Top Cele

Top Cele For love

စိတ်ဟာ ဖျားနာတတ်ပါတယ် ❤️‍🩹စိတ်ဖိစီးစရာ၊ စိတ်ရှုပ်ထွေးစရာနဲ့ စိတ်ထိခိုက်စရာကိစ္စတွေ ရှိလာတဲ့အခါ လူအများစုက ရုန်းထွက်ဖို့မ...
26/01/2023

စိတ်ဟာ ဖျားနာတတ်ပါတယ် ❤️‍🩹

စိတ်ဖိစီးစရာ၊ စိတ်ရှုပ်ထွေးစရာနဲ့
စိတ်ထိခိုက်စရာကိစ္စတွေ ရှိလာတဲ့အခါ
လူအများစုက ရုန်းထွက်ဖို့မကြိုးစားဘဲ
စိတ်ညစ်စရာဇုန်ထဲမှာ
ကိုယ့်ကိုယ်ကို ပိတ်လှောင်ထားတတ်ကြပါတယ်။

ဒီလိုကနေ စိတ်က ဖျားနာလာရပါတယ်။
စိတ်ဖျားနာတဲ့အခါ
မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်ပေါ်လာပြီး
နောက်ဆုံး အသက်ကို ရမယ်ရှာတဲ့အထိ
အခြေအနေ ဆိုးရွားနိုင်ပါတယ်။

အကယ်၍ ကိုယ့်ရဲ့စိတ်ဟာ
မကျန်းမာတော့ဘူးလို့ ထင်နေတယ်ဆိုရင်
အောက်ကအချက်လေးတွေအတိုင်း
ကျင့်ကြံနေထိုင်ပြီး အချိိန်မီ ကုသနိုင်ပါတယ်။

1. မေမေ၊ ဖေဖေဖြစ်ဖြစ်၊ အကို၊ အမဖြစ်ဖြစ်၊ သူငယ်ချင်းဖြစ်ဖြစ်၊ ကိုယ်ဘာမဆို ရင်ဖွင့်နိုင်မယ့်သူတစ်ယောက် ကိုယ့်ဘေးမှာရှိနေပါစေ။ ကိုယ့်ရဲ့ စိတ်ဖိစီးစရာ၊ စိတ်ရှုပ်ထွေးစရာနဲ့ စိတ်ထိခိုက်စရာကိစ္စတွေကို ပြောပြဖို့ ပထမဆုံး ကြိုးစားပါ။

2. ပြီးရင် အနားယူပါ။ ကိုယ်မကျန်းမာရင် ခွင့်ယူရသလို စိတ်မကျန်းမာရင် ခွင့်ယူပါ။ လက်ရှိလုပ်နေတာတွေ ခဏရပ်လိုက်ပါ။ သက်ပြင်းရှည်ရှည် တစ်ချက်ချပါ။ ပြီးရင် ၅ ရက်ကနေ ၁၀ ရက်လောက် ဘာမှမတွေးပဲ ကောင်းကောင်းနားဖို့ စတင်ပါ။

3. ဖုန်းနဲ့ social media ကို ခဏနားပါ။ လုံးဝ ဖုန်းမသုံးဘဲနေကြည့်ပါ။ စိတ်ကျန်းမာရေးကို ကုသနေတဲ့အချိန်မှာ ကိုယ့်ကိုယ်ကို ဖုန်းမရှိတဲ့ဘဝမှာ နေနေတယ်လို့တွေးထားပါ။ ဒါက စိတ်ကျန်းမာရေးအတွက် သိသိသာသာ အထောက်အကူဖြစ်ပါတယ်။

4. ကိုယ်နေတဲ့နေရာက နေရောင်နဲ့ လေ ကောင်းကောင်းဝင်ဖို့ လိုအပ်ပါတယ်။ အလုံပိတ်အခန်းတွေ၊ ကျဉ်းပြီး နေရောင်မရှိတဲ့နေရာတွေက စိတ်ကျန်းမာရေးကို ပိုပြီးဆိုးရွားစေနိုင်ပါတယ်။ ဖြစ်နိုင်ရင် အိမ်အပြင်ဘက် ခြံထဲမှာဖြစ်ဖြစ်၊ ဝရန်တာမှာဖြစ်ဖြစ် များများနေပေးပါ။

5. ပန်းလေးတွေကို ကြည့်ပါ။ ငှက်သံလေးတွေကို နားထောင်ပါ။ လေညှင်းလေးတွေကို ခံစားပါ။ စိတ်ကျန်းမာရေးကို nature things တွေက ကုစားပေးနိုင်ပါတယ်။ မြို့ပြထက်စာရင် နယ်ဘက်ကတော့ ပိုခံစားဖို့ လွယ်ပါတယ်။

6. ပျော်ရွှင်ခဲ့ရတဲ့ အခိုက်အတန့်တွေ၊ အောင်မြင်ခဲ့တဲ့ အခိုက်အတန့်တွေကို ပြန်စဉ်းစားကြည့်ပါ။ အမှတ်တရကောင်းတွေဆီကနေ ကောင်းသောစွမ်းအင်တွေ ပြန်ယူကြည့်ပါ။

7. သီချင်းကို ရွေးပီးနားထောင်ပါ။ စိတ်ကျန်းမာရေးကို ကုသတဲ့အခါ ဝမ်းနည်းပူဆွေးစရာသီချင်းတွေနဲ့ ဆူညံကြမ်းတမ်းတဲ့ သီချင်းတွေကို ရှောင်ရပါတယ်။ Melody ချိုချိုလေးနဲ့ စိတ်အေးချမ်းစေမယ့် သီချင်းတွေ ရွေးပြီးနားထောင်ပါ။

8. ကြောက်စရာဇာတ်လမ်းတွေနဲ့ အဆွေးဇာတ်လမ်းတွေရှောင်ပါ။ ရုပ်ရှင်ကြည့်ချင်တယ်ဆို ဟာသကားနဲ့ ကာတွန်းကားတွေ ကြည့်ပါ။ များများရယ်မောလေ၊ စိတ်က ပိုပြီးကျန်းမာလာလေပါပဲ။

9. ကိုယ်ကြိုက်တာတွေ၊ ဝါသနာပါတာတွေ လုပ်ပါ။ ပန်းချီဆွဲမလား၊ ပန်းစိုက်မလား၊ မုန့်လုပ်မလား၊ P2 လို ဂိမ်းဆော့မလား၊ ကြိုက်တာလုပ်ပါ။ ဖုန်းမကိုင်ဖို့နဲ့ မြို့ပြရဲ့ ဆူညံတဲ့နေရာတွေ လျှောက်မသွားဖို့ပဲ လိုအပ်ပါတယ်။

10. စက်ဘီးစီးတာဖြစ်ဖြစ်၊ ကြက်တောင်ရိုက်တာဖြစ်ဖြစ်၊ gym သွားတာဖြစ်ဖြစ် ကိုယ်လက်လှုပ်ရှားမှု တစ်ခုခုလုပ်ပါ။ ပုံမှန်အားကစားလုပ်တာက ကိုယ်ခန္ဓာအတွက်လည်းကောင်းသလို ဦးနှောက်နဲ့ စိတ်ကျန်းမာရေးအတွက်လည်း ကောင်းပါတယ်။ ပြီးတော့ အိပ်ပျော်ဖို့ကိုလည်း အထောက်အကူပြုပါတယ်။

11. အိပ်ခါနီး အများကြီးလျှောက်မစဉ်းစားပါနဲ့။ စောစော အိပ်ရာဝင်ပါ။ ၈ နာရီပြည့်အောင် အိပ်ပါ။ နံနက်စောစောထပါ။ အိပ်ရေးဝတဲ့အခါ ဦးနှောက်နဲ့ စိတ်ဟာ လန်းဆန်းကျန်းမာလာပါလိမ့်မယ်။

12. အစားများများစားပါ။ စိတ်ညစ်ရင် အစားစားတယ်ဆိုတာ တကယ်ကောင်းတဲ့အလေ့အထပါ။ အာဟာရပြည့်ဝနေတာက ဦးနှောက်နဲ့ စိတ်ကျန်းမာရေးအတွက် အကျိုးရှိပါတယ်။

13. စိတ်ညစ်တဲ့အခါ ဘီယာတွေ၊ ဝီစကီတွေသောက်ပြီး စိတ်ဖြေတဲ့သူတွေရှိပါတယ်။ မူးနေတုန်းခဏတာတော့ စိတ်ညစ်စရာတွေ ပျောက်သွားနိုင်ပေမယ့် အမူးပြေတဲ့အခါ စိတ်ညစ်စရာက နှစ်ဆတိုးပါတယ်။ ဒါကြောင့် ရှောင်ပါ။

14. ဆေးလိပ်သောက်တာရှောင်ပါ။ မူးယစ်ဆေးသုံးစွဲဖို့ လုံးဝစိတ်မကူးပါနဲ့။ သူတို့က စိတ်ကျန်းမာရေးကို ပိုပြီးဆိုးရွားစေပါတယ်။

15. ရေအများကြီးသောက်ပေးပါ။ ရေဓာတ်ပြည့်ဝတာက စိတ်ညစ်စရာတွေကို ပြေပျောက်စေပြီး လူကို လန်းဆန်းစေပါတယ်။

ကိုယ့်စိတ်က မကျန်းမာနေတာသေချာရင်
အချိန်ထပ်မဆွဲပါနဲ့။ ဒီနေ့ချက်ချင်းအနားယူပါ။
စိတ်ကျန်းမာနေမှသာ
လုပ်စရာရှိတာတွေ ဆက်လုပ်နိုင်မှာ ဖြစ်ပါတယ်။

ကျွန်တော့်ရဲ့ thank u Ex နဲ့ Dear Me … စာအုပ်တွေကို
Chat box မှာလည်း order လက်ခံပေးထားပါတယ်။

AD
January 25, 2022 (repost)

your secret friend
your smart guy



25/01/2023
21/01/2023

ဝဋ်ဆိုတဲ့ခုံရုံးက ပိတ်ရက်မရှိဘူး

တူသောအကျိုးခံစားရဆိုတဲ့
စကားလေးကြားဖူးကြတယ်မဟုတ်လား

သူတစ်ပါးကို နစ်နာအောင်လား
လူတိုင်းလုပ်တတ်တယ်လေ

ဒါပေမယ့်
သူနစ်နာသွားတိုင်း ကိုယ်လည်းအသာရမသွားဘူးဆိုတာကို သိထားရမယ်

မောက်မာတာလား
လူတိုင်းလုပ်နိုင်တာပေါ့

ဒါပေမယ့်
ပြည့်တဲ့အိုးဆိုတာ ဘယ်တော့မှ
ဘောင်ဘင်မခတ်တတ်ဘူးလေ

ဝဋ်ဆိုတဲ့ရုံးမှာ ပိတ်ရက်လည်းမရှိသလို
အယူခံဝင်ခွင့်လည်းမရှိပါဘူး

တစ်နေ့မဟုတ်တစ်နေ့
တူသောအကျိုးပြန်ခံစားရမှာမလို့
လူတိုင်းကို စေတနာ မေတ္တာသန့်သန်နဲ့ကူညီပါ ဖေးမပါနော်

အမြဲဂရုစိုက်ပေးနေတဲ့ /
Lady moh

🔺အပြစ်အကြီးဆုံး ခိုးမှု❗          ခိုးခြင်းမျိုးစုံထဲမှာ  မြေခိုးတာဟာ     အပြစ်အကြီးဆုံးပါပဲ ။  ဘာကြောင့်လဲ          ဆို...
21/01/2023

🔺အပြစ်အကြီးဆုံး ခိုးမှု❗

ခိုးခြင်းမျိုးစုံထဲမှာ
မြေခိုးတာဟာ
အပြစ်အကြီးဆုံးပါပဲ ။
ဘာကြောင့်လဲ
ဆိုတော့
အပေါ်ယံကြည့်ရင်သာ
နှစ်ပေသုံးပေမို့
မများဘူးထင်ရပေမယ့်
အောက်အဝီစိရောက်အောင်
တိုင်းကြည့်လိုက်ရင်
ဘယ်နည်းမှာလဲ ။
ဒါကြောင့် မြေခိုးတဲ့အပြစ်ဟာ
အကြီးဆုံးလို့ ပြောတာ ။
အကုသိုလ် လုပ်တိုင်းလုပ်တိုင်း
ဇော ( ၇ ) ချက်စောတယ် ။
ဇောဆိုတာ စေတနာပါပဲ ။
ကောင်းတဲ့စေတနာက
ကောင်းကျိုးပေးသလို
မကောင်းတဲ့စေတနာက
မကောင်းကျိုးပေးတယ် ။
ခိုးတာဆိုရင် အကုသိုလ်စေတနာဇောပေါ့ ။
ဒီဇော ( ၇ ) ချက်ထဲက ပထမဇောက
ဒီဘဝမှာ မကောင်းကျိုးပေးတယ် ။
သတ္တမဇောက ဒုတိယဘဝမှာ
မကောင်းကျိုးပေးတယ် ။
ဒီဇောနှစ်မျိုးက အားမကောင်းရင်
အကျိုးမပေးနိုင်ပဲ
အဟောသိကံ
ဖြစ်သွားတာလည်း ရှိတယ် ။
ဒါ့ကြောင့် မကောင်းတာလုပ်ပြီး
ချမ်းသာသူတစ်ချို့ ရှိသလို
ကောင်းတာလုပ်နေတဲ့ ကြားထဲက
ဆင်းရဲဒုက္ခရောက်နေသူတွေလဲ ရှိတာပါ ။
မကောင်းတာလုပ်ပြီး
ကြီးပွားနေတာ
ကိုတွေ့ရရင် အကုသိုလ်ကို
အထင်မကြီးလိုက်ပါနဲ့ ။
အကုသိုလ်မှန်သမျှဟာ
မကောင်းကျိုးပဲ ပေးပါတယ် ။
ဘယ်တော့မှ ကောင်းကျိုးကို မပေးပါဘူး ။
အခုကောင်းကျိုး
ခံစားနေရတယ်ဆိုတာ
တစ်ခြားဘဝက ပြုခဲ့တဲ့ကုသိုလ်က
အရင် အကျိုးပေးနေတာပါ ။
အကုသိုလ်ကံက သူ့အလှည့်ကို စောင့်တုန်းပါ ။ အကုသိုလ်ကံက
သူ့အလှည့်ကျလာပြီဆိုရင်တော့ မကောင်းကျိုးကိုသာ ပေးမှာပါ ။

ကောင်းတာလုပ်ပြီး ဆင်းရဲနေတာ
ကိုတွေ့ရရင် ကုသိုလ်ကို
အထင်မသေးလိုက်ပါနဲ့ ။
ကုသိုလ်မှန်သမျှဟာ
ကောင်းကျိုးပဲ
ပေးပါတယ် ။
ဘယ်တော့မှ
မကောင်းကျိုးကို မပေးပါဘူး ။
အခုဆင်းရဲပြီး မကောင်းကျိုး
ခံစားနေရတာက
တစ်ခြားဘဝက
ပြုခဲ့တဲ့အကုသိုလ်ကံက အရင်လာပြီး
အကျိုးပေးနေတာပါ ။ ကုသိုလ်ကံက
သူ့အလှည့်ကို
စောင့်နေတုန်းပါ ။
ကုသိုလျကံက
သူ့အလှည့်ကျလာ
ပြီဆိုရင်တော့
ကောင်းကျိုးကိုသာ
ပေးမှာပါ ။

မေတ္တာရှင် ( ရွှေပြည်သာ )

မူရင်း credit ပါ

အခုနောက်ပိုင်းလူတော်တော်များများမှာတွေ့ရလာတက်ကြပါတယ်။
အချို့သောလူတွေရဲ့
လောဘစိတ်တွေက
အတောမသက်နိုင်ကြပါ
နေရာတိုင်းကြုံဖူးပါတယ်။လူမရှိတဲ့ အိမ် တွေ အသွားအလာနည်းတဲ့ လမ်းတွေကို
မသိမသာကနေသိသိသာသာလေးခြံစည်းရိုးတွေတိုးလာကြတယ်။
ကြာလာတေ့ာ
သူတို့မြေအဖြစ်တဖြေးဖြေးဝါးမျိုလာကြတယ်။ ခိုးလိုက်တဲ့
မြေက တကယ်ဆို ဘာမှ မများပါဘူး။
နေလဲ မဖြစ်ပါဘူး။
လောဘစိက်ကြောင့် တစ်ထွာ တစ်တောင် တစ်လန် ဒါလောက်ရကြတယ်ဒါတွေကိုသူတို့တွေကအကျေနပ်ကြီးကျေနပ်နေကြတယ်။
မြေကြီးခိုးတဲ့သူဟာသေလွန်သွားပြီးနောက်မှာ
ဗြိတ္တာဘဝနဲ့သူ လူ ဘဝတုန်းကခိုးထားခဲ့တဲ့မြေကြီးကိုအမြဲထမ်းပိုးထားရတယ်လို့
စာပေမှာ ဖတ်ဖူးတယ်။
ဒါအပြင် သူဟာစားစရာမရှိတဲ့အတွက်မြေကြီးကိုသာစားရတယ် ။
ကိုယ်က မြေခိုးခဲ့တေ့ာ သံသရာမှာ ခံရတယ်။
ကောင်းစားတော့
ကျန်နေခဲ့တဲ့သူတွေပါ။
ဒါကြောင့် အများ ကောင်းစားဖို့ အတွက်နဲ့ အကုသိုလ်နဲ့ မလုပ်ပေးပါနဲ့။
မရှာပေးပါနဲ့။မကျူးလွန်ပါနဲ့။
ပြန်ခံစားရတာ မတန်လို့ပါ။
ရေစက်ချအမျှဝေတာတောင်
ဝဋ်ကြွေးမကုန်မချင်း ဆပ်နေရမယ့် ဝဋ်ကြွေး ပါပဲ။
ဆင်ခြင်နိုင်ကြပါစေ။

အဝတ်လျှော်တာ မိန်းမတွေတာဝန်ပန်းကန်ဆေးတာ မိန်းမတွေတာဝန်ထမင်းအိုးတည်တာ မိန်းမတွေတာဝန်ဟင်းချက်တာလည်း မိန်းမတွေတာဝန်မီးပူတို...
21/01/2023

အဝတ်လျှော်တာ မိန်းမတွေတာဝန်
ပန်းကန်ဆေးတာ မိန်းမတွေတာဝန်
ထမင်းအိုးတည်တာ မိန်းမတွေတာဝန်
ဟင်းချက်တာလည်း မိန်းမတွေတာဝန်
မီးပူတိုက်လည်း မိန်းမတွေတာဝန်
ကလေးရလာတယ် ကိုယ်ဝန်ဆောင်
အဲ့ မွေးလာတော့လည်း နို့တိုက်ဖို့က
မိန်းမတွေပဲ တာဝန်ထပ်ယူရတယ်
ကိုယ်ဝန်ဆောင်ကာလလည်း နားရမယ်မထင်နဲ့နော်
အပေါ်မှာရေးထားတာတွေ အကုန်လုပ်ရတယ်
မလုပ်နိုင်လို့ မလုပ်တဲ့နေ့ အိမ်က ပွရှုပ်နေမယ်
ထမင်းမစားရဘူးမှတ်။

နည်းနည်း စိတ်ကောင်းတဲ့ ယောကျာ်းက အပြင်စာ ဝယ်စားကြမယ်ကွာဆိုပြီး ဆိုင်က မှာစား
အဝတ်တွေ ပင်မင်းအပ်ပေးပေါ့
ပြေလည်တဲ့သူတွေက အိမ်အကူနဲ့ မိန်းမကို ထားတယ်ပေါ့
ဘာတာဝန်မှ မကျေတဲ့ ယောကျာ်းတွေက ပိုပေါတယ်

ကိုယ်ဝန်ဆောင်ရတာ ဘယ်လောက်ခက်သလဲ ဆိုတာ
ဖရဲသီးကြီး ဗိုက်မှာ တိပ်နဲ့ကပ်ထားကြည့်ကြ သိလိမ့်မယ်။
၄လလောက် တချိန်လုံး ကပ်ထားကြည့်လိုက် အိမ်သာသွားလဲကပ်ထား
ညအိပ်လည်း ကပ်ထားကြည့်။

ကလေးမွေးတော့ မထနိုင်ဘူး
အိပ်ရာထဲ ပက်လက် အဲ့အချိန် ကူမယ့်သူ အနားမရှိလို့ကတော့
သေပြီ ဆရာပဲ

အိမ်အလုပ်လေး လုပ်ရတာများကွာ
ဆိုတဲ့ စကားသံ ကြားရင်
ပြောတဲ့သူ တစ်ရက်ပဲ လုပ်ကြည့်ဖို့ အကြံပေးတယ်
အဝတ်လျှော်ရင် ဖြူအောင်လျှော်ဖို့တော့လိုမယ်နော်
ဟင်းလည်း စားကောင်းအောင်ချက်
ကလေးလည်း မငိုစေနဲ့ တစ်ရက်ပဲ လုပ်ကြည့်

နင့်တာဝန်ပဲ နင်လုပ်ရမှာပေါ့ဆို
ယောကျာ်းက နည်းနည်းကူပေးလိုက်ရင်
ချစ်လို့ပါဆိုပြီး ယူထားတဲ့ မိန်းမ
သက်သာသွားမှာ တွေးမိရဲ့လား

မိန်းမတွေ မပျင်းကြပါဘူး

ကလေးအမေတွေ ပိုဆိုးသေး။
မိခင်စိတ်နဲ့ သားသမီးအတွက် သန့်တာလေးကျွေးချင်
ဖြူပြီးသန့်နေလေးတဲ့ အဝတ်အစား ဝတ်စေချင်
သန့်ရှင်း တောက်ပြောင်နေတဲ့ အိမ်လေးမှာ ထားချင်လွန်းလို့
အရမ်း အပင်ပန်းခံတယ်။ ဒါကို ပျင်းတယ်လို့ ပြောသေးဦးမလား
သားသမီး အတွက်ဆိုတဲ့ စိတ်တစ်ခုနဲ့ ကို မပျင်းကြဘူး။
အဲ့ ကျွန်တပိုင်း မိန်းမကြီးလည်း အသွေးအသားနဲ့ပဲ
တစ်ခါတလေ လက်ဓားရှလို့ အဝတ်ရေမညစ်နိုင်ရင်
ယောကျာ်းကို ရေညစ်ပေးဖို့ အကူအညီတောင်းတဲ့အခါ
နင့်ကိုငါ အထင်သေးလိုက်တာ ငါအထင်ကြီးအောင်နေစမ်း
အဝတ်ရေညစ်တာကို ကပ်သပ်နေတယ်တဲ့ ဖုန်းနဲ့
mobile legend တို့ pupgတို့ခုတ်နေရင်း ယောကျာ်းလုပ်သူက
ဖြေတယ်
အဲ့လိုယောကျာ်းမျိုးတွေက မိန်းမတိုင်းလိုလို
ပိုင်ဆိုင်နေကြသလား စိတ်ပူစရာပဲ

တော်တော် တရားမမျှတဲ့ လောကကြီးနော်
ထမင်းချက်၊ အဝတ်လျှော်၊ မီးပူတိုက်၊ အိမ်ကို ကြမ်းတိုက်၊ ပင့်ကူမျှင်ရှင်း၊ အိပ်ရာခင်းလဲ ၊ စောင်လျှော်၊ အလုပ်တွေ အားလုံးကို မိန်းမတွေပဲ လုပ်ရမယ်ဆိုပြီး သတ်မှတ်တယ်
ဟော ကိုယ်ဝန်ဆောင်တော့လည်း မိန်းမ
ကလေးမွေးပြီး နာကျင်ခံစားရတော့လည်း မိန်းမ
ကလေးနို့တိုက်ရတော့လည်း မိန်းမ
နို့တိုက်တာလည်းနော် ခန္ဓာကိုယ်က သွေးတွေ ကလေးဆီ ပေးနေရတာမျိုးလေ လူက အလုပ်ပင်ပန်း ကောင်းကောင်း မစားရပဲ
နို့ပါ ထပ်တိုက်ရင်း ခေါင်းတွေ မူးလာပြီး နုန်းချိလာတဲ့ အထိ တချို့ အမေတွေ ခံစားရတာ ခံစားဖူးသူပဲ သိမယ်။

ယောကျာ်းတွေက ငွေရှာတယ်
ငွေရှာရင်း တချို့က မယားငယ်ရှာတယ်
တချို့က ပြဿနာပါ ရှာလာတယ်

ဒီလောက် သနားစရာကောင်းတဲ့ ပင်ပန်းနေရှာတဲ့ မိန်းမကို မလှတော့ဘူးပြောပြီး စိတ်ဒဏ်ရာထပ်ပေးတဲ့ ယောကျာ်းတွေလည်း ရှိသေးတယ်

မိန်းမတွေကို စာနာပါ
ညှာတာပါ၊ သနားကရုဏာထားပါ

မိန်းမ(‌ဇနီးမယား) ဆိုတာ
🔴ကျွန်သီးသန့်မဟုတ်ဘူး

🔴လိင်ဖျော်ဖြေတဲ့ အရုပ်သီးသန့်လည်းမဟုတ်ဘူး

🔴ကလေးတွေရဲ့ သီးသန့် အထိန်းတော်ကြီးလည်း မဟုတ်ဘူး
အဖေဖြစ်သူကလည်း ကလေးအလုပ်ကူလုပ်ပေးလို့ရပါတယ်
ဘုန်းမနိမ့်ပါဘူး ငရဲမကြီးပါဘူး

🔴စိတ်တိုလာတိုင်းထွက်ပေါက်လုပ်ပြီး ထိုးလို့ရတဲ့ သဲအိတ်မဟုတ်ဘူး

🔴မလှဘူးလို့ နိမ်ချဆက်ဆံရအောင်လည်း အစကဘာလို့ လက်ထပ်ခဲ့သလဲ ကန်းနေလို့လား

🔴ယောက္ခမက နှိမ်ချင်တိုင်းနှိမ်လို့ရတဲ့ ဖိချင်တိုင်း ဖိလို့ရတဲ့ ပြောချင်တိုင်းပြောလို့ရတဲ့ပိုက်ဆံနဲ့ဝယ်ထားတဲ့ ကျွန်လည်းမဟုတ်ဘူး

အလုပ်တွေနဲ့ အရမ်းပင်ပန်းနေတဲ့ မိန်းမကို စိတ်ရင်းကောင်းကောင်းလေးနဲ့ ကိုယ်ချင်းစာစိတ်လေးနဲ့ ဆက်ဆံကြပါ

အိမ်အလုပ်အပြင် ပိုက်ဆံပါထွက်ရှာနေရတဲ့ အမျိုးသမီးတွေဆိုတာ
တကယ့် super women တွေပါပဲ
မိန်းမတွေ လုပ်သလိုလုပ်ကြည့်ဖူးမှ မိန်းမတွေဘဝကို စာနာတတ်မယ်

(အမြဲတမ်း နစ်နာနေသော အမျိုးသမီးများအား
ကြည့်၍ ခံစားရေးသည်။)
Credit.

Address

Yesagyo

Website

Alerts

Be the first to know and let us send you an email when Top Cele posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category