Lust Of Lives

Lust Of Lives ချစ်ခြင်းမေတ္တာမှာသာ ကျဆုံးလို၏.....

နှုတ်ဆက်ခြင်းကို နေသားကျအောင်နေရင်းနှုတ်ဆက်ခြင်းတွေမှာ နှုတ်ဆိတ်နေနိုင်သွားတယ်ကမ္ဘာကြီးက လှည့်စားတတ်တယ်အထိခိုက်အရှနာ နည်...
28/10/2024

နှုတ်ဆက်ခြင်းကို နေသားကျအောင်နေရင်း
နှုတ်ဆက်ခြင်းတွေမှာ နှုတ်ဆိတ်နေနိုင်သွားတယ်

ကမ္ဘာကြီးက လှည့်စားတတ်တယ်
အထိခိုက်အရှနာ နည်းအောင်နေခြင်းဖြင့်
တိတ်တဆိတ်ဖြတ်သန်းနေပါတယ် ။

#လွင့်

-ချစ်ခြင်းမေတ္တာဆိုတာ....တစ်စုံတစ်ယောက်ရဲ့ စိတ်ချမ်းသာမှုကိုပံ့ပိုးပေးနိုင်တဲ့ နူ့ညံ့တဲ့အရာတစ်ခု...အတ္တကင်းတယ်၊အရောင်ကင်...
09/10/2024

-ချစ်ခြင်းမေတ္တာဆိုတာ....
တစ်စုံတစ်ယောက်ရဲ့ စိတ်ချမ်းသာမှုကို
ပံ့ပိုးပေးနိုင်တဲ့ နူ့ညံ့တဲ့အရာတစ်ခု...
အတ္တကင်းတယ်၊အရောင်ကင်းတယ်...၊

-သူ့အပြုံးသာ မြင်နေရရင်...
ကိုယ့်နှုတ်ခမ်းတွေပါ
အလိုလို ပြုံးသွားတာမျိုး....။

#မြူမှော်ရုံ
pic-

-နိဗ္ဗာန်အထိ မမှန်းမျှော်တော့ပါဘူးကိုယ့်အတွက် မနက်ဖြန်ဆိုတာ...ရက်သိပ်ကျန်တော့တာမှ မဟုတ်ဘဲလေ၊-မင်းအပြုံးလေးသာ မြင်ရမယ်ဆို...
04/10/2024

-နိဗ္ဗာန်အထိ မမှန်းမျှော်တော့ပါဘူး
ကိုယ့်အတွက် မနက်ဖြန်ဆိုတာ...
ရက်သိပ်ကျန်တော့တာမှ မဟုတ်ဘဲလေ၊

-မင်းအပြုံးလေးသာ မြင်ရမယ်ဆို
ငါ့ငရဲ ကလည်း လှပနေပါတယ်...။

#မြူမှော်ရုံ
pic-

ချစ်ခြင်းမေတ္တာနဲ့ ပတ်သက်လာရင်ကျွန်တော် တုံး အ ပါတယ်...သစ္စာ...၊ကိုယ့်ဖို့မချန်ဘဲ ...အိတ်သွန် ဖာမှောက်ပေးတတ်တဲ့ ငနဲ ပါပဲ...
30/09/2024

ချစ်ခြင်းမေတ္တာနဲ့ ပတ်သက်လာရင်
ကျွန်တော် တုံး အ ပါတယ်...သစ္စာ...၊
ကိုယ့်ဖို့မချန်ဘဲ ...
အိတ်သွန် ဖာမှောက်ပေးတတ်တဲ့
ငနဲ ပါပဲ....။

#မြူမှော်ရုံ

22/09/2024

ဒီpageမှာစာတင်တာတွေကို
လောလောဆယ်အနေနဲ့ ခေတ္တရပ်ထားပါမယ်ဗျာ
မကြာခင်တော့
#မြူမှော်ရုံ
#လွင့် နဲ့တခြားနာမည်ကြီးစာရေးဆရာများရဲ့
စာတို၊ကဗျာတွေတင်ဖြစ်မှာပါ ။

မရယ်ချင်ဘဲ အော်ရယ်ပစ်ခဲ့ရတဲ့နေ့တွေပေါ့ သစ္စာ..၊မင်းက ဘယ်တော့မှ လက်တွဲမဖြုတ်ပါဘူးဆိုတဲ့ မင်းကတိကို မင်းတည်တယ်၊ငါ့လက်တွေ ဖ...
02/09/2024

မရယ်ချင်ဘဲ အော်ရယ်ပစ်ခဲ့ရတဲ့
နေ့တွေပေါ့ သစ္စာ..၊

မင်းက ဘယ်တော့မှ လက်တွဲမဖြုတ်ပါဘူးဆိုတဲ့ မင်းကတိကို မင်းတည်တယ်၊

ငါ့လက်တွေ ဖြစ် လိမ့်မယ်ဆိုတဲ့ အတ္တမှာ ငါက စိမ်ပြေနပြေ ငြိခဲ့တယ်...၊

တစ်ခုခုလွဲခဲ့ပေမဲ့ အဖြေကတော့
အတူတူပဲတဲ့လား သစ္စာ...။

#မြူမှော်ရုံ
pic-

ကျွန်တော့်စိတ္တဇဟာ ခင်ဗျားမျက်စောင်းလေးကစတင်တယ်ဘုရားသခင်ဆီ ဝတ်ပြုမဆုတောင်းခင်မှာ"ကြည့်"ကိုဒူးထောက်ခယခဲ့ရ...ရူးမတတ်ချစ်တာ...
01/09/2024

ကျွန်တော့်စိတ္တဇဟာ
ခင်ဗျားမျက်စောင်းလေးကစတင်တယ်
ဘုရားသခင်ဆီ ဝတ်ပြုမဆုတောင်းခင်မှာ
"ကြည့်"ကိုဒူးထောက်ခယခဲ့ရ...

ရူးမတတ်ချစ်တာပေါ့ကွယ်
သေမလိုနေ့ရက်တွေမှာတောင် "မောင်"လို့ခေါ်ရင်
ငရဲကိုပျော်ပျော်ကြီးသက်ဆင်းပစ်ချင်ပါရဲ့...

ကျွန်တော်သာ ဟစ်တလာဖြစ်ခဲ့ရင်လို့ပြောတိုင်း
"ကြည်"ဟာရယ်မောတယ် ပြီးမှ
"တို့အတွက်ပန်းလေးခူးပေးပေါ့နော်"တဲ့...

ရင်ထဲကနာကျင်မှုဟာ အမြစ်တွယ်နေချင်ရဲ့
ဆရာဝန်ဆေးစာမှာ အောက်ပါအတိုင်းဖော်ပြတယ်
"နှလုံးသားတွင် နှုတ်ခမ်းရာများတွေ့ရှိ"...

"မမြဲခြင်းတရားကို ဆုပ်ကိုင်ထားပါလျက်နဲ့
ဘာလို့မမေ့နိုင်သလဲဆိုရင် သိပ်ကိုချစ်လွန်းလို့"
လို့ ကျွန်တော်ဖြေမယ်...

#လွင့်

သွေးထွက်သံယိုနေ့ရက်တွေပါကွယ်နာကျင်ဖို့ထက်သတိရစိတ်ဟာ စိုးမိုးနေရဲ့ငါ့ကိုငါထက် မင်းကိုအရင်ချစ်ခဲ့တယ်...ဘယ်တော့မှနောက်ပြန်မ...
28/08/2024

သွေးထွက်သံယိုနေ့ရက်တွေပါကွယ်
နာကျင်ဖို့ထက်သတိရစိတ်ဟာ စိုးမိုးနေရဲ့
ငါ့ကိုငါထက် မင်းကိုအရင်ချစ်ခဲ့တယ်...

ဘယ်တော့မှနောက်ပြန်မလှည့်တတ်တဲ့လူဟာ
"ကြည့်"ဆီကနေ ပြေးမထွက်ချင်ခဲ့ဘူးတဲ့လေ
ဒါကိုအစွဲလို့ခေါ်မလား....

မမျှော်လင့်တဲ့အချိန်မှာ နေဝင်ခဲ့ရင်
ကျွန်တော့်မီးအိမ်ဟာ ခင်ဗျားရှိရာအရပ်က
လေပြေနဲ့ပဲ ငြိမ်းလိုပါရဲ့...

လောဘသမားဟာ အသပြာလိုတယ်
မောဟသမားဟာ တရားလိုမယ်
ဒေါသသမားဟာ မေတ္တာလိုတယ်
ကျွန်တော့်မှာတော့ မျက်ဝန်းလှလှလေးတွေကို
မခွဲနိုင်မခွာနိုင် ဖြစ်ခဲ့ရ...

အပြာရောင်မုသားတွေ ခင်ဗျားဆီမှာရှိတယ်
ညို့တတ်တဲ့အပြုံးတွေကိုလည်း ပိုင်တယ်
စီးကရက်ကို လက်ကြားညှပ်သောက်တတ်တဲ့
အမူအကျင့်တွေ အို...လိုချင့်စဖွယ်တွေပဲ....

နှင်းဆီလေဒီဟာ ဆူးတွေပိုင်တယ်
နှလုံးသားကတော့ အဆိပ်သင့်နေလေရဲ့
"အချစ်ကိုမယုံဘူးကွယ်
မောင့် ကိုတော့ချစ်ပါသတဲ့လေ"...

#လွင့်

တစ်ယောက်လက်တစ်ယောက်ဆွဲပြီးဒီကမ္ဘာကြီးကနေ ပြေးထွက်ချင်ခဲ့တယ်ပြန်လမ်းမရှိခဲ့တဲ့မေတ္တာတွေဘယ်အရပ်ကိုသွားရင် ပိုင်ရှင်တွေ့နို...
24/08/2024

တစ်ယောက်လက်တစ်ယောက်ဆွဲပြီး
ဒီကမ္ဘာကြီးကနေ ပြေးထွက်ချင်ခဲ့တယ်
ပြန်လမ်းမရှိခဲ့တဲ့မေတ္တာတွေ
ဘယ်အရပ်ကိုသွားရင် ပိုင်ရှင်တွေ့နိုင်မလဲ...

ဒီခေတ်လူငယ်ဟာ မေတ္တာသမားပါတဲ့
တရားမကျင့်ကြံပါဘူး အလံတော်ကိုကိုင်ကာဆွဲ "တန်ပြန်ပါစေ"ဆိုတဲ့ နဖူးစည်းကိုဝတ်ထားတယ်...

ဝါဒဆိုတာမရှိပေမဲ့
ဟမ်မူရာဘီဉပဒေကို ကျွန်တော်ကြိုက်တယ်
မေတ္တာပေးရင် မေတ္တာပြန်ရချင်ပါရဲ့...

မမျှတတဲ့ တိုက်ပွဲတွေ
စွဲလမ်းစိတ်နဲ့သာ ခုခံနေရပါတယ်
အသည်းတစ်ခြမ်းဟာ မော်ဖင်းမှီဝဲနေရ...

ဆင်မလိုက်တံတားအောက်က
"ကြည့်"အပြုံးကို အခုထိအမှတ်ရနေဆဲ
လမ်းချော်မှာစိုးလို့ တွဲပေးခဲ့တဲ့လက်တွေ
တစ်သက်တာမြဲချင်ခဲ့ပါတယ်...

ချစ်ပါတယ်လို့ပြောတယ် ကျွန်တော်ပြုံးခဲ့တယ်
မုန်းပါတယ်လို့ပြောတယ် ကျွန်တော်ရှုံးပြန်ရော
တကယ်တော့ အနိုင်မယူရက်ခဲ့တာ"ကြည်"...

မေ့လို့မရတဲ့ခံစားချက်ကို
တကယ်လွမ်းတဲ့သူတွေသာ သိနိုင်လိမ့်မယ်
စီးကရက်ကိုတော့ မီးရဲအောင်ဖွာရတာပေါ့
အစကနေအဆုံးထိနာတာကို....

"လွမ်းစရာရှိရင် နာစရာနဲ့ဖြေကြည့်တယ်
ဒါပေမဲ့ မရခဲ့ဘူး
သိပ်နာလွန်းလို့ဖြစ်မယ်ထင်ပါတယ်"....

#လွင့်

ပြောခွင့်ရရင် ပြောပြချင်ပါရဲ့ကျွန်တော့်ကဗျာ..ခင်ဗျား နှုတ်ခမ်းကွေးကွေးပေါ်က ဖြတ်ပြေးခဲ့တယ် ဆိုတဲ့အကြောင်း....။ #မြူမှော်...
23/08/2024

ပြောခွင့်ရရင် ပြောပြချင်ပါရဲ့
ကျွန်တော့်ကဗျာ..
ခင်ဗျား နှုတ်ခမ်းကွေးကွေးပေါ်က
ဖြတ်ပြေးခဲ့တယ် ဆိုတဲ့အကြောင်း....။

#မြူမှော်ရုံ

အဆက်အသွယ်မလုပ်နိုင်လို့စိတ်မကောက်ပါနဲ့ ကွယ်၊မနက်ဖြန်နေထွက်တာ မြင်ရဖို့မသေချာတဲ့   ဒီလူမိုက်ကြီးကလေ...ကျည်ထိမှာထက် မင်းငြ...
21/08/2024

အဆက်အသွယ်မလုပ်နိုင်လို့
စိတ်မကောက်ပါနဲ့ ကွယ်၊
မနက်ဖြန်နေထွက်တာ မြင်ရဖို့မသေချာတဲ့
ဒီလူမိုက်ကြီးကလေ...
ကျည်ထိမှာထက် မင်းငြိုငြင်မှာကို
ကြောက်မိပြန်တယ်..၊
မင်းမျက်စောင်းထိုးလိုက်တိုင်း
နှလုံးသားမှာ ဆူးတွေ လာလာငြိလို့
ကျေးဇူးပြုပြီး...
ပြုံးထားပေးပါ ငယ်.....။

#မြူမှော်ရုံ

ကျွန်တော့်ကိုယ် ကျွန်တော်ပျောက်ဆုံးနေပါလျက်နဲ့ခင်ဗျားကို အရင်လိုက်ရှာနေခဲ့တယ် "ကြည်"..."ကြည်" သာမရှိတော့ရင်ဒီကမ္ဘာကိုဖျက...
19/08/2024

ကျွန်တော့်ကိုယ် ကျွန်တော်ပျောက်ဆုံးနေပါလျက်နဲ့
ခင်ဗျားကို အရင်လိုက်ရှာနေခဲ့တယ် "ကြည်"...

"ကြည်" သာမရှိတော့ရင်
ဒီကမ္ဘာကိုဖျက်ပစ်မယ်လို့ ကြုံးဝါးခဲ့တဲ့လူ
အခုတော့ စီးကရက်ကိုဂိတ်ဆုံးသောက်ပြီး
နာကျင်မှုကိုအံတုနေလေရဲ့...

မရနိုင်တော့တဲ့အရာကို နောက်ကနေ
မရမကပြေးလိုက်နေခဲ့တယ်
စွဲလမ်းနေမိတဲ့ကောင် ဘယ်တရားကိုနာသင့်သလဲ...

မမြဲခြင်းတရားကို သိပါလျက်နဲ့
လက်နက်စွဲကိုင်တော်လှန်မိနေတယ်
လွတ်လပ်ရေးမရချင်ဘူး
ရယ်သံလေးတော့ ကြားချင်မိတယ်...

မောင်းပြန်သေနတ်ထဲကကျည်ဟာ
ကျွန်တော့်နှလုံးသွေးတွေပဲ
တရစပ်ပစ်ခတ်ရင်တောင်
"ကြည်"အန္တရာယ်ကင်းစေနိုင်ပါတယ်...

စကားလေးတစ်ခွန်းရှိတယ်
"ဘယ်လောက်ပဲကြိုးစားနေပါစေ
မရနိုင်တဲ့အရာဆိုတာ ရှိစမြဲ"တဲ့....

#လွင့်

Address

Yangon

Telephone

+959778493701

Website

Alerts

Be the first to know and let us send you an email when Lust Of Lives posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Establishment

Send a message to Lust Of Lives:

Share