PiTi Party and Event Supplies

PiTi Party and Event Supplies Surprise! Yes, we love creating surprised events for our loved ones. We share tips on event planning and supply necessary materials for your events.

ကဲ..တနင်္လာတော့ ရောက်လာပြန်ပြီ...ဒီအပါတ်ကော ဘာပွဲတွေရှိကြသေးလဲ ဘော်ဘော်တို့...
28/05/2018

ကဲ..တနင်္လာတော့ ရောက်လာပြန်ပြီ...ဒီအပါတ်ကော ဘာပွဲတွေရှိကြသေးလဲ ဘော်ဘော်တို့...

ကိုယ့်မိသားစု၊ သူငယ်ချင်း၊ ချစ်ရသူတွေအတွက် Surprise Event လေးလုပ်ပေးဖို့ စဉ်းစားနေပါသလား။ ဘယ်လို လုပ်ပေးရမလဲ၊ ဘာတွေလိုမလ...
27/05/2018

ကိုယ့်မိသားစု၊ သူငယ်ချင်း၊ ချစ်ရသူတွေအတွက် Surprise Event လေးလုပ်ပေးဖို့ စဉ်းစားနေပါသလား။
ဘယ်လို လုပ်ပေးရမလဲ၊ ဘာတွေလိုမလဲ၊ ဘယ်မှာ လုပ်ရင်ကောင်းမလဲ အစရှိသည်ဖြင့် စဉ်းစားစရာတွေ ကတော့ အများကြီးပါ။ ပွဲတစ်ခုခုကို စီစဉ်တော့မယ်ဆိုတာနဲ့ ဘယ်က ဘယ်လိုစရမလဲ Starting Points လေးတွေကို ပီတိတို့ကနေ နည်းနည်းလေး မျှဝေပေးမယ်နော်။

(၁) ပွဲကို ဘာကြောင့်လုပ်ပေးတာလဲ
စီစဉ်ချင်တဲ့၊ လုပ်ပေးချင်တဲ့ ပွဲတွေကတော့ အများကြီး။ ဒါပေမယ့် အကုန်လုံးကို မလုပ်ဖြစ်ကြတာများတယ်။ ဘာလို့လဲဆိုတော့ အချိန်မပေးနိုင်လို့ရယ်..စိတ်ဆုံးဖြတ်ချက်မပြတ်သားလို့ရယ်..လုပ်တော့ လုပ်ပေးချင်တယ်. ခဏနေကြတော့လည်း အလုပ်ရှုပ်ပါတယ်လေ..ရိုးရိုးလေး လက်ဆောင်ဘဲ ပေးလိုက်ကြတာပေါ့ :P (အဲလိုဖြစ်သွားတဲ့လူတွေ ဘယ်နှစ်ယောက်ရှိလဲပြောကြ) ကိုယ့်အနေနဲ့က surprised event ဖြစ်ဖြစ် ဘာလို event ဖြစ်ဖြစ် လုပ်ပေးမယ်ဆိုတော့ ဘယ်လိုရည်ရွယ်ချက်၊ ဘာကြောင့်လုပ်ပေးတာလဲဆိုတာ ပြတ်ပြတ်သားသားမဆုံးဖြစ်ရသေးလို့ပါ.. သေချာလေး တူတူလုပ်မယ့် သူငယ်ချင်းတွေနဲ့ တိုင်ပင်၊ တာဝန်သေချာခွဲ၊ အစကတည်းက သေချာလေး planning လုပ်ပြီး ပွဲ အစီအစဉ်လေးကို ဖြစ်မြောက်အောင် လုပ်သင့်ပါတယ်။

(၂) လိုအပ်တဲ့ ပစ္စည်းတွေ ဘယ်လိုဝယ်ရပါ့မလဲ
ခေါင်းခဲဖို့ အကောင်းဆုံးပါ. ဘယ်ပစ္စည်းတွေ လိုမလဲ၊ ဘယ်ကနေ ၀ယ်ရမလဲ ဆိုတာ ခေါင်းရှုပ်ဖို့ ကောင်းလှပါတယ်။ event theme နဲ့ လိုက်မယ့်..ကိုယ်လိုချင်တဲ့ပစ္စည်းတွေက ရန်ကုန်ရဲ့ဘယ်နေရာမှ ရမလဲဆိုတာ ကို အကုန်သိနိုင်ဖို့က ကိုယ်က ရန်ကုန်လမ်းညွှန်မှ မဟုတ်တာနော့...(စတာဘာ :P ) အကြံပေးချင်တာကတော့ အခုနောက်ပိုင်း Facebook မှ ရှာကြည့်ရုံနဲ့ ကိုယ့်နဲ့ ဘ၀တူ တိုင်ပတ်ဖော် တိုင်ပတ်ဖက်များ မေးထားတဲ့ ပို့စ်တွေကနေ တစ်ဆင့် ဆိုင်လိပ်စာတွေ ကို သိနိုင်ပါတယ်။ online က မှာယူနိုင်တဲ့ဆိုင်တစ်ချို့ လည်း ရှိလာပြီမို့ အများကြီးတော့ အဆင်ပြေပါတယ်။ ၁ ပါတ်လောက်တော့ ကြိုပြီး မှာယူသင့်ပါတယ်။

(၃) ဘယ်သူတွေ ကူညီကြမှာလဲလို့
ကဲ..ကဲ..တာဝန်ခွဲရပြီလေ..ကိုယ်တစ်ယောက်တည်း လုပ်မှာလား...သူငယ်ချင်းတွေနဲ့ ပေါင်းလုပ်မှာလား...သူများတွေနဲ့ တွဲလုပ်မယ်ဆိုရင် သူတို့ကို တာဝန် တိတိကျကျလေး ခွဲပြီး follow up လိုက်ဖို့ မမေ့ပါနဲ့...မြန်မာလူမျိုးများ procrastinate လုပ်ကြလွန်းပါတယ် (ကိုယ်အပါအ၀င် xD ) ပစ္စည်းတွေမှာတာ ၀ယ်တာက ကပ်မှ လုပ်ရင် မိုးပေါ်က ပစ္စည်းတွေ ကျမလာနိုင်တာမို့ ခွဲထားတဲ့ တာဝန်တွေကို ကြိုတင် စီစဉ်ကြဖို့ လိုပါတယ်။ နီးကပ်မှ ဟိုဟာက မမှာရသေးဘူး..ဒီဟာက မှာလို့ မရတော့ဘူးဆိုရင် Organizer အနေနဲ့ ပိုပြီး ဇောချွေးပြန်နိုင်ပါတယ်နော့်. ၁ပါတ်အလို မှာ Reminder အနေနဲ့ ခွဲထားတဲ့တာဝန်တွေကို ပြန်ပြီး checklist လုပ်ကာ status ကို သိအောင် လုပ်ပါ

(၄) Budget Location Food
အမှန်အတိုင်းပြောရရင် Surprise event တွေ ဘဲ လုပ်လုပ် ဘာဘဲ လုပ်လုပ် ကိုယ်က ဘယ်လောက် budget အတွင်းမှာဘဲ လုပ်မလဲဆိုတာ သတ်မှတ်ထားပါ.ဒါပေမယ့် Surprise event တို့ မည်သည် ငွေကြေးကို အဓိက ထားတဲ့ ပွဲတွေ မဟုတ်ကြပေမယ့် လက်ဖွာတာများသွားရင် နောက်မှ ကုန်ကျစရိတ်ပြန်တွက်တဲ့အခါ ခေါင်းခဲရမယ့် အဖြစ်တွေ ရှိနိုင်ပါတယ်။ ဒီတော့ ကိုယ်က ဘယ်လောက် ကုန်ကုန် သုံးကြမှာလား..အကန့်အသတ်နဲ့လား..ပြီးရင် နေရာနဲ့ အစားအသောက်..surprise လုပ်ခံရတဲ့သူကလည်း ပွဲကျရင် ရင်တုန်ပြီး အများကြီး မစားနိုင်မသောက်နိုင်..လုပ်ပေးမယ့်လူတွေကလည်း ကြိုပြင်ရလို့ မောမောနဲ့ မစားနိုင်ကြတာများ လို့ (မှတ်ချက်..တစ်ချို့ တစ်ချို့ သော ဘယ်လိုအခြေအနေမျိုးမှာမဆို စားနိုင်သောက်နိုင်ကြသူများ မပါ) အစားအသောက်တွေက ပိုလျှံ လေ့ ရှိပါမယ်..နှမြောစရာကြီးပါ.ဈေးကြီးပေးပြီးအခန်းငှား..အစားအသောက်တွေမှာမယ့်အစား..တကယ်စေတနာအပြည့်နဲ့ ပွဲကို စီစဉ်ပေးတာမျိုးဆို ရေသောက် ဗိုက်မှောက်နေတာတောင် Surprise လုပ်ခံရသူတွေမှာ ကျေနပ်တတ်ကြပါတယ်။

(၅) ပွဲအစီအစဉ် က ဘယ်လိုလုပ်မလဲ
ပွဲကို ဘယ်လိုမျိုးလေး စပြီး ဘယ်လို အစီအစဉ်လေးထည့်ဦးမှာလဲ..ဒါကတော့ စီစဉ်သူတွေ ရဲ့ ဖန်တီးမှုပါ..တစ်ချို့ တစ်ချို့ သော သူငယ်ချင်းတွေက စကားစွန်းပြောချင်ကြတဲ့ အခါမျိုး ကျရင် တစ်ချို့ နေရာမျိုးတွေ မှာ အမှာစကားလေးတွေ ပြောတာမျိုး..ဂိမ်းအစီအစဉ်လေးတွေထည့်တာမျိုး ကြိုတင် ပြင်ဆင်သင့်ပါတယ်..အစ ..အလယ်..အဆုံး အားလုံး ပျော်ပျော်ရွှင်ရွှင်လေးနဲ့ အစီအစဉ် တကျလည်း ပြီးသွားတယ်ဆိုရင် surprised လုပ်ခံရသူကော ပါဝင်ဆင်နွှဲသူတွေကာ..လုပ်ပေးတဲ့သူတွေကောမှာ ပီတိဝမ်းသာလုံးတွေ အပြည့်ဖြစ်နိုင်တာမို့ ပွဲအစီအစဉ်လေးကို လည်း မမေ့ကြပါနဲ့နော်..
ကဲ...ကဲ...ဒီလောက်ပါဘဲ..ဆက်လက်ပြီး သိသင့်တာလေးတွေ မျှဝေပေးသွားပါဦးမယ်နော့်..သိချင်တာရှိရင်လည်း မေးကြပေါ့လို့. ;)

Address

Botahtaung
Yangon
11161

Telephone

+959977904942

Website

Alerts

Be the first to know and let us send you an email when PiTi Party and Event Supplies posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share