House Of Media & Entertainment

House Of Media & Entertainment HOME,House Of Media & Entertainment founded since 2012 April to share knowledge concerning with medi

21/04/2025

မေမြို့နားက ကျင်ကနိုင်မှာချစ်သူတောအုပ်ရှိတယ်။

ဆရာမ မအိ အလည်ရောက်သွားတော့ တောအုပ်ထဲကချစ်ရသူတွေ၊သူတို့အထိမ်းအမှတ်လမ်းတွေ၊သူတို့အထိမ်းအမှတ်ကဗျာတွေစာတွေ၊ပြီးတော့ သူတို့နဲ့ဆုံခဲ့ရတဲ့အဖြစ်တွေ ရုပ်ရှင်တစ်ကားလိုဆက်စပ်ပေါ်ထွက်လာလေတယ်။

ဆရာပါရဂူ၊ဆရာတင်မိုး၊
ဆရာမကြီး ဂျာနယ်ကျော်မမလေး၊ဆရာမကြီးခင်ဆွေဦး
ဆရာလှသန်း၊ဆရာမောင်စိမ်းနီ

ချစ်ရသူတွေတွေများလှတယ်။ချစ်သူတစ်ရာ။
ဆရာမ မအိက ဆရာဒဂုန်တာရာလမ်းပေါ်ရောက်တော့ မိုးကုပ်ကုပ်ဝယ် အိုရုတ္တရက်လို့ ရွတ်မိလိုက်ရဲ့။

ဆရာမကြည်အေးရှေ့ရောက်ပြန်တော့

•ကျမချစ်မြဲ၊သံသရာဝဲမှ
ခွဲထွက်ချင်ဘူး၊တပ်မက်ဦးမည် လို့ ရေရွတ်မိလေတယ်။

ချစ်သူကဗျာဆရာ၊ချစ်သူပန်းချီဆရာ များလှတယ်။

•နောက်ဘဝဆိုတာရှိခဲ့ရင်
ပန်းချီဆရာပဲဖြစ်ချင်တယ်ဆိုတဲ့ ဆရာ ရာဟုလာ လဲရှိတယ်။

ဆရာမ မအိက သူရောက်ခဲ့ရတဲ့ ချစ်သူတောအုပ်ကိုဖွဲ့တယ်။ မရောက်ဖူးပေမဲ့ စိတ်မှန်းနဲ့ ဒီလမ်းက သွားရင် ရန်သူမရှိ မိတ်ဆွေပဲရှိမယ်။ဒီလမ်းကဖြတ်ရင်တော့ ထိုအရပ်မှ ပေါက်သော ငရုတ်ပင်အသီးတို့ချိုကြလေဦးမယ် ဆိုတဲ့ ဆရာကြီး ဗဂျီအောင်စိုးဆီရောက်မယ်။

ဆရာတင်မိုး အထိမ်းအမှတ်ကျောက်တိုင်ရှေ့ရပ်ပြီး ဆရာ့စာကိုဖတ်ကြည့်နေမိတယ်။

♥ငါနေတဲ့လမ်းကလေးမှာ
ပန်းခင်းတွေတဖွေးဖွေး၊တေးသံတွေတကြော်ကြော်နဲ့
ပျော်ခွင့်ရပါဦးမလား။

ကိုယ့်ကိုယ်ကိုလဲ အထပ်ထပ်မေးမိတယ်။မသေချာ။

03/02/2025

ဆရာကိုတာရဲ့ ဇင်နဲ့အနုပညာကိုဖတ်ရပါတယ်။

ဇင်နဲ့ပန်းချီ။ဇင်နဲ့ဟိုက္ကူဆိုပြီးတော့လဲ ဆရာကိုတာက တင်ပြထားပါတယ်။ဇင်ဆိုတာဘာလဲ၊ဘာလဲဆိုတာပြောလိုက်ရင် ဇင်မဟုတ်တော့ပြန်ဘူး။

စိတ်ထဲကျန်းခံ့၊နှလုံးမြူးရွှင်၊အဲဒါဇင်။
ဆာရင်ထမင်းစား၊မောရင်အိပ် တဲ့။

ဆရာကိုတာက ဝါဘီ နဲ့ဆာဘီကိုရှင်းပြတယ်။

သစ်တောက်ငှက် ၊တနေရာထဲ၌အဆက်မပြတ်
နေ့ကကုန်ပြီ။

သူ့အတိုင်းဖြစ်နေတာဝါဘီတဲ့။

သစ်ကိုင်းဆွေးပေါ်မှာ
ကျီးတကောင်ထီးထီးနားတာ
ဆောင်းဦးညခုခါ။

အဲဒါကတော့ ဆာဘီ တဲ့။

စိတ်ရှည်လက်ရှည် ဆရာကိုတာက ရှင်းပြထားတာပါ။ဇင်နဲ့အနုပညာအဆက်အစပ်ကိုနားလည်စေချင်တဲ့ဆရာကိုတာရဲ့စေတနာကို သိမြင်လိုက်ရတယ်။တကယ်တော့ ဇင်ဝါဒဆိုတာ လွတ်မြောက်ရေးလမ်းလို့ဆိုတယ်။

အမှတ်ရစရာ
ကျုပ်၊ ဘာချန်ခဲ့ရပါ့၊
နွေဦးရဲ့ပန်းများ။

01/02/2025

လတ်တလော ရုပ်သံဇာတ်လမ်းတွဲတွေအပြိုင်အဆိုင်ကြည့်နေရတယ်။

သဘောအကျဆုံးက နွယ်။Canal+ကလာတာ။

ဇာတ်ညွှန်း မယ်ခိုင်ရဲ့ သိတ်ကိုကောင်းတဲ့လက်ရာလို့ဆိုနိုင်တယ်။အိမ်တွင်းအကြမ်းဖက်မှုကို ကြမ်းကြမ်းတမ်းတမ်းမပြပဲ သိမ်မွေ့စွာချဥ်းကပ်ထားတယ်။အရေးပါတဲ့ Pacing။ဇာတ်ရဲ့ tempo ကို အသေအချာထိန်းထားတာ။dialogue မလိုတာတွေ ထည့်မသုံးထားဘူး။

Associate director ကောင်းသော် တော်လို့ ဒါရိုက်တာ အောင်မြတ်ရဲ့လက်ရာ ပိုတောက်ပလာတယ်လို့ဆိုနိုင်တယ်။သိသာစေတဲ့အချက်တွေက သမီးယမုံအိပ်နေတုန်း အဖေ မိုက်ကယ်က လက်ပ်တော့ပ်ခိုးကြည့်တာရယ်၊မြတ်ကို ခင်ပွန်းသည် ကိုထက်က အလိုမတူပဲ ကာမဆက်ဆံတာရယ်တို့ပဲ။

သရုပ်ဆောင်ထဲ ရာဇာအဖြစ်သရုပ်ဆောင်တဲ့ အောင်ရဲထိုက်ကိုသဘောကျတယ်။ငြိမ်ငြိမ်လေးသရုပ်ဆောင်ရတာခက်ပါတယ်။ဆူတာအော်တာဟာသိတ်လွယ်တဲ့အမူအရာပါ။ရာဇာရဲ့အကောင်းဆုံးသရုပ်ဆောင်ချက်တွေကို ဘကြီးနဲ့ သက်စုကိစ္စပြောခန်း၊မိဘတွေဆီ ဇနီးလောင်းခေါ်လာခန်းတွေမှာတွေ့ရပါတယ်။

DP.ဝေယံ ကိုတော့ ကြည့်ပြီးသမျှထဲ တော်တော်သဘောကျမိတယ်။Ratio ယူထားပုံ၊Composition နဲ့ Close upယူတာတွေကောင်းလွန်းတယ်။ယမင်းမေဦးကိုအလှဆုံးရိုက်ပြပေးထားတယ်။

လောလောဆယ်အပိုင်း ၃၃ပိုင်းကြည့်ပြီးသလောက် ရင်ထဲရောက်သမို့ ဒါရိုက်တာ အောင်မြတ်နဲ့အဖွဲ့ကို လေးစားစွာဂုဏ်ပြုလိုက်ပါတယ်။

01/02/2025

♥လူတွေကိုမသိအောင်လုပ်ထားတယ်
မလိုချင်အောင်လုပ်ထားတယ်
သိတဲ့သူတွေကိုဘာမှမလုပ်နိုင်အောင်လုပ်ထားတယ်။

လောင်ဇူဟာ အသက်ကိုးဆယ်ပြည့်မှ နယ်စပ်စောင့်သူကြောင့် တာအိုတိချင်း ဆိုတဲ့ ဒီစာအုပ်ကိုရေးတာ။သူ့ရဲ့တစ်အုပ်ထဲသောစာအုပ်လို့ဆိုရမယ်။စာရေးဆရာ ကက်စပါဇော်က ဘာသာပြန်ပေးထားတာပါ။

♥အရာဝတ္ထုတွေနဲ့အလုပ်လုပ်ကြတဲ့အခါ
ငါတို့တကယ်သုံးတာ
ဗလာ။

ကွန်ဖြူးရှပ်စ်က လောင်ဇူကို ကျင့်ဝတ်ကောင်းအောင်ဘယ်လိုသွန်သင်ရမလဲ လို့မေးတယ်။အင်မတန်စကားနည်းတဲ့လောင်ဇူကအားရပါးရ ရီတယ်။ကျင့်ဝတ်နဲ့ပြည့်စုံနေသူက ကျင့်ဝတ်ဆိုတာဘာလဲလို့တွေးနေမှာမဟုတ်ဖူး ကွ တဲ့။

♥သိသူဟာမပြောဘူး
ပြောသူဟာ မသိဘူး။

လောင်ဇူနားရောက်လာတဲ့ဧည့်သည်က နေမင်းထွက်တဲ့ရှုခင်းလှတာ ၊တောအုပ်ကသာယာတာပြောတော့ နောက်တနေ့ အဲဒီဧည့်သည်မလာစေနဲ့လို့ လောင်ဇူက တပည့်တွေကိုပြောတယ်။ဘယ်လိုငြိမ်သက်တိတ်ဆိတ်ရမယ်ဆိုတာ သိဖို့လိုသတဲ့။

♥လူတွေမျှော်လင့်ထားတာလုပ်ပြီး တိုင်းပြည်ကိုအုပ်ချုပ်ပါ။
မမျှော်လင့်ထားတာလုပ်ပြီး စစ်ပွဲကိုအနိုင်တိုက်ပါ။

စဥ်းစားဆင်ခြင်ဥာဏ်နဲ့ပြည့်စုံသူတွေဟာ တာအိုအကြောင်းကြားရင်အားထုတ်ကြပါလိမ့်မယ်။
စဥ်းစားဆင်ခြင်ဥာဏ်မရှိသူတွေကတော့ပြက်လုံးထုတ်လှောင်ပြောင်ကြပါလိမ့်မယ်။
ခေါ်လို့ရတဲ့နာမယ်ဟာ တကဲ့ အစစ်အမှန်နာမယ်မဟုတ်သလို
ပြောလို့ရတဲ့တာအိုဟာတကဲ့အစစ်အမှန်တာအိုမဟုတ်ပါဘူး။

Father album(10)
31/01/2025

Father album(10)

Father album (9)
31/01/2025

Father album (9)

Father album(8)
31/01/2025

Father album(8)

28/01/2025

ခရီးဆောင်အိပ်ထဲ ဗုံးတွေထည့်သယ်ပြီး လူသတ်ဖို့ကြိုးစားခဲ့တဲ့ အီဂျစ်တော်လှန်ရေးသမားကြီး။
သမ္မတနာဆာနဲ့ ဆယ့်ကိုးနှစ်သားကထဲက သူငယ်ချင်း။
နာဆာရဲ့အစိုးရထဲမှာ လူမသိဆုံး၊မထင်ရှားဆုံး၊စကားအနည်းဆုံးအဖွဲ့ဝင်။

သူသမ္မတဖြစ်လာပြီး အစ္စရေးနဲ့စစ်ခင်းသူ။ပြီးတော့ အစ္စရေးနိုင်ငံဆီ သူကိုယ်တိုင်သွားပြီးငြိမ်းချမ်းရေးလက်ကမ်းခဲ့သူ။
Camp.david accord ဆိုတဲ့ ငြိမ်းချမ်းရေးသဘောတူညီချက်ရေးထိုးပြီး နိုဘယ်ငြိမ်းချမ်းရေး
ဆုကို အစ္စရေးသမ္မတ ဘီဂင်နဲ့ပူးတွဲရယူခဲ့သူ။
အောက်တိုဘာစစ်ပွဲမှာသူ့ညီအပါအဝင် အီဂျစ်စစ်သားတစ်သောင်းကျော်သေဆုံးခဲ့ရပေမဲ့ ငြိမ်းချမ်းရေးကိုသာတစိုက်မတ်မတ်လုပ်ခဲ့သူ။အာရပ်ကမ္ဘာက ဝိုင်းကျဥ်တာခံရပြီး၊အာရပ်အဖွဲ့ချုပ်က အထုတ်ခံရသူ။
သူ့စစ်တပ်အရာရှိတွေက လုပ်ကြံလို့သေဆုံးခဲ့ရသူ။

ပုရောဟိတ်ကြီးကစ်ဆင်ဂျားက ကမ္ဘာ့ပေါ်မှာ ထူးခြားတဲ့ခေါင်းဆောင်ခြောက်ယောက်အကြောင်းသုံးသပ်ချက်စာအုပ်ကိုရေးထုတ်လိုက်ပါတယ်။ခေါင်းဆောင်တယောက်ချင်းဆီရဲ့ တိုင်းပြည်ကသောင်းကနင်းကာလမှာဘယ်လိုဦးဆောင်မှုပေးခဲ့တယ်ဆိုတာကို.ဆစ်ပိုင်းသုံးသပ်ပြထားတာပါ။

ဆရာအလင်းဆက်(IR) က ဘာသာပြန်ပေးထားပါတယ်။အီဂျစ်သမ္မတ အန်ဝါဆဒတ်အကြောင်းသီးသန့်ဆိုပါတော့။(ကျန်ခေါင်းဆောင်တွေအကြောင်းလည်း.တအုပ်ချင်းစီ ဘာသာပြန်ထားပါတယ်)။ကမ္ဘာ့ခေါင်းဆောင်များရဲ့ အတွေး၊အယူ၊အလုပ်တွေကို လေ့လာရတာ ပညာတိုးသလို သင်ခန်းစာလည်းများလှပါတယ်။ဘာသာပြန်ပေးတဲ့ဆရာအလင်းဆက်(IR)ကို ကျေးဇူးတင်ပါတယ်။

အစ္စရေးနဲ့အီဂျစ်တွေ နောက်ထပ်သွေးမြေမကျစေရဘူးလို့ ကြွေးကြော်ခဲ့တဲ့ ဆဒတ် ခမျာ လုပ်ကြံခံရတယ်။ငြိမ်းချမ်းရေးထက်အရေးကြီးတာဘာမှ မရှိဘူးဆိုတဲ့ သမ္မတကြီးခမျာ ကျည်သင့်လို့သေရတယ်။သူကွယ်လွန်ချိန်မှာ ၆၃နှစ်။တိုင်းပြည်အတွက်အလုပ်လုပ်လို့အကောင်းဆုံးအချိန်။

တကယ်တော့ ဆဒတ်ရည်မှန်းတာ ငြိမ်းချမ်းရေးသာမဟုတ်ဖူး။အရှေ့အလယ်ပိုင်းဒေသကြီးရဲ့ New Order။အာရပ်ကမ္ဘာရဲ့ပြုပြင်ပြောင်းလဲမှုပါ။သူ့စကားတစ်ခွန်းကိုနားဆင်ကြည့်ပါ။

♥ချစ်ကြပါ ဆိုတာ ပေးလိုက်ဖို့။
ပေးကြပါဆိုတာ တည်ဆောက်ဖို့။
မုန်းကြပါ ဆိုတာ ပျက်စီးဖို့ ဗျ၊ တဲ့။

Father album( 7)
21/01/2025

Father album( 7)

Father album (6)
20/01/2025

Father album (6)

Address

46/ground Floor, 165th Street, Tamwe Township
Yangon

Telephone

01540045

Website

Alerts

Be the first to know and let us send you an email when House Of Media & Entertainment posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share