07/02/2021
စစ်သားကြီးက စစ်တိုက်တယ်…
ဆရာဝန်ကြီးက ဆေးကုတယ်…
အင်ဂျင်နီယာကြီးက တိုက်တွေဆောက်တယ်…
ကြီးလာရင် စစ်ဗိုလ်ကြီးဖြစ်ချင်မှ လူတော်လူကောင်း…
အင်ဂျင်နီယာလုပ်ချင်တယ်ပြောမှ လိမ္မာတယ်…
ဆရာဝန်ကြီးလုပ်မယ်ဆိုမှ ဉာဏ်ကောင်းတယ်…
ဆရာမက စာဖတ်ပြတယ်…
ကျောင်းသားတွေကစာကျက်ရတယ်…
တစ်လုံးမကျန် စာရွက်ပေါ်ပြန်ချရေးပြနိုင်ရင်
ပေးမှတ် ၁၀၀ မှာ ၉၀ ကျော်ရမယ်...။
ဆရာနဲ့ အတိုက်အခံမေးမြန်းရင် အရစ်ရှည်တယ်တဲ့
အခြေနေမကောင်းရင် ဗျင်းခံရတယ်…၊
အိမ်ကဖြစ်ချင်တာနဲ့ ဆန့်ကျင်ပြီးလုပ်ရင်
ရိုင်းတယ်...ဆိုးတယ်…။
ဆုံးမတယ်...၊သွန်သင်တယ်...လက်ထဲမှာ...ဝါးခြမ်းပြား/ကြိမ်လုံးကိုင်ထားတယ်။
သားနားလည်ပါပြီ နောက်တစ်ခါမလုပ်တော့ပါဘူး…
ငယ်စဉ်က အသားနာတတ်တယ်...။
ပြန်မပြောဘူး...လိမ္မာရမယ်...ဒုတ်ကိုကြည့်...။
အသိစိတ်နဲ့ လုပ်ရပ်တွေမရှိခဲ့ဘူး ရိုက်မှလုပ်မယ်...။
အာဏာသိမ်းတယ် အပြစ်မဲ့တဲ့ သူတွေကို လက်နက်နဲ့
အနိုင်ယူတယ်တဲ့...သူတို့ရဲ့ရွေးချယ်မှုကို ပြန်ပေးဖို့ ဆန္ဒပြတောင်းဆိုတယ်…။
ကျနော်တို့ ဖြစ်ချင်တာတွေကို ပြောပြခွင့်ရခဲ့လား
ကျနော်တို့ ပိတ်ပင်တယ်အခါ ဘာကြောင့်ဆိုတာ ပြောပြခွင့်ရခဲ့လား။
အမေတို့ မမှားဘူး…၊
ဆရာတို့မမှားဘူး…၊
ကျနော်တို့ မမှားဘူး...။
“အာဏာရှင်စနစ် အုပ်ချုပ်မှုအောက်မှာ
လူတွေကို အာဏာရှင်စိတ်ဓာတ်တွေနဲ့
ခေါက်ရိုးကျိုးစေခဲ့လို့ပါ”
လူငယ်တွေမှာလဲ အိမ်မက်မက်ခွင်ရှိတယ်...။
လူငယ်တွေမှာလဲ ရည်မှန်းချက်ကိုယ်စီ ရှိတယ်...။
အများပြောတဲ့ ကြောက်ခေတ်ရဲ့ မျိုးဆက်ဟာ
ကျနော်တို့နောက်ဆုံးဖြစ်ရမယ်...။
ဒီနေ့မှာကြောက်နေရင် ကျနော်တို့
အမြဲကြောက်နေရမယ်…
ကျနော်တို့ရဲ့ နောက်မျိုးဆက်တွေအကုန်
ကြောက်ခေတ် အလွန်ရဲ့ မျိုးဆက်သစ် အဖြစ်ရှင်သန်စေရမယ်...။