The Northern Light Media

The Northern Light Media သတင်း၊ဆောင်းပါး၊အင်တာဗျူးများနှင်.
မီဒီယာ၀န်ဆောင်မှုအမျိုးမျိုး
(205)

ဒုတိယဝန်ကြီးများ ခန့်အပ်တာဝန်ပေးခြင်း
11/04/2026

ဒုတိယဝန်ကြီးများ
ခန့်အပ်တာဝန်ပေးခြင်း

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ပြည်ထောင်စုအစိုးရအဖွဲ့
11/04/2026

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်
ပြည်ထောင်စုအစိုးရအဖွဲ့

“မြန်မာ-တရုတ်နယ်စပ်ဖြတ်ကျော် မာရသွန်ပြိုင်ပွဲ (၁၀)နှစ်ပြည့်ချစ်ကြည်ရေးဆုံစည်းမှုအတူပါဝင်ဆင်နွှဲရန် ဖိတ်ခေါ်”ဇန်နဝါရီလ ၁၉...
19/01/2026

“မြန်မာ-တရုတ်နယ်စပ်ဖြတ်ကျော် မာရသွန်ပြိုင်ပွဲ (၁၀)နှစ်ပြည့်ချစ်ကြည်ရေးဆုံစည်းမှု
အတူပါဝင်ဆင်နွှဲရန် ဖိတ်ခေါ်”

ဇန်နဝါရီလ ၁၉ ရက် နံနက်ပိုင်းတွင် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့၌၂၀၂၆ ခုနှစ် မြန်မာနိုင်ငံ
မူဆယ် - တရုတ်နိုင်ငံ ရွှေလီ နယ်စပ်ဖြတ်ကျော်မာရသွန်ပြိုင်ပွဲဆိုင်ရာ သတင်းစာရှင်းလင်းပွဲကျင်းပခဲ့ရာ ၂၀၂၆ခုနှစ် မြန်မာနိုင်ငံ မူဆယ် - တရုတ်နိုင်ငံ ရွှေလီ နယ်စပ်ဖြတ်ကျော်မာရသွန်ပြိုင်ပွဲကို မတ်လ ၁ ရက်နေ့တွင် ယူနန်ပြည်နယ် ရွှေလီမြို့၌ သေနတ်ပစ်ဖောက်ကာ ပြိုင်ပွဲစတင်မည်ဖြစ်ကြောင်း သိရသည်။

ယခုအကြိမ်ပြိုင်ပွဲကို “၁၀ နှစ်တာ ရွှေလီမာရသွန် ပေါက်ဖော်မေတ္တာဖြင့် ‘The Belt and Road’ ပုံရိပ်သစ်ကို ရေးဆွဲမည်”ဆိုသည့် ခေါင်းစဉ်ဖြင့် မာရသွန်နှင့် တစ်ဝက်မာရသွန်ဟူ၍ ပြိုင်ပွဲများပါရှိပြီး စုစုပေါင်း ပြိုင်ပွဲဝင်ဦးရေ၄၀၀၀ခန့်ပါဝင်မည်ဖြစ်သည်။

(၁၀)ကြိမ်မြောက် ပြိုင်ပွဲကြီးအဖြစ် မြန်မာနိုင်ငံဘက်မှ ပြိုင်ပွဲအတွက် တိကျသေချာကောင်းမွန်သော စီစဉ်မှုများ ဆောင်ရွက်ပေးထားသည်။ မြန်မာနိုင်ငံ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန အားကစားဦးစီးဌာနစသည့် ဌာနများ၏ ဦးဆောင်မှုနှင့် လမ်းညွှန်မှုအောက်တွင် မူဆယ်ဒေသအုပ်ချုပ်ရေးပိုင်းမှဖျော်ဖြေရေးအဖွဲ့များ၊ နယ်စပ်ဒေသတိုင်းရင်းသားပြည်သူများနှင့် ကျောင်းသားများ ပါဝင်ဆင်နွှဲလာစေရန် တက်ကြွစွာ စုစည်းထားသဖြင့် ပြိုင်ပွဲကျင်းပချိန်တွင် အမှတ် ၈၁ နယ်စပ်မှတ်တိုင်အနီး၌ သီဆိုကပြဖျော်ဖြေမှုများ၊ ဘာသာစကား ၂ မျိုးဖြင့် အားပေးမှုများ စသောနည်းလမ်းများဖြင့် နိုင်ငံအသီးသီးမှ ပြိုင်ပွဲဝင်များကို ကြိုဆိုသွားမည်ဟုသိရသည်။

ပြေးလမ်းပြင်ပတွင် မြန်မာနိုင်ငံ အထူးတင်ဆက်နေရာများထားရှိပြီး စားကောင်းသောက်ဖွယ်များ မြည်းစမ်းခြင်းနှင့် ပြည်သူ့ဓလေ့ထုံးစံ အပြန်အလှန် လက်တွေ့ခံစားခြင်းများ ပြုလုပ်နိုင်မည်ဖြစ်သည်။

ယခုအကြိမ်ပြိုင်ပွဲ အမှတ်တရဆုတံဆိပ်ကို နှစ်နိုင်ငံ
ဒီဇိုင်နာများက အတူတကွ ဖန်တီးခဲ့ကြပြီး တစ်မူထူးခြားသော မြန်မာ့ယဉ်ကျေးမှုအကြောင်းအရာများကို ပေါင်းစပ်ထားသည်။

ဤပြိုင်ပွဲသည် မြန်မာ-တရုတ်နှစ်နိုင်ငံ အားကစားဆွေးနွေးဖလှယ်မှုနှင့် ပြည်သူတို့ နှလုံးသားချင်း နီးစပ်စေရေး တိုးမြှင့်ဆောင်ရွက်ပေးသည့် အဓိကကျသော ပေါင်းကူးတံတားဖြစ်လာခဲ့သည်။

နှစ်နိုင်ငံမှ အပြေးအားကစားသမားများကို အတူတကွ ပါဝင်ဆင်နွှဲ၍ အပြေးအားကစားဖြင့် ပေါက်ဖော်ချစ်ကြည်ရေးကို ဆက်လက်ရေးသားသွား
ရန် ဖိတ်ခေါ်လိုက်ရပါသည်

ကြေညာချက်အမှတ်(၆/၂၀၂၆)ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ်ရွေးကောက်တင်မြှောက်ခံရသူများ အမည်စာရင်းကြေညာခြင်း။
05/01/2026

ကြေညာချက်အမှတ်(၆/၂၀၂၆)
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ်
ရွေးကောက်တင်မြှောက်ခံရသူများ အမည်စာရင်း
ကြေညာခြင်း။

ကြေညာချက်အမှတ် (  ၅  / ၂၀၂၆  )ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူများ အမည်စာရင်းကြေညာခြင်း
04/01/2026

ကြေညာချက်အမှတ် ( ၅ / ၂၀၂၆ )
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ်
ရွေးကောက်တင်မြှောက်ခံရသူများ
အမည်စာရင်းကြေညာခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကြေညာချက်အမှတ် ( ၂  / ၂၀၂၆  )၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း  ...
02/01/2026

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်
ကြေညာချက်အမှတ် ( ၂ / ၂၀၂၆ )
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၁၅ ရက်
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ လ ၂ ရက်
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် အမည်စာရင်းကြေညာခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကြေညာချက်အမှတ် ( ၃  / ၂၀၂၆  )၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း  ...
02/01/2026

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်
ကြေညာချက်အမှတ် ( ၃ / ၂၀၂၆ )
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၁၅ ရက်
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ လ ၂ ရက်
တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် အမည်စာရင်းကြေညာခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကြေညာချက်အမှတ် ( ၁ / ၂၀၂၆ )၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း  ၁၅...
02/01/2026

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်
ကြေညာချက်အမှတ် ( ၁ / ၂၀၂၆ )
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၁၅ ရက်
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ လ ၂ ရက်
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် အမည်စာရင်းကြေညာခြင်း

“ကမ္ဘာ့အသံ”သင်္ဘောကြီးနှစ်စင်းပြိုင်ဘက်ကင်းလျက်ဦးတည်ချက်ကောင်း မတိမ်းစောင်းအောင်ထိန်းကြောင်းမျှတ ကိုယ်စီလှ၏။ကမ္ဘာကြီး၏အက...
31/10/2025

“ကမ္ဘာ့အသံ”

သင်္ဘောကြီးနှစ်စင်း
ပြိုင်ဘက်ကင်းလျက်
ဦးတည်ချက်ကောင်း မတိမ်းစောင်းအောင်
ထိန်းကြောင်းမျှတ ကိုယ်စီလှ၏။

ကမ္ဘာကြီး၏
အကြီးမားဆုံး စီးပွါးဓန
အင်အားပြခိုက်
ဗလတောင့်တင်း ပွတ်တိုက်ခြင်းကြောင့်
အခင်းထွေထွေ ဖြစ်နိုင်ပေလည်း

လှိုင်းကြီးလေထန်
စိန်ခေါ်သံလျှင် ရင်ဆိုင်ဖြတ်သန်း
ရင်ပေါင်တန်းပြီး

ခရီးလမ်းကြောင်း
မတိမ်းစောင်းအောင် ထိန်းကြောင်းကျွမ်းကျင်
အတူယှဉ်တွဲ ဖြူစင်ရဲရင့်

ရှီကျင့်ဖျင် နှင့် ထရမ့်
ဂုဏ်ရှိန်ပြန့်၍
အံ့ဩဖွယ်ပင် ကမ္ပည်းတင်လိမ့်။

တရုတ် နှင့်
အမေရိကန်
အပြန်အလှန် လက်ခံတူညီ
ကူညီပံ့ပိုး ဖွံ့ဖြိုးအတူတကွ
ကမ္ဘာ ပိုလှလိမ့်။

တရုတ်၏
လုပ်အားမြတ်နိုး ဖွံ့ဖြိုးလာမှု
ထိုဝေစုနှင့်

အမေရိကန်၏
ထပ်မံဝေစု ကြီးမြတ်မှု တို့

တစ်ခုနှင့်တစ်ခု
ကောင်းကျိုးပြုအံ့
နေရာလုဘက် ဆန့်ကျင်ဘက်မဟုတ်

အမေရိကန်-တရုတ်
မိတ်ဆွေလုပ်၍ လုပ်ဖော်ကိုင်ဘက်
ရေရှည်ဆက်ဆံ ကြောင်းကျိုးမှန်သည်
ကမ္ဘာ့ဆန္ဒအသံ ဖြစ်ပါသတည်း။ ။

သီဟအောင်
အယ်ဒီတာချုပ်
the Northern Light journal
(30-10-2025)

Credit-

တရုတ်သမ္မတရှီကျင့်ဖျင်မှ
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်အား
ဆွေးနွေးပြောကြားချက်မှကောက်နုတ်ချက်-
(ဘူဆန်၊ တောင်ကိုရီးယား၊၃၀-၁၀-၂၀၂၅)

ကမ္ဘာကြီးရဲ့ အကြီးမားဆုံးစီးပွါးရေးအင်အားစု
နှစ်ခုအနေနဲ့ တစ်ခါတလေမှာ အဆင်မပြေမှုဖြစ်တာ
မထူးဆန်းပါဘူး။

လှိုင်းကြီးတဲ့စိန်ခေါ်မှုများကိုရင်ဆိုင်နေရတဲ့အခါမှာ ကျွန်တော်နဲ့ သမ္မတကြီးက သင်္ဘောမောင်းသူတွေအနေနဲ့ မှန်ကန်တဲ့ဦးတည်ချက်မတိမ်းစောင်းအောင်
တရုတ်နဲ့အမေရိကန် ဆိုတဲ့ သင်္ဘောနှစ်စင်းကိုတည်ငြိမ်အောင် ထိန်းပေးရပါတယ်။

တရုတ်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုနဲ့
အမေရိကန်ရဲ့ “ထပ်မံကြီးမြတ်မှု”ဦးတည်ချက်
တွေက ဆန့်ကျင်ဘက် မဟုတ်ပါဘူး။

တရုတ်နဲ့အမေရိကန် နှစ်နိုင်ငံ အပြန်အလှန်
အကူအညီပေးခြင်းဖြင့် ရင်ပေါင်တန်းပြီး
အတူတကွ ဖွံ့ဖြိုးလို့ရပါတယ်။

ကျွန်တော် ခဏခဏပြောဖူးပါတယ်။

တရုတ်နဲ့အမေရိကန် နှစ်နိုင်ငံဟာ
မိတ်ဆွေကောင်းနဲ့ လုပ်ဖော်ကိုင်ဘက်ကောင်း
ဖြစ်သင့်ပါတယ်။

ဒါဟာ သမိုင်းကပေးတဲ့သင်ခန်းစာ
ဖြစ်ရုံသာမက လက်ရှိကမ္ဘာကြီးရဲ့
လိုအပ်ချက်လည်း ဖြစ်ပါတယ်။

“တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)ချုပ်ဆိုခြင်း (၁၀) နှစ်ပြည့် နှစ်ပတ်လည်နေ့အခမ်းအနားဂုဏ်ပြုကဗ...
17/10/2025

“တစ်နိုင်ငံလုံး
ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး
သဘောတူစာချုပ်(NCA)ချုပ်ဆိုခြင်း
(၁၀) နှစ်ပြည့် နှစ်ပတ်လည်နေ့
အခမ်းအနားဂုဏ်ပြုကဗျာ(၂)

တစ်ယောက်မျက်နှာ
တစ်ယောက်ကြည့်ကာ
တိုင်းပြည့်မျက်နှာ ကြည့်ကြပါလော့။

တစ်ဦးမေတ္တာ တစ်ဦးမှာ
ကူးလူးဆက်ကာ တက်ကြပါတော့။

သွေးချင်းသားချင်း
သားသမီးချင်း မိချင်းဘချင်း
ကိုယ်ချင်းစာနာ ငဲ့ကြည့် ပါနော့။

နှစ်(၈၀)တစ်ဝိုက်
တို့တတွေမိုက်၍ တိုက်ခိုက်ခဲ့သည်
ဤတိုင်းပြည်ကြီး

အဖျက်ကြီးမား
အပျက်အစီးကြားမှ ပြန်လည်ထူမ
ခေါင်းထောင်ထအောင်

ခေါင်းဆောင်လှလှ
ရွေးချယ်ကြရေး မဲအတူပေးဖို့
ရွေးကောက်ပွဲသို့ သွားကြစို့။ ။

သီဟအောင်
၁၆-၁၀-၂၀၂၅

ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခြင်းတို့နှင့် စပ်လျဉ်း၍ကြေညာချက် ထုတ်ပြန်ခြင်း
15/10/2025

ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်းနှင့်
မဲဆွယ်စည်းရုံးခြင်းတို့နှင့် စပ်လျဉ်း၍
ကြေညာချက် ထုတ်ပြန်ခြင်း

Address

No 118/1, Zabuthepyae Street, 14/3 Ward, South Okkalapa Township
Yangon

Website

Alerts

Be the first to know and let us send you an email when The Northern Light Media posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share