23/03/2024
🎊🎉ယနေ့ မတ်လ၂၃ ရက်နေ့ သည် ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ၏ သက်တော်(၈၄) နှစ်ပြည့် သောမွေးနေ့မင်္ဂလာရက်မြတ်ပဲဖြစ်ပါတယ်။
🙏ဆရာတော် ဘုရားကြီးဟာ ၂၂ ရက်နေ့ ည ၁၂:၃၀ မိနစ်
၂၃ ရက် ထဲအရောက်မှာ ဖွားမြင်ခဲ့ပါတယ်။
🙏လာမည့်တပေါင်းလပြည့်နေ့ (မတ်၂၄ ရက်)၌ စစ်ကိုင်းမြို့၊ မဟာသုဗောဓာရုံ ကျောင်းတိုက်တွင် ပါမောက္ခချုပ် ဆရာတော် ဘုရားကြီး၏ (၈၄) နှစ်ပြည့်မွေးနေ့ကျင်းပမည်ဖြစ်ကြောင်း သိရပါတယ်ရှင်။
🙏မဟာသုဗောဓာရုံ ကျောင်းတိုက်များ၏ ဦးစီးပဓာန နာယက၊ အဂ္ဂမဟာပဏ္ဍိတ၊ အဘိဓဇမဟာရဌဂုရု၊ ရွှေကျင်နိကာယဥပ ဥက္ကဋ္ဌ မဟာနာယက၊ ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်ကြီး၏ သက်တော် (၈၄) နှစ်ပြည့် ဝိဇာတမွေးနေ့ အထိမ်းအမှတ် ကုသိုလ်ကို တပေါင်းလပြည့်နေ့တွင်ပြုလုပ်မည်ဖြစ်ပါတယ်။
🙏မွေးနေ့အလှုအဖြစ် စစ်ကိုင်းမြို့၊ မဟာသုဗောဓာရုံကျောင်း တိုက်တွင် သံဃာ အပါး (၅၀၀)၊ သီလရှင် အပါး (၅၀၀)တို့ကို ပင့်ဖိတ်၍ လှူဖွယ်ပစ္စည်းများ သံဃဒါန လောင်းလှူမည်ဖြစ်ကြောင်း လည်းသိရပါတယ်။
🙏သာဓုသာဓုသာဓုပါအရှင်မြတ်ဘုရား
🙏အရှင်မြတ်ဘုရားယနေ့ကျရောက်သောသက် တော် ၈၄နှစ်ပြည့် မွေးနေ့မင်္ဂလာမှစပြီးပျော်ရွှင်ကျန်းမာပြီးသက်တော်ရာကျော်ရှည်ပါစေဘုရာ