Sai Corner 22

Sai Corner 22 🤝Available Services🤝

✏Illustration
🎬Animation
📚Comic
🎭Cartoon

🤭
18/02/2025

🤭

May 1
01/05/2023

May 1

25/04/2023

👹 Son of Taiyou 👹







Sai Corner 22

22/04/2023

⚜️POPPY & FEFE⚜️
💧"THE LAND OF TEAR"💧

​ရေးဆွဲသူ - Sai Corner 22
ဇာတ်လမ်း - Sai Paing

တစ်​နေ့မှာ
ပေါ်ပီနှင့် ဖီဖီဟာ
သုံးရက်ခရီးနှင်ရမယ့်မြို့ကြီးကို
တစ်ရက်ထဲနှင့်အရောက်သွားဖျော်ဖြေ
ဖို့ဖြစ်လာခဲ့ပါတယ်။

သုံးရက်သွားရမယ့်ခရီးကို
တစ်ရက်ထဲအရောက်သွားဖို့
ဆိုတာ ဘယ်လွယ်ပါ့မလဲ​နော်

ဆိုတော့ ဖြတ်လမ်းသုံးရမှာ​​ပေါ့​

ဖြတ်လမ်းကတော့
မိုင် ၂၀ ​လောက်ကျယ်တဲ့
ကန္တရ ငယ်လေးတစ်ခုပဲဖြစ်ပါတယ်

အဲ့ဒီနေရာကတော့
ဘယ်သူမှ မသွားချင်တဲ့
The Land of Tear "အမေ့ခံမြေ"
သို့မဟုတ် "မျက်ရည်ခမြေ" လို့ခေါ်တဲ့ နေရာပဲဖြစ်ပါတယ်။

Land of Tear ကို
အကြောင်းအမျိုးမျိုးကြောင့်
ဖြတ်ကျော်ဖို့ ကြိုးစားခဲ့တဲ့လူတွေဟာ
ဆယ် ယောက်ရှိရင် ကိုး ယောက်ဟာ
ပြန်မထွက်လာ နိုင်ကြဘူးလို့ သိရပါတယ်။

ဒီလိုနဲ့
​ပေါ်ပီနှင့်ဖီဖီတို့ဟာ
လူတွေရှောင်နေခဲ့တဲ့
လမ်းကိုမှ မလွှဲသာမရှာင်သာ
ရွေးချယ်သွားလာဖို့ဖြစ်လာခဲ့ပါတယ်။

အပိုင်း - ၂

ဒီလိုနဲ့ ပေါ်ပီတို့ဟာ
Land of tear ထဲကိုချဥ်းနင်းဝင်
​ရောက်လို့ ခရီး အစပြုခဲ့ကြတယ်ဆိုပါ​တော့
​နွေ​ခေါင်​ခေါင်ကြီးမှာဆို​တော့
​တော်​တော်​လေးပူ ပါတယ် 🥵

တစ်ရွေ့ရွေ့ခရီးဆက်ခဲ့ကြရာဝယ်
"မမ​ရေ မမ​ရေ !
သား​မေ​မေကိုမ​တွေ့လို့ ကူရှာပေးပါအုံး အီးဟီး!"

ငိုသံကြားလို့ ရုတ်တစ်ရက်ကြည့်လိုက်​တော့
ချာတိတ်​လေး လွယ်အိပ်​လေးနဲ့
မျက်ရည်စ​တွေ လည်း ပါးပြင်​ပေါ်မှာ ဆိုရွဲလို့ရယ်

ပါပီ​ရော ဖီဖီပါ​ တော်​တော်
အံအားသင့်သွားရတယ်

လွန်တီး​ခေါင်ကြီးမှာခုန က
ဘာမှ မရှိပါဘူး ခု ဒီ​ကောင်​လေး
ကဘယ်က​ပေါ်လာတာတုန်းကွယ်

ဖီဖီ ဟာချက်ခြင်းဆိုသလို
သူ့ဖွားဖွားမှာ ခဲ့ တာကိုသတိရသွား​ပါတယ်။

"မြေး​လေး​ရေ "အ​မေ့ခံ​မြေ"ကို
သမီးမသွားရဘူး​နော်
အကယ်၍မလွှဲသာမ​ရှောင်သာလို့
တစ်​နေ့ သွားခဲ့ရရင် အဖွား​ပြောတာ​
သေချာနား​ထောင်ကွဲ့

အ​မေ့ခံ​မြေ​ပေါ်မှာ
ဘာ​ကြောင့်ဘဲဖြစ်ဖြစ်
"မရပ်လိုက်နဲ့ဆက်သွား"​နော်သမီးငါ့​မြေး

သမီးမြင်​တွေ့ရတဲ့ မြင်ကွင်းတွေဟာ
အင်မတန်သနားစရာ​ကောင်းတာလည်း
ဖြစ်နိုင် သလို

အင်မတန် ကြောက်စရာကောင်းတာလည်း
ဖြစ်နိုင်တယ်ကွဲ့ ဘယ်လိုဘဲဖြစ်နေပါ​စေ

သမီးငိုချ လိုက်လို့ရတယ်
တတ်နိုင်တာ တစ်ခုခု လုပ်​လို့ရတယ်

​အေး! ပြီးရင်​တော့
"မရပ်နှင့်ဆက်သွား"ရတယ်ကွယ့်
​သေချာမှတ်ထား​နော် ငါ့မြေး​​လေး

အပိုင်း - ၃

​ပေါ်ပီလည်း​ကောင်​လေးကို

"မမက​နေမဝင်ခင်
ဒီနေရာကထွက်နိုင်မှရမှာ

မမ သား​မေ​မေကို
ကူမရှာ​ပေး နိုင်​​ပေမယ့်
တစ်ခု​တော့လုပ်​ပေးမယ်နော်"

ဟုဆိုကာ
​ပေါ်ပီဟာ
ရုပ်​သေးပွဲ​တွေပြီးရင်
​ရောင်း​လေ့​ရောင်းထရှိတဲ့
က​လေးကစားစရာ
'တုံတုံ'လေးတစ်ခုကို
လက်​ဆောင်​အဖြစ်ပေးလိုက်တယ်။

"ဒီ 'တုံတုံ​'လေးကို
လှည့် ရင် 'တတုံတုံ'နဲ့
အသံမည် တယ်သား​ရဲ့
အဲ့ဒီ အသံ ကို သား​မေ​မေ ကြားနိုင်​ပါစေနော်
​ရော့ ဒါ မမ ရဲ့ လက်​ဆောင်"
ဟုဆိုကာ ​ပေးလိုက်တယ်။

​ကောင်​လေးလဲ အငိုရပ်ပြီး
တုံတုံ​လေးကို ​ပျော်ရွင်စွာယူကာ
ထွက်သွား​ပါတော့တယ်။

ဒီလိုနဲ့
ခဏ​နေ​တော့
​ကောင်​​​လေးဟာ
သူ့အ​ဖော်​တွေကိုပါ​
ခေါပြီးပြန်​ရောက်လာတယ်

"မမ​ရေ သားသူငယ်
ချင်း​တွေလည်းသူတို့
​ဖေ​ဖေ၊ ​မေ​မေ​တွေကိုရှာမ​တွေ့လို့
တုံတုံ​လေး​တွေ လိုချင်လိုတဲ့"

​ပေါ်ပီလည်း
သူတို့​လေး​တွေအားလုံးကို
တုံတုံ​လေးတွေတစ်ခုစီ
ထပ်​ပေးလိုက်ရင်း
သူတို့အဖြစ်​လေး​တွေကို
သနားလာတာနဲ့ငိုချင်ပြီး
ငိုချမိသွားတာ​ပေါ့​နော်

ဒီလိုနဲ့
သူငယ်ချင်း​တွေ
​ခေါ်လာတဲ့ ​ကောင်​လေးက
"​ကျေးဇူးတင်လိုက်တာမမ​ရေ
သားတို့ လည်းမမကို ပြန်ကူညီမယ်​နော်"

"လာသူငယ်ချင်းတို့
မမက ​နေမဝင်ခင်
ဒီ​နေရာက ထွက်နိုင်မှရမှာ
ငါတို့ လမ်းပြရ​အောင်"
ဟုဆိုကာ ​ပေါ်ပီတို့ကို
ဒီကန္တရ ​လေးထဲက
အမြန်ထွက်နိုင်မယ့် လမ်းကို
အတူလိုက်ပြကြပါ​တော့တယ်။

​နောက်ဆုံးမှာ​တော့
ဖီဖီတို့ ​ပေါ်ပီတို့ လည်း
Land of Tear ရဲ့ တစ်ဖက်အထွက်ဝကို
​အောင်မြင်စွာ ​ရောက်ရှိသွား​ပါ​တော့တယ်
​ကောင်း​လေးနဲ့
သူ့သူငယ်ချင်း​​တွေလည်း
​ပေါ်ပီ တို့ကို လက်ပြ နှုတ်ဆက်ပြီး
Land of Tear ဖက်ကို လှည့်ပြန်သွား
ပါ​တော့တယ်။

အဲ့​တော့မှ ​ပေါ်ပီလည်း
တစ်ခုခုသတိထားမိဟန်နှင့်

"ဖီဖီရေ!
သူတို့​လေး​တွေကြည့်ရတာ
သနားစရာ ​ကောင်းလိုက်တာ​နော်
ပြီး​တော့ သူတို့​လေး​တွေမှာ
အရိပ်​​တွေလည်း မ​တွေ့ရဘူး
ထူးဆန်းလိုက်တာ​နော်....
ကဲကဲ! တို့လည်း မိုးချုပ်မှ မြို့​ပေါ်
​ရောက်မယ်ထင်တယ် ဆက်သွားကြစို့
သူငယ်ချင်းရေ!"
.. ပြီးပါပြီ ...

Noted: Second Edition

(စကားချက် : ဒီပုံပြင်လေးကတော့ Myanmar DTIYS Challenge! (FMDAC)
ကပြုလုပ်တဲ့ Draw Poppy and Fefe in your own style ဆိုတဲ့ Event မှာ
ပါဝင်ထားတဲ့ ပုံလေးဘဲဖြစ်ပါတယ်)

🌟မူရင်းPostလေးကိုလည်းသွားရောက်ကြည့်ရှုနိုင်ပါတယ်🌟

https://tinyurl.com/ywa8m5bp

Bunny The Death
09/04/2023

Bunny The Death

21/03/2023

S T A G I N G

Staging ဆိုတာလွယ်လွယ်ရှင်းပြရရင်

"စနစ်တကျတင်ပြမှု/ပြသမှု" လို့ ဆိုချင်ပါတယ်

ရေးဆွဲဖန်တီးထားတဲ့ Animation
တွေကို Staging ကောင်းကောင်းနှင့်
တင်ပြနိုင်မှသာ ကြည့်ရှုသူပရိသတ်အနေနှင့်
အပြည့် အဝ ခံစားနိုင်မှာဖြစ်ပါတယ်။

ပိုပြီးနားလည်အောင်ကျွန်တော်ဖန်တီးထားတဲ့
Animation လေးနှင့် တင်ပြပေးလိုက်ပါတယ်။






Dream Corner

16/03/2023

A N T I C I P A T I O N






Dream Corner

27/02/2023

Edited: admission closed

❤Basic Animation webinar❤

Commercial မဟုတ်လို့ မြန်မြန်​လေး​နော်✌

( တစ်ကယ်စိတ်ဝင်စားမှ/အဆုံးထိတက်နိုင်မှ ဆက်သွယ်ပေးပါ။)

⚠️လူဦး​​ရေ 🖐 ​ယောက်သာလက်ခံထားတာ မို့ ⚠️

☝လက်တို့ လိုက်တယ်​နော် 😊

စိတ်ဝင်စားရင် ​ကျွန်​တော့ personal account ကိုဆက်သွယ်​ပေးပါ ...
(Comment မှာ account linkရှိပါတယ် )

Entrance fee 30000 mmk
Duration -1.5 month

LOMACO
31/12/2022

LOMACO



Address

Yangon

Opening Hours

Monday 09:00 - 21:00
Tuesday 09:00 - 21:00
Wednesday 09:00 - 21:00
Thursday 09:00 - 21:00
Friday 09:00 - 21:00

Telephone

+959799644676

Alerts

Be the first to know and let us send you an email when Sai Corner 22 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share