02/06/2026
အဖိုးတန် စကားသုံးခွန်းရဲ့ အဓိပ္ပါယ်
ရှေးလူကြီးသူမတွေ ဆိုဆုံးမလေ့ရှိတဲ့ တန်ဖိုးကြီး စကားသုံးခွန်း ရှိပါတယ်။ တကယ်ကို အနှစ်သာရရှိပြီး လိုက်နာကျင့်သုံးသင့်တဲ့ စကားတွေဆိုလည်း မမှားပါဘူး။
အဲ့ဒါကတော့....
(၁) မျက်စိကြီးရမယ်။
(၂ ) လျှာတိုရမယ်။
(၃) နားရွက်ရှည်ရမယ်။ ဆိုတဲ့ စကားတွေပဲ ဖြစ်ပါတယ်။
ဒီစကားသုံးခွန်းရဲ့ အဓိပ္ပါယ်ကိုလည်း ဗဟုသုတအနေနဲ့ ဖော်ပြပေးချင်ပါတယ်။
(၁) " မျက်စိကြီးရမယ် "
မျက်စိကြီးရမယ် ".... ဆိုတာ မျက်လုံးကြီး မျက်လုံးပြူးတာကို ပြောတာ မဟုတ်ပါ။ အမြင်ကျယ်ရမယ် အကောင်းမြင်စိတ် ရှိရမယ်လို့ ဆိုလိုတာပါ။
အမြင်ကျယ်တဲ့သူဟာ ပေါင်းသင်းဆက်ဆံရေး ကောင်းတဲ့သူတစ်ယောက်ဖြစ်လာသလို ရင့်ကျက်လာပြီး မျှတတဲ့အတွေးအမြင်လည်း ရှိလာပါတယ်။
(၂) " လျှာတိုရမယ် "
" လျှာတိုရမယ်....ဆိုတာ ပကတိ လျှာတိုတာကို ပြောတာ မဟုတ်ပါ။ မပြောသင့်တာကို မပြောတာ၊ နေရာတကာ ဝင်မပါတာ၊ စကားကို စည်းကမ်းရှိရှိနဲ့ မှန်ကန်တဲ့ စကားကို ပြောရမယ်လို့ ဆိုလိုတာပါ။
ကိုယ့်ကို ယုံကြည်လို့ ပြောလာတဲ့စကားတွေကို အခြားတစ်ဖက်ဆီ သယ်မသွားရဘူး။ အဲ့ဒီစကားက ကို့ဆီမှာပဲ နားထောင်နဲ့ အဆုံးသ,တ်ပါ။
(၃) " နားရွက်ရှည်ရမယ် "
" နားရွက်ရှည်ရမယ် ...ဆိုတာ တစ်ဖက်သားရဲ့ ပြောစကားကို နားထောင်ပေးရမယ်။ ကိုယ်ပြောချင်တာကို အတင်းဇွတ် ပြောနေတာမျိုး မဟုတ်ပဲ တစ်ဖက်သားရဲ့ အမှားအမှန် စကားကို နားထောင်ပေးတတ်သူ ဖြစ်ရမယ်လို့ ဆိုလိုတာပါ။
အပြောကောင်းသူဟာ နားထောင်တတ်တဲ့သူတစ်ယောက် ဖြစ်အောင် လေ့ကျင့်ခဲ့လို့ပါ။ နားထောင်ခြင်းက သင့်ကို ပိုပြီးအကျိုးရှိစေပါတယ်။
ဒါကတော့ ရှေးလူကြီးသူမတွေ ဆိုဆုံးမခဲ့တဲ့ တန်ဖိုးကြီး စကားသုံးခွန်းပဲဖြစ်ပါတယ်.......။
with respect - crd