09/05/2025
KNDO ကဌါနချုပ်ကို အင်းစိန်မှာပြန်လုပ်မယ် ဆိုတော့ ခနဲ့တဲ့တဲ့ အသံတွေညံလာပါရော !
လောကမှာ သမိုင်းရယ် အစဉ်အလာရယ် ဆိုတာ အင်မတန်အရေးကြီးသော အရာတခုဆိုတာ ၊ လူတွေတော်တော်များသတိမထားမီကြပါ။
ကျွန်တော်ရဲရဲကြီးမှတ်ချက်ချရဲတာတခုက ကရင်တွေအားလုံး တညီတညွတ်တည်းဖြစ်သွားသောနေ့ရောက်လာခဲ့ရင် ရန်ကုန်အင်းစိန်ဆိုတာ ၃ လ မကျော်လောက်ဘူး ။
ကရင်ပြည်ဆိုတာ ၁၀ ရက်လောက်နဲ့ပွဲပြတ်တယ် ။
ခုတော့ ရေးရေးလေးမြင်နေရပြီ ဖထီးတို့ ဆုံးဖြတ်ချက်တခုခုကို ချထားပြီးသွားပုံပါဘဲ ။
အရင်လို မြေပြင်သတင်း အစစ်အမှန်တွေ လိုင်းပေါ်မှာ အတွေ့နဲလာတာကြည့်ခြင်းအားဖြင့် စစ်ရေးမဟာဗျူဟာတွေချကုန်ကြပြီး ကြိတ်ကြံနေကြပြီဆိုတာ မြေကြီးလက်ခတ်မလွှဲတော့ပေ ။
မြေပြင်သတင်း အစစ်အမှန်တွေနိုက်ဖို့ ဘယ်လောက်ခက်ခဲလာသလဲဆိုတာကိုသိချင်ရင် တယ်လေဂရန် မှာ မအလ လော်ဘီတွေ သတင်းအမှားတင်ပြီး အာသာဖြေနေတာကိုကြည့်ရင်သိနိင်တယ် ။
နောက်တခုက ခေါင်းစဉ်အမျိုးမျိုးတပ်ပြီး ခွက်ခေါက်တတ်သောသူတွေ အာခေါင်လျှာကပ်သွားတလားထင်မှတ်မှားလောက်အောင် ခေါင်းစဉ်ရှားကုန်တယ် ။
အရာရာအဖက်ဖက်မှာ အသံလုံ ခြေသံလုံသွားခြင်းဟာ တော်လှန်ရေးအတွက် တိုးတက်ကောင်းမွန်လာသော လက်ခဏာတခုဘဲ ။
၂၀၂၅ မှာတော့ အညာမှာလည်းပွဲတော်တော်စဉ်လာလိမ့်မယ် လို့ ခန့်မန်းမီတယ် ။ အညာသား စုပေါင်း အဖွဲ့တွေ ပါးစပ်ပိတ် အံကြိတ်ပြီး ဆင်ကြံကြံနေကြတာ ၁ နစ်ပြည့်လာပြီဆိုတော့ ! လက်ခမောင်းခတ် နိင်လောက်ပြီထင်ဒါဘဲ ။
ရှမ်းမြောက် ၊ ကချင် ၊ စစ်ကိုင်းတိုင်းအထက်ပိုင်းကတော့ live လွင့်ပြောမှ အရသာရှိမှာမို့ စာမရေးတော့ဘူး ။