13/11/2023
အရှုံးနဲ့စခဲ့တဲ့ ဇာတ်လမ်းတစ်ပုဒ်
ဇာတ်သိမ်းပိုင်းကျတော့ အဆုံးသက်က
အရှုံးပါပဲလား
အချိန်မှန်ပြေးဆွဲနေတဲ့ ရထားဖြစ်ပါလျှက်နဲ့
ဘယ်ရထားမှာ လွှဲခဲ့ရတာလဲ
မိုးတဖွဲဖွဲရွာနေတဲ့ ညနေစောင်းမှာ
ထီးမပါတစ်ကိုယ်တည်း လျှောက်လာခဲ့စဥ်
အမှတ်မထင်တွေ့ခဲ့ရတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်
ရက်စက်လိုက်တဲ့ ရာသီဥတုနဲ့
မျက်နှာပေါ်သို့ ပြင်းထန်စွာရိုက်ခက်လာတဲ့
မိုးရေစက်တွေ ဘယ်တော့မှရပ်မှာလဲ
အပူမီးတောက်လောင်နေတဲ့ နှလုံးသားနဲ့ငါ
အေးချမ်းမူကင်းလို့ နှာကျင်စရာတွေကိုရင်ဝယ်ပိုက်ကာ
ဇာတ်သိမ်းပိုင်းမှာလည်း အရှုံးနဲ့ပြီးသွားတာပဲလား
နောက်ထပ်ကြိုးစားပါဦးမယ်လို့ ပြောခွင့်တောင်မရခဲ့ပါ
aye