19/11/2021
လူတစ်ယောက်ကို တစ်ကယ်ချစ်သွားရင်
အလုပ်တွေ ဘယ်လိုပဲ မအားပဲ ရှုပ်နေပါစေ
မင်းဆီကို ဖုန်းလေးတစ်callတောင် ဆက်ဖို့မမေ့ဘူး။
အနည်းဆုံး စာလေးတစ်စောင်လောက်ကတော့
မင်းဆီ text လုပ်နေမှာပဲ။
"ဘာလုပ်နေလဲပေါ့။ ကိုယ်တော့ သိပ်သတိရနေတယ်"
အဲ့လိုအကြောင်းလေးတွေ နဲ့ပေါ့။
မင်းကို အရမ်းလွမ်းလွန်းလို့ မနေနိုင်မထိုင်နိုင်ဖြစ်လာရင်
မင်းဆီကို ချက်ချင်း ပြေးလာလိမ့်မယ်။
You'll be the first one he misses.
သူ အိပ်ရာထလို့ မျက်လုံးနှစ်လုံး ဖွင့်ရင်တောင်
မင်းကို အရင်ဆုံး သတိရနေမှာ။
သူ့ရဲ့အရာရာတိုင်းက မင်းပဲ။
မင်းအတွက်ဆိုရင် အသေးအဖွဲလေးတွေကအစ
လိုက်ဂရုစိုက်ပေးနေတတ်တာ။
He makes you smile when you feel down.
မင်းပြိုလဲနေတဲ့အချိန် မင်းကိုပျော်ရွှင်အောင်
သူကြိုးစားနေမှာ။
တစ်ခါတစ်ခါကျရင် သူမင်းကို ချစ်တဲ့စိတ်တွေက
မင်းကို control လုပ်တယ်လို့ မင်းဘက်ထင်ကောင်း
ထင်နိုင်လိမ့်မယ်။
မင်းကို ချုပ်ခြယ်နေတာ မဟုတ်ပါဘူး။
မင်းကိုချစ်လွန်းလို့ စိတ်ပူနေရတာပါ။
ဘယ်သူနဲ့ ဘယ်ကိုသွားတာလဲ ?
ဘာတွေလုပ်နေတာလဲ?
ဒါတွေဟာ မင်းကိုသိပ်ချစ်လို့သာ စိတ်ပူနေရတာတွေ။
လူတစ်ယောက်ဟာ မင်းကို တစ်ကယ်ချစ်လို့သာ
အသေးအဖွဲလေးတွေကအစ လိုက်စိတ်ပူပေးနေတာ။
မင်းကို တစ်ကယ်ချစ်လို့သာ ဘယ်လောက်ပဲ
အလုပ်တွေရှုပ်နေပါစေ မင်းအတွက် အချိန်မရရအောင်
ပေးနေတော့တာပေါ့။