BO YAW GYI

BO YAW GYI အားလံုးမဂၤလာပါ

လောကီနယ်၌ 💎 ဓန  မရှိလျှင် လူ့ဘဝမှာ ဆင်းရဲကြရပြီး၊ လောကုတ္တရာနယ်၌ 🙏ဓမ္မ မရှိလျှင် သံသရာခရီး၌ ဆင်းရဲကြရမည်ဖြစ်၏။ဒါနကုသိုလ်...
17/04/2024

လောကီနယ်၌ 💎 ဓန မရှိလျှင် လူ့ဘဝမှာ ဆင်းရဲကြရပြီး၊ လောကုတ္တရာနယ်၌ 🙏ဓမ္မ မရှိလျှင် သံသရာခရီး၌ ဆင်းရဲကြရမည်ဖြစ်၏။

ဒါနကုသိုလ်၊ သီလကုသိုလ်၊ဘာဝနာကုသိုလ်၊ ဝိပဿနာကုသိုလ် ဟူ၍ရှိ၏၊
ဒါန၊သီလကုသိုလ်သည် ကံဆက်သည့်အလုပ်ဖြစ်ပြီး ဝိပဿနာကုသိုလ်သည် ကံဖြတ်သည့်အလုပ်ဖြစ်၏။

ဘာဝနာကုသိုလ်၌ သမထနဲ့ ဝိပဿနာနှစ်မျိုးရှိ၏၊ သမထသည် ရုပ်နာမ်ဖြစ်ပျက်ကိုမမြင်သေး၊ ဝိပဿနာဉာဏ်ဖြစ်မှ ရုပ်နာမ်ဖြစ်ပျက်ကိုမြင်၏။

ရုပ်တစ် ခုကို အပိုင်ရှု့နေခြင်းသည် သညာသိဖြင့် အထည်မပျောက် ရှု့ပွားနေပါ၍ သမထဖြစ်၏၊ သမထအားကြီးသွားလျှင် စိတ်၏တည်ငြိမ်မှုကိုရကာ သမာဓိတည်၏။

သမာဓိတည်သွားပါက မြင်ချင်ရာမြင် ထင်ချင်ရာထင်‌နေသည့်စိတ်တွေကင်းသွားကာ ပညတ်အထည်ခန္ဓာကြီး၏ ထုံနာကျင်နာညောင်းညာကိုက်ခဲသည့် ဝေဒနာကြမ်းတွေကိုခံနိုင်ရည်ရှိသွား၏။

သမာဓိရသွားလျှင် ဝေဒနာကိုခံနိုင်ရည်ရှိသွားကာ စိတ်စွမ်းအားကောင်းနေပြီး စိတ်၏အငြိမ်ဓါတ်ကိုတွေ့နေပါ၍ ပီတိသောမနဿတွေလာ၏၊ ထိုသုခဝေဒနာအားဖြစ်ပျက်မရှု့ပါက သာယာနေသည့်စိတ်ကြောင့် တဏှာဝင်‌နေပေ၏။

တဏှာဖြင့်သာယာနေသည့်ရှု့ပွားနေခြင်းကြောင့် ခန္ဓာ၏ဖြစ်ခြင်း ပျက်ခြင်းကိုမ‌တွေ့ဘဲ သုခဝေဒနာဖြင့်သွားနေပါက သမာဓိအားကြီးကာ ဘဝင်၌အငြိမ်ဓါတ်ဆိုက်ပြီး ပထမဈာန်သို့ဆိုက်၏၊ ဈာန်လမ်းသည် သုဂတိနတ်ပြည်သို့အကျိုးပေးသော်လည်း ရုပ်နာမ်တို့၏ဖြစ်ခြင်းပျက်ခြင်းသဘောကိုမမြင်၍ ကံကိုဉာဏ်ဖြင့်မဖြတ်နိုင်သောကြောင့် နိဗ္ဗာန်နှင့်လွဲ၏။

သမာဓိဆိုသည့် စိတ်အငြိမ်ဓါတ်ကိုတွေ့သည်နှင့် ခန္ဓာသို့ဉာဏ်လှည့်ထားပါ၊ ခန္ဓာသဘောကိုမြင်အောင်ကြည့်ပါ၊ ကြွက်ကိုကြောင်မှစောင့်ဖမ်းသလို ရုပ်နာမ်ဖြစ်ပျက်မြင်ရန် ခန္ဓာသို့ဉာဏ်ဖြင့် စောင့်ဖမ်းကြည့်ရ၏။

သမာဓိဆိုသည်က စိတ်၏အငြိမ်ဓါတ် သို့မဟုတ် စိတ်စွမ်းအားတစ်ခုဖြစ်နေကာ အဆိုပါသမာဓိဖြင့် ခန္ဓာသို့ဉာဏ်ဆိုက်ထားပါက မှန်ထောင်ပြီးကြည့်နေရသလို ခန္ဓာသဘောအမှန် ဖောက်ပြန်ပျက်စီးနေကြသည့် ရုပ်နာမ်ခန္ဓာ၏အပျက်ကို ဉာဏ်ထဲ၌ ရှင်းနေအောင်မြင်တော့၏။

ခန္ဓာကြီးအား ပထဝီဆိုသည့်‌မြေဓါတ် ၊တေဇောဆိုသည့့်မီးဓါတ်၊အာပေါဆိုသည့်‌ရေဓါတ် ၊ဝါယောဆိုသည့်‌လေဓါတ် ၊အာကာသဓါတ်၊ ဝိညာဏဓါတ် ဟူ၍ ဓါတ်ခြောက်ပါးဖြင့်ဖွဲ့စည်းထား၏။

ပထဝီ၊တေဇော၊အာပေါ၊ဝါယော၊အာကာသဓါတ်တို့သည် ဖောက်ပြန်တတ်သည့်သဘောရှိကြ၍ ရုပ်ဓါတ်များဖြစ်ကြပြီး၊ ဝိညာဏဓါတ်သည် သိစိတ်ဖြစ်၍ နာမ်ဓါတ်ဖြစ်၏။

သမာဓိရသည်နှင့် ရုပ်နာမ်တို့၏ဖြစ်ခြင်းပျက်ခြင်းသဘောကိုမြင်သည့်ဉာဏ်ကိုရ၍
ခန္ဓာသို့ဉာဏ်ဆိုက်လိုက်သည်နှင့် ‌ဓါတ်သဘောတွေဖောက်ပြန်နေကြ၍ တစ်ရွရွ တစ်မွမွ တစ်လှုပ်လှုပ် တစ်ဖြုတ်ဖြုတ်ဖြင့်
ရုပ်ဓါတ်တွေပျက်နေကြသည်ကို သိစိတ်ကကိုင်းညွတ်ကြည့်‌နေပါ၍ ရုပ်နာမ်ဖြစ်ပျက်ကို ဉာဏ်ဖြင့်မြင်နေခြင်းဖြစ်၏။

အထည်ခန္ဓာ သို့မဟုတ် လူဟုပညတ်ထားသည့် ပညတ်ခန္ဓာကြီး၏အပျက်ကို သာမန်မျက်စိဖြင့်မြင်နေခြင်းမဟုတ်၊ နာမ်ခန္ဓာ သို့မဟုတ် သဘောခန္ဓာ၏အပျက်တွေကို ဉာဏ်ထဲ၌ ဉာဏ်၏သိသဘောလေးအရ ဉာဏ်ဖြင့်သိမြင်ခံစားနေရခြင်းဖြစ်ပါ၍ ရုပ်နာမ်ဖြစ်ပျက်ပရမတ်ကိုမြင်နေခြင်းဖြစ်၏။

ဖြစ်ပျက်မြင်‌နေပြီဆိုပါက အတွေးအာရုံနောက်မလိုက်မိအောင် ဖြစ်ပျက်နောက်ထပ်ချပ်မကွာလိုက်မှ ဖြစ်ပျက်တွေတစ်ဖြိုင်ဖြိုင်မြင်ပြီး ဖြစ်ပျက်အဆုံးသို့အမြန်ရောက်မည်ဖြစ်၏။

ဖြစ်ပျက်တွေတရစပ် စက္ကန့်မလပ်မြင်မှ မုန်းဉာဏ်လာ၏၊ မုန်းဉာဏ်လာမှ ဆုံးဉာဏ်ဝင်နိုင်၏၊ ဖြစ်ပျက်မုန်းမှ ဒုက္ခသစ္စာကို မိမိဉာဏ်ဖြင့်ပိုင်းခြားသိမြင်လာ၏၊ခန္ဒာကြီး၏ ဒုက္ခသစ္စာအားဉာဏ်ဖြင့်သိလိုက်သည်နှင့်
သမုဒယသစ္စာသေပြီး မဂ္ဂသစ္စာဆိုက်ကာ ဖြစ်ပျက်ဆုံးသွား၏၊ ဖြစ်ပျက်အဆုံး၌ ရုပ်နာမ်ဓမ္မသင်္ခါရတရားတွေချုပ်နေသည့် နိဗ္ဗာန်ပေါ်လာ၏၊ ထိုသို့နောက်ခန္ဓာမလာသည့် သင်္ခါရတရားတွေချုပ်နေသည့် နိရောဓနိဗ္ဗာန်အားမြင်လိုက်ပါ၍ သစ္စာလေးပါးသိမြင်ကာ
မဂ်ဉာဏ်၊ဖိုလ်ဉာဏ်၊နိဗ္ဗာန်အား ပထမအကြိမ်ရလိုက်ပြီဖြစ်၏။

ရုပ်နာမ်တွေချုပ်ပျောက်သွားပြီး ခန္ဓာပဋိစ္စသမုပ္ပါဒ် ဖြစ်ပျက်ဒုက္ခစက်ကြီးတိကနည်းရပ်သွားကာ ဖြစ်ပျက်အဆုံးသို့မြင်၏၊ ဖြစ်ပျက်အဆုံးသို့မြင်သည်က မဂ်ဉာဏ်၊ မဂ်နောက်၌ဖိုလ်သည်ထပ်ချပ်မကွာလိုက်လာ၏၊ ဖြစ်ပျက်မရှိရာသို့မြင်နေရသည်ကဖိုလ်ဉာဏ်ဖြစ်၏။

ပထမအကြိမ်နိဗ္ဗာန်မြင်သူသည် ကံကိုဉာဏ်ဖြင့်ဖြတ်ချလိုက်ပါ၍ ပုထုဇဉ်အနွယ်ပြတ်ကာ အရိယာနွယ်ဝင်‌ဖြစ်သွားပြီး သောတာပန်တည်၏၊ သောတာပန်တည်လိုက်သည်နှင့် ( ငရဲ၊ပြိတ္တာ၊တိရစ္ဆာန်၊အသူရကာယ်) ဆိုသည့် ဆင်းရဲဒုက္ခအတိရှိသည့် အပါယ်လေးပါးတံခါးတွေပိတ်သွားကုန်၏၊သောတာပန်တို့သည် တရား၏သယ်ဆောင်မှုဖြင့် သုဂတိဘုံမှနိဗ္ဗာန်သို့ဝင်၏။

ကံဆက်ရာအလုပ်၊ ကံဖြတ်ရာအလုပ် အားသန်ရာသို့ပြုကြပြီး ကုသိုလ်ကောင်းမှုပြု၍ သုဂတိဘုံ၊လူဘုံသို့ ကံလမ်းဖြင့်လည်းလျှောက်ကြသလို၊ မဂ္ဂင်ရှစ်ပါးအကျင့်တရားဖြင့် ခန္ဓာဉာဏ်ရောက် မဂ်ဖိုလ် နိဗ္ဗာန်လမ်းလည်းလျှောက်သင့်ကြ၏။

ကံလမ်းကလည်းဝါးဝာားတား၊ ဉာဏ်လမ်းကလည်းမှုန်ဝါးဝါးဆိုပါက အပယ်လမ်းပေါ်ရောက်နိုင်ပါ၍ အသေမဦးခင်ဉာဏ်ဦးကာ
အပါယ်ငရဲမီးငြိမ်းသည့်သောတာပန်တည်၍ခန္ဓာမီးငြိမ်းသည့် ရဟန္တာဖြစ်အောင်
မဂ်ဖိုလ်နိ‌ဗ္ဗာန်ရအောင် ဝိပဿနာအလုပ်ဖြင့်
တရားအားထုတ်ကြပါဟု တိုက်တွန်းနှိုးဆော်အပ်ပါသည်ရှင်။

ဓမ္မမိတ်ဆွေအပေါင်း၊ အရိယာအပေါင်း၊ အရိယာနွယ်ဝင်အပေါင်း ကုသိုလ်တရားဖြင့်အေးချမ်းကြပါစေရှင်။

မေတ္တာဖြင့်........ရှင်ငြိမ်း။

03/03/2022
09/02/2022
09/01/2022
17/12/2021
23/11/2021
23/10/2021
23/10/2021
12/10/2021

Address

Yangon

Website

Alerts

Be the first to know and let us send you an email when BO YAW GYI posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share