TharNge

TharNge ကဗျာနှင့်စာများ ခံစားကြည့်ချင်သူတွေအတွက်
Page ကို Like & follow လေးလုပ်ထားပေးပါ (ကဗျာလမ်း)

" လူကလေး "ရွှေမိုးရယ်ညိုကလေးငယ် ငိုပါနဲ့ကွယ်တေးဆိုကာ အမေချော့လို့ရင်ခွင်ထက်မှာ အသွင်ပုခက်ပမာ နို့ချိုတိုက်ကာဖြင့်အငိုတိတ...
08/10/2025

" လူကလေး "

ရွှေမိုးရယ်ညို

ကလေးငယ် ငိုပါနဲ့ကွယ်

တေးဆိုကာ အမေချော့လို့

ရင်ခွင်ထက်မှာ အသွင်ပုခက်ပမာ

နို့ချိုတိုက်ကာဖြင့်

အငိုတိတ်မှ အမေအိပ်ပါ့မယ်

" အမေကလေးငယ်ကို "

အို အေ.....အို။

* ဓားပြတိုက်ခံရသောမျက်ရ​ည်များ *အရှေ့၊ အနောက်၊ တောင်၊ မြောက်လေးမျက်နှာအရပ်မနေအပ် အသေကြပ်တဲ့အရပ်ဟာဘယ်အရပ်လည်း မေးခဲ့ရင်ဒီ...
04/10/2025

* ဓားပြတိုက်ခံရသောမျက်ရ​ည်များ *

အရှေ့၊ အနောက်၊ တောင်၊ မြောက်
လေးမျက်နှာအရပ်
မနေအပ် အသေကြပ်တဲ့အရပ်ဟာ
ဘယ်အရပ်လည်း မေးခဲ့ရင်
ဒီရင်ဘတ်ကိုပုတ်ပြီး
အကြောက်တရားနဲ့ နေရတဲ့အရပ်လို့ပဲ
ငါဖြေမယ်။

တကယ်ဆို ကောင်းကင်မှာ
စက်တပ်ယာဥ် မဟုတ်တဲ့
တိမ်တွေနဲ့ အိပ်တန်းပြန်ငှက်ကလေးတွေကိုပဲ
မြင်ချင်သူပါ။

တကယ်ဆို ပတ်ဝန်းကျင်ဟာ
ယမ်းနံ့ မဟုတ်တဲ့
ပန်းနံ့ကိုပဲ
ရှူရှိုက်ချင်သူပါ။

ခုတော့
မိသားစုတွေ ခွဲလိုခွဲ
ဝမ်းရေးကြောင့် လမ်းဘေးရောက်လိုရောက်
နေစရာတွေ ပျောက်လိုပျောက်
ဘယ်မှာလည်း ငါတို့မျက်ရည်တွေ။

" ဝမ်းစာ "ကောင်းကင်ယံ သောင်ပြင်ထဲတိမ်မည်းတွေညို့ကာဆင်ယာခင်းရှင် တောင်ယာခုတ်လို့မျိုးစိုက်ဖို့ပြင်။တိုင်းရှစ်ခွင် မိုးတွေ...
28/09/2025

" ဝမ်းစာ "

ကောင်းကင်ယံ သောင်ပြင်ထဲ
တိမ်မည်းတွေညို့ကာဆင်
ယာခင်းရှင် တောင်ယာခုတ်လို့
မျိုးစိုက်ဖို့ပြင်။

တိုင်းရှစ်ခွင် မိုးတွေသည်းတော့
စိုကာရွဲပေါ့ ခိုက်တုန်မချမ်းခင်
အတော့နင် ရွက်ဖျင်တဲဆီ
မိုးခိုဖို့ ဝင်။

22/08/2025
တစ်နှစ်တစ်ခေါက်ဒီတန်ခူးရောက်ခဲ့ပေမဲ့ဤပိတောက်တွေသည် ကပ်သုံးပါးကြားမျက်စိလည်နေခဲ့ပြီ.......။
15/04/2025

တစ်နှစ်တစ်ခေါက်

ဒီတန်ခူးရောက်ခဲ့ပေမဲ့

ဤပိတောက်တွေသည်

ကပ်သုံးပါးကြား

မျက်စိလည်နေခဲ့ပြီ.......။

" လူ့မိစ္ဆာ "ဘယ်ရန်ဆိုး ရန်ငြိုးတွေပါလိမ့်ငရဲက ပြိတ္တာလူ့ပြည်ရွာ မိစ္ဆာလာဖြစ်တော့ရသမျှယူ ထိုလိုလူလက်နက်ပါ တပ်ဆင်ပေးဤကမ္ဘ...
07/02/2024

" လူ့မိစ္ဆာ "

ဘယ်ရန်ဆိုး ရန်ငြိုးတွေပါလိမ့်

ငရဲက ပြိတ္တာ

လူ့ပြည်ရွာ မိစ္ဆာလာဖြစ်တော့

ရသမျှယူ ထိုလိုလူ

လက်နက်ပါ တပ်ဆင်ပေး

ဤကမ္ဘာ ငြိမ်းချမ်းရေး

ဝေးမြဲတာဝေး။

" ခရီးသည် "ဒီတစ်ပြန် ဟိုတစ်ကွေ့ကြုံတွေ့မဲ့ဒဏ်ခက်ထန်မှန်ရိုးလားမနက်ဖြန်ရှိသေးရင်ဖြင့်ဘယ်လောက်ပင် အားမာန်နွဲ့သော်လည်းကျားက...
01/12/2023

" ခရီးသည် "

ဒီတစ်ပြန် ဟိုတစ်ကွေ့

ကြုံတွေ့မဲ့ဒဏ်

ခက်ထန်မှန်ရိုးလား

မနက်ဖြန်ရှိသေးရင်ဖြင့်

ဘယ်လောက်ပင် အားမာန်နွဲ့သော်လည်း

ကျားကန်ကာ ရှေ့ဆက်တိုးမည်

ငါဟဲ့ ခရီးသွား။

18/11/2023

" နိစ္စဓူဝ "

ကိစ္စများမြောင်

လူတို့ဘောင်တွင်

နေစရာကျောတစ်ခင်း

ဝမ်းတွင်းမနက်က

ဓနချမ်းသာ မရှိပါလည်း

ကိုယ်စိတ်ချမ်းသာ

ကျန်းမာပါက

စမ်းပမာသို့..............

" ဘဝ "လောကကြီးမှာဘဝတစ်ခု ရပြီးတာနဲ့ငွေရယ် ကံကြမ္မာရယ်ကမျက်နှာသာအရေး မပေးခဲ့ရင်ကျရာနေရာမှာလှလှ မလှလှ မကြိုက်လည်းက ကြိုက်လ...
11/11/2023

" ဘဝ "

လောကကြီးမှာ

ဘဝတစ်ခု ရပြီးတာနဲ့

ငွေရယ် ကံကြမ္မာရယ်က

မျက်နှာသာအရေး မပေးခဲ့ရင်

ကျရာနေရာမှာ

လှလှ မလှလှ

မကြိုက်လည်းက

ကြိုက်လည်းကရမည်မှာ

ဓမ္မတာတည်း။

ဘဝမှာအရှုပ်အနှောင်ကင်းကင်းနဲ့လွပ်လပ်မှု့ကို ပိုင်ဆိုင်နိုင်ဖို့တစ်ဖက်လူဆီက ဘာမှမျှော်လင့်မထားပဲရှင်သန်နိုင်ဖို့ လိုအပ်တယ...
10/11/2023

ဘဝမှာ

အရှုပ်အနှောင်ကင်းကင်းနဲ့

လွပ်လပ်မှု့ကို ပိုင်ဆိုင်နိုင်ဖို့

တစ်ဖက်လူဆီက

ဘာမှမျှော်လင့်မထားပဲ

ရှင်သန်နိုင်ဖို့ လိုအပ်တယ်။

" တမ်းခြင်း "အချိန်ကတာတစ်ရွေ့ရွေ့ ထွက်ခွာသွားတယ်ငါတို့နေရာက မရွေ့နိုင်သေးဘူးဘယ်နေရာ ဘယ်ကမ်းမှာကပ်မယ်မသိမှန်းဆလို့မရတဲ့ တ...
03/11/2023

" တမ်းခြင်း "

အချိန်ကတာ

တစ်ရွေ့ရွေ့ ထွက်ခွာသွားတယ်

ငါတို့နေရာက မရွေ့နိုင်သေးဘူး

ဘယ်နေရာ ဘယ်ကမ်းမှာကပ်မယ်မသိ

မှန်းဆလို့မရတဲ့ တစ်နေရာမှာ

စောင့်လိမ့်နိုးနဲ့ မနားတမ်းလိုက်ခဲ့တာ

ကမ္ဘာကြီးဟာ တစ်ပတ်ပြည့်သွားတယ်

ရှာမတွေ့ခဲ့ဘူး။

" အမျှော် "ကြီးကောင်ဝင်စတဒင်္ဂ အလွမ်းလည်းမဟုတ်နွမ်းလျလျ တမ်းရတဲ့အဖြစ်ပန်းလှပါတဲ့ စိတ်အသွင်ဖိတ်စင်ကာပြန့်ကျဲအချစ်နဲ့ပတ်သက...
30/10/2023

" အမျှော် "

ကြီးကောင်ဝင်စ

တဒင်္ဂ အလွမ်းလည်းမဟုတ်

နွမ်းလျလျ တမ်းရတဲ့အဖြစ်

ပန်းလှပါတဲ့ စိတ်အသွင်

ဖိတ်စင်ကာပြန့်ကျဲ

အချစ်နဲ့ပတ်သက်ရင်

မင်းတစ်ယောက်ကိုမှ

လွမ်းလျက်ပါပဲ။


crd

Address

Yangon

Alerts

Be the first to know and let us send you an email when TharNge posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category