MMTIX - Your One-Stop Event Ticketing Solution in Myanmar
MMTIX - Your One-Stop Event Ticketing Solution in Myanmar MMTIX is your one-stop event ticketing solution in Myanmar. What's your event today? MMTIX is your one-stop ticketing service for events in Myanmar!
We offers
- Ticket Printing
- Ticket Verification with Unique QR Code System
- Event Entrance Management
- Ticket Sales through outlets and app and
- Event Promotions on Social Media
[Unicode]လူရိုးလေးတွေအတွက် မဟုတ်တဲ့ Tuborg Music Festival အကြောင်းTuborg Music Festival ဆိုတဲ့ ရှိုးပွဲကို ဖေဖော်ဝါရီလ (...
01/02/2020
[Unicode]
လူရိုးလေးတွေအတွက် မဟုတ်တဲ့ Tuborg Music Festival အကြောင်း
Tuborg Music Festival ဆိုတဲ့ ရှိုးပွဲကို ဖေဖော်ဝါရီလ (၂၉) ရက်နေ့မှာ ကျင်းပမယ်ဆိုတဲ့ အကြောင်း Tuborg ချစ်ပရိသတ်တွေနဲ့ အပီအပြင်ကဲချင်တယ်ဆိုတဲ့ ပရိသတ်တွေကို သတင်းကောင်းပါးလိုက်ပါရစေ။
အိမ်ကိုပိုင်မှ ဂေါ်လီလုပ်ပါဆိုတဲ့အတိုင်း ဖေဖော်ဝါရီလ (၂၉) ရက်၊ စနေနေ့ ညနေ (၅) နာရီကနေ ည (၁၁) နာရီအထိ ကျင်းပမယ့် ဒီပွဲအတွက် အခုကတည်းက ကြိုတင်အကွက်ချ စီစဉ်ထားဖို့ လိုပါလိမ့်မယ်။
အဲ့ဒီနေ့မှာ ရန်ကုန်မြို့ရဲ့ သုဝဏ္ဏဘူမိ EVENT PARK ထဲ .. ပရိသတ်တွေရဲ့ ဘဝအမောတွေကို ပြေပျောက်နိုင်အောင် ကူညီပေးမယ့် တေးသံရှင်တွေကတော့ ရေမွန်၊ ဝေလ၊ သာဒီးလူ၊ တင်ဇာမော်၊ ချမ်းချမ်း၊ နီနီခင်ဇော်နဲ့ ဧည့်သည်အဆိုတော် မိုးထက်တို့ပဲ ဖြစ်ပါတယ်။
အသံပါဝါကောင်းကောင်းနဲ့ ခပ်ကြမ်းကြမ်းကတစ်မျိုး၊ ခပ်လွမ်းလွမ်းကတစ်မျိုး ဆိုတတ်ကြတဲ့ ဒီတေးသံရှင်တွေနဲ့ Tuborg Music Festival ညကို ဖြတ်သန်းချင်ရင်တော့ ဒီ Page ကနေတစ်ဆင့်ဖြစ်စေ၊ Hot Line နံပါတ် ၀၉-၄၅၁၀၁၀၇၈၉ ကို တိုက်ရိုက်ဆက်သွယ်ပြီးဖြစ်စေ အသေးစိတ် မေးမြန်းစုံစမ်းနိုင်ပါပြီ။
လက်မှတ်ဈေးနှုန်း - ၁၅၀၀၀ ကျပ်
ကျင်းပမည့်အချိန်နေရာ- သုဝဏ္ဏဘူမိ EVENT PARK ရန်ကုန်၊ ၂၉.၂.၂၀၂၀ စနေနေ့ (ညနေ ၅ နာရီမှာ ည ၁၁ နာရီအထိ)။
[ZawGyi]
တေးသံရှင်မီးမီးခဲပြန်လာပြီကင်ဆာရောဂါ ကျန်းမာရေးအခြေအနေကြောင့် အနုပညာလောကနဲ့ အနည်းငယ်အဆက်ပြတ်သွားခဲ့တဲ့ အမျိုးသမီးတေးသံရှ...
04/01/2020
တေးသံရှင်မီးမီးခဲပြန်လာပြီ
ကင်ဆာရောဂါ ကျန်းမာရေးအခြေအနေကြောင့် အနုပညာလောကနဲ့ အနည်းငယ်အဆက်ပြတ်သွားခဲ့တဲ့ အမျိုးသမီးတေးသံရှင် မီးမီးခဲကတော့ လက်ရှိမှာ ကျန်းမာရေး ပြန်လည် ကောင်းမွန်သက်သာလာပြီဖြစ်တဲ့အတွက် ပရိသတ်တွေဆီပြန်လာခဲ့ပါပြီ။
သူမရဲ့ One Lady Show ပွဲကို ယခုလ ဇန်နဝါရီ ၁၁ ရက်နေ့၊ တော်ဝင်စင်တာ အပေါ်ထပ်၊ ညနေ ၇ နာရီမှာ ပြုလုပ်သွားမှာဖြစ်ပါတယ်။ ဒီပွဲလေးနဲ့ ပက်သက်ပြီး သူမ ကိုယ်တိုင် အကုန်အကျခံကာ ကျန်းမာရေး နလန်ပြန်ထစမှာ အဆိုပိုင်းကို အကောင်းဆုံး ကြိုးစားပြင်ဆင်လာခဲ့ပြီး ပရိသတ်တွေအတွက် စေတနာမေတ္တာတွေအပြည့်နဲ့ ပြန်လာခဲ့ခြင်းဖြစ်ပါတယ်။
ကင်ဆာဆေးဖိုးဝါးခတွေနဲ့ လုံးပန်းနေရတဲ့ မီးမီးခဲအတွက် ချစ်တဲ့ ပရိသတ်တွေက အားပေး ကူညီရာရောက်ချင်တယ်၊ သူ့အတွက် အနုပညာလုပ်ငန်းတွေမှာ စိတ်ခွန်အားတွေပြန်ရဖို့အတွက် အားပေးချင်တယ်ဆိုရင်တော့ လက်မှတ်ဈေးနှုန်းတွေအဖြစ် ၅၀၀၀၀ ကျပ်၊ ၃၀၀၀၀ ကျပ်နဲ့ ၂၀၀၀၀ ကျပ်ဆိုတဲ့ နှုန်းထားတွေမှာ ကြိုက်နှစ်သက်ရာကို ရွေးပြီး လာရောက်အားပေးနိုင်ပါတယ်။
တေးသံရှင်မီးမီးခဲကလည်း “လက်မှတ် စောင်ရေ ၁၀၀၀ မှာ တဝက်လောက်ပဲ ပရိသတ်တွေဆီက အားပေးမှုရခဲ့ရင်ပဲ ကျေနပ်ရပါပြီ။ ချစ်တဲ့ ပရိသတ်တွေအားလုံး အယောက်ချင်းစီတိုင်း မေတ္တာရှေ့ထားပြီး လာရောက်အားပေးကြဖို့ ဖိတ်ခေါ်ပါတယ်” လို့ ရင်ဖွင့်ပြောဆိုထားပါတယ်။
သူမရဲ့ One Lady Show ပွဲအတွက် အသေးစိတ် သတင်းအချက်အလက်နဲ့ အားပေးဝယ်ယူချင်တဲ့ ပရိသတ်တွေအနေနဲ့ အခု ဒီ Page ရဲ့ Message Box က တစ်ဆင့် မေးမြန်းနိုင်သလို Hotline နံပါတ် (09-451010789) ကို ဆက်သွယ်ပြီးလည်း ဝယ်ယူအားပေးနိုင်ပါတယ် ခင်ဗျာ။
ကဲ …ရော့ခ်ဂီတ၊ ရော့ခ်ညကို အပြည့်အဝခံစားဖြတ်သန်းနိုင်ဖို့ အချိန်ကျရောက်ပါတော့မယ်............................................
20/12/2019
ကဲ …ရော့ခ်ဂီတ၊ ရော့ခ်ညကို အပြည့်အဝခံစားဖြတ်သန်းနိုင်ဖို့ အချိန်ကျရောက်ပါတော့မယ်.......................................................
ဒီဇင်ဘာဆောင်းဟာ ဒီရော့ခ်ဂီတ၊ ရော့ခ်ညမှာ ဘာမှကို လုပ်မပြနိုင်တဲ့ အနေအထားတစ်ခုအဖြစ် မြင်ယောင်နေမိပါတယ်။ အနွေးထည်မလိုဘူး ရော့ခ်ဂီတနဲ့ တစ်သားတည်းဖြစ်ဖို့ပဲ လိုတယ်။
လာမယ့် ဒီဇင်ဘာ (၃၁) ရက်နေ့ အင်္ဂါနေ့ ညနေ (၆) နာရီမှာ ရော့ခ်စတားတွေဖြစ်တဲ့ ဇော်ဝင်းထွဋ်၊ ရင်ဂို၊ ရဲသွင်၊ မာရဇ္ဇ၊ စည်သူလွင်၊ ဝေလ၊ လင်းလင်း၊ သျှီ စတဲ့ အနုပညာရှင်တွေက ရန်ကုန်မြို့ မင်းဓမ္မလမ်း MCC (Myanmar Convention Centre) မှာ ဖျော်ဖြေမယ့် ရော့ခ်ဂီတ ညမှာ ပရိသတ်တွေစိတ်ကျေနပ်စေမယ့် ခံစားမှုမျိုးရောက်အောင် ပို့ဆောင်ပေးဖို့ အသင့်ဖြစ်နေပါပြီ။
New Year’s Eve Rock Party ရဲ့
ရော့ခ်စတား (၈) ယောက်အားဟာ မနည်းလို့ လူကြီးမင်းတို့အနေနဲ့ ဒီ ရော့ခ်ညမှာ အပြတ်ကဲဖို့ အားအင်တွေပြည့်ဝနေဖို့တော့ လိုပါမယ်။
ဒီတော့လက်မှတ်ဈေးလေး တစ်ချက်လောက် ပြောပြချင်ပါတယ်။ New Year’s Eve Rock Party အတွက် လက်မှတ်အမျိုးအစား (၃) မျိုး ခွဲထားပါတယ်။
Black Zone >>> 10000
White Zone >>> 30000 / 50000
Gold Zone >>> 70000
ထူးခြားချက်လေးကတော့ လာမယ့် ၂၂ ရက်နေ့အထိ Black Zone ticket အမျိုးအစား 10 စောင် ကြိုတင်ဝယ်ယူသူတိုင်း Black Zone ticket တစ်စောင် ပရိုမိုးရှင်းပေးသွားမှာဖြစ်ပါတယ်။
နောက်တစ်ခု White Zone Ticket အမျိုးအစားကတော့ 30,000 နဲ့ 50,000 ဆိုပြီးဈေးနှစ်မျိုးရှိပါတယ်။ 50,000 ticket ကတော့ အရှေ့ဘက် ထိုင်ခုံဖြစ်ပြီး 30,000 ticket က အနောက်ဘက် ထိုင်ခုံဖြစ်ပါတယ်။
Gold Zone Ticket ကတော့ 70,000 ကျပ် ဆိုပေမယ့် ​Standing Cocktail table တွေနဲ့ အဆာပြေ Snacks တွေ၊ Beer Free Flow တွေ ပါဝင်လို့ တော်တော်လေးအဆင်ပြေပါတယ်။
Company အဖွဲ့အစည်းတွေအနေနဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ဖြစ်စေ၊ ဝန်ထမ်းတွေနဲ့ဖြစ်စေ နှစ်သစ်ကို တူတူကြိုဆိုဖို့ စဉ်းစားထားတယ်ဆိုရင်တော့ Corporate Packages လေးလည်း အထူးစျေးနှုန်းနဲ့ရှိနေပြီး ပွဲနေ့မှာ ဆိုင်ခန်းယူ ဆိုင်လာဖွင့်ချင်သူများအတွက်လည်း အစီစဥ်တစ်ခု ရှိနေပါတယ်။
အသေးစိတ်သတင်းအချက်အလက် သိချင်တယ်ဆိုရင်တော့ အမှတ် ၁၀ မြကန်သာ (၂)လမ်း ၊ ကမာရွတ်မြို့နယ်ကို လူကိုင်တိုင်လာရောက် စုံစမ်းနိုင်သလို Page ရဲ့ Message Box အပြင် Hotline နံပါတ် (09-451010789) ကတဆင့်လည်း မေးမြန်းနိုင်ပါကြောင်း ချစ်ခင်လေးစားစွာနဲ့ အသိပေးအပ်ပါတယ် ခင်ဗျာ။
တန်.တန်.တန်. အစီအစဉ်တွေနဲ့ 𝐑𝐨𝐚𝐝 𝐓𝐨 𝟐𝟎𝟐𝟎 𝐑𝐨𝐚𝐝 𝐓𝐨 𝐖𝐚𝐭𝐞𝐫𝐛𝐨𝐨𝐦 𝐜𝐨𝐮𝐧𝐭𝐝𝐨𝐰𝐧 ပွဲကြီးကို လာဖို့ ဖိတ်ခေါ်လိုက်ပါတယ်..ကဲ အပီ ကဲပြီလေ...
13/12/2019
တန်.တန်.တန်. အစီအစဉ်တွေနဲ့ 𝐑𝐨𝐚𝐝 𝐓𝐨 𝟐𝟎𝟐𝟎 𝐑𝐨𝐚𝐝 𝐓𝐨 𝐖𝐚𝐭𝐞𝐫𝐛𝐨𝐨𝐦 𝐜𝐨𝐮𝐧𝐭𝐝𝐨𝐰𝐧 ပွဲကြီးကို လာဖို့ ဖိတ်ခေါ်လိုက်ပါတယ်..
ကဲ အပီ ကဲပြီလေ...
အပီမကဲကြခင် လက်မှတ်အကြောင်းကို တစ်ချက်လောက် ပြောပြချင်ပါတယ်။ အသေးစိတ်ရှင်းပြချင်တယ်ဆိုတာက ချစ်ခြင်းအားဖြင့်ပေါ့နော်။
လာမယ့် ၂၀၂၀ နှစ်သစ်ကို ကြိုဆိုမယ့် ဒီ 𝐑𝐨𝐚𝐝 𝐓𝐨 𝟐𝟎𝟐𝟎 𝐑𝐨𝐚𝐝 𝐓𝐨 𝐖𝐚𝐭𝐞𝐫𝐛𝐨𝐨𝐦 𝐜𝐨𝐮𝐧𝐭𝐝𝐨𝐰𝐧 ပွဲမှာ လက်မှတ် အမျိုးအစား (၂) မျိုးရှိပါတယ်။
GA အမျိုးအစားနဲ့ VIP အမျိုးအစားပါ။
ဟုတ်ပြီ.. ဝယ်ယူသူ ပရိသတ်တွေ အကျိုးများမယ့် VIP အမျိုးအစားအကြောင်းကိုပဲ ရှင်းပြလိုက်တော့မယ်။ ရက်ကလည်း သိပ်နီးနေတော့ မရလိုက်မှာစိုးလို့။ ဒီလိုပြောလို့ GA က အကျိုးမရှိဘူးလို့ ပြောချင်တာမဟုတ်ဘူးနော်။ သူ့မှာလည်း ရှယ်တွေပါတယ်။ ဆိုလိုတာက ဒီပွဲရဲ့ လက်မှတ်နဲ့ ပတ်သက်ပြီး ပိုမိုကောင်းတဲ့ သတင်းအချက်အလက်ကို ဝယ်ယူအားပေးမယ့် ပရိသတ်တွေ စိတ်ထဲ ဒဲ့ထိ၊ ဒဲ့ရှင်းချင်တဲ့ ဆန္ဒကြောင့်ပါ။
GA နဲ့ VIP အတွက် ဒါတွေ ရှိတယ်။ ဒီလက်မှတ်တွေသာ ကိုင်လာခဲ့ အလန်းစား 𝐋𝐮𝐜𝐤𝐲𝐝𝐫𝐚𝐰 အစီအစဉ်တွေက ကြိုလင့်နေမှာ။
𝐢𝐩𝐡𝐨𝐧𝐞-𝐗 ❟ 𝐋𝐚𝐩𝐭𝐨𝐩❟ 𝐕𝐢𝐯𝐨 𝐬𝐦𝐚𝐫𝐭 𝐩𝐡𝐨𝐧𝐞❟𝐒𝐦𝐚𝐫𝐭 𝐖𝐚𝐭𝐜𝐡 ❟ 𝐘𝐚𝐧𝐠𝐨𝐧 𝐖𝐚𝐭𝐞𝐫𝐛𝐨𝐨𝐦 ဝင်ခွင့် 𝐕𝐈𝐏 𝐭𝐢𝐜𝐤𝐭𝐬❟ 𝐘𝐚𝐧𝐠𝐨𝐧 𝐖𝐚𝐭𝐞𝐫𝐛𝐨𝐨𝐦 𝐖𝐢𝐧 𝐒𝐏𝐀 အစရှိတဲ့ ဆုမဲတွေနဲ့ အခြားဆုမဲပေါင်းများစွာ ရရှိနိုင်မယ့် အခွင့်အရေး။
ဒါတင်ပဲလား။ မရသေးဘူး။ ပေးချင်သေးတယ်။ ဒီမှာ အပေါ်မှာ ဝေ့ခဲ့တဲ့ VIP လက်မှတ်အကြောင်းလာပြီ။ Beer (𝟐𝐜𝐮𝐩 𝐟𝐫𝐞𝐞) တဲ့ No ဒီလောက်နဲ့ တက်မလာနဲ့ ရင်မခုန်သေးဘူး။ VIP Tickets တွေကို အားပေးတဲ့ ပရိသတ်တွေအတွက် ဒီပွဲမလုပ်ခင် ဒီဇင်ဘာ ၁၅ ရက်မှာ ကြေညာမယ့် အထူးလျှို့ဝှက်ထားတဲ့ အစီအစဉ်ပဲ။ ဒါပဲ စိတ်ဝင်စားတယ်။ စီစဉ်သူတွေက အားပေးတဲ့ ပရိသတ်တွေကို Surprise အကြီးကြီးချပြဖို့ လှုပ်ရှားနေကြတာပါ။ ဒီတစ်ခုတော့ မပြောဘူး။ လန်းမှာ သေချာတယ်လေ။
၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့မှာ ကျင်းပမယ့် 𝐑𝐨𝐚𝐝 𝐭𝐨 𝟐𝟎𝟐𝟎 𝐑𝐨𝐚𝐝 𝐭𝐨 𝐖𝐚𝐭𝐞𝐫𝐛𝐨𝐨𝐦 ပွဲကြီးအတွက် တေးသံရှင် ဝေလ၊ ဝန၊ ဝေကြီး၊ ဝိုင်းဆုခိုင်သိန်း၊ ဝိုင်းလေးတို့က ဖျော်ဖြေ တင်ဆက်ပေးသွားမှာပါ။ ထူးခြားချက်တစ်ခုက စီစဉ်သူတွေဟာ ပရိသတ်တွေကို ပြည့်ပြည့်ဝဝ အပီလုပ်ပေးဖို့ နာမည်မှာ (ဝ) ပါတဲ့ အနုပညာရှင်တွေကိုပဲ ဖိတ်ခေါ်ထားတာ ထူးခြားချက်ပါ။
ဒါအပြင် သိပ်ချစ်စရာကောင်းတဲ့ 𝐃𝐣 𝐊𝐚𝐧𝐝𝐢 𝐊 ကလည်း အလန်းအပျံစား တီးခတ်ဖျော်ဖြေပေးသွားမယ့်အပြင် တက်သစ်စ 𝐃𝐣 𝐃𝐣-𝐀𝐦 ကလည်း ပါဝင် ဖျော်ဖြေသွားမှာ ဖြစ်ပါတယ်။ 𝐋𝐢𝐟𝐞 𝐚𝐧𝐝 𝐃𝐚𝐧𝐜𝐞 အကအဖွဲ့ကလည်း မြူးကြွတဲ့ ကကွက်ဆန်းတွေနဲ့အတူ ပါဝင်တင်ဆက်ပေးမှာဖြစ်လို့ အလန်းလွန် အလွန်လန်းပါပဲ။
ကဲ နောက်တစ်ချက်။ ဒီလိုအလန်းစားအစီအစဉ်တွေ လုပ်ပေးထားလို့ လက်မှတ်ဈေးကိုလည်း ကြည့်ပါဦး။ G𝐀-𝟏𝟓𝟎𝟎𝟎 Ks၊ 𝐕𝐈𝐏-𝟐𝟎𝟎𝟎𝟎 Ks (𝟐𝐜𝐮𝐩 𝐟𝐫𝐞𝐞) ပါတဲ့။ တန်လွန်းပါတယ်။
ဒီတော့ ရှင်းသွားပါပြီနော်။ 𝐑𝐨𝐚𝐝 𝐓𝐨 𝟐𝟎𝟐𝟎 𝐑𝐨𝐚𝐝 𝐓𝐨 𝐖𝐚𝐭𝐞𝐫𝐛𝐨𝐨𝐦 𝐜𝐨𝐮𝐧𝐭𝐝𝐨𝐰𝐧 ပွဲကပေးတဲ့ စိတ်ကျေနပ်စရာကောင်းတဲ့ အစီအစဥ်တွေက ပရိသတ်တွေရဲ့ ပျော်ရွှင်မှုကို အဆုံးစွန်ပေးနိုင်မယ်လို့ ယုံကြည်ပါတယ်။
𝐑𝐨𝐚𝐝 𝐓𝐨 𝟐𝟎𝟐𝟎 𝐑𝐨𝐚𝐝 𝐓𝐨 𝐖𝐚𝐭𝐞𝐫𝐛𝐨𝐨𝐦 𝐜𝐨𝐮𝐧𝐭𝐝𝐨𝐰𝐧 သွားဖို့ စိတ်ဝင်စားရင် လက်မှတ်ဝယ်ယူဖို့အတွက် အသေးစိတ်နဲ့ သတင်းအချက်အလက်တွေကို ဒီ Page ရဲ့ Message Box နဲ့ ဖုန်း 09451010789 ကို ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်။
တေးသံရှင် တင်ဇာမော်နဲ့အတူ ၂၀၂၀ နှစ်သစ်ကို ကြိုဆိုဖို့ အသင့်ဖြစ်ပြီလားMyanmar Idol Season – 4 ရဲ့ ဒိုင်တစ်ဦးဖြစ်သလို ပရိသ...
12/12/2019
တေးသံရှင် တင်ဇာမော်နဲ့အတူ ၂၀၂၀ နှစ်သစ်ကို ကြိုဆိုဖို့ အသင့်ဖြစ်ပြီလား
Myanmar Idol Season – 4 ရဲ့ ဒိုင်တစ်ဦးဖြစ်သလို ပရိသတ်တွေရဲ့ ရင်ထဲမှာ Rock ၊ Pop ၊ Pop Rock သီချင်းပုံစံအမျိုးအစားတွေနဲ့ လက်ရှိချိန်ထိ မင်းမူထားတဲ့ အမျိုးသမီးတေးသံရှင် တင်ဇာမော်နဲ့အတူ New Year Eve Party ကို ဖြတ်သန်းချင်ပါသလား….?
ဒါဆိုရင်တော့ သိပ်စဉ်းစားမနေပါနဲ့ လက်မှတ်တွေက ကန့်သတ်ချက်ရှိလို့ အခုပဲ ကြိုတင်ဝယ်ယူလိုက်ပါတော့..။
ဒီ New Year Eve Party မှာ တေးသံရှင် တင်ဇာမော်ကတော့ Dream Lover Band နဲ့အတူ မြိုင်မြိုင်ဆိုင်ဆိုင် ဖျော်ဖြေတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။
လာမယ့် ဒီဇင်ဘာ ၃၁ ရက်နေ့မှာ ဆင်နွှဲမှာဖြစ်လို့ အခုကတည်းက လက်မှတ်တွေကို ကြိုတင်ဝယ်ယူထားဖို့ မမေ့နဲ့နော်…။
တေးသံရှင် တင်ဇာမော်နဲ့အတူ ၂၀၂၀ ခုနှစ် နှစ်သစ်ကို ကြိုဆိုဖို့ အဲ့ဒီနေ့ အဲ့ဒီည Sky Star Hotel (7:00 PM) မှာ ဆုံကြမယ်။
လက်မှတ်ဝယ်ယူချင်တယ်ဆိုရင်တော့ လက်ရှိ Page ရဲ့ Message Bo​x ကနေ စုံစမ်းဝယ်ယူနိုင်သလို၊ HOTLINE 09451010789 ကို ဆက်သွယ်ပြီးလည်း ဝယ်ယူနိုင်ပါတယ်။
New Year Eve Party !!!
Time - 31.12.2019 (Open Door 7:00 PM. Party Starts: 8:00 PM to 2020)
Place - Sky Star Hotel
Ticket Price - 50000 Ks (Limited Tickets)
< Unicode >အမျိုးတို့ရေ…!နှလုံးသားတိုင်းကို ဆေးပေါင်းခပေးမယ့် ဂန္တဝင်ဂီတညကြီး တစ်ညကတော့ မကြာခင် ရောက်ရှိလာပါတော့မယ်။ ၂၀၁...
24/10/2019
< Unicode >
အမျိုးတို့ရေ…!
နှလုံးသားတိုင်းကို ဆေးပေါင်းခပေးမယ့် ဂန္တဝင်ဂီတညကြီး တစ်ညကတော့ မကြာခင် ရောက်ရှိလာပါတော့မယ်။ ၂၀၁၉ ခုနှစ်ရဲ့ “ဆေးပေါင်းခတဲ့ ရန်ကုန်ည” မှာ Rock ဘုရင်ကြီး ဦးညီထွဋ်ရဲ့ ဂန္တဝင် Rock ဂီတတေးသွားတွေက အမျိုးတို့ရဲ့ မောပမ်းနွမ်းနယ်နေတဲ့ နှလုံးသားတိုင်းကို ဆေးပေါင်းခပြီး အေးမြငြိမ်း ချမ်းစေမှာပါ။ ဒီတစ်ခါ ဦးညီထွဋ်ကြီးနဲ့အတူတူ ဆေးပေါင်းခပေးသွားကြမယ့် နောက်ထပ် အနုပညာရှင်တွေလည်း ပါဝင်လာပါတယ်နော်…
သူတို့ကတော့
🎤 J မောင်မောင်
🎤 ဦးရင်ဂို၊
🎤 Big Bag၊
🎤 Idiots၊
🎤 ဝေလ၊
🎤 Extant နဲ့ Eternal Gosh တို့ပဲ ဖြစ်ပါတယ်။
နာမည်ကြီးတွေ ပါဝင်မှာဖြစ်တဲ့အတွက် ဆေးပေါင်း အများကြီးခဖို့ သေချာသွားပါပြီ။
နှလုံးသားတွေ အဆိပ်သင့်နေတယ်၊ပင်ပန်းနွမ်းနယ်နေတယ်ဆိုရင်တော့ လာမယ့် နိုဝင်ဘာ၊ ၁၁ ရက်နေ့မှာ ကျင်းပမယ့် Rock ဘုရင်ကြီး ဦးညီထွဋ်တို့ရဲ့ “ဆေးပေါင်းခတဲ့ ရန်ကုန်ည” မှာ ဂန္တဝင် Rock တေးသွားတွေ နားဆင်အားပေးရင်း ကုစားလိုက်ကြရအောင်လားဗျာ။ 
အမျိုးတို့အားလုံး ဆေးပေါင်းခနိုင်ဖို့၊ Rock နိုင်ဖို့ အတွက် MMTiX က GA Ticket တွေကို Promotion ဈေးနှုန်းတွေနဲ့ ရောင်းချပေးနေပါပြီ။
Regular Price 10,000 Ks ကို အထူးပရိုမိုးရှင်းဈေး 9,000 Ks နဲ့ ဝယ်ယူနိုင်မှာ ဖြစ်လို့ MMTiX Hotline: 09-451010789 ဆီ အခုပဲဆက်ပြီး ဝယ်ယူလိုက်တော့နော်။
ပွဲအချက်အလက် အသေးစိတ်
📆 နေ့စွဲ >>> နိုဝင်ဘာ၊ ၁၁ ရက်၊ ၂၀၁၉ ခုနှစ်၊ တနင်္လာနေ့။
⏰ အချိန် >>> ညနေ ၆ နာရီ - ၁၁ နာရီ
🏠 နေရာ >>> Thuwannabumi Event Park
လက်မှတ်ဈေးနှုန်း အသေးစိတ်
💵 GA Ticket (Promotion Price) >>> 9,000 MMK
< Zawgyi >
အမျိုးတို့ရေ…!
သူတို့ကတော့
🎤 J မောင်မောင်
🎤 ဦးရင်ဂို၊
🎤 Big Bag၊
🎤 Idiots၊
🎤 ဝေလ၊
< Unicdoe >အမျိုးတို့ရေ…! နှလုံးသားတိုင်းကို ဆေးပေါင်းခပေးမယ့် ဂန္တဝင်ဂီတညကြီး တစ်ညကတော့ မကြာခင် ရောက်ရှိလာပါတော့မယ်။ ၂၀...
04/10/2019
< Unicdoe >
အမျိုးတို့ရေ…!
နှလုံးသားတိုင်းကို ဆေးပေါင်းခပေးမယ့် ဂန္တဝင်ဂီတညကြီး တစ်ညကတော့ မကြာခင် ရောက်ရှိလာပါတော့မယ်။ ၂၀၁၉ ခုနှစ်ရဲ့ “ဆေးပေါင်းခတဲ့ ရန်ကုန်ည” မှာ Rock ဘုရင်ကြီး ဦးညီထွဋ်ရဲ့ ဂန္တဝင် Rock ဂီတတေးသွားတွေက အမျိုးတို့ရဲ့ မောပမ်းနွမ်းနယ်နေတဲ့ နှလုံးသားတိုင်းကို ဆေးပေါင်းခပြီး အေးမြငြိမ်း ချမ်းစေမှာပါ။ ဒီတစ်ခါ ဦးညီထွဋ်ကြီးနဲ့အတူတူ ဆေးပေါင်းခပေးသွားကြမယ့် နောက်ထပ် အနုပညာရှင်တွေလည်း ပါဝင်လာပါတယ်နော်…သူတို့ကတော့
🎤 J မောင်မောင်
🎤 ဦးရင်ဂို၊
🎤 Big Bag၊
🎤 Idiots၊
🎤 ဝေလ၊
🎤 Extant နဲ့ Eternal Gosh တို့ပဲ ဖြစ်ပါတယ်။
နာမည်ကြီးတွေ ပါဝင်မှာဖြစ်တဲ့အတွက် ဆေးပေါင်း အများကြီးခဖို့ သေချာသွားပါပြီ။
နှလုံးသားတွေ အဆိပ်သင့်နေတယ်၊ပင်ပန်းနွမ်းနယ်နေတယ်ဆိုရင်တော့ လာမယ့် နိုဝင်ဘာ၊ ၁၁ ရက်နေ့မှာ ကျင်းပမယ့် Rock ဘုရင်ကြီး ဦးညီထွဋ်တို့ရဲ့ “ဆေးပေါင်းခတဲ့ ရန်ကုန်ည” မှာ ဂန္တဝင် Rock တေးသွားတွေ နားဆင်အားပေးရင်း ကုစားလိုက်ကြရအောင်လားဗျာ။ 
အမျိုးတို့အားလုံး ဆေးပေါင်းခနိုင်ဖို့၊ Rock နိုင်ဖို့ အတွက် MMTiX က GA Ticket တွေကို Promotion ဈေးနှုန်းတွေနဲ့ ရောင်းချပေးနေပါပြီ။
Regular Price 10,000 Ks ကို အထူးပရိုမိုးရှင်းဈေး 7,000 Ks နဲ့ ဝယ်ယူနိုင်မှာ ဖြစ်လို့ MMTiX Hotline: 09-451010789 ဆီ အခုပဲဆက်ပြီး ဝယ်ယူလိုက်တော့နော်။
ပွဲအချက်အလက် အသေးစိတ်
📆 နေ့စွဲ >>> နိုဝင်ဘာ၊ ၁၁ ရက်၊ ၂၀၁၉ ခုနှစ်၊ တနင်္လာနေ့။
⏰ အချိန် >>> ညနေ ၆ နာရီ - ၁၁ နာရီ
🏠 နေရာ >>> Thuwannabumi Event Park
လက်မှတ်ဈေးနှုန်း အသေးစိတ်
💵 GA Ticket (Regular Price) >>> 10,000 MMK
💵 GA Ticket (Promotion Price) >>> 7,000 MMK
< Zawgyi >
အမျိုးတို့ရေ…!
🎤 J မောင်မောင်
🎤 ဦးရင်ဂို၊
🎤 Big Bag၊
🎤 Idiots၊
🎤 ဝေလ၊
BORN TO ROCK အတွက် Regular Ticket တွေ အချိန်မှီဝယ်ထားကြရအောင်အမျိုးတွေအားလုံး …ဒီနေ့ကတော့ BORN TO ROCK ရဲ့ Pre Order Tic...
01/10/2019
BORN TO ROCK အတွက် Regular Ticket တွေ အချိန်မှီဝယ်ထားကြရအောင်
အမျိုးတွေအားလုံး …ဒီနေ့ကတော့ BORN TO ROCK ရဲ့ Pre Order Ticket တွေ မှာလို့ရမယ့် နောက်ဆုံးနေ့ ဖြစ်ပါတယ်။ မနက်ဖြန် Oct/1/2019 နေ့ကစပြီး Regular Ticket ဈေးနဲ့ပဲ ဆက်လက်ရောင်းချပေးသွားတော့မှာ ဖြစ်ပါတယ်။ အရင် Pre Order မှာထားပြီးသား အမျိုးတွေကလည်း ကိုယ်မှာထားတဲ့ Pre Order Ticket တွေကို Oct 1 ရက်နေ့ကနေ Oct 9 ရက်နေ့အထိ MMTiX ရုံးကို လာရောက်ပြီး ထုတ်ယူနိုင်မှာပါ။
*Regular Ticket တွေလည်း ခဏလေးနဲ့ ကုန်သွားဖြစ်လို့ မြန်မြန်ဝယ်ထားနိုင်ရင်တော့ အကောင်းဆုံးပါပဲ။ ကဲ မနက်ဖြန်က စပြီး ဝယ်ယူနိုင်မယ့် Regular Ticket တွေရဲ့ အမျိုးအစားနဲ့ ဈေးနှုန်းတွေကတော့-
Regular Ticket Sale @
• GA Ticket >> 12,000 MMK
• VIP Ticket >> 40,000 MMK
• VVIP Ticket >> 80,000 MMK
👉ပွဲအချက်အလက် အသေးစိတ်
🗓 နေ့စွဲ။ ။ Saturday, October 12, 2019
🕔 အချိန်။ ။ 5 PM – 11 PM
🏛 နေရာ။ ။ Thuwunnabhumi Event Park
ကဲ… IC ပွဲကို လက်လွှတ်မခံချင်ဘူးဆိုရင်တော့ MMTiX ဆီ ဖုန်းမြန်မြန်ဆက်ပြီး Ticket တွေ ရယူထားလိုက်ကြပါ အမျိုးတို့။ MMTiX page ကို Message ပို့ပြီးတော့လည်း မှာယူနိုင်ပါတယ်။ ကိုယ်တိုင် လာရောက် မဝယ်ယူနိုင်တဲ့ သူတွေအတွက်လည်း MMTiX က အိမ်တိုင်ရာရောက် (ရန်ကုန်ဧရိယာအတွင်း) ချိုသာတဲ့ Delivery Service နဲ့ အမြန်ပို့ဆောင်ပေးမှာ ဖြစ်ပါတယ်။
📞MMTiX Hotline: 09 777013406, 09451010789
📭 MMTiX Facebook Messenger: https://www.facebook.com/mmtix/
BORN TO ROCK အတွက် Regular Ticket တွေ အချိန်မှီဝယ်ထားကြရအောင်
အမျိုးတွေအားလုံး …ဒီနေ့ကတော့ BORN TO ROCK ရဲ့ Pre Order Ticket တွေ မှာလို့ရမယ့် နောက်ဆုံးနေ့ ဖြစ်ပါတယ်။ မနက်ဖြန် Oct/1/2019 နေ့ကစပြီး Regular Ticket ဈေးနဲ့ပဲ ဆက်လက်ရောင်းချပေးသွားတော့မှာ ဖြစ်ပါတယ်။ အရင် Pre Order မှာထားပြီးသား အမျိုးတွေကလည်း ကိုယ်မှာထားတဲ့ Pre Order Ticket တွေကို Oct 1 ရက်နေ့ကနေ Oct 9 ရက်နေ့အထိ MMTiX ရုံးကို လာရောက်ပြီး ထုတ်ယူနိုင်မှာပါ။
*Regular Ticket တွေလည်း ခဏလေးနဲ့ ကုန်သွားဖြစ်လို့ မြန်မြန်ဝယ်ထားနိုင်ရင်တော့ အကောင်းဆုံးပါပဲ။ ကဲ မနက်ဖြန်က စပြီး ဝယ်ယူနိုင်မယ့် Regular Ticket တွေရဲ့ အမျိုးအစားနဲ့ ဈေးနှုန်းတွေကတော့-
Regular Ticket Sale @
• GA Ticket >> 12,000 MMK
• VIP Ticket >> 40,000 MMK
• VVIP Ticket >> 80,000 MMK
👉ပွဲအချက်အလက် အသေးစိတ်
🗓 နေ့စွဲ။ ။ Saturday, October 12, 2019
🕔 အချိန်။ ။ 5 PM – 11 PM
🏛 နေရာ။ ။ Thuwunnabhumi Event Park
ကဲ… IC ပွဲကို လက်လွှတ်မခံချင်ဘူးဆိုရင်တော့ MMTiX ဆီ ဖုန်းမြန်မြန်ဆက်ပြီး Ticket တွေ ရယူထားလိုက်ကြပါ အမျိုးတို့။ MMTiX page ကို Message ပို့ပြီးတော့လည်း မှာယူနိုင်ပါတယ်။ ကိုယ်တိုင် လာရောက် မဝယ်ယူနိုင်တဲ့ သူတွေအတွက်လည်း MMTiX က အိမ်တိုင်ရာရောက် (ရန်ကုန်ဧရိယာအတွင်း) ချိုသာတဲ့ Delivery Service နဲ့ အမြန်ပို့ဆောင်ပေးမှာ ဖြစ်ပါတယ်။
📞MMTiX Hotline: 09 777013406, 09451010789
📭 MMTiX Facebook Messenger: https://www.facebook.com/mmtix/
ROCKER အမျိုးအားလုံး ပြန်ဆုံကြမယ့် IRON CROSS ရဲ့ BORN TO ROCKRock ဂီတပွဲကြီးတွေ မနွှဲရတာ အတော်ကြာပြီဆိုတဲ့ Rocker တို့အာ...
28/08/2019
ROCKER အမျိုးအားလုံး ပြန်ဆုံကြမယ့် IRON CROSS ရဲ့ BORN TO ROCK
Rock ဂီတပွဲကြီးတွေ မနွှဲရတာ အတော်ကြာပြီဆိုတဲ့ Rocker တို့အားလုံးအတွက် ၊ Rock ဂီတကိုမှ အရူးအမူးချစ်ပါတယ်ဆိုတဲ့ Rocker ကြီးတို့အားလုံးအတွက် IRON CROSS BORN TO ROCK ဂီတဖျော်ဖြေပွဲကြီး လာပါပြီ။
• ခေတ်တွေ၊ ရာစုတွေ ပြောင်းသွားပါစေ။ ရင်ထဲမှာ Rock အသွေးအသားတွေပဲ အမြဲထာဝရ စီးဆင်းနေတယ်ဆိုတဲ့ Rocker တို့ရဲ့ပွဲ။
• ကိုလေးကြီး၊ ကိုအငဲကြီး၊ ကိုမျိုးကြီးနဲ့ ကိုဝိုင်ဝိုင်းတို့လို Iron Cross က Rock ဘိုးအေကြီးတွေရဲ့ လတ်လတ်ဆတ်ဆတ် ပေါက်ကွဲဟစ်ကြွေးသံတွေကို အားရပါးရ နားဆင်ခံစားရမယ့် ပွဲ။
• Rock ဂီတသံစဉ်တွေကို ပက်ပက်စက်စက် ငတ်ပြတ်ဆာလောင်နေကြတာ အတော်ကြာပြီဆိုတဲ့ “Rocker တွေ အားလုံးအားလုံး” အားရကျေနပ်ရမယ့် တကယ့် Heavy Rock Concert ကြီး ။
• Rock သံစဉ်တွေကိုပဲ နားဆင်ဖို့ သစ္စာရှိရှိလွမ်းဆွတ်စောင့်စားနေသူအားလုံးအတွက် BORN TO ROCK က ဆာလောင်မွတ်သိပ်မှုတွေ 100 % ကျော်လွန်တဲ့ထိ ပြန်လည်ပြည့်ဝစေမယ့် ပွဲကြီး ဖြစ်ပါတယ်။
👉မှတ်ချက်။ ။ *Early Bird Pre-Order လက်ခံမည့်အချိန်နဲ့ နေ့ရက်ကတော့- (22.8.2019 ကနေ 30.9.2019 အထိ) ဖြစ်ပါတယ်။
*Pre-order Ticket ထုတ်ယူနိုင်မယ့် ရက် ကတော့ - (1.10.2019 ကနေ 10.10.2019 အထိ) ဖြစ်ပါတယ်။
👉ပွဲအချက်အလက် အသေးစိတ်တွေကတော့-
🕔 အချိန်။ ။ 5 PM – 11 PM
👉လက်မှတ်ဈေးနှုန်းနှင့် အမျိုးအစားများ
• GA (Standing) – 12,000 Ks
• VIP (Standing) – 40,000 Ks
• VVIP (Seating) – 80,000 Ks
👉Early Bird Pre-Order လက်မှတ်ဈေးနှုန်းနှင့် အမျိုးအစားများ
• Early Bird Pre-Order GA (Standing) – 10,000 Ks (Normal Price – 12,000 Ks)
• Early Bird Pre-Order VIP (Standing) – 30,000 Ks (Normal Price – 40,000 Ks)
• Early Bird Pre-Order VVIP (Seating) – 60,000 Ks (Normal Price – 80,000 Ks)
👉Early Bird Pre-Order အခွင့်အရေး
• 1 GA (Standing) Tickets – (100) T-Shirts Lucky Draw
• 1 VIP (Standing) Ticket – 2 coupons of BAWDAR
• 1 VVIP (Seating) Ticket – 1 Iron Cross Born To Rock T-Shirt + 4 coupons of BAWDAR
DINOSAUR ကြီးတွေနဲ့အတူ Rave ရမယ့် WATERZONIC MYANMAR သုံးနှစ်ပြည့်ပွဲကြီး2019 ရဲ့ အလန်းဆုံး EDM Festival လာပြီနော် Raver...
21/08/2019
DINOSAUR ကြီးတွေနဲ့အတူ Rave ရမယ့် WATERZONIC MYANMAR သုံးနှစ်ပြည့်ပွဲကြီး
2019 ရဲ့ အလန်းဆုံး EDM Festival လာပြီနော် Raver တို့ရေ !!
အောက်တိုဘာလ ၅ရက်နေ့၊ The One Entertainment Park မှာ ကျင်းပမယ့် ဒီပွဲကြီးက Waterzonic Myanmar ရဲ့ သုံးနှစ်ပြည့်ပွဲကြီးဆိုတော့ ပုံမှန် EDM Festival တွေနဲ့ လုံးဝမတူတဲ့ ခံစားမှုအသစ်စက်စက်ကို ရဖို့ 100 % သေချာတဲ့ Festival ကြီးပေါ့။ မီးကုန်ယမ်းကုန် Rave လို့ရမယ့် Dubstep Beats တွေက October 5 ရက်နေ့ရောက်ရင် WATERZONIC MYANMAR 2019 FESTIVAL မှာ ပေါက်ကွဲ ပျံ့လွင့်လာတော့မှာဆိုတော့ ခုပဲ လက်မှတ်တွေ အမြန် ၀ယ်ယူထားလိုက်ရအောင်လား။
ဒီနှစ် WATERZONIC ပွဲမှာ အရင်နှစ်တွေထက် ပိုထူးခြားတာတစ်ခုကတော့ ဒိုင်နိုဆောကြီးတွေလည်း Rave ကြမှာတဲ့။ တကယ့် ဒိုင်နိုင်ဆောကြီးတွေတော့ မဟုတ်ဘူးပေါ့ (insert emoji) အလန်းစား Visual Effect တွေနဲ့အတူ Cybertron တွေ၊ Robot တွေနဲ့ အံ့မခန်းဖြစ်အောင် စီစဉ်ထားလို့ တကယ်ကြီးလို့ထင်ရတဲ့ လောကသစ်တစ်ခုထဲမှာ Rave ရမှာနော်။
WATERZONIC MYANMAR 2019 မှာ Headliner အဖြစ် လာရောက်ဖျော်ဖြေပေးမယ့်သူကတော့ EXCISION ဖြစ်ပါတယ်။ သူကတော့ 2019 ရဲ့ ကမ္ဘာ့အကောင်းဆုံး Dubstep ဆရာကြီး ၁၀ ယောက်ထဲမှာ ထိပ်ဆုံးက Skrillex ပြီးရင် နံပါတ် (၂) ချိတ်ထားတဲ့သူပါ။ Canadian Dubstep Producer ကြီး Datsik ရဲ့ မိတ်ဆွေလည်း ဖြစ်၊ ကိုယ်တိုင်ကလည်း Producer & DJ ဖြစ်တဲ့ EXCISION ဟာ Dubstep Genre တွေပဲ Release လုပ်နေတဲ့ ROTTUN RECORDING ရဲ့ Founderလည်း ဖြစ်ပါတယ်။
ကဲ ကဲ…ဒီတော့ အရမ်းအရမ်းကို ရင်ခုန်ပျော်ရွှင်ရမယ့် WATERZONIC MYANMAR 2019-EDM Festival ကြီးရဲ့ တောက်ပတဲ့ Fireworks တွေ၊ စိမ့်စိမ့်လေးအေးနေမယ့် ရေပန်းတွေ၊ ဘက်ပေါင်းစုံကနေ ဖြာဆင်းနေမယ့် Lighting အလင်းတန်းကြီးတွေကြားမှာ Beat သံ အမိုက်စားတွေနဲ့ အပြတ် Ro ချင်တဲ့ စုံတွဲတွေရှိလား ? ဒါမှမဟုတ် ဘော်ဒါတွေ အုပ်စုလိုက်ကြီး အားရပါးရ Rave မယ် ကဲမယ်ဆိုတဲ့ Bro တွေ....Sis တွေရော ရှိလား? ရှိတယ်ဆိုရင်တော့ WATERZONIC MYANMAR 2019 ရဲ့ မမေ့နိုင်တဲ့ အကောင်းဆုံး အမှတ်တရတွေနဲ့ မလွဲရအာင် MMTIX က Early Bird Ticket တွေကို အထူးဈေးနှုန်းတွေနဲ့ စောစောစီးစီး ၀ယ်ယူရရှိနိုင်ပြီဖြစ်တဲ့အကြောင်း သတင်းကောင်းပါးလိုက်ပါပြီနော်။
လက်မှတ်ဈေးနှုန်းတွေကတော့....
 GA Tickets (Early Bird Price) >>>> 45,000 MMK
 VIP Tickets (Early Bird Price) >>>> 70,000 MMK
EVENT DATE: Saturday 4PM, October 5, 2019
EVENT LOCATION: The ONE Entertainment Park
For Tickets: MMTIX’S HOT LINE-09 7770 13406
(Call Now to grab Your Tickets)
Invasion 2019 မှာ Hard Style နဲ့ အပြတ်နွှဲကြမယ်မှတ်လား? Moosoon ရဲ့ မိုးသားတွေ၊ လျှပ်စီးတွေကြားမှာ Hard Style စည်းချက်တွေ...
05/08/2019
Invasion 2019 မှာ Hard Style နဲ့ အပြတ်နွှဲကြမယ်မှတ်လား? Moosoon ရဲ့ မိုးသားတွေ၊ လျှပ်စီးတွေကြားမှာ Hard Style စည်းချက်တွေနဲ့အတူ မျောလွင့်ကြမယ်၊ အပြတ်ဖြုတ်ကြမယ် OK ! အရေးကြီးတာက လက်မှတ်တွေကို စောစောလေး ဝယ်ထားကြဖို့ပါပဲ။ မကြာခင်လေးမှာပဲ လက်မှတ်အားလုံး Regular Price နဲ့ ရောင်းသွား တော့မှာဖြစ်လို့ Early Bird Price နဲ့ အချိန်မှီလေး ဝယ်ထားဖို့ လက်တို့လိုက်ပါတယ်နော်။ လက်မှတ်ဈေးနှုန်းတွေကတော့-
Early Bird GA Ticket -- 100% Sold Out
Regular GA Ticket -- 35,000 MMK
Early Bird VIP Ticket -- 50,000 MMK (Early Bird နဲ့ ဝယ်လို့ ရသေးတယ် Just Hurry Up Guys!)
Regular VIP Ticket -- 70,000 MMK (Soon)
EVENT DATE : 31 AUG 2019 (Saturday)
EVENT TIME : 4 PM – 12 AM
MMTIX’S HOT LINE - 09 777013406 (Call Now To Grab Your Invasion 2019 Tickets)
MMTIX ကို ဖုန်းလှမ်းဆက်ပြီး Raver တို့ လိုချင်တဲ့ Invasion လက်မှတ်တွေကို ဝယ်ယူနိုင်ပါတယ်။ MMTiX ရုံးကို ကိုယ်တိုင် သွားပြီးတော့ လက်မှတ်လာ မယူချင်ဘူးဆိုရင်လည်း MMTIX က Raver တို့ အိမ်တိုင်ရာရောက် Delivery Service နဲ့ အမြန်ပို့ပေးမှာ ဖြစ်ပါတယ်။
INVASION 2019 ကတော့ Raver တို့သိကြတဲ့အတိုင်းပါပဲ။ Monsoon ရာသီရဲ့ အသောင်းကျန်းဆုံး၊ အခမ်းနားဆုံး ဖြစ်မယ့် EDM ပွဲတော်ကြီ...
03/08/2019
INVASION 2019 ကတော့ Raver တို့သိကြတဲ့အတိုင်းပါပဲ။ Monsoon ရာသီရဲ့ အသောင်းကျန်းဆုံး၊ အခမ်းနားဆုံး ဖြစ်မယ့် EDM ပွဲတော်ကြီးပါ။ August 31 ရက်နေ့မှာ Monsoon အငွေ့အသက်တွေနဲ့အတူ Invasion 2019 ပွဲတော်ကြီးရဲ့ Hardstyle စည်းချက်တွေကလည်း ပျံလွင့်ဖို့ Ready ဖြစ်နေကြပြီဆိုတော့ Raver တို့လည်း အဆင်သင့်ဖြစ်အောင် ပြင်ထားကြတော့နော်။
ကဲ…INVASION 2019 မှာ Special ပွဲကြမ်းပေးသွားမယ့် Phase One Line Up တွေကိုလည်း သိရပြီဆိုတော့…ဘယ်သူတွေလဲဆိုတာ တစ်ချက် ရှိုးလိုက်ကြရအော င်လား? PHASE 1 LINE UP မှာ International Artist တွေအဖြစ် Gunz For Hire ၊ Sub Zero Project နဲ့ MC VILLAIN တို့ပါဝင်သွားကြမှာပါ။ LOCAL LINE UP တွေကတော့ Raver တို့ရင်းနှီးပြီးသား A L U X I O N B2B ROXA ၊ INVADER ၊ I’M PLAYER ၊ DJ SCREAM BURMA နဲ့ DJ-YL တို့က ပါဝင် ဖျော်ဖြေပေးသွား ကြမှာ ဖြစ်ပါတယ်။
Global နဲ့ Local နှစ်ခုလုံးက Hardstyle Best Talents တွေရဲ့ တစုတစည်းတည်း ဖျော်ဖြေမှုတွေကို မလွတ်တမ်း ဖမ်းဆုပ်ချင်တယ်ဆိုရင်တော့ MMTIX မှာ အခုပဲ Early Bird Ticket တွေကို ဝယ်လိုက်တော့နော် Raver တို့။
DATE : 31 AUG 2019 (Saturday)
TIME : 4 PM – 12 AM
HOT LINE - 09 777013406
Early Bird Ticket ဝယ်ရင် လုံးဝ သက်သာမှာနော်…
🔻ပုံမှန် GA Ticket Price: 35,000Ks
Early Bird GA Ticket : 25,000Ks (Save 10,000Ks)
🔻ပုံမှန် VIP Ticket Price: 70,000Ks
Early Bird VIP Ticket : 50,000Ks (Save 20,000Ks)
Early Bird Price နဲ့ August 3 ရက်နေ့အထိပဲ ဝယ်ယူနိုင်မှာ ဆိုတော့ စောစောစီးစီးလေး ဝယ်ထားမှ စိတ်ချရမှာပါ။ ကိုယ်တိုင်သွားမဝယ်ချင်တဲ့သူတွေအတွ က် MMTIX ကို ဖုန်းတစ်ချက်ဆက်ရုံနဲ့ ဝယ်ယူနိုင်ပြီဆိုတာလည်း အကြောင်းကြားချင်ပါတယ်။ Raver တို့ အိမ်အရောက် Ticket တွေကို ပို့ဆောင်ပေးမယ့် Delivery အစီအစဉ်ကို MMTIX မှာ ရယူနိုင်ပါတယ်လို့။
Raver တို့ သိရအောင်လို့ Phase 1 Line Up မှာ ပါဝင်မယ့် Internation Artist တွေအကြောင်း အောက်မှာ အနည်းငယ် ပြန်ဖော်ပြပေးလိုက်ပါတယ်နော်။
>>
GUNZ FOR HIRE : GUNZ FOR HIRE ကတော့ DJ Adaro နဲ့ Ran-D တို့နှစ်ဦးရဲ့ Dutch RawStyle Duo တစ်ခုဖြစ်ပါတယ်။ 2011 ကတည်းက Rawstyle Genre တွေကို ဇောက်ချ လုပ်လာ ခဲ့တာ ဖြစ်ပြီး အခုလက်ရှိမှာလည်း Scantraxx Record ၊ A2 Record တို့နဲ့အတူ စာချုပ်တွေ ချုပ်ထားပါတယ်။ Thrilogy တို့ Qlimax တို့လို EDM ပွဲကြီး တွေကနေ စပြီး Duo အဖြစ်နာမည်ကြီးလာတဲ့ GUNZ FOR HIRE ရဲ့ လက်ရှိ Beatport Hot အဖြစ်ဆုံး Track သုံးပုဒ်ကတော့ Kings Of Mayhem ၊ We Will Be Immortal နဲ့ Real Warrior တို့ဖြစ်ပါတယ်။ DJ Mag မှာ 2012 တုန်းက Rank #114 ၊ 2013 တုန်းက #63 ၊ 2014 မှာ Rank #101 ရခဲ့တဲ့အပြင် Hard Dance Award တစ်ခုဖြစ်တဲ့ “'Best New Face” ကိုလည်း 2012 တုန်းက ရရှိခဲ့ပါသေးတယ်။
SUB ZERO PROJECT : နောက်ထပ် Hardstyle Duo အဖွဲ့တစ်ခုကတော့ Thomas Velderman နဲ့ Nigel Coppen တို့နှစ်ယောက်ရဲ့ SUB ZERO PROJECT ပါပဲ။ Hardstyle နဲ့ပတ်သက်လာရင် နာမည်ကြီးတဲ့ Mysteryland, Intents Festival, Decibel Outdoor တို့နဲ့ Defqon.1 Weekend Festival တို့လို ပွဲကြီးတွေမှာ အောင်မြင်မှုတွေ ဆွတ်ခူးလာပြီး Qlimax 2018 ပွဲရဲ့ Anthem အဖွင့်သီချင်းဖြစ်တဲ့ “The Game Changer” နဲ့အတူ နာမည်ကျော်ကြားလာခဲ့တဲ့ Duo အဖွဲ့ ဖြစ်ပါတယ်။ Tomorrowland, EDC Las Vegas နဲ့ Electric Love Festival တို့လို နိုင်ငံတကာ EDM ပွဲကြီးတွေမှာ Raver တွေ သည်းသည်းလှုပ်အောင် ဖျော်ဖြေပေးခဲ့တဲ့ SUB ZERO PROJECT ရဲ့ Beatport မှာ လက်ရှိ Hit အဖြစ်ဆုံး Track သုံးပုဒ်ကတော့- Darkest Hour (The Clock) ၊ We Are The Fallen နဲ့ Our Church တို့ ဖြစ်ပါတယ်။ Dirty Workz နဲ့အတူ စာချုပ်ချုပ်ထား ထားတဲ့ Sub Zero Project ရဲ့ 2019 ခုနှစ်အတွက် ထွက်ရှိထားတဲ့ Contagion Album ထဲက Darkest Hour နဲ့ The Solution တို့ကလည်း စွန်းမိုက်တယ်နော် Raver တို့။ နားထောင်နေရင်းတန်းလန်းနဲ့ ပွဲကြမ်းချင်စိတ်ပေါက်သွားစေမယ့် Hardstyle Beat အလန်းစားကြီးတွေ ဖြစ်ပါတယ်။
MC VILLAIN : Hardstyle Genre တွေပဲထုတ်တဲ့ Scantraxx Recordz ရဲ့ နောက်ထပ်နာမည်ကြီး Hardstyle ဆရာတစ်ဆူကတော့ MC VILLAIN ပါ။ Stuck In Ur Head ၊ Let The Bass Go နဲ့ Evolutionz တွေနဲ့ Hardstyle လောကကို ရိုက်ခတ်သွားစေတဲ့ MC VILLAIN ရဲ့ လက်ရာတွေကို Invasion 2019 မှာ Raver တို့ လက်တွေ့ နားဆင်စီးမျောခွင့်ရကြမှာပါ။
Address
10 A, Mya Kan Thar 2nd Street
Yangon
Opening Hours
Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Telephone
+959451010789
Alerts
Be the first to know and let us send you an email when MMTIX - Your One-Stop Event Ticketing Solution in Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.
Contact The Establishment
Send a message to MMTIX - Your One-Stop Event Ticketing Solution in Myanmar:
Share
Our Story
We are one-stop online ticketing solution with flexible payment options.
Our Vision is promote the culture of online ticketing for events in Myanmar.
Our products include :
  • MMTIX Website