Yee Pyae Beauty Studio

Yee Pyae Beauty Studio Thanks for shopping with us🫶🏻🤗

Yoon Skin BB Foundation လေး Instock 3ဗူးဘဲကျန်✅✅✅
26/01/2026

Yoon Skin BB Foundation လေး Instock 3ဗူးဘဲကျန်✅✅✅

အဆီပြန်လို့ ကြောင်ပျောက်ပြီး ဘာသုံးရမှန်းမသိရင် ဒါလေးtryကြည့်ရှင်❤️❤️❤️တစ်ကယ်ကို ကောင်းသောလေး🥰
26/01/2026

အဆီပြန်လို့ ကြောင်ပျောက်ပြီး ဘာသုံးရမှန်းမသိရင် ဒါလေးtryကြည့်ရှင်❤️❤️❤️
တစ်ကယ်ကို ကောင်းသောလေး🥰

ဦးရေဖျားအဆီပြန်တတ်တဲ့သူတွေ သုံးကိုသုံးသင့်တယ်နော်🥰
26/01/2026

ဦးရေဖျားအဆီပြန်တတ်တဲ့သူတွေ သုံးကိုသုံးသင့်တယ်နော်🥰

ဒီနေ့ခေါင်းလျှော် နောက်နေ့ဦးရေပြားက အဆီပြန်ပြီး ဆံသားကကပ်စေးစေးနဲ့ ကြည့်ရဆိုးပြီး နေရခက်တဲ့သူတွေရှိလား❓ ဒါဆို L'OREAL PARISက Shampoo လေး Try ကြည့် ။အဆင်ပြေတဲ့ထဲ ပါတယ်လို့ပြောရမယ်။တခြားယောကျာ်လေးတွေဆို ရေချိုးတိုင်းခေါင်းလျှော်ကြတာ နေ့တိုင်းလိုလိုဘဲ။" ခေတ်" ကတော့ ခေါင်းခဏခဏလျှော်ရတာ ပျင်းတဲ့ထဲလည်းပါသလို နေ့တိုင်းလျှော်တာကလည်းဦးရေပြားကိုရေရှည်ဆိုထိခိုက်နိုင်တယ်။ဒါပေမဲ့လည်း ခေါင်းကလျှော်ပြီး(၁)ရက်လောက်ဆို အဆီပြန်ပြီး နံချင်လာရော။အဲ့ဒါကြောင့် Loreal ကHyaluron Pure Purifying Shampoo လေးကို သုံးနေတာလည်းအတော်ကြာပြီ။ ခုဆိုဘူးလည်း တဝက်ကျိုးပြီ တကယ်လည်းအဆင်ပြေတော့ Sharing လည်းလုပ်ပေးချင်လာလို့လေ။

တကယ်တော့သူက Low porosity hair သမားတွေနဲ့ပိုအဆင်ပြေသလို Oily & Dehydrated hair အတွက် ထုတ်ထားတယ်လို့ ပြောရမယ်။ ဘာလို့ဆိုသူ့မှာ Hyaluronic acid ပါတဲ့အတွက်ဆံသားကို အစိုဓာတ်ပါ ဖြည့်ပေးနိုင်တဲ့အပြင် Salicylic acid လည်းပါသေးတော့ ဦးရေပြား အဆီထွက်နှုန်းကို လျှော့ချပေးပြီး ခေါင်းလျှော်ပြီးတဲ့ခါ ဦးရေပြားကလုံးဝကို ပြောင်ပြီးသန့် သွားစေတယ်။ တခြားသော Oily Scalp အတွက် ထုတ်ထားတဲ့ Shampoo တွေလိုခေါင်းလျှော်ပြီး ဦးရေပြားက အဆီတွေလိုတာထက်ပိုခြောက်သွားလို့ ဆံသားကပိုကြမ်းသွားတာမျိုးလည်းမဖြစ်ဘူး။

"ခေတ်"ဆို ပထမဆုံး စလျှော်တဲ့နေ့မှာတင် သဘောကျရတာ သူ့အနံ့။ဘယ်လိုပြောရမလဲ အနံ့ကကွာ တော်တော်ချစ်စရာကောင်းတယ်။လျှော်ပြီး (6)နာရီကြာလောက်ထိ အနံ့လေးကစွဲနေတာ။ကြာရင်တော့ လေနဲ့အတူပျောက်သွားရော။Shampooရဲ့အထဲကအနှစ်က Gel Typeဆိုတော့ အမြှပ်ထွက်အားမကောင်းဘူးထင်ခဲ့တာ။ လျှော်ကြည့်လိုက်မှ အမြုပ်ထွက်အားလည်း ကောင်းသလို ရေဆေးချလိုက်တာနဲ့ ခေါင်းကလုံးဝကိုပေါ့ပါးပြီး ရှိသမျှအဆီနဲ့အညစ်ကြေးတွေ ပြောင်စင်သွားတယ်ဆိုတဲ့ Feeling မျိုးရတယ်။နောက်ပြီး "ခေတ်"အတွက်တော့ ၂ရက်လောက်ထိ အဆီပြန်တာသက်သာပြီး ခေါင်းအနံံ့ထွက်တာလည်း သက်သာသွားတယ်။လူတစ်ယောက်နဲ့တစ်ယောက်ကတော့ အဆီထွက်နှုန်းမတူတာမို့ အဆီပြန်တာနည်းတဲ့သူက သူ့နဲ့လျှော်မယ်ဆိုရင် အနည်းဆုံး ၃-၄ရက်လောက်တော့ ခေါင်းမလျှော်ဘဲ နေလို့ရတယ်။စျေးနှုန်းကလည်း 200ml 1ဘူးကိုမှ 15500ksဘဲရှိတော့ တစ်မိသားစုလုံးသုံးပြီး ၅ကြိမ်လောက်လျှော်ရရင်တောင် သူ့အနံ့၊သူ့ Quality ၊သူ့ Result က ကျေကျေနပ်နပ်ကြီးကို လက်ခံပေးနိုင်ပြီး သုံးရတန်တဲ့ Shampoo မျိုးထဲမှာပါတယ်။

ကဲ ဒီနေ့တော့ဒီလောက်ပါဘဲ။နောက်ရက်ရဲ့ နောက်ထပ် Review တွေမှာ တွေ့ဆုံချင်ရင်တော့ Page လေးကို Like & Follow လေးလုပ်ခဲ့ကြပါဦးခင်ဗျ။

❌Copying of images and text is strictly prohibited.❌








Body sprayနဲ့ L’Oréal tonerအစုံ ဝင်ထားပါပြီရှင်❤️❤️❤️
24/01/2026

Body sprayနဲ့ L’Oréal tonerအစုံ ဝင်ထားပါပြီရှင်❤️❤️❤️

ဆံပင်တွေ ဖွာလန်ကျဲပြီး ခြောက်ကပ်နေရင် ဒါလေး မဖြစ်မနေသုံကြည့်နော် 8500ks😍😍😍
14/01/2026

ဆံပင်တွေ ဖွာလန်ကျဲပြီး ခြောက်ကပ်နေရင် ဒါလေး မဖြစ်မနေသုံကြည့်နော် 8500ks😍😍😍

Bangkok ရောက်တုန်း သူငယ်ချင်းရဲ့ သူငယ်ချင်းမှာတာတွေ့ပြီး ဒီ Pantene Hair Serum လေး သုံးကြည့်တာ သဘောကျလို့၊ အိမ်နားကဆိုင်မှာလည်းတွေ့တာနဲ့ ၂ ဗူး ထပ်ဝယ်သိမ်းထားလိုက်တယ်။

ခေါင်းလျှော်တာကလွဲရင် ဆံပင်ကို ဘာမှမလုပ်ပေးဖြစ်တာကြောင့် ဒီဟာလေးက ဆံပင်ကို ဂရုစိုက်ပေးတယ်လို့ ခံစားချက်လေးရစေတယ်။ အနံ့လေးလည်း ကြိုက်တယ်။


🎙️10 January 2026

မင့်ဆီInstockရ❣️❣️❣️
14/01/2026

မင့်ဆီInstockရ❣️❣️❣️

ဗောက်အပြတ်ရှင်းချင်ရင် Vaseline Hair Tonicသာသုံး💙💙💙ဆံပင်တွေ မွဲခြောက် ပျက်စီးနေသူတွေအတွက်အကောင်းဆုံး ဆံပင်နှပ်ဆီ❣️❣️❣️ဆံ...
08/01/2026

ဗောက်အပြတ်ရှင်းချင်ရင်
Vaseline Hair Tonicသာသုံး💙💙💙

ဆံပင်တွေ မွဲခြောက် ပျက်စီးနေသူတွေအတွက်
အကောင်းဆုံး ဆံပင်နှပ်ဆီ❣️❣️❣️

ဆံပင်အုံထူပြီး အရှည်မြန်စေတဲ့အပြင်
ဆံပင်အသစ်လေးတွေလည်း ပေါက်စေပါတယ်ရှင်🥰

ခေါင်းမလျှော်ခင် နာရီဝက်လောက်လိမ်းပြီး
နှပ်ထားပေးရုံဘဲနော်✅✅✅

ELF Doseလေးက တစ်ကယ်ကို အသားဖြူသောလေးပါ🥰
08/01/2026

ELF Doseလေးက တစ်ကယ်ကို အသားဖြူသောလေးပါ🥰

သွေးကြောတွေစိမ်းနေအောင် အသားကြည်လာဖို့က elf nano dose နဲ့မှပဲဖြစ်တာ
လိမ်းနေတာတော့ 2016 လောက်ကတည်းက
တခြားဟာတွေစမ်းလိုက် သူ့ဆီပြန်ရောက်လိုက်ပါပဲ
အသားကြည်တဲ့နေရာ သူ့လောက် effective ဖြစ်တာမတွေ့ဘူးသေးလို့လေ ကျမလက်ဖမိုးကြီး ကြည်စိမ်းဝင်းပြောင်နေတာသာကြည့်တော့
ဒါတောင် တရက်တခါပဲလိမ်းတာ လိမ်းတဲ့ပမာဏများစရာမလိုဘူး ကိုယ်လိမ်းမယ့် body lotion ထဲ နည်းနည်းထည့်ပြီး ရောလိမ်းရုံပဲ (သူတစ်မျိူးတည်းတော့ လိမ်းလို့မရ)

သူ့ကိုမကြိုက်တာတခုပဲ ဆိုဒ်လေးသေးလို့🫠
သေးသေးလေးဆိုပီး ပြသနာသွားမရှာနဲ့
သူနဲ့မှ သွေးကြောစိမ်းအောင် အသားကြည်တာ🥲



Vaseline GLUTA-HYA Lotionရောင်စုံ ပြန်ဝင်ထားပြီရှင့်🤩🤩🤩ဒီနှစ်ဆောင်းတွင်း အရမ်းအေးတာနဲ့Lotionတွေ ရှယ်ရောင်းရသောဘဲ✨✨✨HYA L...
08/01/2026

Vaseline GLUTA-HYA Lotionရောင်စုံ ပြန်ဝင်ထားပြီရှင့်🤩🤩🤩
ဒီနှစ်ဆောင်းတွင်း အရမ်းအေးတာနဲ့
Lotionတွေ ရှယ်ရောင်းရသောဘဲ✨✨✨
HYA Lotionတိုင်း serum typeမို့
စေးကပ်ခြင်း လုံးဝ မရှိဘဲ အရမ်းလိမ်းလို့ ကောင်းသောဘဲနော်✅✅✅

#ဇလွန်ရွှေပြည့်စတိုး
09422986890

Lotionဆို ရေမွှေးမလိုတစ်နေကုန် မွှေးပြီးအေးနေတာမျိူးလေး သုံးချင်တဲ့သူတွေအတွက်….မင့်ဆီ OLLID Lotionရောက်ထားပါပြီရှင်🥳🥳🥳အသ...
08/01/2026

Lotionဆို ရေမွှေးမလို
တစ်နေကုန် မွှေးပြီးအေးနေတာမျိူးလေး သုံးချင်တဲ့သူတွေအတွက်….
မင့်ဆီ OLLID Lotionရောက်ထားပါပြီရှင်🥳🥳🥳

အသားကို ၂ပါတ်အတွင်း ဖြူဝင်းစေပြီး
တစ်နေကုန်မွှေးနေစေလို့
အရမ်းနာမည်ကြီးသောလေးနော်🩷🩷🩷

ညက မျက်စိနည်းနည်းညောင်းတာနဲ့အိပ်ခါနီး ဇိမ်ခံဦးမယ်ဆိုပြီး Eyes maskလေး ထုပ်ကပ်ကြည့်တာ ရှယ် ရှယ်✨✨✨🤩💚1ချပ် 2500✅✅✅ပူပူနွေး...
08/01/2026

ညက မျက်စိနည်းနည်းညောင်းတာနဲ့
အိပ်ခါနီး ဇိမ်ခံဦးမယ်ဆိုပြီး Eyes maskလေး
ထုပ်ကပ်ကြည့်တာ ရှယ် ရှယ်✨✨✨🤩💚
1ချပ် 2500✅✅✅
ပူပူနွေးနွေးလေးနဲ့ မျက်စိကိုကြည်ရှင်းကျသွားတာဘဲ❤️‍🔥
Phအကြည့်များတဲ့သူတွေ ယူကိုယူနော်🥳🥳🥳

🌿𝐄𝐋𝐝𝐨𝐯 𝐆𝐫𝐞𝐞𝐧 𝐓𝐞𝐚 𝐒𝐭𝐞𝐚𝐦 𝐇𝐨𝐭 𝐂𝐨𝐦𝐩𝐫𝐞𝐬𝐬 𝐄𝐲𝐞 𝐌𝐚𝐬𝐤🌿ဒီMask လေးက mini heat - generating system လေးနဲ့ထုတ်လုပ်ထားတာဖြစ်ပါတယ် 🌿

🌿 Mask ကိုဖွင့်လိုက်တဲ့အချိန် mask အတွင်းမှ Iron Powder နဲ့ လေထုက Oxygen တို့ ထိတွေ့ပီး Oxidation ဖြစ်လာပီး chemical reaction heat ကို ထုတ်ပေးလို့ နွေးနွေးထွေးထွေးနဲ့ သွေးလည်ပတ်မှု့ကောင်းအောင် အထူးပြုလုပ်ပေးထားပါတယ် 🌿

🌿Mask ထဲက အပူနဲ့အတူ စိုစွတ်မှု့ကို စုပ်ယူနိုင်တဲ့ material ( non-woven fabric + glycerin or water- holding gel ) ပါဝင်တဲ့အတွက် မျက်လုံးအပူပေးတာနဲ့အတူ နွေးထွေးစိုစွတ်မှု့ warm moisture effect ကို ရရှိစေပါတယ်

🌿Mask ထဲမှာ Insulation Layers နဲ့ Oxygen control film ပါဝင်တဲ့အတွက် Oxygen ပမာဏကိုထိန်းပီး mask အပူကို 40 °C အထိသာလျှင်ထိန်းထားပေးပါတယ် ဒါကြောင့် အရမ်းပူလာပြီးအပူလောင်မှာစိုးရိမ်စရာမလိုတဲ့maskလေးပါရှင် 🌿

🌿15 မိနစ်လောက် အချိန်ပေးပီးကပ်ပေးရုံဖြင့် တစ်နေကုန်ပင်ပန်းနေတဲ့ မျက်လုံးလေးကို လန်းဆန်းပီး သွေးလည်ပတ်မှု့ကောင်းစေပါတယ် 🌿
ဘယ်လိုလူမျိုးတွေသုံးသင့်လဲဆိုရင်

🌿Screentime များခြင်း / မျက်ရိုးကိုက် / မျက်လုံးညောင်းညာကိုက်ခဲ / မျက်အိတ်ဖေါင်း / မျက်ကွင်းညို / မျက်လုံးခြောက်သွေ့ သူများအတွက်
အနားယူချိန်ဖြစ်စေ , ညအိပ်ရာမဝင်ခင်ဖြစ်စေ
မျက်လုံးပေါ်တွင် လွယ်ကူစွာပတ်ထားပေးရုံဖြင့် ဖေါ်ပြပါ မျက်လုံးပြသနာများကို သက်သာစေပါတယ်, နွေးထွေးပီး Relax ဖြစ်စေတဲ့ခံစားချက်ကိုရရှိစေမယ့်eye maskလေးဖြစ်ပါတယ်နော်🌿

🌿Note - mask လေးကအပြင်လေထုနဲ့ထိပီး မိနစ်ပိုင်းအတွင်းစပူတာမို့ သုံးမယ်ဆိုမှအထုတ်ဖောက်ပေးရပါတယ်🌿
‼အတုအပ လုံးဝမရောင်းပါ❌

မင်ပြည့်သုံးတာ ၃ဗူးမြောက်🥳
08/01/2026

မင်ပြည့်သုံးတာ ၃ဗူးမြောက်🥳

ဂျိုင်းနဲ့ပတ်သက်ပြီး ဘာသုံးရမလဲလို့ လာမေးတိုင်း ဒီကောင်လေးပဲ ညွှန်းပေးဖြစ်တယ် ညွှန်းပေးလိုက်တိုင်းလည်း အဆင်ပြေကြတယ်။ ဒီ dove dark marks corrector သုံးပြီးထဲက တခြား roll on တွေ deodorant တွေ spray တွေကို စိတ်ကိုမဝင်စားတော့တာ။ rating 10/10 ပေးလို့ရတယ် တော်တော်လေးကိုကောင်းတာ။ တခြား roll on တွေလိုမျိုး သုံးပြီးရင် အင်္ကျီတွေ ဝါတာ ကွက်တာ စွန်းတာမျိုး လုံးဝမဖြစ်ဘူး။ ဂျိုင်းချွေးနံ့ကိုလည်း တစ်နေကုန်ထိန်းပေးတယ်။ သူ့အနံ့ကလည်း မွှေးနေတာပဲ lily ပန်းနံ့နဲ့လည်း တူသလို သူ့ရဲ့ ဆပ်ပြာခဲအနံ့နဲ့လည်း တူတယ် fresh ဖြစ်တယ် လူတိုင်းကြိုက်လောက်တယ်။ သူ့အနံ့ကလည်း ရေမချိုးမချင်းကို မွှေးနေတုန်း။ အနံ့မွှေးတယ်ဆိုပေမယ့် သူ့အနံ့က အပြင်ကိုမထွက်ဘူး ဂျိုင်းနားတစ်ဝိုက်မှာပဲ မွှေးတာ အင့်နင်ရှူစမ်းနင်ရှူစမ်းဆိုပြီး ဂျိုင်းကို ကပ်ပေးမှ ဟာမွှေးလိုက်တာဆိုပြီး အနံ့ရသွားစေတာမျိုးပါ။ သူက stick type နဲ့လာတာ သုံးရတာလည်းလွယ်တယ် သုံးမယ်ဆိုရင် ဂျိုင်းကို ၂ချက်၃ချက် ပွတ်လိုက်ရုံပဲ။ သုံးထားမှန်းလည်း မသိသာဘူး စီးကပ်ပြီး ချွဲနေတဲ့ ခံစားချက်မျိုးမရဘူး။ သူ့ကိုသုံးထားပြီးရင် ဂျိုင်းချွေးလည်း မထွက်တော့ဘူး ဂျိုင်းယားတာမျိုးလည်း မဖြစ်ဘူး။ ယောကျာ်းလေးတွေလည်း သူ့ကို သုံးလို့ရတယ်။ ယောကျာ်းလေးသုံး roll on တွေအများစုက အနံ့ပြင်းပေမယ့် ဒီဟာလေးက အနံ့မပြင်းပဲ fresh ဖြစ်ပြီး မွှေးတာမို့ သုံးကြည့်ဖို့ recommend ပေးတယ်။ အရပ်မြင့်တဲ့သူတွေဆိုရင် ပိုတောင်သုံးသင့်သေးတယ် ကားစီးရင် ကိုယ့် ဂျိုင်းအောက်မှာလူတွေရှိနေမှာမို့ အနံ့မွှေးနေဖို့ ဂျိုင်းချွေးနံ့မထွက်ဖို့က အရေးကြီးတယ်လေနော်။ ဒီ corrector ရဲ့ နောက်ထပ်ကောင်းတဲ့အချက်တစ်ခုက ဂျိုင်းဖြူတာပါ တကယ်ဖြူပါတယ် ဘူးတစ်ဝက်လောက် သုံးပြီးရင်ကို ဂျိုင်းမဲနေတာတွေ သိသိသာသာ သက်သာပြီး ဂျိုင်းပြန်ဖြူလာတာကို တွေ့ရမှာပါ။ ပြီးတော့ waxing အလုပ်များပြီး ကြက်အရေခွံဖြစ်နေတာမျိုးနဲ့ ဂျိုင်းအသားအရေက smooth မဖြစ်ပဲ ကြမ်းနေတာမျိုး ဆိုရင်လည်း သက်သာတယ်။ ကဲဒီလောက်ဆိုရင် ဘာလိုသေးလဲ ဂျိုင်းလည်းဖြူမယ်၊ ဂျိုင်းချွေးထွက်တာအနံ့ဆိုးထွက်တွေလည်း သက်သာမယ်၊ အင်္ကျီလည်း မကွက်ဘူးမစွန်းဘူး၊ အနံ့လည်းမွှေးတယ် အနံ့လည်းတစ်နေကုန်စွဲတယ်၊ ဂျိုင်းအသားအရေလည်း နူးညံ့လာမယ် သုံးရတာလည်း လွယ်တယ်၊ လူတိုင်းနဲ့လည်းအဆင်ပြေတယ်။ သူက တစ်ဘူးဆိုရင် ၃ လလောက်အေးဆေး သုံးလို့ရတယ်။

Address

Zalun

Telephone

+959422986890

Website

Alerts

Be the first to know and let us send you an email when Yee Pyae Beauty Studio posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share