Art collection

Art collection "Dedicated lover of the arts and culture. I believe the past informs the present, and creativity shapes the future."

ကျွန်တော့်ဘဝမှာ အတောင့်တဆုံး အရာအကြောင်းပါပူပူနွေးနွေး စီးရီး အသစ်ကလေးပါ
06/08/2026

ကျွန်တော့်ဘဝမှာ အတောင့်တဆုံး အရာအကြောင်းပါ
ပူပူနွေးနွေး စီးရီး အသစ်ကလေးပါ

First Solo Show မှာ ပြသထားတဲ့ ပန်းချီကားလေးတွေပါ1.Jul.2026 (Wed)- 5.Jul.2026(Sun)
22/07/2026

First Solo Show မှာ ပြသထားတဲ့ ပန်းချီကားလေးတွေပါ
1.Jul.2026 (Wed)- 5.Jul.2026(Sun)

💌ကျေးဇူးတင်ပါသည်     •ဇူလိုင်လ ၁ ရက်နေ့ကနေ ၅ ရက်နေ့အထိ ပြုလုပ်ခဲ့တဲ့ ကျွန်တော့်ရဲ့ တစ်ကိုယ်တော်ပန်းချီပြပွဲလေး အောင်မြင်...
06/07/2026

💌ကျေးဇူးတင်ပါသည်

•ဇူလိုင်လ ၁ ရက်နေ့ကနေ ၅ ရက်နေ့အထိ ပြုလုပ်ခဲ့တဲ့ ကျွန်တော့်ရဲ့ တစ်ကိုယ်တော်ပန်းချီပြပွဲလေး အောင်မြင်စွာ ပြီးဆုံးသွားခဲ့ပါပြီ။ စိတ်လှုပ်ရှားကြည်နူးမှုတွေနဲ့အတူ ရင်ထဲမှာလည်း အတိုင်းမသိ ဝမ်းသာပီတိဖြစ်ရပါတယ်။ လွန်ခဲ့တဲ့ ၅ ရက်တာကာလကို ပြန်တွေးကြည့်ရင် ဒါဟာ ကျွန်တော့်ဘဝရဲ့ အဖိုးတန်ဆုံးနဲ့ အပျော်ဆုံး အမှတ်တရနေ့ရက်တွေ ဖြစ်ခဲ့ပါတယ်။

• တက်သစ်စ လူငယ်တစ်ယောက်အနေနဲ့ ပန်းချီကားချပ်ရေ ၅၇ ကား နဲ့အတူ ပြပွဲခန်းမထဲမှာ ရပ်နေခဲ့ရတာဟာ စိတ်လှုပ်ရှားစရာ ကောင်းသလို တစ်ဖက်ကလည်း အလွန်ရင်ဖိုခဲ့ရပါတယ်။ ဒါပေမဲ့ ကျွန်တော့်ရဲ့ ပန်းချီကားအားလုံး ရာနှုန်းပြည့် အကုန်ရောင်းချခွင့်ရခဲ့တာ ဟာ တစ်ယောက်တည်း အားနဲ့ ဘယ်လိုမှ မဖြစ်နိုင်တဲ့ မှတ်တိုင်တစ်ခုပါ။ ဒီအောင်မြင်မှုဟာ ခင်ဗျားတို့အားလုံးကြောင့် ဖြစ်ပါတယ်။

• ဒီအခွင့်အရေးတွေကို ဖန်တီးပေးခဲ့ပြီး ဝန်းရံပေးခဲ့ကြသူ အားလုံးကို နှလုံးသားထဲကနေ အထူးပဲ ကျေးဇူးတင်ရှိကြောင်း ပြောပါရစေ -
လွန်ခဲ့တဲ့ လေးလက ဒီခရီးစဉ်ကို စတင်ချိန်မှာ စိုးရိမ်ပူပန်မှုတွေ၊ အချိန်အကန့်အသတ်တွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ အချိန်တိုလေးအတွင်းမှာ အသစ်စက်စက် ပန်းချီကားချပ်ရေ ၅၀ နီးပါး ဖန်တီးရမှာက မဖြစ်နိုင်ဘူးလို့ ထင်ခဲ့တာပါ။ ပြခန်းအဖွဲ့ နဲ့ ချိတ်ဆက်‌ေပးခဲ့ သော အကိုကြီးလောကကြီးနဲ့ ထောက်ခံပေးခဲ့သော ဆရာ muu muu တို့အပေါ်လဲ လှိုက်လှိုက်လဲလဲကျေးဇူးတင်ပါသည်။ကျွန်တော့်ရဲ့ အတွေးအခေါ် Concept တွေ ပျောက်ဆုံးနေချိန်တိုင်းမှာ စိတ်ကူးစိတ်သန်းအသစ်တွေ ရလာအောင် အမြဲတမ်းအဆက်အသွယ်မပြတ် အကြံဉာဏ်ပေး၊ အားပေးကူညီပေးခဲ့သော တောင်လှေကားပြခန်းရဲ့ ပဲ့ကိုင်ရှင် ကိုရဲ ကိုလဲ အထူးပဲ ကျေးဇူးတင်ပါတယ်။ ခင်ဗျားရဲ့ မပျက်မကွက် ပံ့ပိုးကူညီမှုတွေကြောင့်သာ ဒီပြပွဲကြီး ဖြစ်မြောက်လာခဲ့တာပါ။

• ပြပွဲ ပထမဆုံးနေ့ကတည်းက ရရှိခဲ့တဲ့ နွေးထွေးမှုတွေဟာ အတိုင်းမသိပါပဲ။ပြင်ဦးလွင်၊ရန်ကုန်၊ မန္တလေး၊ မုံရွာ နဲ့ အခြားဒေသအသီးသီးကနေ လာရောက်အားပေးကြတဲ့ ပန်းချီချစ်သူများ၊ ပန်းချီစုဆောင်းသူများ၊ အနုပညာရှင်မိတ်ဆွေများ၊ ကဗျာဆရာများနှင့် စာရေးဆရာများအားလုံးကို ကျေးဇူးတင်ပါတယ်။ ခင်ဗျားတို့၏ ကျွန်တော့် ပန်းချီကားများအပေါ် တန်ဖိုးထားအသိအမှတ်ပြုမှုတွေကြောင့် ပတ်ဝန်းကျင်အသစ်နဲ့ မိတ်ဆွေကောင်းအသစ်တွေကို ရရှိခဲ့လို့ အမြဲတမ်း တန်ဖိုးထားနေမှာပါ။

• လက်ရှိအခြေအနေတွေအရ ခရီးသွားလာရတာ လုံးဝမလွယ်ကူပါဘူး။ ဒါကို သိလျက်နဲ့ ရန်ကုန်၊ မုံရွာ နဲ့ နေပြည်တော် စတဲ့ ဝေးလံတဲ့ဒေသတွေကနေ ကျွန်တော့်အနားမှာ ရှိနေပေးဖို့ လာရောက်အားပေးကြတဲ့ သူငယ်ချင်းမိတ်ဆွေတွေကို မြင်ရတာ တကယ်ပဲ မျက်ရည်ကျလုမတတ် ဝမ်းသာရပါတယ်။ အခက်အခဲတွေကြားက အဝေးကြီးကနေ လာရောက်ဝန်းရံပေးခဲ့ကြတာကို ရင်ထဲမှာ ဘယ်တော့မှ မမေ့ဘဲ အမြဲတမ်း သိမ်းဆည်းထားမှာပါ။
ကျွန်တော့်ရဲ့ အနုပညာဖန်တီးမှုတွေကို Like ပေး၊ Comment ရေးပြီး မျှဝေ (Share) ပေးကြတဲ့ အွန်လိုင်းပေါ်က အနုပညာချစ်သူတစ်ဦးချင်းစီတိုင်းကိုလည်း ကျေးဇူးတင်ပါတယ်။ ခင်ဗျားတို့ရဲ့ မျှဝေမှုတိုင်းဟာ ကျွန်တော့်ရဲ့အနုပညာအသံကို ပြပွဲခန်းမအပြင်ဘက်ဆီအထိ ကျယ်ကျယ်လောင်လောင် ရောက်ရှိသွားစေခဲ့ပါတယ်။

•နည်းလမ်းမျိုးစုံနဲ့ ဝန်းရံပံ့ပိုးပေးခဲ့ကြသူ အားလုံးကို ကျေးဇူးတင်ပါတယ်။ ဒီလှပတဲ့ အိပ်မက်ကို လက်တွေ့အကောင်အထည်ဖော်ပေးခဲ့ကြလို့ ကျေးဇူးအများကြီးတင်ပါတယ်။ အခုဆိုရင် ပန်းချီကား ၅၇ ကားလုံးဟာ သူတို့ရဲ့ အိမ်ဂေဟာအသစ်တွေဆီ ရောက်ရှိသွားကြတော့မှာဖြစ်ပေမယ့်၊ ဒီပြပွဲကရရှိခဲ့တဲ့ အမှတ်တရတွေ၊ သံယောဇဉ်တွေနဲ့ ချစ်ခြင်းမေတ္တာတွေကတော့ ကျွန်တော့်ရင်ထဲမှာ ထာဝရရှင်သန်နေမှာပါ။


အစဉ်လေးစားကျေးဇူးတင်လျက် - ပေါင်ဇလန့်(Pau Za Langh)

✨Between First Solo Exhibition ✨📍တောင်လှေကား Home Art Gallery   ~ July . 5 . 2026 ( Sun)Day -5   #တောင်လှေကားhomeartgall...
06/07/2026

✨Between First Solo Exhibition ✨

📍တောင်လှေကား Home Art Gallery

~ July . 5 . 2026 ( Sun)
Day -5

#တောင်လှေကားhomeartgalley

✨Between First Solo Exhibition ✨📍တောင်လှေကား Home Art Gallery   ~ July . 4 . 2026 ( Thu)Day -4   #တောင်လှေကားhomeartgall...
04/07/2026

✨Between First Solo Exhibition ✨

📍တောင်လှေကား Home Art Gallery

~ July . 4 . 2026 ( Thu)
Day -4

#တောင်လှေကားhomeartgalley

✨Between First Solo Exhibition ✨📍တောင်လှေကား Home Art Gallery   ~ July . 3 . 2026 ( Fri)Day -3    #တောင်လှေကားhomeartgal...
03/07/2026

✨Between First Solo Exhibition ✨

📍တောင်လှေကား Home Art Gallery

~ July . 3 . 2026 ( Fri)
Day -3

#တောင်လှေကားhomeartgalley

✨Between First Solo Exhibition ✨📍တောင်လှေကား Home Art Gallery   ~ July . 2. 2026 ( Thu)Day-2   #တောင်လှေကားhomeartgaller...
02/07/2026

✨Between First Solo Exhibition ✨

📍တောင်လှေကား Home Art Gallery

~ July . 2. 2026 ( Thu)
Day-2

#တောင်လှေကားhomeartgallery

Address

Yangon

Alerts

Be the first to know and let us send you an email when Art collection posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category