေးသည်တွေလည်း မထွက်ရဲသလို စျေးဝယ်လည်းမလုပ်ရဲဘူး။ ရမ်းကားနေတာ။ အပြင်ထွက်တဲ့သူတွေကိုလည်း စစ်တယ်။ မထင်ရင် မထင်သလို ရိုက်နှက်နေတယ်လို့ ကြားရတယ်"ဟု တန့်ဆည်လမ်းဆုံအနီး နေထိုင်သူတစ်ဦးက ဆိုသည်။
ရဲ ၂ ဦး အသတ်ခံရသည့်ကိစ္စနှင့်ပတ်သက်၍ အကြမ်းဖက်စစ်တပ်က လိုက်လံ ရှာဖွေနေရာ ယမန်နေ့ညပိုင်း လမ်းဆုံနှင့်ရွှေကတော်ချုပ်စက်အနောက်တောင်ထောင့်အိမ်များ ရိုက်ဖျက်ပြီး ဝင်စီးခံရကြောင်း၊ ပြည်သူတချို့ကို အကြမ်းဖက် ဖမ်းဆီးခံရကြောင်း သိရှိရသည်။
ဓာတ်ပုံ- ရန်ကုန်တွင် ဆန္ဒပြပွဲများကို အကြမ်းဖက် နှိမ်နင်းနေသော ရဲများ။ Photo - Reuters

ဆားလင်းကြီးနှင့် ယင်းမာပင်မှ ပြည်သူများက စစ်အာဏာရှင် အလိုမရှိကြောင်း ချီတက် သပိတ်မှောက်ရန်ကုန်၊ စက်တင်ဘာ ၅ စစ်ကိုင်းတိုင...
05/09/2021

ဆားလင်းကြီးနှင့် ယင်းမာပင်မှ ပြည်သူများက စစ်အာဏာရှင် အလိုမရှိကြောင်း ချီတက် သပိတ်မှောက်
ရန်ကုန်၊ စက်တင်ဘာ ၅
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်ဆားလင်းမြို့နယ်မြောက်ခြမ်းနှင့်ယင်းမာပင်အရှေ့ခြမ်း ရွာ ပေါင်း စုံသပိတ် သည် စစ်အာဏာရှင်အလိုမရှိကြောင်း ယနေ့ စက်တင်ဘာလ ၅ ရက်နေ့တွင် ချီတက်ဆန္ဒပြကြသည်။

လူမဟုတ်ဘူး တရိစ္ဆာန်တွေ
05/09/2021

လူမဟုတ်ဘူး တရိစ္ဆာန်တွေ

Address

Meycawayan

Website

Alerts

Be the first to know and let us send you an email when MAM NEWWW posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Establishment

Send a message to MAM NEWWW:

Share