Myat's Diary

Myat's Diary I Like Traveling. Traveling is My Life! Kdrama & Cdrama Fans �

06/07/2026

Vikings's Victory ⚡⚡

⚔️ ဘရာဇီးတွေကို ဆမ်ဘာမြေအရောက် ပြန်ပို့ခဲ့တဲ့ Vikings Haaland 🇳🇴တစ်ချိန်က World Cup ဆိုတာ Haaland အတွက် အိပ်မက်တစ်ခုပဲ ဖ...
06/07/2026

⚔️ ဘရာဇီးတွေကို ဆမ်ဘာမြေအရောက် ပြန်ပို့ခဲ့တဲ့ Vikings Haaland 🇳🇴

တစ်ချိန်က World Cup ဆိုတာ Haaland အတွက် အိပ်မက်တစ်ခုပဲ ဖြစ်ခဲ့တယ်
2018 လွဲချော်ခဲ့တယ် 2022 မှာလည်း မျှော်လင့်ချက်တွေ ကျိုးပဲ့ခဲ့ရတယ်

ဒါပေမယ့် သူ မရပ်ခဲ့ဘူးသူ ဆက်တိုက် တိုက်ပွဲဝင်ခဲ့တယ်
2026 ရောက်တဲ့အခါ သူ့ရဲ့ ပထမဆုံး World Cup ကို နော်ဝေအလံနဲ့အတူ လှလှပပ ဖွင့်လှစ်ခဲ့တယ် ဂိုးတွေ သွင်းတယ် သိပ်တာဝန်ကျေတယ်

ကမ္ဘာ့ချန်ပီယံဆု အများဆုံးရထားတဲ့ ဘရာဇီးကို ရင်ဆိုင်ရတဲ့အချိန်မှာလည်း သူ မကြောက်ခဲ့ဘူး ရဲရင့်စွာ ရင်ဆိုင်တယ်

Haaland ရဲ့ ခြေလှမ်းတိုင်းအပြေးတိုင်းက Vikings တွေရဲ့ စိတ်ဓာတ်ကို သက်သေပြနေခဲ့တယ် သူ့ရဲ့ ဂိုးတွေက ပိုက်ကွန်ကိုသာ လှုပ်ရှားစေခဲ့တာ မဟုတ်ဘဲ နော်ဝေတစ်နိုင်ငံလုံးရဲ့ နှလုံးသားကိုပါ လှုပ်ခတ်စေခဲ့တယ်

၂၈ နှစ်ကြာ စောင့်ဆိုင်းမှုရဲ့ အဆုံးမှာ သမိုင်းသစ်ကို Haaland က သူ့ခြေဖျားနဲ့ ရေးထိုးခဲ့တယ်

ဒီညမှာ ဆမ်ဘာတွေ က တိတ်ဆိတ်သွားပြီး Vikings တွေရဲ့ အော်ဟစ်သံကသာ ကမ္ဘာတစ်ဝှမ်း ပဲ့တင်ထပ်နေတယ်

Erling Haaland မင်းက နော်ဝေရဲ့ တိုက်စစ်မှူးတစ်ယောက်ထက် ပိုတယ် မင်းက နော်ဝေး မျိုးဆက်တစ်ခုလုံးရဲ့ မျှော်လင့်ချက်ပဲ

ဒီနေ့မှာတော့ ကမ္ဘာကြီးက မင်းနာမည်ကို မှတ်ထားရတော့မယ် ဟာလန်းရေ 🇳🇴🔥

03/07/2026

"India Street Food 🇮🇳🇮🇳"

Kolkata Dacres Lane ရဲ့ နာမည်ကျော် "Chitto Babur Dokan" ဆိုင်ရဲ့ Diamond Fish Fry, Fish Kabiraji နဲ့ Paneer Butter Masala စားခဲ့တာလေးပါ အားလုံးပေါင်းမှ Rupee 400 လောက်ပဲ ကျတော့ မြန်မာငွေ 2သောင်းလောက်နဲ့ စားရတာ အရမ်းတန်ပါတယ်

အရမ်းကို Hygiene Sensitive ဖြစ်တဲ့သူတွေ အတွက်တော့ Indian Street Food တွေက အဆင်ပြေမှာ မဟုတ်ပါဘူးရှင်





Harry Kane ❤️ ❤️ ဝေဖန်သံတွေ ဘယ်လောက်များများ၊ အရေးကြီးတဲ့အချိန်ရောက်ရင် တာဝန်ယူပြနိုင်တာက တကယ့်ကစားသမားကြီးတွေရဲ့ အရည်အခ...
02/07/2026

Harry Kane ❤️ ❤️

ဝေဖန်သံတွေ ဘယ်လောက်များများ၊ အရေးကြီးတဲ့အချိန်ရောက်ရင် တာဝန်ယူပြနိုင်တာက တကယ့်ကစားသမားကြီးတွေရဲ့ အရည်အချင်းပါပဲ 🏴󠁧󠁢󠁥󠁮󠁧󠁿

မနေ့ညကပွဲမှာ Harry Kane က England အတွက် တကယ်ကို အသင်းခေါင်းဆောင်ပီသတဲ့ စွမ်းဆောင်ရည်ကို ပြသခဲ့တာပါ

တကယ်ကို သိက္ခာအရရော အနိုင်အ‌တွက်ပါ အသင်းလိုအပ်နေတဲ့ အချိန်မှာ သွင်းယူပေးခဲ့တဲ့ ချေပဂိုး နဲ့ အနိုင်ဂိုးတွေက England ကို နောက်တစ်ဆင့်တက်နိုင်အောင် ကယ်တင်ပေးခဲ့တာပါ

ဂိုးသွင်းနိုင်ရုံတင်မကဘဲ၊ အသင်းဖော်တွေကို ဦးဆောင်ပေးတဲ့ စိတ်ဓာတ်၊ အတွေ့အကြုံနဲ့ တည်ငြိမ်မှုတွေကိုလည်း ပွဲတစ်လျှောက်လုံး မြင်တွေ့ခဲ့ရတယ်

Harry Kane ကို ဘယ်လောက်ပဲ ဝေဖန်နေကြပါစေ အရေးကြီးတဲ့ပွဲတွေမှာ သူ့ရဲ့အရည်အသွေးကို သက်သေပြနေဆဲပါပဲ

လာအားပေးတဲ့ Daddy's အချစ်ကလေး သုံးယောက်ကြောင့်လည်း ပိုပြီး အားတက်သွားစေတာ နေမှာ ❤️❤️ တကယ်ကို England ရဲ့ အရေးအပါဆုံး Captain ကြီးပါပဲ

Captain. Leader. Goalscorer. England's Hero. 🦁❤️




Road to Round of 32 ⚽⚾ 2026 ကမ္ဘာ့ဖလားရဲ့ အုပ်စု ပွဲစဉ်တွေ အပြီးမှာ နောက်တဆင့် အနေနဲ့ Round of 32 အဆင့်ကို တက်ရောက် ယှဉ်...
29/06/2026

Road to Round of 32 ⚽⚾

2026 ကမ္ဘာ့ဖလားရဲ့ အုပ်စု ပွဲစဉ်တွေ အပြီးမှာ နောက်တဆင့် အနေနဲ့ Round of 32 အဆင့်ကို တက်ရောက် ယှဉ်ပြိုင်ရတော့မှာပဲ ဖြစ်ပါတယ် ဘယ်အသင်းတွေ က 16 သင်း အဆင့်ကို ထပ်တက်ပြီး ဘယ်အသင်းတွေက အိမ်ပြန်ကြရမလဲ

အုပ်စုအဆင့်မှာတော့ နာမည်ကြီး အသင်းတော်တော်များများ နောက်တဆင့် တက်လှမ်းနိုင်ခဲ့ကြပါတယ် သက်တောင့်သက်တာ သုံးပွဲနိုင် အသင်းတွေလည်း ရှိသလို ရုန်းကန်ရတဲ့ အသင်းကြီးတွေလည်း ရှိခဲ့ပါတယ် အာရှရဲ့ နာမည်ကြီး South Korea က တော့ အုပ်စု အဆင့်မှာတင် အိမ်ပြန်နှုတ်ဆက်ခဲ့ရပါတယ်

Round of 32 မှာတော့ အာရှရဲ့ ဂျပန်က အင်အားကြီး ဘရာဇီးနဲ့ ဆုံတွေ့ရပါပြီ ဘယ်သူတွေ အိမ်ပြန်ကြရမလဲ

ကမ္ဘာ့ဖလား ကြီးကတော့ ပွဲရှိန်တွေ ပိုတက်လာခဲ့ပါပြီ




GOAT is Back 🔙 ဒီပွဲမတိုင်ခင် အဝေဖန်ခံနေရတဲ့ 41နှစ်အရွယ် (မင်းတို့အခေါ် လူအိုကြီး) က စံချိန်သစ်တွေ ထပ်မံ ရေးထိုးလိုက်နို...
24/06/2026

GOAT is Back 🔙

ဒီပွဲမတိုင်ခင် အဝေဖန်ခံနေရတဲ့ 41နှစ်အရွယ် (မင်းတို့အခေါ် လူအိုကြီး) က စံချိန်သစ်တွေ ထပ်မံ ရေးထိုးလိုက်နိုင်ပါပြီ

ကမ္ဘာ့ဖလားသမိုင်းတလျောက် ဘယ်သူမှမရဖူးသေးတဲ့စံချိန်ကို အရယူလိုက်တာပါ ဒီနေ့ည ကစားတဲ့ Uzbekistan နဲ့ ပွဲစဉ်မှာ ရိုနယ်ဒိုတယောက် ပေါ်တူဂီအသင်းအတွက် ၂ ဂိုး ဆက် သွင်းယူနိုင်မှုနဲ့အတူ ကမ္ဘာ့ဖလားမှာ ဘယ်သူမှ မရယူနိုင်တဲ့ စံချိန်သစ်တခုကို ရယူသွားခဲ့ပါပြီ ဒ

ဒါကတော့ ကမ္ဘာ့ဖလား ၆ ကြိမ်ဆက် ပထမဆုံး ဂိုးသွင်းယူနိုင်တဲ့ New Record ပါပဲ ဒီ စံချိန်သစ်ကိုရဖို့ဆိုရင် ၄နှစ်မှ ၁ကြိမ် သာ ကျင်းပတဲ့ကမ္ဘာ့ဖလားပြိုင်ပွဲကြီးမှာ ၆ ကြိမ်ဆက်တိုက် ပါဝင်ကစားသူဖြစ်ရပါမယ် အဲဒီ ပါဝင်ကစားတဲ့ ၆ ကြိမ် လုံးမှာလည်း ဂိုးသွင်းယူနိုင်ရပါမယ် ဒါကို ရော်နယ်ဒို (မင်းတို့အခေါ် လူအိုကြီး) က လုပ်ပြနိုင်ခဲ့ပါပြီ

ဂုဏ်ယူပါတယ် C.Ronaldo ရေ
ဒီစံချိန်ဟာ ခက်ခဲလွန်းပါတယ် ဖိအားတွေ အများကြီး ကြားထဲက လုပ်ပြနိုင်ခဲ့တယ်နောက်ထပ်စံချိန်တူတဲ့သူ ရှိလာနိုင်တယ်ဆိုပေမယ့် အခုတော့ မဟုတ်သေးဘူး ပေါ့

Ronaldo က ဒီနေ့ပွဲ 1st Halfမှာ သွင်းတဲ့ နှစ်ဂိုး တွေကြောင့် World Cup ခြောက်ကြိမ် ‌ ဆက်တိုက် ဂိုးသွင်းတဲ့ ပထမဆုံး ကစားသမား စံချိန်သစ် ဖြစ်ခဲ့သလို Portugal အသင်းရဲ့ All time Top Scorer အဖြစ် 10 Goals နဲ့ ဂန္တဝင်ကစားသမား အူဆီဘီယို ရဲ့ စံချိန်တင်ထားတဲ့ (9 Goals) ကိုလည်းကျော်ပြီး စံချိန်သစ် တင်နိုင်ခဲ့ပါပြီ

ချစ်ရတဲ့ GOAT ကြီးရဲ့ Last Dance ကို လှလှပပကျော်ဖြတ် ပြီးဆုံးစေချင်တဲ့အတွက် ဆက်လက်ရုန်းပြီး အောင်ပွဲခံပေးပါဦး Suiiii





Top Scorer စံချိန်သစ် တွေ အပြောင်းအလဲ ဖြစ်လာခဲ့တဲ့ World Cup 2026 🎉🎉World Cup ရဲ့ ဂိုးသွင်းစံချိန်က နောက်တစ်ကြိမ် ပြောင်...
23/06/2026

Top Scorer စံချိန်သစ် တွေ အပြောင်းအလဲ ဖြစ်လာခဲ့တဲ့ World Cup 2026 🎉🎉

World Cup ရဲ့ ဂိုးသွင်းစံချိန်က နောက်တစ်ကြိမ် ပြောင်းလဲသွားပြန်တယ် ဒီနေ့ညမှာ မက်ဆီဟာ တပွဲတည်းသွင်းဂိုး 2ဂိုးအသာနဲ့ ကလိုဆေးရဲ့ စံချိန်ကို လှလှပပ ရိုက်ချိုး ကျော်ဖြတ်ခဲ့တယ်

ပြင်သစ်ပွဲ အပြီးမှာလည်း M Bappe က Double သွင်းယူခဲ့လို့ 16 ဂိုး ဖြစ်လာပြီး ကလိုဆေးနဲ့ စံချိန် အတူတူ ဖြစ်လာခဲ့တယ်

တစ်ချိန်က ဘရာဇီးဂန္ထဝင် ရော်နယ်ဒိုရဲ့ 15 ဂိုးစံချိန်ကို ဘယ်သူမှ မကျော်နိုင်ဘူးလို့ ထင်ခဲ့ကြတယ် ဒါပေမယ့် ဂျာမနီရဲ့ မီရိုဆလပ် ကလိုဆေးက 16 ဂိုးနဲ့ စံချိန်သစ်တင်နိုင်ခဲ့တယ်

ဒီနေ့မှာ တော့ ဘောလုံးလောကရဲ့ Legend ဖြစ်တဲ့ လီယွန်နယ် မက်ဆီက စစချင်း ပယ်နယ်တီ လွဲ‌ချော်ခဲ့ပေမယ့် မိနစ်ပိုင်းအတွင်း ဦးဆောင်ဂိုးသွင်းယူကာ ပွဲပြီးခါနီး ထပ်ဆင့်ဂိုး ထပ်မံ သွင်းယူလိုက်တာကြောင့် (ပယ်နယ်တီ သာ မလွဲရင် Double Hat trick ထပ်ရမှာ) ကမ္ဘာ့ဖလား 18 ဂိုးအထိ ရောက်ရှိလာပြီး World Cup သမိုင်းရဲ့စံချိန်သစ် ဂိုးသွင်းဘုရင် ဖြစ်လာခဲ့ပါတယ် 👑🐐

⚽ Ronaldo - 15 Goals
⚽ Klose - 16 Goals
⚽M Bappe - 16 Goals
⚽Messi - 18 Goals

ဒီနေ့မှာတော့ World Cup ရဲ့ Top Scorer စံချိန်တွေဟာ အပြောင်းအလဲ ဖြစ်ခဲ့တယ်

စံချိန်သစ်ကို Messi ရယူနိုင်ခဲ့သလို တဖက်မှာလည်း အသက်ငယ်ငယ်နဲ့ World Cup 16 ဂိုးအထိ သွင်းထားပြီး ဒုတိယနေရာပူးတွဲရောက်လာခဲ့တဲ့ ပြင်သစ်ရဲ့ အမ်ဘာပေကလည်း နောက်ကနေ အရှိန်ပြင်းပြင်းနဲ့ လိုက်လာနေတယ် 🚀

GOAT မက်ဆီရဲ့ စံချိန်သစ်က ဘယ်လောက်ကြာကြာ တည်မြဲ မလဲ?

ဒါမှမဟုတ် အမ်ဘာပေ ကပဲ ဒီ Worldcup မှာ နောက်ထပ် စံချိန်သစ် မြန်မြန်ပဲ ဖြတ်ကျော်သွားမလား? ဆိုတာတော့ ငါတို့အားလုံးစောင့်ကြည့် အားပေးကြရအောင်

ဘောလုံးပရိသတ်တွေအတွက်တော့ World Cup သမိုင်းက ဆက်ပြီး ရင်ခုန်စရာတွေ အပြည့်ပါပဲ 🔥🏆







22/06/2026

သင်္ကြန်ကြော် @ငါးခြောက်ထောင်း သရက်သီးကြော်
မွန်ပြည်နယ်ဘက်မှာ သင်္ကြန်ထမင်းနဲ့ တွဲစားတဲ့ သင်္ကြန်ကြော် လို့ ခေါ်တဲ့ ငါးခြောက်ထောင်း သရက်သီးကြော်လေးပါရှင် ကျမကတော့ သင်္ကြန်ထမင်းနဲ့ မစားတတ်လို့ ရိုးရိုးထမင်းနဲ့ ပဲ တွဲစားပါတယ် လွယ်ကူရိုးရှင်းပြီး လုပ်ရလွယ်လို့ ချက်စားကြည့်ကြပါရှင်

#သင်္ကြန်ကြော်
#မွန်ရိုးရာ

🇯🇵🔥 အာရှရဲ့ဂုဏ်ယူစရာ ဆာမူရိုင်းအပြာတွေ 🔥🇯🇵တူနီးရှားကို ၄ ဂိုးပြတ် နဲ့ ပြတ်ပြတ်သားသား အနိုင်ယူပြီး နိပွန်းတို့က သူတို့ရဲ့...
21/06/2026

🇯🇵🔥 အာရှရဲ့ဂုဏ်ယူစရာ ဆာမူရိုင်းအပြာတွေ 🔥🇯🇵

တူနီးရှားကို ၄ ဂိုးပြတ် နဲ့ ပြတ်ပြတ်သားသား အနိုင်ယူပြီး နိပွန်းတို့က သူတို့ရဲ့ အရည်အသွေးကို ထပ်မံသက်သေပြလိုက်ပြန်ပါပြီ

ဂျပန်အသင်းရဲ့ စည်းကမ်းရှိမှု မြန်ဆန်တဲ့ကစားပုံနဲ့ အနိုင်ယူလိုစိတ်တွေက အာရှဘောလုံးရဲ့ အဆင့်အတန်းကို ထပ်မံမြှင့်တင်ပေးလိုက်ပြန်ပါတယ်

အာရှအသင်းတွေ World Cup မှာ နိုင်ရင် ကို ကျေနပ်ပျော်ရွှင်မိတာပဲ

ဒီနှစ် Worldcup မှာ နိပွန်းတွေ Asia Tiger ပီသစွာ နောက်ထပ် သမိုင်းအသစ်တွေ ရေးနိုင်မလား ထပ်မံစောင့်ကြည့်ကြတာပေါ့

Go Go Japan 🇯🇵🇯🇵




21/06/2026

နွားနို့ခဲ ခရမ်းချဉ်သီးချက်
Panner Tomato Curry
အညာ နွားနို့ခဲ ဆိမ့်ဆိမ့် ချဉ်ချဉ်ချိုချိုလေး ချက်စား ထမင်းပူပူလေးနဲ့ဆို အရမ်းလိုက်ဖက်ပဲ

#နွားနို့ခဲ



Address

Kuala Lumpur
43300

Website

Alerts

Be the first to know and let us send you an email when Myat's Diary posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share