WK 3D Studio

WK 3D Studio Make Dream Come Ture

Nothing makes me happier than good feedback from my customers. ✨ထပ်မှာထားတဲ့သူတွေအတွက် ထပ်ထုတ်ထားပါတယ် မကြာခင်ပို့ပေးပါမ...
13/09/2026

Nothing makes me happier than good feedback from my customers. ✨

ထပ်မှာထားတဲ့သူတွေအတွက် ထပ်ထုတ်ထားပါတယ် မကြာခင်ပို့ပေးပါမယ်🤍

09754443115

ဘီလူးကြီးအားTest Paint ...🔥WK 3D studio ......မနေ့ကအိမ်မှာမီးပျက်တာနဲ့  ဆေးခြယ်စမ်းကြည့်တာ
11/09/2026

ဘီလူးကြီးအားTest Paint ...🔥

WK 3D studio ......
မနေ့ကအိမ်မှာမီးပျက်တာနဲ့ ဆေးခြယ်စမ်းကြည့်တာ

✨ ရွှေမင်းသား ✨      မြန်မာ့ရိုးရာ ဇာတ်သဘင်အနုပညာ ထဲက မင်းသားလေးတစ်ပါးရဲ့ အလှ၊ ဂုဏ်ကျက်သရေနဲ့ ရိုးရာဝတ်စုံအလှဆင်မှုတွေကိ...
05/09/2026

✨ ရွှေမင်းသား ✨

မြန်မာ့ရိုးရာ ဇာတ်သဘင်အနုပညာ ထဲက မင်းသားလေးတစ်ပါးရဲ့ အလှ၊ ဂုဏ်ကျက်သရေနဲ့ ရိုးရာဝတ်စုံအလှဆင်မှုတွေကို 3D Art အဖြစ် ပြန်လည်ပုံဖော်ထားတဲ့ “ရွှေမင်းသား” ဖြစ်ပါတယ်။

ရိုးရာအနုပညာရဲ့ အလှတရားကို မပျောက်ပျက်စေဘဲ ခေတ်မီ 3D နည်းပညာနဲ့ ပေါင်းစပ်ဖန်တီးထားပြီး Design & Sculpting ကနေ 3D Printing၊ အချောသတ်ခြင်းအထိ WK 3D Studio မှ အစအဆုံး ကိုယ်တိုင်ထုတ်လုပ်ထားတဲ့ လက်ရာ ဖြစ်ပါတယ်။

“ရွှေမင်းသား” လေးဟာ

🏡 အိမ်အလှဆင်ပစ္စည်း အဖြစ်
🎁 တန်ဖိုးရှိတဲ့ လက်ဆောင် အဖြစ်
💝 မိသားစုအမှတ်တရပစ္စည်း အဖြစ်
🇲🇲 မြန်မာ့ရိုးရာအနုပညာကို ကိုယ်စားပြုတဲ့ Collectible အဖြစ်

သင့်တော်တဲ့ အမှတ်တရလက်ရာလေးတစ်ခု ဖြစ်ပါတယ်။

ရိုးရာအနုပညာဆိုတာ အတိတ်မှာပဲ ကျန်ခဲ့ရမယ့်အရာမဟုတ်ပါဘူး။
ခေတ်သစ်နည်းပညာနဲ့ ပြန်လည်ဖန်တီးပြီး မျိုးဆက်သစ်တွေဆီ ဆက်လက်လက်ဆင့်ကမ်းနိုင်ပါတယ်။

စျေးနှုန်း ၁၂၀၀၀၀ ကျပ်

WK 3D Studio
Traditional Art • Modern Technology • Timeless Memory

ရွှေမင်းသား...✨WK
03/09/2026

ရွှေမင်းသား...✨

WK

သုံးခုစထုတ်တာ အကုန်ရောင်းထွက်သွားပါပြီ...✨အားပေးတဲ့သူအကုန်လုံးကိုကျေးဇူတင်ပါတယ်ဗျ...နောက်ထပ်မှာ မယ်ဆို တစ်ပတ်စောင့်ရပါမယ...
01/09/2026

သုံးခုစထုတ်တာ အကုန်ရောင်းထွက်သွားပါပြီ...✨

အားပေးတဲ့သူအကုန်လုံးကိုကျေးဇူတင်ပါတယ်ဗျ...

နောက်ထပ်မှာ မယ်ဆို တစ်ပတ်စောင့်ရပါမယ်🤍

31/08/2026

...မြန်မာ့ဘီလူး...

WK ဘီလူးခေါင်းရဲ့ Details ကို Video ထဲမှာပြထားပါတယ်ဗျ...

09754443115

...မြန်မာ့ ဘီလူး ...      ကိုယ်တိုင်ဆွဲတယ် ကိုယ်တိုင်ထုတ်တယ် ကိုယ်တိုင် အရောင်ခြယ်တယ် ....ကျွန်တော်လုပ်ချင်နေတဲ့ အရာတစ်ခ...
30/08/2026

...မြန်မာ့ ဘီလူး ...

ကိုယ်တိုင်ဆွဲတယ် ကိုယ်တိုင်ထုတ်တယ် ကိုယ်တိုင် အရောင်ခြယ်တယ် ....

ကျွန်တော်လုပ်ချင်နေတဲ့ အရာတစ်ခု ဖြစ်မြှောက်လာပါပြီ...

တန်ဖိုး ... 280000 ကျပ်

WK✨

I just focus on doing what I do best...

30/08/2026

WK ရဲ့ နဂါးရုံဘုရားလေး ကို အားပေးပြီး ပိုင်ဆိုင်သွားကြတဲ့ Customer တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ

မြန်မာမှုလက်ရာလေးကို နှစ်သက်ပေးပြီး ကိုယ့်အိမ်မှာ အလှဆင်ဖို့ဖြစ်စေ၊ ချစ်ခင်ရသူတွေကို အမှတ်တရလက်ဆောင်ပေးဖို့ဖြစ်စေ ရွေးချယ်အားပေးပေးကြတာ WK အတွက် တကယ်ကို ဝမ်းသာဂုဏ်ယူစရာပါ။

အားပေးမှုတိုင်းက WK ရဲ့ မြန်မာမှုလက်ရာတွေကို ဆက်လက်ဖန်တီးနိုင်ဖို့ အင်အားတစ်ခုပါပဲ။

အားပေးပေးကြတဲ့ Customer များအားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်။
နောက်ထပ် မြန်မာမှုလက်ရာလေးတွေကိုလည်း အကောင်းဆုံး ဆက်လက်ဖန်တီးပေးသွားပါမယ်။

WK Make With Heart ❤️

... အမတ်ကြီး ...     မြန်မာ့ရိုးရာ နန်းတွင်းယဉ်ကျေးမှုနဲ့ အမတ်များရဲ့ ခန့်ညားထည်ဝါမှုကို အခြေခံပြီး ဖန်တီးထားတဲ့ မြန်မာမ...
28/08/2026

... အမတ်ကြီး ...

မြန်မာ့ရိုးရာ နန်းတွင်းယဉ်ကျေးမှုနဲ့ အမတ်များရဲ့ ခန့်ညားထည်ဝါမှုကို အခြေခံပြီး ဖန်တီးထားတဲ့ မြန်မာမှု အမတ်ရုပ်တုလေး ဖြစ်ပါတယ်။

အိမ်ဧည့်ခန်း၊ စာကြည့်ခန်း၊ ရုံးခန်းတွေမှာ အလှဆင်ထားမယ်ဆိုရင် မြန်မာ့ရိုးရာအငွေ့အသက်နဲ့ ထူးခြားတဲ့ အလှတရားတစ်ခုကို ပေးစွမ်းနိုင်မှာပါ။

မြန်မာမှုကို ချစ်မြတ်နိုးသူများအတွက် ကိုယ်တိုင်ဝယ်ယူထားဖို့ကောင်းသလို၊ မြန်မာမှုနှစ်သက်တဲ့ မိသားစုဝင်၊ မိတ်ဆွေ၊ ချစ်ခင်ရသူများကို အမှတ်တရလက်ဆောင်အဖြစ် ပေးဖို့လည်း အထူးသင့်တော်ပါတယ်။

မြန်မာ့အနုပညာ • မြန်မာ့ယဉ်ကျေးမှု • မြန်မာ့အမွေအနှစ်
လက်ဆောင်ပေးသူရော လက်ခံရသူပါ တန်ဖိုးထားရမယ့် အမှတ်တရလက်ရာလေးတစ်ခု။

တန်ဖိုး ... 130000 ကျပ်

09754443115

မြန်မာမှု နဂါးရုံဘုရား 🙏မြန်မာ့ရိုးရာအနုပညာအလှကို ထင်ဟပ်စေတဲ့ မြန်မာမှု နဂါးရုံဘုရား။💰 တန်ဖိုး — ၁၈၀,၀၀၀ ကျပ်နဂါးဟာ ရိုး...
27/08/2026

မြန်မာမှု နဂါးရုံဘုရား 🙏

မြန်မာ့ရိုးရာအနုပညာအလှကို ထင်ဟပ်စေတဲ့ မြန်မာမှု နဂါးရုံဘုရား။

💰 တန်ဖိုး — ၁၈၀,၀၀၀ ကျပ်

နဂါးဟာ ရိုးရာယုံကြည်မှုအရ အစွမ်းသတ္တိ၊ အကာအကွယ်၊ မင်္ဂလာနှင့် စည်းစိမ်ချမ်းသာ တို့ကို ကိုယ်စားပြုတဲ့ သင်္ကေတတစ်ခုဖြစ်ပါတယ်။

အိမ်၊ ဆိုင်၊ ရုံးခန်းနဲ့ လုပ်ငန်းခွင်တွေမှာ ထားရှိပူဇော်နိုင်ပြီး
ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေး၍ စိတ်ချမ်းသာခြင်း၊ လာဘ်လာဘတိုးပွားခြင်းနှင့် ကောင်းကျိုးမင်္ဂလာများ ရရှိပါစေကြောင်း ရည်ရွယ်ထားပါတယ်။

မြန်မာ့ရိုးရာလက်ရာကို ချစ်မြတ်နိုးသူများအတွက် တန်ဖိုးရှိတဲ့ လက်ဆောင်တစ်ခုလည်း ဖြစ်စေမှာပါ။

တန်ဖိုး — ၁၈၀,၀၀၀ ကျပ်

09754443115

Address

Yangon

Website

Alerts

Be the first to know and let us send you an email when WK 3D Studio posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category