02/03/2024
ဤဖေကိုတို့ဆီမှာ ခွေးတွေ တိုက်ပေါ်မွေးတယ်၊အပေါ့အလေးစွန့်ချိန်မှာအောက်ကိုဆင်းကျောင်းတယ်၊
Dog food စားထားတဲ့ အီးအီးအတုံးကြီးတွေ ကို နင်းမိကြတယ်၊
တော်ပါသေးရဲ့၊အတို့ရွာက ခွေး ချီးအနံ့လောက် အနံ့မနံဘူးလို့ဆိုရမယ်၊နင်းမိတဲ့ဘိနပ်နဲ့လိုင်းကားပေါ် တက်သွားရင်လည်း ခပ်တည်တည်ဘဲ။
အဲခွေးတွေက အခြားနေရာသေးမပန်းဘူး၊ခြေထောက်တစ်ဖက်ထောင်ပြီး ကားတာယာတွေကို လိုက်ပန်းတယ်၊
ခွေးကျောင်းတဲ့လူက ကိုယ့်ကားမဟုတ်ရင်ပြီးရော့၊ခွေးသေးပန်းတာကို ဇိမ်ခံအလှကြည့်နေတယ်၊
ပြီးတော့မှ ကြိူးတုတ်ကာ တိုက်ပေါ်ခေါ်သွားတယ်၊
🥳အဲဒါခွေးအလှ မွေးခြင်း အနုပညာ တစ်ရပ်၊
ကားဆရာတချို့
အိပ်ငိုက်မှာစိုးလို့တဲ့••ဆေးပြင်းပြင်း ကွမ်းယာကို ဝါးကာ ပေတစ်ရာ လမ်းမပေါ် ကွမ်းတံထွေး ပက်ကနဲ ပက်ကနဲ ထွေးကာ မြို့တော်ကြီးအား အလှဆင်နေလေရဲ့••
တချို့ လူတွေလည်း ထို့အတူပါဘဲလေ၊ကွမ်းယာဝါး ဂုဏ်ရှိသတဲ့၊အတွေးအခေါ်ကောင်းသတဲ့ ၊လူမူ့ဆက်ဆံရေးကောင်းသတဲ့၊
🥰စုတ်ချက်ကောင်းသော စည်းကမ်းမဲ့ ကာလာများ•••
စားကြွင်းစားကျန် အစို ကြွတ်ကြွတ်အိတ်အထုတ်များ လူခြေတိတ် အိပ်မော ကျတဲ့အချိန် ဘောင်းကနဲ ဘောင်းကနဲ တိုက်ပေါ်မှ နောက်ဘေး လမ်းကြားထဲ ပစ်ချလိုက်တာ အိပ်မောကျနေသူတောင် နိူးသွားသတဲ့။
အလုပ်ကပြန်လာ၊မအားသလိုလို ၊ပျင်းသလိုလိုနဲ့ စောစောထ ထမင်းချက်တော့ ထမင်းကျံ ဟင်းကျံတွေကို ကြွတ်ကြွတ်အိတ်နဲ့ထည့်ကာ ပစ်ချပါလေရော၊တချို့ နောက်ဖေးလမ်းကြားဆို ၃ ပေအမြင့်လောက်အမိူက် တွေ တောင်ပုံလိုပို့နေကြပြီ။
ကြွက်တွေပေါတာလည်းမပြောနဲ့၊တော်တော်တန်အကောင်ဆို ကြောင်ပေါက်စလောက်ရှိတယ်၊ကိုး လက္မ အုတ်ရိုးကိုတောင်ဖောက်နိုင်တာနော်••
အဆိုတော် မာမာအေး ကို လွမ်းသလို့ သူ့ရဲ့ လက်သုံးစကားကို ငှားပြောရရင်ဖြင့်•••
😃"ပြောစရာတွေလည်းတပုံကြီးကျန်သေးတယ်"တယ်တဲ့ကွယ်။