20/10/2025
#မိုးညရွှေတိဂုံ Oil on canvas. 36" x 26"
တခါတရံကိုယ့်friendတွေကိုကိုယ့်ပန်းချီကားတွေအပြင်မှာပြချင်မိတယ် ဓါတ်ပုံဆိုတာတကယ့်လက်ရာရဲ့တဝက်လောက်သောအရည်အသွေးတွေကိုသာပြပေးနိုင်တာ ဓာတ်ပုံကမပြပေးနိုင်တဲ့ကင်းဗတ်ပေါ်ကအသေးစိတ်လုပ်ဆောင်ချက်တွေကိုအပြင်မှာကြည့်လိုက်မှဆေးသားထုထည်နဲ့ကြွတက်နေတဲ့ ၃ဖက်မြင်အရသာမျိုးကပြပွဲမှာလာကြည့်မှခံစားရတာမျိုးပါ ဓာတ်ပုံထဲမှာဆေးသားအရောင်ကွက်လေးကအပြင်မှာလာကြည့်မှစုတ်တံ/knifeနဲ့ကလော်တင်ထားတဲ့ဆေးသားအပုံလိုက်ထုနဲ့ထည်နဲ့ကိုမြင်ရတာမျိုးပါ ပန်းချီဆရာရဲ့ရေးချက်(Workmanship)ဟာဓါတ်ပုံကင်မရာကမဖေါ်ထုတ်ပေးနိုင်ပါဘူး ဒါကြောင့်လဲပန်းချီဆရာတွေဟာတကိုယ်တော်ပြပွဲတွေကိုလုပ်ကြတာပါ ကျနော်တကိုယ်တော် ပြပွဲမလုပ်နိုင်တာဆယ်နှစ်မကတော့ပါဘူး ရေးသမျှကစုဆောင်းသူမိတ်ဆွေကြီးတွေလက်ထဲတန်းရောက်သွားတာများနေတော့publicအတွက်နစ်နာတယ်လို့မြင်မိပါတယ်😁 သူတို့ကပြောရှာပါတယ် တကိုယ်တော်ပြပွဲကျပြန်ငှားပေးပါ့မယ်တဲ့ One man show လုပ်နိုင်အောင်ကြိုးစားနေပါတယ်လို့ဘဲပြောပါရစေ။
20-10-2025