09/08/2026
လူတွေဟာ သေခါနီးကျမှ ကပ်ပြီးတော့ သံဝေဂ ရကြတယ်။ အချိန်နှောင်းသွားပြီ မရတော့ဘူး။ မအားဘူး ဆိုတဲ့ စကားကို သုဿာန်မှာ သွားပြောကြည့်။ သေတဲ့သူတွေဟာ မအားတဲ့ကြားကပဲ သေကြရတာချည်းပါ။ ဒါကြောင့် သေခါနီးမှ ကပ်ပြီးတော့ သံဝေဂ မရကြပါနဲ့။ စောစောစီးစီး သံဝေဂ ရကြပါ။ #တရားတော်များ