မရိုးနိုင်သောရသများ

မရိုးနိုင်သောရသများ ရသစာစုနှင့်သီချင်းများတရားဓမ္မများ
စိတ်ခွန်းဖြည့်ဟောပြောချက်များ

26/08/2026

ဘဝပြဿနာအဖြေရှာအပိုင်း၂
#မင်္ဂလာပါ #စာပေ #ဗဟုသုတ #စိတ်ခွန်အား #မရိုးနိုင်သောရသများ

လူဆိုးနဲ့လူကောင်းသိချင်ရင်
26/08/2026

လူဆိုးနဲ့လူကောင်းသိချင်ရင်

သတိထားပါ
25/08/2026

သတိထားပါ

25/08/2026

တော်လိုက်တာအနာဂတ်ရဲ့မျိုးဆက်သစ်လေး
#မင်္ဂလာပါ #ဓမ္မ #မျိုးဆက်သစ် #စိတ်ခွန်အား #မရိုးနိုင်သောရသများ

အရင်းနှီးဆုံးတွေက အနာကျင်ရဆုံးတွေ ပေးတဲ့အခါရင်ထဲကဒ-ဏ်ရာတွေ မပိုပါစေနဲ့တော့ခွင့်လွှတ်ပေး၍ မေ့ပစ်လိုက်ပါ။အယုံကြည်ရဆုံးတွေက...
25/08/2026

အရင်းနှီးဆုံးတွေက
အနာကျင်ရဆုံးတွေ ပေးတဲ့အခါ
ရင်ထဲကဒ-ဏ်ရာတွေ မပိုပါစေနဲ့တော့
ခွင့်လွှတ်ပေး၍ မေ့ပစ်လိုက်ပါ။

အယုံကြည်ရဆုံးတွေက
ရင်နာစရာတွေ လုပ်သွားတဲ့အခါ
ပူလောင်စွာ နာကြည်းမှုတွေ မခံယူပါနဲ့တော့
ခွင့်လွှတ်ပေး၍ မေ့ပစ်လိုက်ပါ။

အချစ်ရဆုံးတွေက
ရက်ရက်စက်စက် လုပ်ရက်ခဲ့တဲ့အခါ
မျက်ရည်စတွေနဲ့
မုန်းတီးလို့ မနေပါနဲ့တော့
ခွင့်လွှတ်ပေး၍ မေ့ပစ်လိုက်ပါ။

နောက်ထပ်ပြန်ဆုံနိုင်စရာ
အကြောင်းလည်းမရှိတဲ့
ရင်ဘတ်ချင်း
မနီးစပ်တဲ့သူတွေအတွက်
နောက်ထပ်တစ်ခါ ရင်ဘတ်ကြီးနဲ့ရင်းပြီး
ရှုံးနိမ့်ခြင်းတွေနဲ့ ဘဝမှာ နစ်မွန်းမနေပါနဲ့တော့
ခွင့်လွှတ်ပေး၍ မေ့ပစ်လိုက်ပါ။

ဆုံးရှုံးခဲ့တာတွေ
နစ်နာခဲ့တာတွေ အတွက်

လွယ်လွယ်လေးနဲ့တော့
ခွင့်လွှတ်ပေးနိုင်မှာ မဟုတ်ဘူး

လွယ်လွယ်လေးနဲ့တော့
မေ့ပစ်လိုက်နိုင်မှာ မဟုတ်ဘူး

စိတ်တိုစရာတွေ
စိတ်နာစရာတွေ
စိတ်ဒဏ်ရာတွေ ဆိုတာ
ခံစားရသူသာ အသိဆုံးဖြစ်သော်လည်း
လောကမှာ ခွင့်မလွှတ်နိုင်စရာကို
ခွင့်လွှတ်ပေးနိုင်ခြင်းကသာ
စိတ်ချမ်းသာရမှာပါ။

မေ့မပစ်နိုင်စရာကို
မေ့ပစ်လိုက်နိုင်ခြင်းကသာ
စိတ်ငြိမ် အေးချမ်းရမှာပါ။

ဘဝမှာ
သာယာလှပပြီး
စိတ်ငြိမ် အေးချမ်းသောဘဝကို
ပိုင်ဆိုင်ချင်တယ် ဆိုလျှင်
ရိုးရှင်းစွာနဲ့
စိတ်ပင်ပန်း ပူလောင်ဆင်းရဲစရာတွေကို
ခွင့်လွှတ်ပေး၍ မေ့ပစ်လိုက်ပါ။

သိထားဖို့က
လောကဓံကို ရင်ဆိုင်တဲ့အခါမှာ
လက်ထဲမှာ
"ဓား" ရှိဖို့ မလိုဘူး
ရင်ထဲမှာ "တရား" ရှိဖို့ပဲ လိုတာပါ။

ဒါကြောင့်
ကိုယ့်အပေါ်မကောင်းလို့ ဆိုပြီး
ဒေါသမဖြစ်နဲ့
ရန်မလိုမိပါစေနဲ့။
ကိုယ်လုပ်ခဲ့တဲ့အတိတ်က
အကြွေးဆပ်ရတယ်လို့ သဘောထားလိုက်။

သူကသာ ကြွေးသစ်ယူနေတာ
သူပြုသည့်ကံက
သူ့ဆီ
ပြန်လာလိမ့်မည်
ခွင့်လွှတ်ပေး၍ မေ့ပစ်လိုက်ပါ။

#စာပေ
#မရိုးနိုင်သောရသများ

24/08/2026

ဘဝပြဿနာအဖြေရှာအပိုင်း၁
#မင်္ဂလာပါ #ဗဟုသုတ #စာပေ #စိတ်ခွန်အား #မရိုးနိုင်သောရသများ

တစ်ယောက်တည်းနေလိုက်တာကပိုကောင်းပါတယ်
24/08/2026

တစ်ယောက်တည်းနေလိုက်တာကပိုကောင်းပါတယ်

24/08/2026

မောင်ပုဏ္ဏတို့ဇနီးမောဂ်နှံရဲ့သဒ္ဒါတရား
#မင်္ဂလာပါ #ဗဟုသုတ #ဓမ္မ #စိတ်ခွန်အား #မရိုးနိုင်သောရသများ

အညံ့စားစိတ်ဓာတ်နဲ့အကောင်းစားဘဝကိုမရနိုင်
24/08/2026

အညံ့စားစိတ်ဓာတ်နဲ့အကောင်းစားဘဝကိုမရနိုင်

ပုထုဇဉ် မှန်သမျှ အရူးတွေပါပဲပုထုဇ္ဇနော ဥမ္မတ္တကော အဓိပ်ပါယျ: "ပုထုဇဉ်ဟူသမျှသည် ရူးသွပ်သူများသာ ဖြစ်ကြကုန်၏" လို့ ဆိုလိုပ...
24/08/2026

ပုထုဇဉ် မှန်သမျှ အရူးတွေပါပဲ
ပုထုဇ္ဇနော ဥမ္မတ္တကော
အဓိပ်ပါယျ: "ပုထုဇဉ်ဟူသမျှသည် ရူးသွပ်သူများသာ ဖြစ်ကြကုန်၏" လို့ ဆိုလိုပါတယ်။ ကိလေသာ မပယ်သတ်ရသေးတဲ့ ပုထုဇဉ်လူသားတွေဟာ တစ်နည်းမဟုတ် တစ်နည်းနဲ့ ရူးသွပ်နေတတ်ကြတယ်ဆိုတဲ့ ပါဠိတော်စကား ဖြစ်ပါတယ်။
အရူး ၈ မျိုး
အဓိပ်ပါယျ: လောကမှာ ရှိတဲ့ ရူးသွပ်ခြင်း အမျိုးအစား ၈ ပါး ဖြစ်ပါတယ်။
အရူး ၈ မျိုး အသေးစိတ် ရှင်းလင်းချက်
၁။ ကာမရူး (ကာမုမ္မတ္တက)
လိုချင်တပ်မက်မှု (လောဘ)၊ ရာဂနဲ့ သာယာမှုတွေ ခေါင်းမိုးပြီး အမှားအမှန် မခွဲခြားနိုင်တော့ဘဲ ရူးသွပ်ခြင်း။ (ဥပမာ- အချစ်ရူး ရူးတာ၊ ကာမဂုဏ် နောက်ကွယ်မှာ အသိဉာဏ်ကင်းမဲ့သွားတာမျိုး။)
၂။ ဒေါသရူး (ကောဓုမ္မတ္တက)
ဒေါသ၊ အမျက်အတ်ထွက်မှု လွန်ကဲပြီး စိတ်ကို မထိန်းချုပ်နိုင်တော့ဘဲ ရူးသွပ်ခြင်း။ ဒေါသထွက်လာရင် မိဘ၊ ဆရာသမားတောင် မရှောင်၊ ဘာမဆို လုပ်ပစ်တတ်တဲ့ အခြေအနေမျိုး ဖြစ်ပါတယ်။
၃။ မာနရူး (မောဟုမ္မတ္တက / မာနုမ္မတ္တက)
"ငါပဲ တော်တယ်၊ ငါပဲ တတ်တယ်၊ ငါ့လောက် ဘယ်သူမှ မရှိဘူး" ဆိုပြီး ဇာတ်၊ ဂုဏ်၊ ဒြပ်၊ ပညာတွေအပေါ် မာနတရားတွေ အလွန်အကျွံ တက်ပြီး ရူးသွပ်ခြင်း။
၄။ ဒိဋ္ဌိရူး (ဒိဋ္ဌုမ္မတ္တက)
အယူအဆ အမှားတွေကို အမှန်ကြီးအမှတ်အသားပြုပြီး အစွန်းရောက်အောင် စွဲလမ်းရူးသွပ်ခြင်း။ (ဥပမာ- ကံ ကံ၏အကျိုးကို မယုံကြည်ဘဲ မိစ္ဆာဒိဋ္ဌိ အယူဝါဒတွေကို အသက်ပေးပြီး ဖက်တွယ်တာမျိုး။)
၅။ သေရက်ရူး (မဒုမ္မတ္တက)
အရက်သေစာ၊ မူးယစ်ဆေးဝါးတွေ သောက်စားမူးယစ်ပြီး အသိဉာဏ် ကင်းမဲ့ကာ ရူးသွပ်ခြင်း။
၆။ ဗျသနရူး (ဗျသနုမ္မတ္တက)
ကြီးမားတဲ့ ပျက်စီးဆုံးရှုံးမှုတွေ ကြုံတွေ့ရတဲ့အခါ စိတ်မခံစားနိုင်ဘဲ ရူးသွပ်သွားခြင်း။ (ဥပမာ- စည်းစိမ်ဥစ္စာတွေ တစ်ညတွင်းချင်း ပျက်စီးသွားတာ၊ ရာထူးပြုတ်သွားတာမျိုးကြောင့် ရူးသွားခြင်း။)
၇။ ယက္ခရူး (ယက္ခုပ်မတ်တက)
ဘီလူး၊ သရဲ၊ နတ်ဆိုး စတဲ့ မကောင်းဆိုးဝါးတွေ ပူးကပ် နှောက်ယှက်ခံရလို့ ရူးသွပ်ခြင်း။
၈။ သည်းခြေရူး {နှင်းနုထွေး} (ပိတ္တုမ္မတ္တက)
ခန္ဓာကိုယ်ထဲက သည်းခြေဓာတ် (သို့မဟုတ်) လေဓာတ်၊ သွေးဓာတ် ဖောက်ပြန်ပြီး စိတ္တဇရောဂါအစစ် ဖြစ်ကာ ရူးသွပ်ခြင်း
#မရိုးနိုင်သောရသများ

Address

Jalan Meranti Jaya 15
Puchong
47120

Telephone

+601164226523

Website

Alerts

Be the first to know and let us send you an email when မရိုးနိုင်သောရသများ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Establishment

Send a message to မရိုးနိုင်သောရသများ:

Shortcuts

Share

Category