Yangon Movie Club

Yangon Movie Club We have great selection of movies and tv series! You can get both Blu ray and DVD quality.

မြန်မာနိုင်ငံကနေ ထိုင်းကိုထွက်ပြေးတဲ့ ကောင်လေးတစ်ယောက်ရဲ့ ဒုက္ခမျိုးစုံရင်ဆိုင်ရပုံကိုရိုက်ကူးထားတဲ့ကားလေးပါ🌹 Doi Boy 🌹(...
06/03/2024

မြန်မာနိုင်ငံကနေ ထိုင်းကိုထွက်ပြေးတဲ့ ကောင်လေးတစ်ယောက်ရဲ့ ဒုက္ခမျိုးစုံရင်ဆိုင်ရပုံကိုရိုက်ကူးထားတဲ့ကားလေးပါ

🌹 Doi Boy 🌹(2023)

⚜️ မြန်မာစာတန်းထိုး⚜️ အစအဆုံး

https://www.facebook.com/100087898072019/posts/308573268749273/?app=fbl

https://t.me/sannhsupan1/200


#ดอยบอย

ပျော်ရွှင်စရာ သီတင်းကျွတ်ပွဲတော်လေးဖြစ်ပါစေ
27/10/2023

ပျော်ရွှင်စရာ သီတင်းကျွတ်ပွဲတော်လေးဖြစ်ပါစေ

13 Reasons Why အတွဲ ၄ ကတော့ ဇာတ်သိမ်းတွဲအနေနဲ့ ပြန်လာပါပြီဗျာ။ဒီဇာတ်လမ်းမှာတော့ ဇာတ်လမ်းတွဲ ၃ ခု လုံးမှာ ထားခဲ့သမျှ ခလုတ...
01/03/2023

13 Reasons Why အတွဲ ၄ ကတော့ ဇာတ်သိမ်းတွဲအနေနဲ့ ပြန်လာပါပြီဗျာ။
ဒီဇာတ်လမ်းမှာတော့ ဇာတ်လမ်းတွဲ ၃ ခု လုံးမှာ ထားခဲ့သမျှ ခလုတ်တွေ အကုန် ဖြုတ်ပါပြီ။
ဇာတ်ကောင်အသစ်အနေနဲ့ မင်းသားကြီး Gray Sinise က ကလေးရ်ရဲံ စိတ်ရောဂါကု ဆရာဝန်အနေနဲ့ ပါဝင်လာခဲ့ပါတယ်။

ဒီတစ်ခါတော့ ၁၃ ပိုင်း မပါတော့ဘဲ ၁၀ ပိုင်းနဲ့သာ ပြီးဆုံးမှာပဲ ဖြစ်ပါတယ်။

ဒီဇာတ်လမ်းမှာတော့ ကလေးရ်ရဲ့ စိတ်တွင်း ပဋိပက္ခတွေနဲ့အတူ လစ်ဘာတီ အထက်တန်းကျောင်းရဲ့့ ပဋိပက္ခတွေ အရှိန်မြင့်တက်လာတာကို မြင်ရမှာပဲ ဖြစ်ပါတယ်။

ဇာတ်သိမ်းတွဲဆိုတဲ့အတိုင်း ၁၀ ပိုင်းထဲ ဆိုပေမယ့် ဇာတ်လမ်းတွဲ ၄ ခုလုံးရဲံ အထွဋ်အထိပ်ကို ရောက်ရှိလာပြီပဲ ဖြစ်ပါတယ်။

၂ .နဲ့ ၃ မှာ အားမရခဲ့တဲ့ ပရိသတ်တွေ အတွဲ ၄ ကို ကြည့်မိတဲ့အချိန်မှာ ပြန်ပြီး သဘောကျလာမယ်လို့ ခံစားမိပါတယ်။

အားလုံးပဲ 13 Reasons Why ကို နှုတ်ဆက်ရင်းနဲ့ ကျေနပ်နှစ်သိမ့်နိုင်ကြပါစေဗျာ။

၁၉၉၇ ခုနှစ် ဒီဇင်ဘာလ   မှာရုံတင်ခဲ့တဲ့   Titanic ရုပ်ရှင်ဇာတ်ကားကြီး
12/02/2023

၁၉၉၇ ခုနှစ် ဒီဇင်ဘာလ မှာရုံတင်ခဲ့တဲ့ Titanic ရုပ်ရှင်ဇာတ်ကားကြီး

နှစ်ပေါင်း ၄၀ ကျော် ကြာမြင့်ခဲ့ပြီးမှ ပထမဆုံး ရွှေကမ္ဘာလုံးဆုကို ရရှိခဲ့တဲ့  ရုပ်ရှင်မင်းသမီး  Michelle Yeoh 👏👏👏👏ယနေ့ အက...
13/01/2023

နှစ်ပေါင်း ၄၀ ကျော် ကြာမြင့်ခဲ့ပြီးမှ ပထမဆုံး ရွှေကမ္ဘာလုံးဆုကို ရရှိခဲ့တဲ့ ရုပ်ရှင်မင်းသမီး Michelle Yeoh 👏👏👏👏

ယနေ့ အကြိမ် ၈၀ မြောက် Golden Globe 2023 မှာ နာမည်ကျော် မလေးရှား ရုပ်ရှင်မင်းသမီး မီရှဲလ်ယို (Michelle Yeoh) ကလည်း ရွှေကမ္ဘာလုံးဆုပေးပွဲမှာ Everything, Everywhere All at Once ရုပ်ရှင်နဲ့ Musical/Comedy ကဏ္ဍအောက်မှာ "အကောင်းဆုံး အမျိုးသမီးသရုပ်ဆောင်ဆု" ကို ဆွတ်ခူး ရရှိသွားပါတယ်။

"ဝိုး . . . နှစ်ပေါင်း ၄၀ ကျော်အောင် ဘယ်တော့မှလက်မလျော့ခဲ့ဘူး။ ဒီနေ့ ဒီနေရာမှာရောက်နိုင်ဖို့ မယုံနိုင်လောက်အောင် ကြိုးစားတိုက်ပွဲဝင်ခဲ့ရပြီး၊ အံ့မခန်းလောက်အောင် ကောင်းမွန်တဲ့ ခရီးစဥ်တစ်ခု ဖြစ်ခဲ့ပါတယ်၊ ဒါပေမဲ့လည်း ကြိုးစားရကျိုးနပ်ပါတယ်။" လို့ Michelle Yeoh ကပြောပါတယ်။

ကိုယ်လိုချင်တဲ့ အရာအတွက် ဘယ်တော့မှ လက်မလျှော့နဲ့။ တနေ့တလံ ပုဂံ ဘယ်ရွေ့မလဲ ဇွဲမလျှော့ပဲ ဆက်လက်ကြိုးစားနေဖို့ပဲလိုပါတယ်။ ကြိုးစားသူအတွက် ကောင်းမွန်တဲ့ ရလာဒ် ပန်းတိုင်ကတော့ ရောက်လာမှာပါပဲ။

Michelle Yeoh ကို ကြိုက်တဲ့ အချက်တချက်ပြောပြပေးပါဦး။ လက်မလျှော့ပဲ ကြိုးစားနေကြလား ပြောပြပေးကြပါဦးနော် 😍

Christmas Eve ညမှာကြည့်ရှုသင့်တဲ့ဇာတ်ကား (Let it Snow! ) နှင်းကျလေ့မရှိတဲ့Laurelဆိုတဲ့မြို့လေးမှာ ဒီနှစ်ခရစ်စမတ်မှာတော့ ...
18/12/2022

Christmas Eve ညမှာကြည့်ရှုသင့်တဲ့ဇာတ်ကား (Let it Snow! )

နှင်းကျလေ့မရှိတဲ့Laurelဆိုတဲ့မြို့လေးမှာ ဒီနှစ်ခရစ်စမတ်မှာတော့ ထူးထူးခြားခြား နှင်းတွေကျလို့နေပါတယ်။နှင်းနဲ့အတူခရစ်စမတ်အကြိုညမှာ သယ်ဆောင်လာတာကတော့ ပျော်ရွှင်ခြင်း၊နားလည်ခြင်း၊ပေးဆပ်ခြင်းနဲ့ချစ်ခြင်းမေတ္တာတို့ဖြစ်ပါတယ်။ ဒီဇာတ်ကားလေးကတော့ မိသားစုကြားထဲကအချစ်တွေ သူငယ်ချင်းတွေကြားထဲကအချစ်တွေကို ပေါ်လွင်အောင် လှလှပပတိတိကျကျရိုက်ကူးထားတဲ့ ခရစ်စမတ်ဇာတ်ကားလေးဖြစ်ပါတယ်။ဒီဇာတ်ကားဟာအထူးသဖြင့် ခရစ်စမတ်အကြိုညမှာဇာတ်အိမ်တည်ထားတဲ့အတွက် Christmas eveညမှာကြည့်ရှုသင့်တဲ့ဇာတ်ကားလေးပါလို့Yangon Movie Clubမှ ညွှန်းလိုက်ရပါတယ်။

တစ်ခေတ်တစ်ခါက နာမည်ကြီး သရုပ်ဆောင် မင်းသမီးကြီး Helen (Joan Collins) တစ်ယောက် အခုတော့ London ကလူအိုရုံတစ်ခုမှာ ပိုက်ဆံလည...
18/12/2022

တစ်ခေတ်တစ်ခါက နာမည်ကြီး သရုပ်ဆောင် မင်းသမီးကြီး Helen (Joan Collins) တစ်ယောက် အခုတော့ London ကလူအိုရုံတစ်ခုမှာ ပိုက်ဆံလည်းမရှိ လူမသိသူမသိ ဖြစ်နေတယ်။

Priscilla (Pauline Collins) ဆိုတဲ့ အမျိုးသမီးကြီးကတော့ သားလေးရေနစ်သေတာ သူမကြောင့်ဆိုပြီး အမြဲငြူ စူနေတဲ့ ခင်ပွန်းသည်ကို သည်းခံနေရတဲ့ အိမ်ရှင်မကောင်းတစ်ယောက် ဖြစ်တယ်။

သူတို့နှစ်ယောက် အမှတ်မထင် တွေ့ခဲ့ကြပြီး ပြင်သစ်က Helen ရဲ့ အရင်ယောကျ်ား အသုဘကို တူတူသွားဖို့ အကြောင်းဖန်လာတော့တယ်။

အရာရာကို ပေါ့ပေါ့တန်တန် သဘောထားပြီး တစ်ကိုယ်ကောင်းဆန်တဲ့ Helen နဲ့ သူများအတွက် အမြဲစဉ်းစား တတ်တဲ့ Priscilla တို့ နှစ်ယောက် စရိုက်မတူကြပေမယ့် တူညီတာတစ်ခုကတော့ သူမတို့ရဲ့ ဘဝမှာမပျော်ရွှင်ကြတာပါပဲ

ခရီးစဉ်တစ်လျောက်မှာ Helen နဲ့ Priscilla တို့ သူတို့ဘဝရဲ့ အချိန်လို့ပြောလို့ရအောင် ဘယ်လို အသုံးပြုကြမလဲ ဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရပါမယ်။
ခရီးသွားရင်းနဲ့ အီတလီ အဘိုးကြီးတစ်ယောက်ကို နှစ်ယောက်လုကြရင်း အလွဲအမှားတွေကို ရယ်စရာတွေ အနေနဲ့ ခံစားရမှာပါ။
နောက်ဆုံးမှာတော့ သူတို့ တစ်ယောက်နဲ့ တစ်ယောက် စစ်မှန်တဲ့သူငယ်ချင်း တွေဖြစ်သွားတာကို တွေ့ရမှာဖြစ်ပါတယ်။

လူတိုင်းဘဝတစ်လျောက်မှာ ကိုယ်ဖြစ်ချင်ပေမယ့် အကြောင်းကြောင့် ဖြစ်မလာတာတွေရှိကြမှာပါ။ ဒီကားကြည့်ရင်း ဘဝအမောတွေပြေပြီး ကိုယ့်ဘဝရဲ့ အချိန်တွေကိုရော ဘယ်လို အသုံးချကြမလဲ တွေးတောစရာလေး ဖြစ်မယ်လို့ ယုံကြည်ပါတယ်။

အော်စကာဆုရ The Hours ရုပ်ရှင်ဇာတ်ကားကြီး မင်းသမီးသုံးယောက်လုံးသရုပ်ဆောင်ကောင်းတယ်ရုပ်ရှင်
17/12/2022

အော်စကာဆုရ The Hours ရုပ်ရှင်ဇာတ်ကားကြီး မင်းသမီးသုံးယောက်လုံးသရုပ်ဆောင်ကောင်းတယ်ရုပ်ရှင်

စာရေးဆရာမကြီးViginia Wolf
10/12/2022

စာရေးဆရာမကြီးViginia Wolf

🏳️‍🌈 ဒီလဟာ Pride Monthဖြစ်တဲ့ အတွက်ဒီအကြောင်းရာနဲ့ သက်ဆိုင်တဲ့ ပညာပေးဇာတ်ကားလေးတစ်ခုကိုတင်ဆက်ပေးချင်ပါတယ်။ ✝️ဇာတ်လမ်းလေး...
30/06/2022

🏳️‍🌈 ဒီလဟာ Pride Monthဖြစ်တဲ့ အတွက်ဒီအကြောင်းရာနဲ့ သက်ဆိုင်တဲ့ ပညာပေးဇာတ်ကားလေးတစ်ခုကိုတင်ဆက်ပေးချင်ပါတယ်။ ✝️ဇာတ်လမ်းလေးက Simon ဆိုတဲ့ အထက်တန်းကျောင်းသားလေး 👨‍🦰👨‍🦰 အိမ်ကစတင်ပါတယ်။ Simon မှာ အထက်တန်းကျောင်းကတည်းက ငယ်ချစ်တွေဖြစ်တဲ့ မိဘနှစ်ပါးနဲ့ 👱‍♀️🧔ဟင်းချက်ဝါသနာပါတဲ့ ညီမလေးတစ်ယောက်ရယ်🧑 လွတ်လပ်ပေါ့ပါးပြီး ပျော်ရွှင်ဖို့ကောင်းတဲ့ မိသားစုလေး 👨‍🦰👱‍♀️🧔🧑ရှိပါတယ်။
"I have a normal life, I am just like you" ဆိုပြီး Simon ရဲ့ ပြောစကားနဲ့ သူ့ဘဝကို ပုံဖော်ပြထားတယ်။
ဒါပေမယ့် ကျွန်တော့်မှာ လျှို့ဝှက်ချက်ကြီးတစ်ခု ရှိပါတယ်
"I have a huge secret" ဆိုကာ အိမ်ရှေ့မှာ မြက်လာရိတ်တဲ့ ကောင်လေးကို👨‍🌾👨‍🌾 Simon က 👨‍🦰👨‍🦰စိတ်ဝင်စားတဲ့ ပုံစံပြထားတယ်။ 😍
ဒါဆို Simon ရဲ့လျှို့ဝှက်ချက်ကို ရိပ်မိလောက်ပြီထင်တယ်။
Simon မှာ သူ့ရဲ့ချစ်ရတဲ့မိသားစု🧑🧔👱‍♀️👨‍🦰အပြင် သိပ်ချစ်ရတဲ့ သူငယ်ချင်းသုံးယောက်👩‍🦱👨‍🦱👩‍🦰 လည်းရှိပါသေးတယ်။
သူ့ရဲ့သူငယ်ချင်းမလေး Abby 👩‍🦱 ကတော့ ကျောင်းမှာရေပန်းစားတဲ့ ကောင်မလေးပါ။
Simon တို့အတန်းက Martin 🙋‍♂️ ဆိုတဲ့ တစ်ယောက်က Simon ရဲ့ လျို့ဝှက်ချက်ကို သိသွားပြီး သူ့ကို Abby နဲ့အောင်သွယ်ပေးဖို့ တောင်းဆိုကာ မလိုက်လျောရင် Simon ကို Gay ဖြစ်ကြောင်း တစ်ကျောင်းလုံး သိအောင်ဖွင့်ချမယ်ဆိုပြီး ခြိမ်းခြောက်တော့တယ်။🧛‍♂️
ဒီတော့ Simon လည်း ကြောက်ကြောက်လန့်လန့် နဲ့ Martin ခိုင်းသမျှလုပ်ရတယ်။ ဒီလိုနဲ့ Martin နဲ့ Abby တို့နှစ်ယောက် ရင်းနှီးလာပေမယ့် ကျောင်းဘောလုံးပွဲနေ့မှာ⛹️‍♂️⛹️‍♂️🤼‍♂️🤼‍♂️ Martin က Abby ကို တရားဝင် propose လုပ်တဲအခါ Abby ကငြင်းလိုက်တဲ့အခါ Martin က ရှက်ရှက်နဲ့ပေါက်ကွဲကာ Simon ရဲ့ အကြောင်းကို ကျောင်းရဲ့ Blog မှာ ဖွင့်ချလိုက်တော့တယ်။
Simon ရဲ့ညီမလေးနဲ့ မိဘနှစ်ယောက်လည်း အဲ့တော့မှ သိသွားတယ်။ ဒါပေမယ့် မိသားစုက သူ့ကိုနားလည်လက်ခံပေးပြီး သူ့အမေက "သားက အမေတို့ရဲ့သားပဲ။ ဒီကိစ္စကြောင့်နဲ့ အမေတို့ရဲ့မေတ္တာက မပြောင်းလဲဘူး။ ချစ်မြဲတိုင်းချစ်မှာပါ" လို့ ပြောတဲ့အခန်းက တကယ်ကို နွေးထွေးတဲ့ မိဘမေတ္တာကိုခံစားရစေမှာပါ။ 💏💏💏
Martin ကသူအရှက်ကွဲတာဖုံးချင်ရုံနဲ့ Simon အကြောင်းကိုဖော်လိုက်ပေမယ့် ကိစ္စကြီးသွားတော့တယ်။ ကျောင်းမှာ Simon ကို စနောက်တဲ့သူတွေလည်း ရှိလာတယ်။
ဒါပေမယ့် ဒီပြသနာအပေါ်မှာ Simon ရဲ့ ကိုင်တွယ်ဖြေရှင်းပုံကိုတော့ ဇာတ်ကားထဲမှာ ကြည့်ရှုဖို့ တိုက်တွန်းချင်ပါတယ်။
ဒီဇတ်လမ်းထဲမှာ Martin ကို Simon ပြန်ပြောတဲ့ စကားကတော့ "I am supposed to be the one that decides when and where and how and who know and how I get to say it. That's suppose to be my thing and you took that away from me" ဖြစ်ပါတယ်။
လူတစ်ယောက်ရဲ့ ရပ်တည်မှုကို သူကိုယ်တိုယ်တိုင်ကလွဲပြီး တခြားလူတစ်ယောက်က စွက်ဖက်ပိုင်ခွင့် မရှိပါဘူး။ လူတိုင်းကို ဝန်ခံစရာမလိုသလို လှောင်ပြောင် ပျက်ရယ်ပြုခြင်းကိုလည်း မခံရသင့်ပါဘူး။
ဒီဇာတ်ကားထဲ Simon နဲ့ ကျော်ဇင်ဝင်း တို့နှစ်ယောက်က ဆင်တူတယ့် အခြေအနေကို တွေ့ကြုံခဲ့ရတယ်လို့ဆိုရပါမယ်။ သူတို့ရဲ့ Sexual Identity ကိုဖောက်ချခံရတာပါ။
ကွာခြားသွားတာကတော့ Simon မှာ အရာရာ နားလည်ပေးတဲ့ နွေးထွေးတဲ့မိသားစုနဲ့ သူ့ဘက်ကရပ်တည်ပေးတဲ့သူငယ်ချင်းတွေ၊ ဆရာ ဆရာမတွေ နဲ့ ကျောင်းအုပ်ကြီး စတဲ့ Support ပေးတဲ့ ပတ်ဝန်းကျင် ရှိပါတယ်။
ဒါကြောင့် ခုလို Support ပေးတဲ့ ပတ်ဝန်းကျင် လိုပါတယ်။ မိသားစုကလည်း နားလည်လက်ခံပြီး နောက်ကနေရပ်တည်ပေးဖို့လိုပါတယ်။
လောကကြီးမှာ လောကဓံကို တစ်ယောက်တည်း ခံရတာထက် မိသားစုနဲ့ တူတူရင်ဆိုင်တာက ပိုပြီးသက်သာပါတယ်။

📽📽📽Yangon Movie Club📽📽📽

အချစ်ဆိုတာဒါလား
14/02/2021

အချစ်ဆိုတာဒါလား

Address

Yangon

Telephone

+959775924947

Website

Alerts

Be the first to know and let us send you an email when Yangon Movie Club posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Establishment

Send a message to Yangon Movie Club:

Share