02/07/2022
ဟဲလို ရောင်းရင်းတို့ရေ ၇ နာရီနော် ဆုံကြရအောင် ......
“The Finger ၏ လက်ငါးချောင်း ခရီးစဉ်” Saturday Night Live Talk Show
🎸🎸🎤🎤🎻🎻
ဟဲလို ဂီတချစ်သူ ဘော်ဒါတို့ရေ ကျွန်တော် ပြည့်ဖြိုးအောင်ပါ ကျနော်တို့ MCA Network ရဲ့ ဒီတစ်ခေါက် Saturday Night Live အစီအစဉ်လေးမှာ ဂီတကို ချစ်မြတ်နိုးပြီး ဝါသနာတူ စိတ်တူကိုယ်တူ ဘော်ဒါတွေနဲ့စုဖွဲ့ထားတဲ့ The Fingers Music Band ရဲ့ Live တော်ကီပွားမယ့် အစီအစဉ်ကို ကြည့်ရှု့ရမှာပဲ ဖြစ်ပါတယ် ဒီ Band မှာ ကျွန်တော်ကိုယ်တိုင်လည်း ပင်တိုင််အဆိုရှင်အနေနဲ့ ပါဝင်ပါတယ် ကျွန်တော်တို့ Band မှာဆိုရင် ကိုယ်အင်္ဂါမသန်စွမ်းသူ အမြင်အာရုံမသန်စွမ်းသူ နဲ့ မသန််စွမ်းမဟုတ်သူ စတဲ့ မတူညီတဲ့ ကျွန်တော်တို့ သူငယ်ချင်းတစ်သိုက်နဲ့ ဖွဲ့စည်းထားတာပါ မိတ်ဆက်ပေးရရင် ဇေယျာမင်း (Lead Guitar), ဇေမင်းလွင် (Bass Guitar), စောမနိုင်းဖောင် (Violin), ချစ်စုထွေး (Second Vocalist & Manager) နဲ့ ကျွန်တော် ပြည့်ဖြိုးအောင် (Main Vocalist) တို့ပါ ဒီထဲမှာဆိုရင်တော့ ကျွန်တော်က အချောဆုံးပေါ့ဗျာ (အယ်လယ့်) 😁😁😁 စ တာပါ ကျွန်တော်တို့ Band ကို ၂၀၁၇ ခုနှစ်မှာ စတင်ဖွဲ့စည်းပြီး ဂီတလုပ်ငန်းတွေကို ကြိုးစား လုပ်ကိုင်ရင်းနဲ့ ဒီနေ့အထိဆိုရင် ငါးနှစ်တာ ကာလကို ရောက်လာခဲ့ပြီလည်း ဖြစ်ပါတယ် ဒါကြောင့် ကျွန်တော်တို့ Band ရဲ့ ငါးနှစ်တာကာလ ဖြတ်သန်းမှုအကြောင်းတွေ အမှတ်တရတွေ ရယ်စရာအလွဲတွေနဲ့ ကျွန်တော်တို့ သူငယ်ချင်း တွေရဲ့ ရင်တွင်းခံစားချက်လေးတွေကို နားထောင်ရမှာမို့ ကျွန်တော်တို့ရဲ့ live ဆီအရောက် လှမ်းခဲ့ဖို့ ဖိတ်ခေါ်ပါတယ် အရင်က ဂီတလှုပ်ရှားမှုအမှတ်တရ ဓါတ်ပုံလေး ဗီဒီယိုလေးတွေ ပြန်ကြည့်ရင်းလည်း အလွမ်း သယ်ကြဦးမှာနော် ဒါတင်မကသေးပါဘူး ကျွန်တော်တို့ Live ကို ဘော်ဒါတို့ ကြည့်နေရင်းနဲ့ မေးချင်တာတွေ ကျွန်တော်တို့နဲ့ စကားပြောချင်တာတွေလည်း Comment Box ကနေလည်း ပြောလို့ရပါတယ် အဆင်ပြေရင် လည်း ကျွန်တော်တို့ အတူတူ သီချင်းတွေ ဆိုရအောင်ဗျာ ဪ မေ့တော့မလို့ ကျွန်တော်တို့ Band က Player တွေရဲ့ ဂီတာလက်သံ တယောလက်သံတွေကိုလည်း နားဆင်ရဦးမှာနော် ဒါကြောင့် ၂.၇.၂၀၂၂ စနေနေ့ ည ၇ နာရီမှာ MCA Network page နဲ့ The Fingers Music Band Page တို့ကနေ တင်ဆက်ပေးသွားမယ့် “The Finger ၏ လက်ငါးချောင်း ခရီးစဉ်” Live တော်ကီပွားမယ့် အစီအစဉ်ကို လာရောက် ကြည့်ရှု့အားပေးကြပါဦးလို့ ဘော်ဒါ ရောင်းရင်းအပေါင်းတို့ကို လက်တို့လိုက်ရပါတယ် ကြွလှမ်းခဲ့ကြပါဦးဗျာ တာ့ တာ See You !!!
The Fingers Music Band FB Page
https://www.facebook.com/2017ARTSandENTERTAINMENT
"ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး"
👉 https://anchor.fm/mcanetwork
👉 https://myanmarcinemabilitynetwork.wordpress.com/
👉https://www.youtube.com/channel/UCEU4gZmDyZCzAyyOC2JLxEA
👉https://t.me/mcanetwork
📧[email protected]
☎️ 09941559897, 09261256493