30/08/2026
🎨 Step of Faith - Vol. 5 Group Art Exhibition
"Sublime Art School" မှ သင်ကြားရေး ဆရာ/ဆရာမများ စီစဉ်ပါဝင်ပြသထားတဲ့ "Step of Faith" ရဲ့ (၅) ကြိမ်မြောက် ပန်းချီပြပွဲကို တန်ခူး အနုပညာရပ်ဝန်းမှာ ခင်းကျင်းပြသတော့မှာ ဖြစ်ပါတယ်။ အနုပညာကို စိတ်ဝင်စားသူ မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှု အားပေးနိုင်ဖို့ နွေးထွေးစွာ ဖိတ်ခေါ်လိုက်ပါတယ်။
📍 ပြပွဲအသေးစိတ် အချက်အလက်များ
ပြပွဲအမည်: Step of Faith Vol. 5 Group Art Exhibition
ရက်စွဲ: September 5 – 9, 2026
အချိန်: 10:00 AM – 5:00 PM
နေရာ: တန်ခူး အနုပညာရပ်ဝန်း (အမှတ် ၉၃၊ ၃ လွှာ၊ ဆိပ်ကမ်းသာလမ်း (အောက်ဘလောက်)၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။
🎨 ပါဝင်ပြသမည့် အနုပညာရှင်များ
Thyitar
Aung Thu Phyo
Khaing Thazin Oo
Ko Ko
Aung Ye Zin
Win Win
Zin Nwe Myint
Ywet Wah
Aung Khant Min
📖 "Step of Faith" ရဲ့ ဖြတ်သန်းမှု ခရီးစဉ် (၂၀၁၂ - ၂၀၂၆)
Sublime Art School ရယ်လို့ ဖြစ်မလာခင် NUAC (Ygn) ၂၀၁၂ ကစတဲ့ ကျောင်းသားဘဝတုန်းက 'Step of Faith' ဆိုတဲ့ page လေးတစ်ခု ရှိခဲ့ပါတယ်။ အဲဒီတုန်းက ပန်းချီကျောင်းသားတွေရဲ့ လက်ရာတွေကို အပတ်စဉ် update လုပ်ပြီး Post တင်ရာကနေ ဒီနေ့အထိ ခရီးဆက်ခဲ့တာ ဖြစ်ပါတယ်။
၂၀၁၆: Gallery 65 မှာ အတန်းတူ၊ ဝါသနာတူ သူငယ်ချင်းတွေစုပြီး "Step of Faith" ရဲ့ ပထမဦးဆုံး ပြပွဲကို စတင်ကျင်းပခဲ့ပါတယ်။
၂၀၁၇: စီနီယာ၊ ဂျူနီယာတွေပါ ပေါင်းပြီး "Step of Faith Vol. 2" ကို Gallery 65 မှာပဲ ထပ်မံပြုလုပ်ခဲ့ပြီး၊ ၂၀၁၇ နှောင်းပိုင်းမှာတော့ SOF Page ကို "Sublime Art School" သင်ကြားရေး Page အဖြစ် ပြောင်းလဲခဲ့ပါတယ်။
၂၀၂၃: "Sublime Art School" ရဲ့ သင်တန်းသားအချို့နဲ့ ပူးပေါင်းပြီး သင်တန်းရဲ့ ပထမဦးဆုံး အမှတ်တရပြပွဲအဖြစ် "Step of Faith Vol. 3 Art Exhibition" ကို ပြန်လည်စီစဉ်ခဲ့ပါတယ်။
၂၀၂၅: "Sublime Art School" မှ သင်ကြားရေး ဆရာမများ၊ သင်တန်းသူများနဲ့ ပြင်ပ အမျိုးသမီးအနုပညာရှင်များ စုပေါင်းပြီး "Step of Faith Vol. 4" ကို အမျိုးသမီးသီးသန့် ပြပွဲအဖြစ် ကျင်းပခဲ့ပါတယ်။
အခု ၂၀၂၆ မှာတော့ ငါးကြိမ်မြောက်အဖြစ် "Step of Faith Vol. 5" ကို ပိုမိုစုံလင်စွာဖြင့် ပြန်လည်တွေ့ဆုံကြမှာ ဖြစ်တာကြောင့် အတူတကွ လာရောက်ကြည့်ရှု ဆုံစည်းကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်။
Presented by "Sublime Art School".