21/04/2025
မေမြို့နားက ကျင်ကနိုင်မှာချစ်သူတောအုပ်ရှိတယ်။
ဆရာမ မအိ အလည်ရောက်သွားတော့ တောအုပ်ထဲကချစ်ရသူတွေ၊သူတို့အထိမ်းအမှတ်လမ်းတွေ၊သူတို့အထိမ်းအမှတ်ကဗျာတွေစာတွေ၊ပြီးတော့ သူတို့နဲ့ဆုံခဲ့ရတဲ့အဖြစ်တွေ ရုပ်ရှင်တစ်ကားလိုဆက်စပ်ပေါ်ထွက်လာလေတယ်။
ဆရာပါရဂူ၊ဆရာတင်မိုး၊
ဆရာမကြီး ဂျာနယ်ကျော်မမလေး၊ဆရာမကြီးခင်ဆွေဦး
ဆရာလှသန်း၊ဆရာမောင်စိမ်းနီ
ချစ်ရသူတွေတွေများလှတယ်။ချစ်သူတစ်ရာ။
ဆရာမ မအိက ဆရာဒဂုန်တာရာလမ်းပေါ်ရောက်တော့ မိုးကုပ်ကုပ်ဝယ် အိုရုတ္တရက်လို့ ရွတ်မိလိုက်ရဲ့။
ဆရာမကြည်အေးရှေ့ရောက်ပြန်တော့
•ကျမချစ်မြဲ၊သံသရာဝဲမှ
ခွဲထွက်ချင်ဘူး၊တပ်မက်ဦးမည် လို့ ရေရွတ်မိလေတယ်။
ချစ်သူကဗျာဆရာ၊ချစ်သူပန်းချီဆရာ များလှတယ်။
•နောက်ဘဝဆိုတာရှိခဲ့ရင်
ပန်းချီဆရာပဲဖြစ်ချင်တယ်ဆိုတဲ့ ဆရာ ရာဟုလာ လဲရှိတယ်။
ဆရာမ မအိက သူရောက်ခဲ့ရတဲ့ ချစ်သူတောအုပ်ကိုဖွဲ့တယ်။ မရောက်ဖူးပေမဲ့ စိတ်မှန်းနဲ့ ဒီလမ်းက သွားရင် ရန်သူမရှိ မိတ်ဆွေပဲရှိမယ်။ဒီလမ်းကဖြတ်ရင်တော့ ထိုအရပ်မှ ပေါက်သော ငရုတ်ပင်အသီးတို့ချိုကြလေဦးမယ် ဆိုတဲ့ ဆရာကြီး ဗဂျီအောင်စိုးဆီရောက်မယ်။
ဆရာတင်မိုး အထိမ်းအမှတ်ကျောက်တိုင်ရှေ့ရပ်ပြီး ဆရာ့စာကိုဖတ်ကြည့်နေမိတယ်။
♥ငါနေတဲ့လမ်းကလေးမှာ
ပန်းခင်းတွေတဖွေးဖွေး၊တေးသံတွေတကြော်ကြော်နဲ့
ပျော်ခွင့်ရပါဦးမလား။
ကိုယ့်ကိုယ်ကိုလဲ အထပ်ထပ်မေးမိတယ်။မသေချာ။