A Wyne

Directions

A Wyne ပင်ပန်းရင်အနားယူပါ သီချင်းအေးအေးလေးတွေနားထောင်ပါ အိပ်ရေးဝဝအိပ်ပါ ကျန်းမာအောင်နေပါ
ကျေးဇူပြု၍ "Follow" လေးနှိပ်ခဲ့ပေးပါ 🙂😊🤗
Thank you.🍒🍒🍒

01/10/2026

မော်တာတစ်လုံး ကိုလောင် သွားစေနိုင်တဲ့
ပြသနာ မျိုး ပါ တစ်ရက်တစ်မျိုးမရိုရသောအတွေကြုံများ။



#လျှပ်စစ်နည်းပညာလေ့လာသူများ

Two Capacitor Single Phase Motor ဆိုတာ ဘာလဲ? ဘာကြောင့် Capacitor ၂ လုံး သုံးရတာလဲ? ရေစုပ်ပန့်၊ ကွန်ပရက်ဆာ စတဲ့ စက်ပစ္စည်...
29/09/2026

Two Capacitor Single Phase Motor ဆိုတာ ဘာလဲ?
ဘာကြောင့် Capacitor ၂ လုံး သုံးရတာလဲ? ရေစုပ်ပန့်၊ ကွန်ပရက်ဆာ စတဲ့ စက်ပစ္စည်းတွေမှာ Capacitor ၂ လုံး ပါတာကို တွေ့ဖူးကြလား? ဒီမော်တာမျိုးကို Capacitor Start Capacitor Run (CSCR) Motor လို့ခေါ်ပါတယ်။
ဘာကြောင့် Capacitor ၂ လုံး လိုအပ်တာလဲ?
👉 Starting Capacitor မော်တာစတင်ချိန်မှာ Torque အများကြီးပေးဖို့ သုံးပါတယ်။ စတင်ပြီးတာနဲ့ Centrifugal Switch က ဖြုတ်ပစ်ပါတယ်။

👉 Running Capacitor မော်တာလည်ပတ်နေစဉ် Power Factor မြှင့်တင်ဖို့နဲ့ ချောမွေ့စွာလည်ပတ်ဖို့ သုံးပါတယ်။
Starting Capacitor = စတင်အား မြင့်မားစေပါ တယ်
Running Capacitor = လည်ပတ်စဉ် စွမ်းဆောင်ရည် မြင့်မားစေပါတယ်

#လျှပ်စစ်ဗဟုသုတ

29/09/2026

CONTACTOR HOLDING
ကျွန်တော်သိထားသော အကြောင်းရာ များကို အမြဲးတမ်းပြန်လည်မျှဝေဖြစ်ပါတယ် လိုအပ်နေသောသူငယ်ချင်းများအတွက်ပါ ☺ ဆရာကြီးမဟုတ်ပါဘူး ကျွန်တော်လဲအခြေခံအလုပ်သမားတစ်ယောက်ပါ ကိုယ့်အတွက်အကျိုးရှိရင် နောက်လူတွေအတွက်ပြန်လည်မျှဝေပေးသွားပါ😊


#မော်တာကွန်ထိုး
#လျှပ်စစ်နည်းပညာလေ့လာသူများ

Single phase မော်တာရှေ့လည် /နောက်လည် #လျှပ်စစ်နည်းပညာလေ့လာသူများ    #မော်တာကွန်ထိုး
27/09/2026

Single phase မော်တာ
ရှေ့လည် /နောက်လည်

#လျှပ်စစ်နည်းပညာလေ့လာသူများ

#မော်တာကွန်ထိုး

27/09/2026

ဒုက္ခ ပေါ် မှာ ဒုက္ခဆင့် နေကြပြီ ယူကြိုးမရဖြစ်ရပါတယ် ဗျား သတ္တဝါ အားလုံး ဘေးကင်းကြပါစေခင်ဗျာ🙏🙏🙏🙏🙏

#ဘေးကင်းကြပါစေ🙏🙏🙏

📌 စတား-ဒယ်လ်တာ  (Star-Delta Starter)power အကြောင်းမသိသူများအတွက် လုံးဝအခြေခံ📌📌📌ဒီပုံထဲမှာ power ဝါ ယာကြိုးတွေ ဘယ်လိုချိတ...
26/09/2026

📌 စတား-ဒယ်လ်တာ (Star-Delta Starter)power အကြောင်းမသိသူများအတွက်
လုံးဝအခြေခံ📌📌📌
ဒီပုံထဲမှာ power ဝါ ယာကြိုးတွေ ဘယ်လိုချိတ်ဆက်ထားလဲဆိုတာ အဆင့်လိုက် ရှင်းပြထားပါတယ်။ မော်တာကြီးတွေ စတင်လည်ပတ် တဲ့အခါ လျှပ်စီးကြောင်း (Starting Current) အများကြီး ဆွဲတာကို လျှော့ချဖို့အတွက် Star-Delta ကို သုံးပါတယ်။
အဓိက အစိတ်အပိုင်းများ (Main Components)
၁။ MCCB (မိန်ဘရိတ်ကာ) - ပင်မ ပါဝါ ဖြတ်တောက်ပေးတဲ့ ဘရိတ်ကာ ဖြစ်ပါတယ် (R, Y, B, N စတင်ဝင်လာတဲ့နေရာ)
၂။ ပင်မ ကွန်တက်တာ (Main Contactor) - မော်တာကို ပါဝါပေးတဲ့ အဓိက ကွန်တက်တာ။
၃။ ဒယ်လ်တာ ကွန်တက်တာ (Delta Contactor) - ဒယ်လ်တာ mode ပြောင်းတဲ့အခါ ချိတ်ပေးတဲ့ ကွန်တက်တာ။
၄။ စတား ကွန်တက်တာ (Star Contactor) - စတား mode အတွက် မော်တာ terminal ၃ ခုကို အတူတူ ချိတ်ပေးတဲ့ ကွန်တက်တာ။ (အပေါ်မှာ ချိတ်ထားတဲ့ အနက်ရောင်ကြိုးလေးတွေ ဖြစ်ပါတယ်)
၅။ အိုဗာလုဒ် ရီလေး (Overload Relay) - မော်တာ ပူလာရင် သို့မဟုတ် လျှပ်စီးကြောင်း များလာရင် ပါဝါဖြတ်ပေးတဲ့ အကာအကွယ်ပစ္စည်း။
၆။ မော်တာ (3-Phase Induction Motor) - W1, V1, U1 (အပေါ်) နဲ့ W2, V2, U2 (အောက်) terminal ၆ ခု ပါတဲ့ မော်တာ။
ဘယ်လိုအလုပ်လုပ်လဲ? (How it works?)
စတင်ချိန် (Star Mode): စတင်တဲ့အခါ "ပင်မ ကွန်တက်တာ" နဲ့ "စတား ကွန်တက်တာ" နှစ်ခု အတူတူ အလုပ်လုပ်ပါတယ်။ ဒီအခါ မော်တာရဲ့ W2, U2, V2 တွေကို အတူတူချိတ်လိုက် ပြီး လျှပ်စီးကြောင်းကို ၃ ပုံ ၁ ပုံ လျှော့ချပေးပြီး စတားနဲ့ မော်တာ ကိုစတင်ပြီး လည်သွား စေပါ တယ် ပုံမှန်လည်ချိန် (Delta Mode): ကိုမော်တာ အရှိန်ရလာတဲ့အခါ "စတား ကွန်တက်တာ" ကို ဖြုတ်လိုက်ပြီး "ဒယ်လ်တာ ကွန်တက်တာ" ကို ချိတ်လိုက်ပါတယ်။ ဒီအခါ မော်တာက သူ့ရဲ့ ပုံမှန် ပါဝါအပြည့်နဲ့ လည်ပတ်သွားပါတော့တယ်။
သတိပြုရမည့်အချက်
380V/400V (3-Phase) စနစ်အတွက် ဖြစ်ပါတယ်။
· ဝါယာကြိုးတွေကို ချိတ်ဆက်တဲ့အခါ မော်တာ terminal W1-V1-U1 နဲ့ W2-V2-U2 တို့ရဲ့ အစီအစဉ် တကျကို သေချာစစ်ဆေးပါ။ (မှားချိတ်ရင် မော်တာ လည်ပတ်ပုံ မှားသွားနိုင်ပါတယ်)
· လျှပ်စစ်နဲ့ ပတ်သက်တဲ့ အလုပ်တွေကို လုပ်ဆောင်တဲ့အခါ ပါဝါအရင် ပိတ် ပြီး Safetyကို အရင်စစ်ဆေးပါ☺

ဒီပုံလေးကို Save ထားပြီး လေ့လာနိုင်ပါတယ်။ နားမလည်တာရှိရင် Comment မှာ မေးလို့ရပါတယ်ခင်ဗျာ။ 👇

#လျှပ်စစ် #မော်တာ #စတားဒယ်တာ

26/09/2026

ကြိုး 12 ချောင်းပါတဲ့ 3phase မော်တာ တစ်လုံး အကြောင်းကို ကျွန်တော်ရဲ့ အွန်လိုင်း သူငယ်ချင်တွေအတွက် ကျွန်တော်သိသလောက်လေး ကြိုးစားပြီးမျှဝေပေးထားပါတယ်ခင်ဗျား ☺


#မော်တာကွန်ထိုး
#လျှပ်စစ်နည်ူပညာလေ့လာသူများ

ကျွန်တော်ရဲ့ အတွေ့အကြုံ လေးတစ်ခုပြေားပြမယ်လွန်ခဲ့တဲ့ လေးနှစ်လောက်ကတည်း ကျွန်တော်က panal တွေကိုဆွဲးတတ်နေပါပြီ ဘယ်လိုဆွဲးတ...
24/09/2026

ကျွန်တော်ရဲ့ အတွေ့အကြုံ လေးတစ်ခုပြေားပြမယ်
လွန်ခဲ့တဲ့ လေးနှစ်လောက်ကတည်း ကျွန်တော်က panal တွေကိုဆွဲးတတ်နေပါပြီ ဘယ်လိုဆွဲးတတ်လဲဆိုတော့ အလွတ်ကျက်ပြီးဆွဲးတတ်တာပေါ့ panal box တွေကလဲတူတဲ့ပုံစံတွေများတယ် ဆိုတော့ ကိုယ့်ကိုယ် ကို ဝါယာဆွဲးတတ်နေပြီပေါ့ box တွေဆွဲးပြီးသွား ရင်လဲကျွန်တော်ကမစစ်ဆေး ရဘူး ဆရာတွေကစစ်ပေးတာပေါ့ သူတိုလဲ မှားတဲ့ဟာတွေကို သူပါသူပြင်လိုက်တော့ အမှားကိုလဲးကျွန်တော်မသိရဘူးပေါ့ ကိုယ်လုပ်တဲ့panal boxတွေကဘယ်လိုအသုံးပြုမှန်းကိုမသိရဘူးလေး အဲဒါနဲ့လုပ်သက်လေးလဲကြာလာတော့ ဆရာတွေကမရှိတော့ဘူး ပြန်ကုန်ပြီ ဆိုတော့ ကျွန်တော် က လစာ လေးလဲတိုးလာတော့ အဲးဒီမှာစပြီ ပြသနာက ကိုယ်က အလွတ်ကျက်ခဲ့တာလေး ပုံစံ လေးလွဲးသွားတာနဲ့ ကျွန်တော်စဥ်းစားမရတော့ဘူးလေး ကိုယ့်ကိုယ်ကို သိပြီလေး ငါဘာမှမတတ်သေးဘူးဆိုပြီး ပေါ့ ဒါကတော့လွန်ခဲ့တဲ့ ၄နှစ် လောက်က ကျွန်တော် သင်ယူမှု့ပုံစံမှားခဲ့တဲ့ အဖြစ်လေးကိုပြေားပြချင်တာပါ အလုပ်တစ်ခုကို တယ်ကယ်သဘောပေါက်နားလည်အောင်သင်ယူပါ အတွေ့အကြုံတွေများများရှာပါ☺

#မော်တာကွန်ထိုး

24/09/2026

အလုပ်လုပ်ရင်းနဲ့ အမျိုးမျိုးသောအတွေ့အကြုံ
တွေကိုမျှဝေပေးတာပါ ခင်ဗျား ကျွန်တော်လဲ မအားလို့ Control လေးတွေမဆင်ပြ နိုင်တာကြာပြီ မေးတဲ့လူတွေကိုလဲဘယ်သူ့ကို မှ ပြန် မဖြေပေးဖြစ်ပါဘူး ဗျာ မနက် ၈နာရီ အိမ်ထွက်ပီး ည မိုက်မှ အိမ်ပြန်ရောက်လို့ပါ အားပေးသူတိုင်း ကို တစ်ယောက် ချင်းစီကိုကျေးဇူးတင်ပါတယ်ခင်ဗျာ ☺


#လျှပ်စစ်နည်းပညာလေ့လာသူများ

23/09/2026

အတတ်ပညာဆိုတာ
“ထမင်းစားလက်မှတ်” တစ်ခုပါ။ငွေဆိုတာ အချိန်မရွေး ကုန်သွားနိုင်တယ်။အတတ်ပညာနဲ့ အသိပညာကတော့ဘယ်သူမှ လာယူသွားလို့မရဘူး။
ဒီနေ့ သင်ယူထားတဲ့ ပညာတစ်ခုကမနက်ဖြန်မှာ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်နိုင်အောင် ကူညီပေးနိုင်ပါတယ်။
ငွေက ကုန်သွားနိုင်တယ်…
အတတ်ပညာကတော့
သေတဲ့အထိ ကိုယ့်နဲ့အတူရှိနေတာပါ

#လျှပ်စစ်နည်းပညာလေ့လာသူများ

Address

Kajang

Website

Alerts

Be the first to know and let us send you an email when A Wyne posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share